Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 9, 2015
(အမှိုက်ကောက်နေတဲ့တန်ဇန်းနီးယားသမ္မတ)
တန်ဇန်းနီးယား
................................................
ထွက်ခဲ့ကြပါတယ်။
အရေးယူခဲ့ပါတယ်။
 ကြိုဆိုကြပါတယ်။
MP4 YoU
..........................................
မြန်မာပြည်ထက် အကြံဦးသွားတဲ့ တန်းဇန်းနီးယား။
တန်ဇန်းနီးယားက သုံးလေးရက်လောက်ကိုယ့်ထက်ဦးသွားတယ်။
သမ္မတနဲ ့ဝန်ကြီးတွေကိုယ်တိုင် စံပြ အမှိုက်ထွက်ကောက်ကြတယ်။
မြန်မာပြည်မှာတော့ သမ္မတအထက်ကနေမယ့် လူထုခေါင်းဆောင်ကိုယ်တိုင်
အမှိုက်ကောက်မယ်လို ့သတင်းထဲဖတ်လိုက်ရပါတယ်။
တနိုင်ငံလုံးအမှိုက်ကောက်ပြီး လွတ်လပ်ရေးအောင်ပွဲကျင်းပလိုက်တဲ့
တန်ဇန်းနီးယား
................................................
တန်ဇန်းနီးယားနိုင်ငံက သူတို ့ရဲ ့လွတ်လပ်ရေးနေ ့ကို စီတန်းလှည့်လည်
ပွဲတွေ၊အခမ်းအနားတွေကျင်းပမယ့်အစားလမ်းမတွေကို သန် ့ရှင်းရေး လုပ်ပြီး လွတ်လပ်ရေးနေကိုကျင်းပလိုက်ပါတယ်။
တနိုင်ငံလုံးသန် ့ရှင်းရေးလုပ်ကြတဲ့ အဲဒီနေ ့မှာ သမ္မတ ဂျွန်မာဂူဖူလီ
ကိုယ်တိုင် အခြားသော အစိုးရအရာရှိ ကြီးတွေနဲ ့အတူ အမှိုက်ကောက်
ထွက်ခဲ့ကြပါတယ်။
အသစ်ရွေးကောက်တင်မြှောက်ခြင်းခံလိုက်ရတဲ့ တန်းဇန်းနီးယားသမ္မတဟာ  အကျင့်ပျက်ခြစားမှုတွေကိုတိုက်ဖျက်ဖို ့ ကတိ
ပေးခဲ့ပြီး  သူတက်လာပြီးတဲ့နောက်မှာ အစိုးရအရာရှိကြီးတွေတော်တော်များများရဲ ့နိုင်ငံခြားခရီးစဉ်တွေကိုတားမြစ်ပိတ်ပင်လိုက်ပါတယ်။ ပါလီမာန်ဖွင့်ပွဲ
 နိုင်ငံတော်ညစာကျင်းပတာတွေမှာသုံးစွဲတဲ့ ဘက်ဂျက်ဖြတ်တောက်တယ်။
တန်စိုးလက်ဆောင်ယူတဲ့လာဘ်စားတဲ့အစိုးရအရာရှိတွေကိုဖမ်းဆီး
အရေးယူခဲ့ပါတယ်။
အခုလိုအမှိုက်ကောက်တဲ့အစီအစဉ်ဟာ တိုင်းပြည်ကိုပိုမိုသန် ့ရှင်းလှပစေရန်ရည်ရွယ်သလို အမှိုက်သရိုက်တွေကြောင့် ဖြစ်ပွားတဲ့ ကာလဝမ်းရောဂါလို ရောဂါတွေကို ကာကွယ်ဖို ့လည်းရည်ရွယ်တယ်လို ့သိရပါတယ်။
တန်ဇန်းနီးယားနိုင်ငံသားတွေကတော့ သမ္မတသစ်ရဲ ့ ကြိုးပမ်မှုကို
 ကြိုဆိုကြပါတယ်။
Transparency Internationalရဲ ့နှစ်စဉ်ထုတ်ပြန်တဲ့မှတ်တမ်းမှာ တန်ဇန်း
နီးယားနိုင်ငံရဲ ့အကျင့်ပျက်ခြစားမှု ညွှန်းကိန်းဟာအောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။ ဗြိတိသျှရဲ ့ ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးတဲ့တန်ဇန်းနီးယားဟာ ၁၉၆၁ ဒီဇင်ဘာ ၉ရက်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။
MP4 YoU
Posted by The Melting Pot 4 U on Wednesday, 9 December 2015
No comments:
Post a Comment