Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

အပန္းေျဖစခန္းမွာ ခ်စ္သူနဲ႔အတူ အားလပ္ရက္ကုန္ဆံုးခဲ့တဲ့ ေဆာင္းေဆာင္ဟြန္း

 ေတာင္ကိုရီးယားသ႐ုပ္ ေဆာင္မင္းသား ေဆာင္းေဆာင္ ဟြန္းႏွင့္ခ်စ္သူလ်ဴယီေဖးတို႔ သည္ ေတာင္ကိုရီးယားႏိုင္ငံရွိ ဇိမ္ခံအပန္းေျဖစခန္းတစ္ခု၌ အားလပ္ရက္ကုန္ဆံုးခဲ့သည္ဟု ကိုရီးယားမီဒီယာ Sports Seoul က ဒီဇင္ဘာ ၁၄ ရက္တြင္ေဖာ္ျပ သည္။
၎တို႔သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာတြင္ ေတာင္ကို ရီးယားႏိုင္ငံအေရွ႕ပုိင္း နမ္ဟယ္ ေဒသရွိ South Cape & Suite အပန္းေျဖစခန္းသို႔ သြားေရာက္ လည္ပတ္ခဲ့ၾကသည္ဟု သတင္း ရင္းျမစ္တစ္ဦးကေျပာသည္။ ၎တို႔ခရီးစဥ္တြင္ လ်ဴယီေဖး၏မိခင္ လည္းပါဝင္ၿပီး အဆိုပါခရီးစဥ္ကို ေအာက္တိုဘာ ၁၀ ရက္တြင္ စတင္ခဲ့သည္ဟုဆုိသည္။
ယင္းအပန္းေျဖစခန္းသည္ ၿပီးခဲ့သည့္ ဇူလိုင္တြင္ လက္ထပ္ ခဲ့ေသာ သ႐ုပ္ေဆာင္မင္းသား ေဘေယာင္ဂြၽန္းႏွင့္ ပတ္ဆူဂ်င္း တို႔ဇနီးေမာင္ႏွံ ပ်ားရည္ဆမ္းခရီး ထြက္ခဲ့ရာေနရာျဖစ္သည္။
ေဆာင္းေဆာင္ဟြန္းႏွင့္ တ႐ုတ္သ႐ုပ္ေဆာင္မင္းသမီး လ်ဴယီေဖးတို႔သည္ The ThirdWay of Love တ႐ုတ္႐ုပ္ရွင္ကားတြင္ ပူးတြဲသ႐ုပ္ေဆာင္ခဲ့ၿပီး ေနာက္ ခ်စ္သူမ်ားျဖစ္လာခဲ့သည္။
—Ref: KpopHerald
http://www.7daydaily.com/story/53264
...................................................................

အပန်းဖြေစခန်းမှာ ချစ်သူနဲ့အတူ အားလပ်ရက်ကုန်ဆုံးခဲ့တဲ့ ဆောင်းဆောင်ဟွန်း

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဆောင်းဆောင် ဟွန်းနှင့်ချစ်သူလျူယီဖေးတို့ သည် တောင်ကိုရီးယားနိုင်ငံရှိ ဇိမ်ခံအပန်းဖြေစခန်းတစ်ခု၌ အားလပ်ရက်ကုန်ဆုံးခဲ့သည်ဟု ကိုရီးယားမီဒီယာ Sports Seoul က ဒီဇင်ဘာ ၁၄ ရက်တွင်ဖော်ပြ သည်။
၎င်းတို့သည် ပြီးခဲ့သည့် အောက်တိုဘာတွင် တောင်ကို ရီးယားနိုင်ငံအရှေ့ပိုင်း နမ်ဟယ် ဒေသရှိ South Cape & Suite အပန်းဖြေစခန်းသို့ သွားရောက် လည်ပတ်ခဲ့ကြသည်ဟု သတင်း ရင်းမြစ်တစ်ဦးကပြောသည်။ ၎င်းတို့ခရီးစဉ်တွင် လျူယီဖေး၏မိခင် လည်းပါဝင်ပြီး အဆိုပါခရီးစဉ်ကို အောက်တိုဘာ ၁၀ ရက်တွင် စတင်ခဲ့သည်ဟုဆိုသည်။
ယင်းအပန်းဖြေစခန်းသည် ပြီးခဲ့သည့် ဇူလိုင်တွင် လက်ထပ် ခဲ့သော သရုပ်ဆောင်မင်းသား ဘေယောင်ဂျွန်းနှင့် ပတ်ဆူဂျင်း တို့ဇနီးမောင်နှံ ပျားရည်ဆမ်းခရီး ထွက်ခဲ့ရာနေရာဖြစ်သည်။
ဆောင်းဆောင်ဟွန်းနှင့် တရုတ်သရုပ်ဆောင်မင်းသမီး လျူယီဖေးတို့သည် The ThirdWay of Love တရုတ်ရုပ်ရှင်ကားတွင် ပူးတွဲသရုပ်ဆောင်ခဲ့ပြီး နောက် ချစ်သူများဖြစ်လာခဲ့သည်။
—Ref: KpopHerald
http://www.7daydaily.com/story/53264

No comments:

Post a Comment