Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 27, 2015

ကာလံု ဥပေဒၾကမ္းဟာ စစ္တပ္ အသာစီးရမယ့္ ဥပေဒျဖစ္လာဖြယ္ရွိ

အမ်ဳိးသားလႊတ္ေတာ္ အစည္းအေဝး က်င္းပေနစဥ္
Photo: RFA

အစိုးရက ေရးဆြဲထားတဲ့ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီ (ကာလံု) ဥပေဒၾကမ္းဟာ ကာ/လံု အစည္းအေဝးေတြမွာ သေဘာကြဲလြဲမႈေတြျဖစ္လာရင္ တပ္မေတာ္က ခန္႔ထားသူေတြကသာ မဲအႏိုင္ရဖို႔ အတြက္ ႀကိဳတင္ၿပီးေရးဆြဲတဲ့ ဥပေဒျဖစ္လာႏိုင္တယ္လို႔ ယူဆေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖုန္းျမင့္ေအာင္ က ေျပာပါတယ္။

အရင္က ကာ/လံု ဥပေဒဆိုတာမ်ိဳးမရွိပဲ အစိုးရသစ္လက္ထက္မွာ အရပ္သားအစိုးရ အဖြဲ႔ဝင္ေတြလည္း ကာ/လံု အစည္းေ၀းကို တက္ေရာက္ရာမွာျဖစ္တဲ့အတြက္ တပ္မေတာ္ဖက္က အသာစီးရႏိုင္ဖို႔ ႀကိဳတင္ေရးဆြဲထားတဲ့ သေဘာမ်ိဳးျဖစ္တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖုန္းျမင့္ေအာင္ က ေျပာပါတယ္။

"အရင္တုန္းကေတာ့ ဥပေဒမရွိဘူး၊ အရင္တုန္းကေတာ့ တပ္မေတာ္ဖက္ကလာတဲ့ သူေတြပဲကိုး၊ အခုလက္ရွိ ကာ/လံု က ၁၁ ေယာက္ကလည္း တပ္မေတာ္ဖက္ ကလူေတြႀကီးပဲ၊ သူတို႔အခ်င္းခ်င္းကေတာ့ ဒီကိစၥနားလည္ၿပီးသားေပါ့ဗ်ာ၊ အခုေတာ့ ဒီအစည္းအေဝးေတြထဲမွာအရပ္သားေတြ ပါေတာ့မွာကိုး၊ အဲ့အရပ္သားေတြ အတြက္ေတာ့ ဒီထံုးဖြဲ႔ေလးကိုႀကိဳၿပီးသိေအာင္လို႔ ႀကိဳၿပီးေရးထားတဲ့သေဘာပဲျဖစ္မွာပါ"

အဲ့ဒီဥပေဒၾကမ္းကို ၿပီးခဲ့တဲ့ဒီဇင္ဘာလ ၁၄ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ေဝငွထားၿပီး လာမယ့္ လႊတ္ေတာ္အစည္းအေဝးမွာ တင္သြင္းမွာ ျဖစ္ပါတယ္။

လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီမွာပါ၀င္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေမးျမန္းရာမွာ ေျပာဖို႔ အခ်ိန္ေစာေနေသးေၾကာင္း ေျပာဆိုၾကပါတယ္။

ကာ/လံုအဖြဲ႔၀င္ ၁၁ ဦး အနက္ ႏိုင္ငံေတာ္သမၼတက သဘာပတိအျဖစ္ ေဆာင္ရြက္ ရမွာျဖစ္ၿပီး အစည္းအေ၀း ဆံုးျဖတ္ခ်က္ေတြကို မဲခြဲဆံုးျဖတ္ရာမွာ မဲေပးခြင့္ မရွိဘူးလို႔ ဥပေဒၾကမ္းမွာ ပါရွိပါတယ္။

ကာ/လံုအဖြဲ႔၀င္ ၁၁ ဦးထဲမွာ ႏို္င္ငံေတာ္သမၼတ ၊ ဒုတိယသမၼတ ႏွစ္ဦး၊ ျပည္သူ႔ လႊတ္ေတာ္ ဥကၠဌ၊ အမ်ိဳးသား လႊတ္ေတာ္ ဥကၠဌ၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ကာကြယ္ေရး ဝန္ႀကီး၊ ျပည္ထဲေရးဝန္ႀကီး၊ နယ္စပ္ေရးရာဝန္ႀကီးတို႔ ပါဝင္ပါတယ္။

ကာ/လံုအစည္းအေဝးေတြမွာ သေဘာထားကြဲလြဲတဲ့ ဆံုးျဖတ္ခ်က္ေတြအတြက္ မဲခြဲဆံုးျဖတ္ရာမွာ တပ္မေတာ္ဘက္က မဲေပးႏိုင္သူအေရအတြက္ ပိုမ်ားျပားေန တဲ့အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဝဖန္ေနၾကပါတယ္။

၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ ကာ/လံုအဖြဲ႔ဝင္ ၁၁ ဦးထဲမွာ တပ္မေတာ္ဘက္က ခန္႔အပ္ပိုင္ခြင့္ ရွိသူ ၆ ဦး ပါဝင္ေနတာ ျဖစ္ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖုန္းျမင့္ေအာင္ကို RFA သတင္းေထာက္ မေ၀ယံမိုးျမင့္ က ဆက္သြယ္ ေမးျမန္း ထားတာနားဆင္ႏိုင္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
,................
 အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

အစိုးရက ရေးဆွဲထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းဟာ ကာ/လုံ အစည်းအဝေးတွေမှာ သဘောကွဲလွဲမှုတွေဖြစ်လာရင် တပ်မတော်က ခန့်ထားသူတွေကသာ မဲအနိုင်ရဖို့ အတွက် ကြိုတင်ပြီးရေးဆွဲတဲ့ ဥပဒေဖြစ်လာနိုင်တယ်လို့ ယူဆကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

အရင်က ကာ/လုံ ဥပဒေဆိုတာမျိုးမရှိပဲ အစိုးရသစ်လက်ထက်မှာ အရပ်သားအစိုးရ အဖွဲ့ဝင်တွေလည်း ကာ/လုံ အစည်းဝေးကို တက်ရောက်ရာမှာဖြစ်တဲ့အတွက် တပ်မတော်ဖက်က အသာစီးရနိုင်ဖို့ ကြိုတင်ရေးဆွဲထားတဲ့ သဘောမျိုးဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

"အရင်တုန်းကတော့ ဥပဒေမရှိဘူး၊ အရင်တုန်းကတော့ တပ်မတော်ဖက်ကလာတဲ့ သူတွေပဲကိုး၊ အခုလက်ရှိ ကာ/လုံ က ၁၁ ယောက်ကလည်း တပ်မတော်ဖက် ကလူတွေကြီးပဲ၊ သူတို့အချင်းချင်းကတော့ ဒီကိစ္စနားလည်ပြီးသားပေါ့ဗျာ၊ အခုတော့ ဒီအစည်းအဝေးတွေထဲမှာအရပ်သားတွေ ပါတော့မှာကိုး၊ အဲ့အရပ်သားတွေ အတွက်တော့ ဒီထုံးဖွဲ့လေးကိုကြိုပြီးသိအောင်လို့ ကြိုပြီးရေးထားတဲ့သဘောပဲဖြစ်မှာပါ"

အဲ့ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေငှထားပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

လွှတ်တော်ဥပဒေကြမ်းကော်မတီမှာပါ၀င်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းရာမှာ ပြောဖို့ အချိန်စောနေသေးကြောင်း ပြောဆိုကြပါတယ်။

ကာ/လုံအဖွဲ့ဝင် ၁၁ ဦး အနက် နိုင်ငံတော်သမ္မတက သဘာပတိအဖြစ် ဆောင်ရွက် ရမှာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်တွေကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့် မရှိဘူးလို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ကာ/လုံအဖွဲ့ဝင် ၁၁ ဦးထဲမှာ နို်င်ငံတော်သမ္မတ ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်ပါတယ်။

ကာ/လုံအစည်းအဝေးတွေမှာ သဘောထားကွဲလွဲတဲ့ ဆုံးဖြတ်ချက်တွေအတွက် မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်ဘက်က မဲပေးနိုင်သူအရေအတွက် ပိုများပြားနေ တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်နေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာ/လုံအဖွဲ့ဝင် ၁၁ ဦးထဲမှာ တပ်မတော်ဘက်က ခန့်အပ်ပိုင်ခွင့် ရှိသူ ၆ ဦး ပါဝင်နေတာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ် မေးမြန်း ထားတာနားဆင်နိုင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment