Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

လိပ္ကၽြန္းအမူကုိ အမူတြဲစီစစ္ျပီး ကူညီသြားမယ္လုိ႕ အန္လ္အယ္ဒီေျပာ




လိပ္ကြ်န္းအမႈမွာေသဒဏ္ခ်မွတ္ခံခဲ့ရတဲ့ ျမန္မာႏွစ္ဦးရဲ႕ ျပစ္ဒဏ္အတြက္ အမႈတြဲကုိစိစစ္ျပီးဥပေဒနဲ႕ကုိက္ညီမႈမရွိရင္ ကူညီသြားမယ္ လုိ႕ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕၀င္ ဦးဥာဏ္၀င္းကေျပာပါတယ္ ။
"အမႈကအျပင္သိပဲမရဘူး ။ ဥပေဒသမားကဥပေဒနဲ႕ညီလားမညီလားၾကည့္ရဦးမယ္ ။ အရပ္သိလုိ (အရပ္သားေတြ သိထားသလုိ ) ဥပေဒနဲ႕ မညီဘူးဆုိျပီးေတာ့ ရမ္းသမ္းေျပာလုိ႕ မျဖစ္ဘူး ။ ဥပေဒအဂၤါရပ္နဲ႕ မညီရင္ ကူညီသြားမယ္ ။ ဥပေဒအဂၤါရပ္နဲ႕ညီမညီဆိုတာကုိမသိရေသးလုိ႕ ဘယ္လုိကူညီမယ္ဆုိတာေတာ့ ေျပာမရေသးဘူး " လုိ႕ သူကေျပာပါတယ္ ။
လိပ္ကၽြန္းအမူနဲ႕ပတ္သတ္ျပီးကူညီေပးဖုိ႕အတြက္ စြတ္စြဲခံရသူ ျမန္မာႏုိင္ငံသား ကုိေဇာ္လင္းနဲ႕ကုိ၀င္းေဇာ္ထြန္းတုိ႕ ဟာ သူတုိ႕ကုိယ္တုိင္လက္ေရး နဲ႕ေရးသားတဲ႕စာကုိ ေဒၚေအာင္ဆန္းစုၾကည္ဆီကုိ မႏွစ္က ပုိ႕ေပးခဲ႕ဖူးတယ္လုိ႕ ေရြ႕ေျပာင္း အလုပ္သမား အခြင္႕အေရးကြန္ယက္ မွဥကၠဌ ဦးစိန္ေဌးက ေျပာပါတယ္။

Photo-စစ္ထက္ေအာင္
Author-ခ်မ္းသာ
Kumudra

................................................................


လိပ်ကျွန်းအမူကို အမူတွဲစီစစ်ပြီး ကူညီသွားမယ်လို့ အန်လ်အယ်ဒီပြော

လိပ်ကျွန်းအမှုမှာသေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာနှစ်ဦးရဲ့ ပြစ်ဒဏ်အတွက် အမှုတွဲကိုစိစစ်ပြီးဥပဒေနဲ့ကိုက်ညီမှုမရှိရင် ကူညီသွားမယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောပါတယ် ။
"အမှုကအပြင်သိပဲမရဘူး ။ ဥပဒေသမားကဥပဒေနဲ့ညီလားမညီလားကြည့်ရဦးမယ် ။ အရပ်သိလို (အရပ်သားတွေ သိထားသလို ) ဥပဒေနဲ့ မညီဘူးဆိုပြီးတော့ ရမ်းသမ်းပြောလို့ မဖြစ်ဘူး ။ ဥပဒေအင်္ဂါရပ်နဲ့ မညီရင် ကူညီသွားမယ် ။ ဥပဒေအင်္ဂါရပ်နဲ့ညီမညီဆိုတာကိုမသိရသေးလို့ ဘယ်လိုကူညီမယ်ဆိုတာတော့ ပြောမရသေးဘူး " လို့ သူကပြောပါတယ် ။
လိပ်ကျွန်းအမူနဲ့ပတ်သတ်ပြီးကူညီပေးဖို့အတွက် စွတ်စွဲခံရသူ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ကို၀င်းဇော်ထွန်းတို့ ဟာ သူတို့ကိုယ်တိုင်လက်ရေး နဲ့ရေးသားတဲ့စာကို ဒေါ်အောင်ဆန်းစုကြည်ဆီကို မနှစ်က ပို့ပေးခဲ့ဖူးတယ်လို့ ရွေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ယက် မှဥက္ကဌ ဦးစိန်ဌေးက ပြောပါတယ်။

Photo-စစ်ထက်အောင်
Author-ချမ်းသာ

Kumudra

No comments:

Post a Comment