Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 26, 2015

ထိုင္းျပည္သူေတြ ျမန္မာဘက္က ရွိေနတယ္ – ထိုင္းမင္းသမီး လိလိပါးနိပက္



By ဒီဗီြဘီ 
ထိုင္းႏုိင္ငံက လိပ္ကၽြန္းလူသတ္မႈအတြက္ ေသဒဏ္ခ်မွတ္ခံလိုက္ရတဲ့ ျမန္မာ၂ ဦးနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံသားေတြရဲ႕ ခံစားခ်က္ကို အျပည့္အ၀နားလည္တယ္လို႔ ထိုင္းေမာ္ဒယ္နဲ႔ မင္းသမီး လိလိပါးနိပက္က လူမႈေရးကြန္ရက္ ေဖ့ဘြတ္ခ္မွာေရးပါတယ္။

တရားမွ်တမႈကိုရွာေဖြရာမွာ အတူရပ္တည္ေပးဖို႔ ျမန္မာတဦးက သူရဲ႕ေဖ့ဘြတ္ခ္မွာ ေရးသားလုိက္တာကို ျပန္လည္တုံ႔ျပန္လုိက္တာ ျဖစ္ပါတယ္။

အာဏာမရွိတဲ့ ျပည္သူတဦးျဖစ္တဲ့အတြက္ အစိုးရေရးရာေတြမွာ ေဆာင္ရြက္မေပးႏုိင္တာကို နားလည္ဖို႔လည္း သူက ေျပာဆိုထားပါတယ္။

“က်မဟာ မတရားမႈမွန္သမွ် ရႈတ္ခ်ေနမွာပါ၊ အခုျဖစ္ေနတဲ့ အမိန္႔ကိုလည္း လံုးဝလက္မခံပါဘူး၊ သက္ေသ အေထာက္အထား မခိုင္လုံဘဲ ေသမိန္႔ခ်မႈဟာ ေနာက္ကြယ္မွာ ဘာေတြရွိမလဲ က်မတို႔ အရမ္းသိခ်င္ပါတယ္” လို႔ လိလိပါးနိပက္က ေရးပါတယ္။

ထိုင္းေရွ႕ေနအဖြဲ႔ကလည္း ျမန္မာႏုိင္ငံသား ၂ ဦးဘက္က လိုက္ပါေဆာင္ရြက္ ေပးေနသလို သက္ေသမခိုင္လုံဘဲ ခ်မွတ္သမွ်ကို လက္ခံမွာ မဟုတ္သလို အေရးႀကီး ကိစၥကို အျမန္ေျဖရွင္း ႏုိင္ပါေစလို႔ ဆုေတာင္းတယ္လို႔ ဆုိပါတယ္။

“ထိုင္းျပည္သူမ်ားကိုုယ္စား က်မအားလံုုးကိုု ဒီကေနေတာင္းပန္လိုုက္ပါတယ္ရွင္၊ က်မတို႔ ထုိင္းျပည္သူေတြကလည္း ျမန္မာျပည္သူဘက္က ရွိေနပါတယ္။ အဲဒါေၾကာင့္မို႔ ထိုင္းအလံနဲ႔ အမုန္းစကားမ်ားဟာလည္း စိတ္ထဲက အရမ္းခံစားရလို႔ ေပၚထြက္လာ တယ္ဆိုုတာ က်မ အရမ္းနားလည္ပါတယ္။  ဒါေပမယ့္ ႏွစ္ဖက္ပဋိပကၡမ်ား မျဖစ္ေစလုိလို႔ အလံနဲ႔ ဆဲေရးတဲ့ပုံမ်ား မလုပ္ၾကဖို႔ ေတာင္းပန္ပါရေစရွင္၊ အားလုံးလည္း က်မအေပၚ ခြင့္လႊတ္နားလည္္ႏုိင္မယ္လို႔ ေမွ်္ာလင့္ပါတယ္” လို႔ သူက ေရးပါတယ္။

http://burmese.dvb.no/archives/128391

......................................................................

ထိုင်းပြည်သူတွေ မြန်မာဘက်က ရှိနေတယ် – ထိုင်းမင်းသမီး လိလိပါးနိပက်
By ဒီဗွီဘီ 
ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာ၂ ဦးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်ကို အပြည့်အဝနားလည်တယ်လို့ ထိုင်းမော်ဒယ်နဲ့ မင်းသမီး လိလိပါးနိပက်က လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်မှာရေးပါတယ်။

တရားမျှတမှုကိုရှာဖွေရာမှာ အတူရပ်တည်ပေးဖို့ မြန်မာတဦးက သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားလိုက်တာကို ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အာဏာမရှိတဲ့ ပြည်သူတဦးဖြစ်တဲ့အတွက် အစိုးရရေးရာတွေမှာ ဆောင်ရွက်မပေးနိုင်တာကို နားလည်ဖို့လည်း သူက ပြောဆိုထားပါတယ်။

“ကျမဟာ မတရားမှုမှန်သမျှ ရှုတ်ချနေမှာပါ၊ အခုဖြစ်နေတဲ့ အမိန့်ကိုလည်း လုံးဝလက်မခံပါဘူး၊ သက်သေ အထောက်အထား မခိုင်လုံဘဲ သေမိန့်ချမှုဟာ နောက်ကွယ်မှာ ဘာတွေရှိမလဲ ကျမတို့ အရမ်းသိချင်ပါတယ်” လို့ လိလိပါးနိပက်က ရေးပါတယ်။

ထိုင်းရှေ့နေအဖွဲ့ကလည်း မြန်မာနိုင်ငံသား ၂ ဦးဘက်က လိုက်ပါဆောင်ရွက် ပေးနေသလို သက်သေမခိုင်လုံဘဲ ချမှတ်သမျှကို လက်ခံမှာ မဟုတ်သလို အရေးကြီး ကိစ္စကို အမြန်ဖြေရှင်း နိုင်ပါစေလို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။

“ထိုင်းပြည်သူများကိုုယ်စား ကျမအားလုုံးကိုု ဒီကနေတောင်းပန်လိုုက်ပါတယ်ရှင်၊ ကျမတို့ ထိုင်းပြည်သူတွေကလည်း မြန်မာပြည်သူဘက်က ရှိနေပါတယ်။ အဲဒါကြောင့်မို့ ထိုင်းအလံနဲ့ အမုန်းစကားများဟာလည်း စိတ်ထဲက အရမ်းခံစားရလို့ ပေါ်ထွက်လာ တယ်ဆိုုတာ ကျမ အရမ်းနားလည်ပါတယ်။  ဒါပေမယ့် နှစ်ဖက်ပဋိပက္ခများ မဖြစ်စေလိုလို့ အလံနဲ့ ဆဲရေးတဲ့ပုံများ မလုပ်ကြဖို့ တောင်းပန်ပါရစေရှင်၊ အားလုံးလည်း ကျမအပေါ် ခွင့်လွှတ်နားလည််နိုင်မယ်လို့ မျှေ်ာလင့်ပါတယ်” လို့ သူက ရေးပါတယ်။

http://burmese.dvb.no/archives/128391

No comments:

Post a Comment