Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

ဖားကန္႔အေရးေျဖရွင္းမည့္ အစိုးရနည္းလမ္းမ်ား လႊတ္ေတာ္ လက္မခံ


သတင္း  ျပည္တြင္း  ႏိုင္ငံေရး
မင္းမင္း


ဓာတ္ပံု- မင္းမင္း/မဇၩိမ

ေနျပည္ေတာ္(ဒီဇင္ဘာ ၂၈)။ ။ ဖားကန္႔ေဒသတြင္ ေျမစာပံုၿပိဳက်မႈေၾကာင့္ ျပည္သူမ်ား ေသဆံုးေနရျခင္းႏွင့္ စက္ယႏၱယားႀကီးမ်ားျဖင့္ သယံဇာတမ်ား တူးေဖာ္ေနမႈအေပၚ ေျဖရွင္းရန္ စီစဥ္ထားေသာ အစိုးရ၏ နည္းလမ္းမ်ားမွာ စနစ္မက်ဘဲ တိက်သည့္အေျဖ မဟုတ္ဟု လႊတ္ေတာ္အမတ္မ်ားက ေ၀ဖန္ခဲ့ၾကသလို လႊတ္ေတာ္နာယက သူရဦးေရႊမန္းကလည္း အဆိုပါ နည္းလမ္းအား လက္မခံခဲ့ေပ။

ဒီဇင္ဘာ ၂၈ရက္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ သတၱဳတြင္းဝန္ႀကီးဌာန၊ ဒုဝန္ႀကီး ဦးသန္းထြန္းေအာင္ လႊတ္ေတာ္သို႔ တင္ျပလာေသာ လံုခင္း၊ ဖားကန္႔ရတနာနယ္ေျမတြင္ ေက်ာက္စိမ္းတူးေဖာ္ျခင္း လုပ္ငန္း လံုးဝရပ္နားျခင္း (သို႔မဟုတ္) ထိုေဒသအား ပုဒ္မ ၁၄၄ထုတ္ျပန္ကာ ရဲတပ္ဖြဲ႔ျဖင့္ ထိန္းသိမ္းျခင္း (သို႔မဟုတ္) စစ္အုပ္ခ်ဳပ္ေရးအမိန္႔ထုတ္ျပန္ျခင္းဟူသည့္ ေျဖရွင္းရန္ နည္းလမ္းမ်ားကို လႊတ္ေတာ္က လက္မခံခဲ့ျခင္း ျဖစ္သည္။

ဒုဝန္ႀကီး၏ တင္ျပခ်က္အေပၚ ျပည္ေထာင္စုလႊတ္ေတာ္နာယက သူရဦးေရႊမန္းက "ဒုဝန္ႀကီး တင္ျပသြားတာ ေကာင္းပါတယ္၊ ျပည့္စံုပါတယ္။ သို႔ရာတြင္ မေကာင္းတာေတြလည္း ပါပါတယ္။ ဒါေတြ သတိျပဳၿပီး ဆင္ျခင္ဖို႔ လိုပါတယ္" ဟုဆိုကာ "ဘက္ေပါင္းစံုက ျပန္လည္သံုးသပ္ၿပီးေတာ့ အေလးအနက္ထား ေဆာင္ရြက္သြားရန္ လိုအပ္ပါတယ္" ဟု ဆံုးျဖတ္ခဲ့သည္။

ထို႔ျပင္ ဒုဝန္ႀကီး တင္ျပလာသည့္ ေျဖေရွင္းရန္နည္းလမ္းမ်ားကို လႊတ္ေတာ္အမတ္မ်ားကလည္း ဝိုင္းဝန္းကန္႔ကြက္ခဲ့ရာ လႊတ္ေတာ္က အတည္မျပဳဘဲ မွတ္တမ္းအျဖစ္သာ ထားရွိခဲ့သည္။

ဒုဝန္ႀကီးတင္ျပသကဲ့သို႔ ဖားကန္႔ေဒသရွိ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းမ်ားကို အၿပီးသတ္ရပ္နားကာ ပုဒ္မ ၁၄၄ႏွင့္ စစ္အုပ္ခ်ဳပ္ေရးအမိန္႔႔မ်ား ထုတ္ျပန္ကာ တရားဥပေဒစိုးမိုးေရးအတြက္ ႀကိဳးပမ္းမည့္အစား ေဒသခံျပည္သူမ်ား၏ အက်ိဳး၊ သယံဇာတမ်ားကိုပိုင္ဆိုင္သည့္ တိုင္းရင္းသားမ်ား၏ အက်ိဳးႏွင့္ ႏုိင္ငံအတြက္ အက်ိဳးရွိေအာင္ လုပ္ဆာင္ေပးသင့္သည္ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ အမ်ိဳးသားလႊတ္ေတာ္၏ဥပေဒၾကမ္းေကာ္မတီ အတြင္းေရးမွဴးျဖစ္သူ ေဒါက္တာျမတ္ဥာဏစိုးက လႊတ္ေတာ္တြင္ ေျပာသည္။

"ဒုဝန္ႀကီးတင္ျပသြားတဲ့ သံုးခ်က္ထဲမွာ လံုေလာက္တဲ့ အေျဖမပါဘူး" ဟု ေဒါက္တာျမတ္ဥာဏစိုး က ေဝဖန္သည္။

ဒုဝန္ႀကီး၏ တင္ျပခ်က္အေပၚ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးခိုင္ေမာင္ရည္ကမူ "ထမင္းရည္ပူလွ်ာလႊဲ ေျပာဖို႔ မသင့္ပါဘူး" ဟု လႊတ္ေတာ္တြင္ ေဝဖန္သည္။

ဒုဝန္ႀကီး လႊတ္ေတာ္သို႔တင္ျပလာသည့္ ေျဖရွင္းမည့္နည္းလမ္းမ်ားမွာ အုပ္ခ်ဳပ္ေရးဆိုင္ရာ နည္းလမ္းမ်ား ပါဝင္ေနေသာေၾကာင့္ ၿငိမ္းခ်မ္းေရးရရွိရန္ အဓိကလိုအပ္ေနသည္ဟု ကခ်င္ျပည္နယ္၊ အင္ဂ်န္းယန္မဲဆႏၵနယ္မွ ေဒၚဒြဲဘူကလည္း ေဆြးေႏြးသည္။

"ေျဖရွင္းမယ့္ နည္းလမ္း(၃)သြယ္မွာဆိုရင္ ပထမဦးဆံုး ဖြဲ႔စည္းပံုကိုလည္း ျပင္ရပါမယ္။ ေဒသခံေတြ လုပ္ႏုိင္၊ ကိုင္ႏုိင္ေအာင္ ေဆာင္ရြက္ဖို႔ လိုပါတယ္။ ေနာက္တစ္ခုက ၿငိမ္းခ်မ္းေရးရွိဖို႔လည္း လိုပါတယ္။ ဒီေဒသဟာဆိုရင္ မၿငိမ္းခ်မ္းတဲ့အတြက္ တရားဥပေဒ မစိုးမိုးတာ ျဖစ္ပါတယ္။ အဲ့ေတာ့ ၿငိမ္းခ်မ္းေရးမရဘဲနဲ႔ေတာ့ တရားဥပေဒစိုးမိုးေရး လုပ္ငန္းကို ဘယ္လိုမွ ေဆာင္ရြက္လို႔ ရမွာမဟုတ္ပါဘူး။ အဲ့ေတာ့ ေျဖရွင္းရမယ့္ နည္းလမ္းထဲမွာ ပထမဦးဆံုးက ၿငိမ္းခ်မ္းေရးရဖို႔ လိုပါတယ္" ဟု ေဒၚဒြဲဘူက ဆိုသည္။

ဖားကန္႔ေဒသတြင္ ေျမစာပံုၿပိဳက်မႈမ်ားေၾကာင့္ ျပည္သူမ်ား ေသဆံုးေနမႈအေပၚ လႊတ္ေတာ္သို႔ ဒု၀န္ႀကီး လာေရာက္ရွင္းလင္းျခင္းမွာ ယင္းကိစၥအေပၚ အျမန္ဆံုးရွင္းလင္းေပးရန္ ျပည္ေထာင္စုလႊတ္ေတာ္နာယက သူရဦးေရႊမန္းက သမၼတဦးသိန္းစိန္ထံ ဒီဇင္ဘာ ၂၁ရက္က သ၀ဏ္လႊာေပးပို႔ထားမႈေၾကာင့္ ျဖစ္သည္။

“ကခ်င္ျပည္နယ္၊ ဖားကန္႔ေဒသတြင္ ေျမစာေတာင္ၿပိဳက်မႈမ်ားေၾကာင့္ ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္မ်ား မၾကာခန ဆံုး႐ႈံးမႈ ျဖစ္ေပၚေနျခင္း၊ ဖားကန္႔ေဒသသို႔ ေရာက္ရွိေနေသာ စြမ္းအားႀကီးမားသည့္ ေျမသယ္ယာဥ္ႀကီးမ်ား ေရာက္ရွိေနျခင္းႏွင့္ သဘာ၀သယံဇာတမ်ား ထုတ္လုပ္ေနျခင္းတို႔အေပၚ ျပည္သူတို႔၏ စိုးရိမ္ပူပန္မႈမ်ားကို အျမန္ဆံုးရွင္းလင္းေျဖၾကားေပးရန္” ဟု သမၼတဦးသိန္းစိန္ထံ သူရဦးေရႊမန္းက သ၀ဏ္လႊာေပးပို႔ခဲ့ျခင္း ျဖစ္သည္။

ဖားကန္႔ေဒသတြင္ ၂၀၁၅ ခုႏွစ္အတြင္းမွာပင္ ေျမစာပံုၿပိဳက်မႈ အနည္းဆံုး ၃၇ႀကိမ္ရွိခဲ့သည္ဟု ကခ်င္ျပည္နယ္မွ အမ်ိဳးသားလႊတ္ေတာ္အမတ္တစ္ဦးက လြန္ခဲ့သည့္ ရက္သတၱပတ္အတြင္း ေျပာဆိုထားၿပီး ေျမစာပံုၿပိဳက်မႈေၾကာင္း လူေပါင္း ရာဂဏန္းထိ ေသဆံုးခဲ့ရသည္။

- See more at: http://mizzimaburmese.com/article/9115#sthash.TVcMKw1u.sdoRyJma.dpuf
..............
ဖားကန့်အရေးဖြေရှင်းမည့် အစိုးရနည်းလမ်းများ လွှတ်တော် လက်မခံ
သတင်း  ပြည်တွင်း  နိုင်ငံရေး
မင်းမင်း


ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

နေပြည်တော်(ဒီဇင်ဘာ ၂၈)။ ။ ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုကြောင့် ပြည်သူများ သေဆုံးနေရခြင်းနှင့် စက်ယန္တယားကြီးများဖြင့် သယံဇာတများ တူးဖော်နေမှုအပေါ် ဖြေရှင်းရန် စီစဉ်ထားသော အစိုးရ၏ နည်းလမ်းများမှာ စနစ်မကျဘဲ တိကျသည့်အဖြေ မဟုတ်ဟု လွှတ်တော်အမတ်များက ဝေဖန်ခဲ့ကြသလို လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း အဆိုပါ နည်းလမ်းအား လက်မခံခဲ့ပေ။

ဒီဇင်ဘာ ၂၈ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သတ္တုတွင်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးသန်းထွန်းအောင် လွှတ်တော်သို့ တင်ပြလာသော လုံခင်း၊ ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်း လုံးဝရပ်နားခြင်း (သို့မဟုတ်) ထိုဒေသအား ပုဒ်မ ၁၄၄ထုတ်ပြန်ကာ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း (သို့မဟုတ်) စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းဟူသည့် ဖြေရှင်းရန် နည်းလမ်းများကို လွှတ်တော်က လက်မခံခဲ့ခြင်း ဖြစ်သည်။

ဒုဝန်ကြီး၏ တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "ဒုဝန်ကြီး တင်ပြသွားတာ ကောင်းပါတယ်၊ ပြည့်စုံပါတယ်။ သို့ရာတွင် မကောင်းတာတွေလည်း ပါပါတယ်။ ဒါတွေ သတိပြုပြီး ဆင်ခြင်ဖို့ လိုပါတယ်" ဟုဆိုကာ "ဘက်ပေါင်းစုံက ပြန်လည်သုံးသပ်ပြီးတော့ အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်ပါတယ်" ဟု ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဒုဝန်ကြီး တင်ပြလာသည့် ဖြေရှေင်းရန်နည်းလမ်းများကို လွှတ်တော်အမတ်များကလည်း ဝိုင်းဝန်းကန့်ကွက်ခဲ့ရာ လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။

ဒုဝန်ကြီးတင်ပြသကဲ့သို့ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို အပြီးသတ်ရပ်နားကာ ပုဒ်မ ၁၄၄နှင့် စစ်အုပ်ချုပ်ရေးအမိန့့်များ ထုတ်ပြန်ကာ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းမည့်အစား ဒေသခံပြည်သူများ၏ အကျိုး၊ သယံဇာတများကိုပိုင်ဆိုင်သည့် တိုင်းရင်းသားများ၏ အကျိုးနှင့် နိုင်ငံအတွက် အကျိုးရှိအောင် လုပ်ဆာင်ပေးသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်၏ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်တွင် ပြောသည်။

"ဒုဝန်ကြီးတင်ပြသွားတဲ့ သုံးချက်ထဲမှာ လုံလောက်တဲ့ အဖြေမပါဘူး" ဟု ဒေါက်တာမြတ်ဉာဏစိုး က ဝေဖန်သည်။

ဒုဝန်ကြီး၏ တင်ပြချက်အပေါ် ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကမူ "ထမင်းရည်ပူလျှာလွှဲ ပြောဖို့ မသင့်ပါဘူး" ဟု လွှတ်တော်တွင် ဝေဖန်သည်။

ဒုဝန်ကြီး လွှတ်တော်သို့တင်ပြလာသည့် ဖြေရှင်းမည့်နည်းလမ်းများမှာ အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်းများ ပါဝင်နေသောကြောင့် ငြိမ်းချမ်းရေးရရှိရန် အဓိကလိုအပ်နေသည်ဟု ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူကလည်း ဆွေးနွေးသည်။

"ဖြေရှင်းမယ့် နည်းလမ်း(၃)သွယ်မှာဆိုရင် ပထမဦးဆုံး ဖွဲ့စည်းပုံကိုလည်း ပြင်ရပါမယ်။ ဒေသခံတွေ လုပ်နိုင်၊ ကိုင်နိုင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးရှိဖို့လည်း လိုပါတယ်။ ဒီဒေသဟာဆိုရင် မငြိမ်းချမ်းတဲ့အတွက် တရားဥပဒေ မစိုးမိုးတာ ဖြစ်ပါတယ်။ အဲ့တော့ ငြိမ်းချမ်းရေးမရဘဲနဲ့တော့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းကို ဘယ်လိုမှ ဆောင်ရွက်လို့ ရမှာမဟုတ်ပါဘူး။ အဲ့တော့ ဖြေရှင်းရမယ့် နည်းလမ်းထဲမှာ ပထမဦးဆုံးက ငြိမ်းချမ်းရေးရဖို့ လိုပါတယ်" ဟု ဒေါ်ဒွဲဘူက ဆိုသည်။

ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများကြောင့် ပြည်သူများ သေဆုံးနေမှုအပေါ် လွှတ်တော်သို့ ဒုဝန်ကြီး လာရောက်ရှင်းလင်းခြင်းမှာ ယင်းကိစ္စအပေါ် အမြန်ဆုံးရှင်းလင်းပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ထံ ဒီဇင်ဘာ ၂၁ရက်က သဝဏ်လွှာပေးပို့ထားမှုကြောင့် ဖြစ်သည်။

“ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် မြေစာတောင်ပြိုကျမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မကြာခန ဆုံးရှုံးမှု ဖြစ်ပေါ်နေခြင်း၊ ဖားကန့်ဒေသသို့ ရောက်ရှိနေသော စွမ်းအားကြီးမားသည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာဝသယံဇာတများ ထုတ်လုပ်နေခြင်းတို့အပေါ် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို အမြန်ဆုံးရှင်းလင်းဖြေကြားပေးရန်” ဟု သမ္မတဦးသိန်းစိန်ထံ သူရဦးရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် ၂၀၁၅ ခုနှစ်အတွင်းမှာပင် မြေစာပုံပြိုကျမှု အနည်းဆုံး ၃၇ကြိမ်ရှိခဲ့သည်ဟု ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်အမတ်တစ်ဦးက လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောဆိုထားပြီး မြေစာပုံပြိုကျမှုကြောင်း လူပေါင်း ရာဂဏန်းထိ သေဆုံးခဲ့ရသည်။

- See more at: http://mizzimaburmese.com/article/9115#sthash.TVcMKw1u.sdoRyJma.dpuf

No comments:

Post a Comment