Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 13, 2015

မြန်မာပြည် ပြာကျတော့မယ်

ဒေါက်တာကျော်ဆွေ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါသည်။

မြန်မာပြည် ပြာကျတော့မယ်။ကျုပ်ဒီအကြောင်းရေးတင်နေတာကြာပါပြီ။
မြန်မာပြည်ကို ပြာချနေတယ်ဆိုတာမယုံတဲ့သူတွေ ကြည့်ကြပါဦး။
သူများခေါင်းတက်နင်းပြီးကိုယ်ကြီပွါးရေလုပ်နေတာဟာလူစိတ်မရှိတဲ့သူတွေလို့ ပြောရမှာပဲ။
ကိုယ့်ပြန်ပေးတာ ၂ပဲ၆ပြားဆိုတာ မသိကြဘူး။
သူတို့ကို ရှာပေးတဲ့ ငွေကြေးရဲ့ ၁၀%ပဲပြန်ပေးတယ်။လူများလာရင် ၇.၅% ပဲပြန်ပေးတယ်။
MLM စနစ်နဲ့ ဖြန့်တဲ့ကုမ္ဗဏီအများကြီးရှိတယ်။ဒါပေမယ့် ဘယ်အဖွဲ့မှ ဒီလောက်မဆိုးဝါးဘူး။
သူ့တို့ဖြန့်တဲ့ ကုန်ပစ္စည်းတွေကိုလည်းသေချာကြည့်ကြပါဦး။
မရှိမဖြစ်ပစ္စည်း တခုမှ မပါဘူး။ဒီနေ့အထိ Member ပေါင်း ၁၈၇၄၂၀၀ ကျော်သွားပါပြီ။
လူကြီမင်းများ ကန်းနေတာလား၊ပင်းနေတာလား၊ပေါင်းစားနေတာလား၊
ကျုပ်တို့ပြည်သူတွေကိုဆင်းရဲတွင်း နက်သည်ထက်အောင်တူးနေကြပြီ။
မြန်မာနိုင်ငံကငွေကြေး ကျပ်သန်းပေါင်း၁၈၇၄၂၀ ကျော် ထိုင်းနိုင်ငံကိုထွက်သွားပြီ။
လစဉ် Member ၀င် တယောက်ကို၂၇၀၀၀ ကျပ်ဖိုးဝယ်ရဦးမယ်။
လစဉ် ကျပ်သန်းပေါင်း ၅ သောင်းကျော်ထိုင်းတွေ ဆက်ယူနေမှာပါ။
ထိုင်းတွေစေတနာကို မယုံကြပါနဲ့။မကြာမီမြန်မာပြည် မွဲပြာကျတော့မယ်။

AimStar က ရောင်းတဲ့ပစ္စည်းများ
၁။ Wazzer မိသားစုသုံးရေသန့်စက်( တန်ဖိုး ၈၁၂၀၀၀ ကျပ်)
အပြင်မှာ ၆ သောင်းနဲ့ ၁၄၀၀၀၀ကြားပဲရှိတယ်။သူတို့စက်တန်ဖိုးနဲ့ဆိုရင် လုပ်ငန်းသုံးစက်ကြီးရတယ်။
၂။ Vital Star စပါးပင်စည်ဆီ နှင့် စပါးနို့ရည်
60caps (၂၈၀၀၀ကျပ်)
၈ ဘူးပါ တထုပ် (၁၉၃၈၀၀ကျပ်)
သူတို့ပြောတဲ့အစွမ်းသတ္တိတွေရှိရင်မြင်းနွားကျွဲတွေ အသက်ရာကျော်ရှည်မှာပေါ့။
၃။ MultiPro ဖြည့်စွက်အာဟာရဘူး(၇၆၀၀၀ကျပ်)
ပဲပုပ်၊နို့၊အသားငါးမှထုတ်လုပ်ထားသောပရိုတင်း တဲ့
ပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေ ဖော်ပြမထားပါ။
ပါဝင်ပစ္စည်းအတိအကျဖော်ပြထာတဲ့
ဂျပန်ထုတ်အမိုင်နိုအက်ဆစ်အမှုန့်
၂၁၀၀၀ ကျပ်သာရှိပါတယ်။
၎။ Dermarine ဖြည့်စွက်အာဟာရ
30tabs (၃၃၈၀၀ကျပ်)
120tabs (၁၄၂၆၀၀ကျပ်)
ပဲပုပ်နဲ့ ငါးမန်းအရိုးနုမှ ထုတ်ထားတာလို့
ပြောပါတယ်။
အစွမ်းတူတဲ့ Austlia ထုတ် Nuflan ဆေးထက်
၈ ဆ ဈေးပိုပါတယ်။
၅။ Luminice ဖြည့်စွက်အာဟာရ
30tabs (၄၀၉၀၀ကျပ်)
ဖော်ပြထားချက်များသည်ယနေ့ဆေးပညာဂျာနယ်များတွင်တခါမှ မဖော်ပြဘူးသေးပါ။
သူတို့ပြောတဲ့အစွမ်း မသေချာပါ။မထင်ပါ။ဟုတ်ရင်ကမ္ဘာ့ ဆေးပညာလောကမှာ
ဟိုးလေးတကျော်ရှိမှာပါ။Alternative Medicine မှလဲ မတွေ့ရပါ။စဉ်းစားကြပါ။
၆။ SuperCider ၃ဘူး( ၉၉၀၀ကျပ်)
စပျစ်ရည်အနီရောင်နဲ့ ပန်းသီးရည်တို့နှင့်ထုတ်ထားသည်။သူတို့ပြောတဲ့အစွမ်းတွေရှိကြောင်း မသေချာပါ။
ခေတ်သစ်ဆေးပညာနဲ့ရှင်းမပြနိုင်တာတွေရေးထားပါတယ်။
၇။ FishOil ငါးကြီးဆီ
60caps (၂၄၂၀၀ကျပ်)
Austlia Zefan ထုတ်မှ ၇၆၀၀ကျပ်ပဲရှိပါတယ်။စဉ်းစားကြည့်ပါ။
၈။ Oligo Fiber-Pဖြည့်စွက်အာဟာရ၁၀ထုပ်ပါ (၃၄၉၀၀ကျပ်)
နာနတ်သီးကထုတ်ထားတာပါ။ဝမ်းပျော့စေပါတယ်။အခြားအချက်တွေဘာမှမထူးပါ။
အကျိုးတူဆေးOligo၀မ်းပျော့ဆေးတခါသောက်တထုပ်ဟာ ၂၆၀ကျပ်ပဲရှိပါတယ်။
အပြင်မှာရှာမရနိုင်တဲ့ပစ္စည်းထင်လို့ဈေး ၁၂၀ဆ တင်ထားပါတယ်။
၉။ Calphyll ဖြည့်စွက်အာဟာရ
60tabs (၁၈၁၀၀ကျပ်)
ကယ်လ်စီယမ်၊ဆိုဒီယမ်၊ကြေးနီ၊ကလိုရိုဖီးနဲ့သတ္တုဓာတ်များလို့ရေးထာူပါတယ်။
ကလိုရိုဖီးလ် ဆိုတာ အစိမ်းရောင် သစ်ရွက်တိုင်းမှာပါပါတယ်။
သစ်ရွက်မှာ နေအလင်းရောင်စုပ်ယူဖို့ပါတာပါ။သတ္တ၀ါတွေပေါ်မှာ ဘာအကျိုးကျေးဇူးမှမရှိပါ။
ဗီတာမင်၊သတ္ထုဓာတ်အစုံပါတဲ့Centrum အားဆေး ၁တောင့်ဟာ၇၅ကျပ်ပဲရှိပါတယ်။
၁၀။ 6L Dietary ဖြည့်စွက်အာဟာရ
60tabs (၆၇၄၀၀ကျပ်)
အဆီတွေကို လောင်ကျွမ်းအသုံးချခြင်းကိုကူညီတယ်လို့ရေးထားတယ်။
ဘာပါတယ်လို့ ရေးမထားပါ။ပါဝင်ပစ္စည်းမဖော်ပြခြင်းဟာလူလိမ်တွေ အလုပ်ပါ။
၁၁။ AG Block ဖြည့်စွက်အာဟာရ
60tabs (၄၆၅၀၀ကျပ်)
အဆီချဆေးပိန်ဆေးပါပဲ။ဆေးဝါးလောက အဆီချဆေး
ပိန်ဆေးတွေထက်ဈေး ၈ ဆ လောက်ပိုနေပါတယ်။တကယ်တော့ ဒီဆေးတစ်တောင့်ဟာ
မိုးမျှော်ငရုတ်သီးတစ်တောင့်လောက်အကျိုးမများပါ။

ဒီ ၁၀ မျိုးဟာ AimStar အဖွဲ့ကထုတ်တဲ့ဆေးဝါးဆိုပြီးရောင်းနေတဲ့ပစ္စည်းတွေပါပဲ။
အခြားပစ္စည်းတွေကို ဆက်ဖော်ပြပေးပါမယ်။
Moe Kyaw Oo
10 December at 23:49 ·

No comments:

Post a Comment