Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

ဦးသန္းေရႊနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ု ့ၾကားက ခက္ခဲတဲ့ ျငိမ္းခ်မ္းေရး

ျမန္မာႏုိင္ငံရဲ႕အာဏာရွင္ ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊနဲ႔ သူတခ်ိန္တခါက ေနအိမ္အက်ယ္ခ်ဳပ္ခ်ခဲ့ဖူးတဲ့ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ျပီးခဲ႔တဲ႔ ဆယ္ရက္ေက်ာ္ေက်ာ္က ေတြ႔ဆံုခဲ႔ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၁၉၉၄ ခုႏွစ္နဲ႔ ၂၀၀၂ ခုႏွစ္မွာ ေတြ႕ဆံုခဲ႔ဖူးပါတယ္။ သူတို႔ရဲ႕ ပထမဆံုးအႀကိမ္ေတြ႕ဆံုမႈကစလုိ႔ အခုေနာက္ဆံုးအႀကိမ္ ေတြ႕ဆံုမႈအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ႏုိင္ငံေရးအရ ဆက္စပ္စဥ္းစားရမယ့္ အေျခအေနေတြကေတာ့ ဘာမွ သိပ္မေျပာင္းလဲေသးတာ ေတြ႔ရပါတယ္။

အရင္တုန္းကေတာ့ ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္းသန္းေရႊဟာ ကမၻာေပၚမွာရွိတဲ့ အဆုိးရြားဆံုးေသာ စစ္အာဏာရွင္ အႀကီးအကဲတဦး ျဖစ္ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အဲ့ဒီစစ္အုပ္ခ်ဳပ္ေရးကို ဆန္ ့က်င္ခဲ့တဲ့ ဒီမုိကေရစီလႈပ္ရွားမႈေတြကုိ ဦးေဆာင္ခဲ့သူျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီတႀကိမ္ေတြ႕ဆံုမႈမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ၿပီးခဲ့တဲ့ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ အျပတ္အသတ္အႏုိင္ရခ့ဲတဲ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ (NLD) ရဲ႕ ေခါင္းေဆာင္အျဖစ္ ဦးသန္းေရႊကို လာေရာက္ေတြ႕ဆံုခဲ့တာျဖစ္ၿပီး ဦးသန္းေရႊ အတြက္ကေတာ့ သူ တည္ေထာင္ခဲ႔တဲ႔ ျပည္ေထာင္စုၾက့ံခုိင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ေရြးေကာက္ပြဲမွာ ခြက္ခြက္လန္ေအာင္ ရံႈးခဲ႔တာကုိ လက္ခံႏုိင္ဖို႔ ႀကိဳးစားေနတဲ႔ ကာလလည္းျဖစ္ပါတယ္။

ဦးသန္းေရႊ အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဖုိ႔ ဘာေၾကာင္႔လက္ခံခဲ့တာလဲ ဆိုတာ စဥ္းစားစရာပါ။ ေနာက္တခ်က္က ဒီအေရးပါတဲ့ ေတြ႕ဆံုမႈကေန က်ေနာ္တို႔ ဘာမ်ား ေမွ်ာ္လင့္ႏိုင္မလဲ။

ဦးသန္းေရႊနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ရဲ႕ ေတြ႕ဆံုမႈဟာ လူေတာ္ေတာ္မ်ားမ်ားကို စိတ္၀င္တစားျဖစ္ေစခဲ႔ပါတယ္။ ဒီေတြ႕ဆံုမႈဟာ လက္ရွိအစိုးရကေန NLD ေခါင္းေဆာင္တဲ့အစုိးရကုိ ေနာင္ႏွစ္ထဲမွာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အာဏာလႊဲေျပာင္းႏုိင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစလိမ့္မယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေတြလည္း ေပၚထြက္လာပါတယ္။

သူတုိ႔ ဘာေတြေဆြးေႏြးခဲ့သလဲဆုိတာေတာ့ မသိရေပမယ့္ တခ်က္ကေတာ့ ေသခ်ာပါတယ္။ ႏုိင္ငံတကာက ေ၀ဖန္မႈေတြ အမ်ားအျပားရွိခဲ့တဲ့ ၂၀၁၀ ေရြးေကာက္ပြဲမတုိင္မီမွာ သူကိုယ္တုိင္ဖန္တီးခဲ့တဲ့ စစ္တပ္ေက်ာေထာက္ေနာက္ခံ ျပည္ေထာင္စုၾက့ံခုိင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီရဲ႕ ရွက္ဖြယ္လိလိ အ႐ံႈးေၾကာင့္သာ ဗုိလ္ခ်ဳပ္မွဴးႀကီး ေဟာင္းသန္းေရႊဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။ တကယ္လုိ႔သာ ႏုိ၀င္ဘာေရြးေကာက္ပြဲမွာ ျပည္ေထာင္စုႀက့ံခုိင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီသာ အႏုိင္ရခဲ့မယ္ဆုိရင္ေတာ့ ဒီေတြ႕ဆံုမႈဟာ ျဖစ္လာစရာ အေၾကာင္းမရွိဘူးလို႔ ယူဆႏုိင္ပါတယ္။

ဒါေၾကာင္႔မို႔ သူကိုယ္တုိင္ေရြးခ်ယ္ခဲ့တဲ့ ဦးသိန္းစိန္ေခါင္းေဆာင္တဲ့ ပါတီဟာ ေရြးေကာက္ပြဲမွာ ႐ံႈးနိမ့္ခဲ့ၿပီး ေနာက္မွာေတာ့ ဦးသန္းေရႊဟာ ေနာက္လာမယ့္ငါးႏွစ္မွာ ႏုိင္ငံကုိ အုပ္ခ်ဳပ္မယ္လို႔ ေျပာဆုိထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆံုတာက လက္ေတြ႕က်လိမ့္မယ္လုိ႔ ဆံုးျဖတ္ခဲ့ပံုရပါတယ္။

တကယ္တမ္းမွာေတာ့ ျပည္ေထာင္စုႀက့ံခုိင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ အေနနဲ႔ NLD အေပၚ ႏိုင္ကြက္ေတြရွိခဲ့ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ျမန္မာ့တပ္မေတာ္ဟာ လႊတ္ေတာ္ထဲမွာ အမတ္ေနရာ ၂၅ ရာခုိင္ႏႈန္းရယူထားတာမို႔ ျပည္ေထာင္စုႀက့ံခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီအေနနဲ႔ ေရြးေကာက္ခံအမတ္ေနရာရဲ႕ သံုးပံုတပံုသာအႏုိင္ရခဲ့မယ္ဆုိရင္ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ေပါင္းၿပီး သမၼတတေယာက္ကို ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။

ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္းသန္းေရႊ ျမန္မာ႔ႏိုင္ငံေရးကေန အသာတၾကည္ ထြက္ခြာသြားဖို႔ မဟာဗ်ဴဟာလုိ႔ အမ်ားကသိၾကတဲ႔ လႊတ္ေတာ္ထဲ ခံတပ္ဖြဲ႕ထားတဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းဟာ NLD အေပၚ ျပည္သူေတြရဲ႕ ေထာက္ခံမႈလိႈင္းကို မရပ္တန္႔ႏိုင္ခဲ႔ပါဘူး။ ေရြးေကာက္စရာ မလိုတဲ့ တပ္ကိုယ္စားလွယ္ေတြ ဆက္ရွိေနဦးမွာ ျဖစ္ေပမယ့္ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီဟာ အစိုးရအဖြဲ႕ကေန ထြက္ခြာရ ေတာ့မွာျဖစ္ပါတယ္။ အဲဒီမွာ ေမးစရာ ေမးခြန္းေတြ ေပၚလာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနာက္ဆံုးေတြ႕ဆံုမႈကေနၿပီး ဦးသန္းေရႊအေနနဲ႔ ဘာကိုေမွ်ာ္လင့္ထားသလဲ။ ပုိၿပီးအေရးႀကီးတဲ့ တခ်က္ကေတာ့ ေရွ႔လာမယ့္ ငါးႏွစ္ကို သူဘယ္လုိျဖစ္ေစခ်င္သလဲ။

သူ႔အေနနဲ႔ ဦးသိန္းစိန္အစိုးရကေန NLD အစုိးရဆီကုိ အာဏာလႊဲေျပာင္းမႈဟာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ျဖစ္ေစဖို႔ အမွန္တကယ္လုိ႔လားလုိ႔လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တကယ္လုိ႔ အဲ့ဒီအတုိင္းတာျဖစ္မယ္ဆုိရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူဟာ စိတ္ဆႏၵခ်င္းတူညီေနတယ္လုိ႔ ဆုိရမွာပါ။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း စနစ္တက် အာဏာလႊဲေျပာင္းဖုိ႔ အေရးႀကီးတဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဒီေနရာမွာ သူတုိ႔ရဲ႕ အစီအစဥ္ေတြက တူညီေကာင္း တူညီေနႏုိင္ေပမယ့္ သူတုိ႔ရဲ႕ ရည္မွန္းခ်က္ေတြကေတာ့ ေသခ်ာေပါက္ကြဲျပားပါလိမ့္မယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ လက္ရွိ သက္တမ္းကုန္ဆံုးသြားၿပီျဖစ္တဲ့ အစုိးရ ဒါမွမဟုတ္ တပ္မေတာ္အေနနဲ႔ အာဏာလႊဲေျပာင္းေရးကုိ ၾကန္႔ၾကာေအာင္ ဘာေတြမ်ား လုပ္ဦးလိ့မ္မလဲလုိ႔ သတိထားေနမွာျဖစ္ၿပီး တျခား တဖက္မွာေတာ့ ဦးသန္းေရႊက သူရဲ႕မိသားစုနဲ႔ စစ္အစုိးရရဲ႕ အေပါင္းအပါေတြရဲ႕ အက်ဳိးစီးပြားနဲ႔ ပတ္သက္ၿပီး ပိုၿပီး စုိးရိမ္ေနမွာပဲျဖစ္ပါတယ္။

သူတုိ႔မွာ ခိုင္မာတဲ့ အက်ဳိးစီးပြားေတြ အမ်ားအျပားရွိေနၿပီး အဲဒါေတြကို ထိန္းခ်ဳပ္မယ္႔ အစုိးရသစ္တရပ္ ဒါမွမဟုတ္ သူတို႔ရဲ႕ လက္ရွိအေနအထားကို ပ်က္ျပားေစမယ့္ ေျပာင္းလဲမႈ (ဥပမာ အစိုးရအဖြဲ႕ထဲမွာ ပိုမုိပြင့္လင္းျမင္သာၿပီး အက်င့္ ပ်က္ျခားစားမႈေတြ ေလ်ာ့နည္းသြားျခင္း) ေတြဟာ သူတို႔ရဲ႕အက်ဳိးစီးပြားေရးေတြကို ၿခိမ္းေျခာက္ႏိုင္ပါတယ္။

ဒီဇင္ဘာ ၄ ရက္ေန႔ ေတြ႕ဆံုမႈမတုိင္ခင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆံုခဲ့တဲ့ ဦးသန္းေရႊရဲ႕ေျမး ေနေရႊေသြး ေအာင္ရဲ႕ facebook မွာေရးသားထားမႈအရ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဆာင္ရြက္သမွ် ကာလပတ္လံုး ဦးသန္းေရႊအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို တတ္ႏုိင္သေလာက္ ကူညီပ့ံပုိးေပးဖို႔ ကတိျပဳခဲ့တယ္လုိ႔ ဆုိပါတယ္။

ေနေရႊေသြးေအာင္က သူ႔ရဲ႕ facebook မွာေရးသားထားရာမွာ ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္းသန္းေရႊက “ေရြးေကာက္ပြဲတြင္ တရား၀င္အႏုိင္ရရွိခဲ့ၿပီးေနာက္ ျမန္မာျပည္၏ အနာဂါတ္ေခါင္းေဆာင္သည္ ေဒၚေအာင္ဆန္းစုၾကည္ျဖစ္လာမည္မွာ အားလံုးလက္ခံရမည့္ အမွန္တရားပင္ျဖစ္သည္”က ေျပာခဲ့တယ္လုိ႔ ေရးသားထားပါတယ္။

ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္း သန္းေရႊအေနနဲ႔ ဒီလုိတကယ္ဆုိလုိသလား ဒါမွမဟုတ္ သူေျပာခ်င္တာက လက္ေတြ႕မွာ ဘာအဓိပၸါယ္လဲဆုိတာေတာ့ ဦးသန္းေရႊကိုယ္တုိင္ပဲသိပါလိမ့္မယ္။

ၿပီးခဲ့တဲ့ ေတြ႕ဆံုမႈႏွစ္ႀကိမ္ကို ၾကည့္မယ္ဆုိရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD ပါတီက အႏုိင္ရေပမယ့္ စစ္အစုိးရက လက္မခံခဲ့တဲ့ ၁၉၉၀ ေရြးေကာက္ပြဲက စတင္ေပၚေပါက္လာခဲ့ၿပီး ေနာက္ပိုင္းေတြမွာ ပိုမိုဆုိးရြားလာခဲ့တဲ့ စစ္အစုိးရနဲ ့ NLD ၾကားက ႏိုင္ငံေရးျပသာနာကုိ ေျဖရွင္းႏိုင္မယ့္ ရလဒ္မ်ဳိးေတြထြက္လာခဲ့ျခင္း မရွိတာကုိေတြ ့ရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီ ေနာက္ဆံုးေတြ႕ဆံုမႈဟာ ၿငိမ္းခ်မ္းတဲ့ အာဏာအလႊဲအေျပာင္းအတြက္ အျပဳသေဘာေဆာင္တဲ့ ျဖစ္ရပ္တခုျဖစ္လိမ့္မယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေတြရွိေနပါေသးတယ္။

ဒီေနာက္ဆံုးေတြ႕ဆံုမႈဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း လူေတြရဲ႕ ထင္ျမင္ခ်က္ျဖစ္တဲ႔ ဦးသန္းေရႊအေနနဲ႔ ျပည္ေထာင္စုႀက့ံခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီနဲ႔ တပ္မေတာ္အတြင္းမွာ ၾသဇာလႊမ္းမုိးမႈ ရွိေနတုန္းဆိုတာကို အတည္ျပဳေပးလုိက္ပါတယ္။ တကယ္လုိ႔ သူေျမးေရးထားတဲ့ အတုိင္းသာ စိတ္ရင္းအမွန္နဲ႔ ေျပာခဲ့မယ္ဆုိ္ရင္ေတာ့ သူအေနနဲ႔ လက္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို NLD အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔၊ အထူးသျဖင့္ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသားလက္နက္ကိုင္ေတြအၾကားက လက္နက္ကိုင္ပဋိပကၡေတြကို အဆံုးသတ္ႏိုင္ေရး ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကို တုိက္တြန္းျခင္းျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ကုိ တတ္ႏိုင္သေလာက္ ကူညီပ့ံပုိး ေပးတယ္လို႕ ဆိုရမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပါတီအေနနဲ႔ ၿပီးခဲ့တဲ့လမွာ ေရြးေကာက္ပြဲအႏုိင္ရခဲ့ေပမယ့္ တပ္မေတာ္ဟာ ႏုိင္ငံရဲ႕ ႏုိင္ငံေရးအင္အားစုတရပ္အျဖစ္ ရွိေနဆဲျဖစ္သလုိ ပုိၿပီး အေရးႀကီးတာကေတာ့ အေျခမခုိင္ေသးတဲ့ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ျမန္မာ႔ တပ္မေတာ္ ဟာ အဓိက အေရးပါတဲ့ေနရာမွာ ပါ၀င္ေနတာပဲျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနကေတာ့ တကယ္လုိ႔ သူခုိင္ခိုင္မာမာ ကတိမေပးရေသးဆုိရင္ ဦးသန္းေရႊနဲ႔ သူရဲ႕အေပါင္းအပါေတြအေနနဲ႔ NLD အစုိးရက လက္တံု႔ျပန္မွာကုိ စိတ္ပူစရာမလုိတဲ့အေၾကာင္း ခုိင္ခုိင္မာမာ ကတိေပးဖို႔ လုိပါလိမ့္မယ္။ သူ႔အေနနဲ႔ အတိတ္ျဖစ္ရပ္ေတြအတြက္ လက္တံု႔ျပန္မွာမဟုတ္သလို အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးကုိပဲ ဦးတည္တဲ့အေၾကာင္း မၾကာခဏဆုိသလုိ ထုတ္ေဖာ္ေျပာဆုိခဲ့ဖူးပါတယ္။

သူတုိ႔ႏွစ္ေယာက္ေတြ႕ဆံုမႈ ျပီးခ်ိန္ကစလုိ႔ လက္ဖက္ရည္ဆုိင္ေတြနဲ႔ လူမႈမီဒီယာေတြမွာ ေရပန္းစားေနတဲ႔ ေမးခြန္းတခုကေတာ႔ “သူတုိ႔ႏွစ္ေယာက္မၾကာခင္ ထပ္ေတြ႕ၾကဦးမွာလား ‘ ဆိုတာ ျဖစ္ပါတယ္။

ေျပာင္းလဲသြားတဲ့ ႏိုင္ငံေရးအေျခအေနမွာ သူတုိ႔ႏွစ္ေယာက္အေနနဲ႔ ထပ္မံေတြ႕ဆံုဖို႔ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိပါတယ္။ ဦးသန္းေရႊ အတြက္ေတာ့ ေတြ႕ဆံုမႈတုိင္းဟာ ျမန္မာႏိုင္ငံရဲ႕ အနာဂါတ္ေခါင္းေဆာင္နဲ႔ အာဃာတမရွိတဲ့ ဆက္ဆံေရးကုိ တည္ေဆာက္ႏုိင္ဖုိ႔ အခြင့္အေရးျဖစ္သလုိ တကယ္လုိ႔ ေဒၚေအာင္ဆန္းစု ၾကည္အေနနဲ႔ ဦးသန္းေရႊရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး သူယံုၾကည္စိတ္ခ်ေအာင္ အာမခံခ်က္ေပးႏိုင္မယ္ဆိုရင္ေတာ့ ဒီဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္းက ေဒၚေအာင္ဆန္းစုၾကည္သမၼတျဖစ္ခြင့္ကုိ တားဆီးထားတဲ့ ပုဒ္မ ၅၉ (စ) အပါအ၀င္ ဖြဲ႕စည္းပံုအေျခခံဥပေဒကုိျပင္ဆင္ဖုိ႔ လက္ခံသေဘာတူေကာင္း ေတာင္သေဘာတူႏုိင္ပါတယ္။

ဒီလုိျဖစ္ႏုိင္ေခ် ရွိမရွိ ေဆြးေႏြးခဲ့လားဆုိတာေတာ့ က်ေနာ္တို႔မသိရပါဘူး။ သူတုိ႔ႏွစ္ေယာက္ေတြ႕ဆံုမႈနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္စလံုးက ဘာမွေထြေထြထူးထူး ထုတ္ေဖာ္ေျပာဆုိခဲ့ျခင္း မရွိခဲ႔ပါဘူး။

ေနေရႊေသြးေအာင္ရဲ႕ facebook ပုိ႔စ္အရေတာ့ ေဒၚေအာင္ဆန္းစုၾကည္က “အနာဂတ္ျမန္မာႏိုင္ငံေတာ္ ေအာင္ျမင္စြာ တည္ေဆာက္ႏုိင္ေရးႏွင့္ တပ္မေတာ္အပါအ၀င္ အဖြဲ႕အစည္းအားလံုးႏွင့္ လက္တြဲပူးေပါင္းေဆာင္ရြက္ႏုိင္ေရးအတြက္ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊႏွင့္ ေတြ႕ဆံုေဆြးေႏြးလို” တယ္လုိ ့ ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။

သူတုိ႔ႏွစ္ေယာက္ေတြ႕ဆံုပြဲအၿပီးမွာ NLD ဗဟုိေကာ္မတီ၀င္ ဦး၀င္းထိန္က “အခုေတာ့ အေျခအေနက အရင္ကထက္စာရင္ ပုိၿပီးေရရာလာပါျပီ။ ေမွ်ာ္လင့္ခ်က္ေကာင္းတဲ႔ အနာဂတ္အတြက္ ေသခ်ာသေလာက္ျဖစ္ေနပါျပီ” လုိ ့ေျပာခဲ့ပါတယ္။

ဒီလုိ အေကာင္းျမင္မႈဟာ အားတတ္စရာပါ။ မေသခ်ာမႈေတြနဲ႔ ျပည့္ႏွက္ေနေသးတဲ႔ ျမန္မာႏိုင္ငံရဲ႕ အသြင္ကူးေျပာင္းမႈမွာ ဦး၀င္းထိန္ ေျပာသလို တကယ္ျဖစ္လာဖို႔ ေမွ်ာ္လင္႔ပါတယ္။ ျမန္မာျပည္သူေတြနဲ ႔ႏိုင္ငံတကာအသိုင္းအ၀န္းကေတာ့ သူတို႔ ႏွစ္ေယာက္ ပါးပါးနပ္နပ္နဲ႔ ျမန္မာႏိုင္ငံကုိလမ္းေၾကာင္းမွန္ေပၚ တင္ေပးႏုိင္မွာလား ဆိုတာကို ေမွ်ာ္လင္႔ရင္း သူတို႔ ႏွစ္ေယာက္ထပ္ေတြ႔ၾကဦးမလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။
Irrawaaddy
.................
ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ု ့ကြားက ခက်ခဲတဲ့ ငြိမ်းချမ်းရေး

မြန်မာနိုင်ငံရဲ့အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ သူတချိန်တခါက နေအိမ်အကျယ်ချုပ်ချခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ ဆယ်ရက်ကျော်ကျော်က တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၉၄ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုကစလို့ အခုနောက်ဆုံးအကြိမ် တွေ့ဆုံမှုအချိန်အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဆက်စပ်စဉ်းစားရမယ့် အခြေအနေတွေကတော့ ဘာမှ သိပ်မပြောင်းလဲသေးတာ တွေ့ရပါတယ်။

အရင်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အဆိုးရွားဆုံးသော စစ်အာဏာရှင် အကြီးအကဲတဦး ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲ့ဒီစစ်အုပ်ချုပ်ရေးကို ဆန် ့ကျင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ်တွေ့ဆုံမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ခေါင်းဆောင်အဖြစ် ဦးသန်းရွှေကို လာရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ဦးသန်းရွှေ အတွက်ကတော့ သူ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြ့ံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးခဲ့တာကို လက်ခံနိုင်ဖို့ ကြိုးစားနေတဲ့ ကာလလည်းဖြစ်ပါတယ်။

ဦးသန်းရွှေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဘာကြောင့်လက်ခံခဲ့တာလဲ ဆိုတာ စဉ်းစားစရာပါ။ နောက်တချက်က ဒီအရေးပါတဲ့ တွေ့ဆုံမှုကနေ ကျနော်တို့ ဘာများ မျှော်လင့်နိုင်မလဲ။

ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုဟာ လူတော်တော်များများကို စိတ်ဝင်တစားဖြစ်စေခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ လက်ရှိအစိုးရကနေ NLD ခေါင်းဆောင်တဲ့အစိုးရကို နောင်နှစ်ထဲမှာ ချောချောမွေ့မွေ့နဲ့ အာဏာလွှဲပြောင်းနိုင်ဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ပေါ်ထွက်လာပါတယ်။

သူတို့ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာတော့ မသိရပေမယ့် တချက်ကတော့ သေချာပါတယ်။ နိုင်ငံတကာက ဝေဖန်မှုတွေ အများအပြားရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီမှာ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြ့ံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရှက်ဖွယ်လိလိ အရှုံးကြောင့်သာ ဗိုလ်ချုပ်မှူးကြီး ဟောင်းသန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ နို၀င်ဘာရွေးကောက်ပွဲမှာ ပြည်ထောင်စုကြ့ံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ဒီတွေ့ဆုံမှုဟာ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ယူဆနိုင်ပါတယ်။

ဒါကြောင့်မို့ သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပါတီဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး နောက်မှာတော့ ဦးသန်းရွှေဟာ နောက်လာမယ့်ငါးနှစ်မှာ နိုင်ငံကို အုပ်ချုပ်မယ်လို့ ပြောဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတာက လက်တွေ့ကျလိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

တကယ်တမ်းမှာတော့ ပြည်ထောင်စုကြ့ံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနေနဲ့ NLD အပေါ် နိုင်ကွက်တွေရှိခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့တပ်မတော်ဟာ လွှတ်တော်ထဲမှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းရယူထားတာမို့ ပြည်ထောင်စုကြ့ံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ခံအမတ်နေရာရဲ့ သုံးပုံတပုံသာအနိုင်ရခဲ့မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ပေါင်းပြီး သမ္မတတယောက်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ မြန်မာ့နိုင်ငံရေးကနေ အသာတကြည် ထွက်ခွာသွားဖို့ မဟာဗျူဟာလို့ အများကသိကြတဲ့ လွှတ်တော်ထဲ ခံတပ်ဖွဲ့ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ NLD အပေါ် ပြည်သူတွေရဲ့ ထောက်ခံမှုလှိုင်းကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ရွေးကောက်စရာ မလိုတဲ့ တပ်ကိုယ်စားလှယ်တွေ ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အစိုးရအဖွဲ့ကနေ ထွက်ခွာရ တော့မှာဖြစ်ပါတယ်။ အဲဒီမှာ မေးစရာ မေးခွန်းတွေ ပေါ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးတွေ့ဆုံမှုကနေပြီး ဦးသန်းရွှေအနေနဲ့ ဘာကိုမျှော်လင့်ထားသလဲ။ ပိုပြီးအရေးကြီးတဲ့ တချက်ကတော့ ရှေ့လာမယ့် ငါးနှစ်ကို သူဘယ်လိုဖြစ်စေချင်သလဲ။

သူ့အနေနဲ့ ဦးသိန်းစိန်အစိုးရကနေ NLD အစိုးရဆီကို အာဏာလွှဲပြောင်းမှုဟာ ချောချောမွေ့မွေ့နဲ့ဖြစ်စေဖို့ အမှန်တကယ်လို့လားလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ အဲ့ဒီအတိုင်းတာဖြစ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဟာ စိတ်ဆန္ဒချင်းတူညီနေတယ်လို့ ဆိုရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စနစ်တကျ အာဏာလွှဲပြောင်းဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီနေရာမှာ သူတို့ရဲ့ အစီအစဉ်တွေက တူညီကောင်း တူညီနေနိုင်ပေမယ့် သူတို့ရဲ့ ရည်မှန်းချက်တွေကတော့ သေချာပေါက်ကွဲပြားပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ အစိုးရ ဒါမှမဟုတ် တပ်မတော်အနေနဲ့ အာဏာလွှဲပြောင်းရေးကို ကြန့်ကြာအောင် ဘာတွေများ လုပ်ဦးလိ့မ်မလဲလို့ သတိထားနေမှာဖြစ်ပြီး တခြား တဖက်မှာတော့ ဦးသန်းရွှေက သူရဲ့မိသားစုနဲ့ စစ်အစိုးရရဲ့ အပေါင်းအပါတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ပိုပြီး စိုးရိမ်နေမှာပဲဖြစ်ပါတယ်။

သူတို့မှာ ခိုင်မာတဲ့ အကျိုးစီးပွားတွေ အများအပြားရှိနေပြီး အဲဒါတွေကို ထိန်းချုပ်မယ့် အစိုးရသစ်တရပ် ဒါမှမဟုတ် သူတို့ရဲ့ လက်ရှိအနေအထားကို ပျက်ပြားစေမယ့် ပြောင်းလဲမှု (ဥပမာ အစိုးရအဖွဲ့ထဲမှာ ပိုမိုပွင့်လင်းမြင်သာပြီး အကျင့် ပျက်ခြားစားမှုတွေ လျော့နည်းသွားခြင်း) တွေဟာ သူတို့ရဲ့အကျိုးစီးပွားရေးတွေကို ခြိမ်းခြောက်နိုင်ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ တွေ့ဆုံမှုမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဦးသန်းရွှေရဲ့မြေး နေရွှေသွေး အောင်ရဲ့ facebook မှာရေးသားထားမှုအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သမျှ ကာလပတ်လုံး ဦးသန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သလောက် ကူညီပ့ံပိုးပေးဖို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

နေရွှေသွေးအောင်က သူ့ရဲ့ facebook မှာရေးသားထားရာမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေက “ရွေးကောက်ပွဲတွင် တရားဝင်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်၏ အနာဂါတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်သည်”က ပြောခဲ့တယ်လို့ ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအနေနဲ့ ဒီလိုတကယ်ဆိုလိုသလား ဒါမှမဟုတ် သူပြောချင်တာက လက်တွေ့မှာ ဘာအဓိပ္ပါယ်လဲဆိုတာတော့ ဦးသန်းရွှေကိုယ်တိုင်ပဲသိပါလိမ့်မယ်။

ပြီးခဲ့တဲ့ တွေ့ဆုံမှုနှစ်ကြိမ်ကို ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အနိုင်ရပေမယ့် စစ်အစိုးရက လက်မခံခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲက စတင်ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းတွေမှာ ပိုမိုဆိုးရွားလာခဲ့တဲ့ စစ်အစိုးရနဲ ့ NLD ကြားက နိုင်ငံရေးပြသာနာကို ဖြေရှင်းနိုင်မယ့် ရလဒ်မျိုးတွေထွက်လာခဲ့ခြင်း မရှိတာကိုတွေ ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ နောက်ဆုံးတွေ့ဆုံမှုဟာ ငြိမ်းချမ်းတဲ့ အာဏာအလွှဲအပြောင်းအတွက် အပြုသဘောဆောင်တဲ့ ဖြစ်ရပ်တခုဖြစ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေပါသေးတယ်။

ဒီနောက်ဆုံးတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လူတွေရဲ့ ထင်မြင်ချက်ဖြစ်တဲ့ ဦးသန်းရွှေအနေနဲ့ ပြည်ထောင်စုကြ့ံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်အတွင်းမှာ သြဇာလွှမ်းမိုးမှု ရှိနေတုန်းဆိုတာကို အတည်ပြုပေးလိုက်ပါတယ်။ တကယ်လို့ သူမြေးရေးထားတဲ့ အတိုင်းသာ စိတ်ရင်းအမှန်နဲ့ ပြောခဲ့မယ်ဆို်ရင်တော့ သူအနေနဲ့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားက လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်တွန်းခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သလောက် ကူညီပ့ံပိုး ပေးတယ်လို့ ဆိုရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီအနေနဲ့ ပြီးခဲ့တဲ့လမှာ ရွေးကောက်ပွဲအနိုင်ရခဲ့ပေမယ့် တပ်မတော်ဟာ နိုင်ငံရဲ့ နိုင်ငံရေးအင်အားစုတရပ်အဖြစ် ရှိနေဆဲဖြစ်သလို ပိုပြီး အရေးကြီးတာကတော့ အခြေမခိုင်သေးတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မြန်မာ့ တပ်မတော် ဟာ အဓိက အရေးပါတဲ့နေရာမှာ ပါ၀င်နေတာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေကတော့ တကယ်လို့ သူခိုင်ခိုင်မာမာ ကတိမပေးရသေးဆိုရင် ဦးသန်းရွှေနဲ့ သူရဲ့အပေါင်းအပါတွေအနေနဲ့ NLD အစိုးရက လက်တုံ့ပြန်မှာကို စိတ်ပူစရာမလိုတဲ့အကြောင်း ခိုင်ခိုင်မာမာ ကတိပေးဖို့ လိုပါလိမ့်မယ်။ သူ့အနေနဲ့ အတိတ်ဖြစ်ရပ်တွေအတွက် လက်တုံ့ပြန်မှာမဟုတ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ ဦးတည်တဲ့အကြောင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက်တွေ့ဆုံမှု ပြီးချိန်ကစလို့ လက်ဖက်ရည်ဆိုင်တွေနဲ့ လူမှုမီဒီယာတွေမှာ ရေပန်းစားနေတဲ့ မေးခွန်းတခုကတော့ “သူတို့နှစ်ယောက်မကြာခင် ထပ်တွေ့ကြဦးမှာလား ‘ ဆိုတာ ဖြစ်ပါတယ်။

ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေမှာ သူတို့နှစ်ယောက်အနေနဲ့ ထပ်မံတွေ့ဆုံဖို့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဦးသန်းရွှေ အတွက်တော့ တွေ့ဆုံမှုတိုင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ခေါင်းဆောင်နဲ့ အာဃာတမရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ အခွင့်အရေးဖြစ်သလို တကယ်လို့ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဦးသန်းရွှေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူယုံကြည်စိတ်ချအောင် အာမခံချက်ပေးနိုင်မယ်ဆိုရင်တော့ ဒီဗိုလ်ချုပ်မှူးကြီးဟောင်းက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်ကို တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ လက်ခံသဘောတူကောင်း တောင်သဘောတူနိုင်ပါတယ်။

ဒီလိုဖြစ်နိုင်ချေ ရှိမရှိ ဆွေးနွေးခဲ့လားဆိုတာတော့ ကျနော်တို့မသိရပါဘူး။ သူတို့နှစ်ယောက်တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ဘာမှထွေထွေထူးထူး ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

နေရွှေသွေးအောင်ရဲ့ facebook ပို့စ်အရတော့ ဒေါ်အောင်ဆန်းစုကြည်က “အနာဂတ်မြန်မာနိုင်ငံတော် အောင်မြင်စွာ တည်ဆောက်နိုင်ရေးနှင့် တပ်မတော်အပါအဝင် အဖွဲ့အစည်းအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးလို” တယ်လို ့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်တွေ့ဆုံပွဲအပြီးမှာ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က “အခုတော့ အခြေအနေက အရင်ကထက်စာရင် ပိုပြီးရေရာလာပါပြီ။ မျှော်လင့်ချက်ကောင်းတဲ့ အနာဂတ်အတွက် သေချာသလောက်ဖြစ်နေပါပြီ” လို ့ပြောခဲ့ပါတယ်။

ဒီလို အကောင်းမြင်မှုဟာ အားတတ်စရာပါ။ မသေချာမှုတွေနဲ့ ပြည့်နှက်နေသေးတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုမှာ ဦးဝင်းထိန် ပြောသလို တကယ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေနဲ ့နိုင်ငံတကာအသိုင်းအဝန်းကတော့ သူတို့ နှစ်ယောက် ပါးပါးနပ်နပ်နဲ့ မြန်မာနိုင်ငံကိုလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်မှာလား ဆိုတာကို မျှော်လင့်ရင်း သူတို့ နှစ်ယောက်ထပ်တွေ့ကြဦးမလားဆိုတာကို စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
Irrawaaddy

No comments:

Post a Comment