Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 16, 2015
ye wint
Ref: womenshealthmag
Trend Myanmar
...................
Adele ရဲ့ “Hello” သီချင်းနားထောင်ပြီး အမျိုးသမီး ၆၄ ရာခိုင်နှုန်းလောက် အဆက်ဟောင်းကို
ပြန်ဆက်သွယ်မိကြ
ye wint
Adele ရဲ့ ဆင်ဂယ်လ်အသစ် “Hello” က အဆက်ဟောင်းနဲ ့အမှတ်တရလေးတွေကို  ပြန်တူးဆွ ပေးနေသလိုဖြစ်နေပါလား။ ဒါဆိုရင်တော့ ကျွန်တော်တို ့တွေပဲ ဒီလို ခံစားရတာမဟုတ်ပါဘူး။ အောင်သွယ်တော်ဝက်ဘ်ဆိုဒ် WhatsYourPrice.com က လူပေါင်း ၄၁၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အမျိုးသမီး ၆၄ ရာခိုင်နှုန်းလောက်ဟာ Adele ရဲ့ လွမ်းမောစရာကောင်းတဲ့ အချစ်သီချင်းကို နားထောင်ပြီးနောက် မှာ
အဆက်ဟောင်း နဲ ့ပြန်ပေါင်းထုပ်ဖို ့အတွေးတွေ ၀င်လာမိကြောင်း တွေ ့ရှိခဲ့ရတယ်လို ့ဆိုပါတယ်။
ဒါပေမယ့် အမျိုးသားတွေကတော့ သီချင်းကို ခံစားပုံ နည်းနည်းလေးကွာပါတယ်။ Hello သီချင်းကို
နားထောင်ပြီးနောက်မှာ အမျိုးသား ၁၇ ရာခိုင်နှုန်းလောက်ပဲ အဆက်ဟောင်းကို ပြန်ဆက်သွယ်မိချင်တယ် လို ့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါလေ့လာမှုအရပဲ၊ အမျိုးသမီးတွေဟာ သူတို ့ရဲ့ အချစ်ရေးမှာ ဘာတွေကများ မှားယွင်းခဲ့ရလဲ ဆိုတာကို ဆွေးနွေးဖို ့ပိုလိုလားကြတယ်လို ့ဆိုပြီး အမျိုးသားအများစုကတော့
ကိုယ့်ဘဝနဲ ့ကိုယ်ပဲ ရှေ ့ဆက် လျှောက်လှမ်းသွားဖို ့ပိုလိုလားကြတယ်လို ့သိရပါတယ်။
Ref: womenshealthmag
Trend Myanmar
No comments:
Post a Comment