Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

“ Resident Evil “ ဇာတ္ကားမွ Alice ရဲ႕အသက္ႀကီးသြားတဲ့သြင္ျပင္ကို အစမ္းျပင္ဆင္ခဲ့တဲ့ Milla Jovovich



Milla Jovoich ကေတာ့ ဗုဒၶဟူးေန႔က Instagram မွာ Alice ရဲ႕အသက္ႀကီးသြားတဲ့သြင္ျပင္ သူ႔ရဲ႕ပရိသတ္ေတြကို ထိတ္လန္႔သြားေစခဲ့ပါသတဲ့။

အသက္ ၃၉ႏွစ္အရြယ္ မင္းသမီးဟာ ေတာင္အာဖရိက Capetown မွာရိုက္ကူးမယ့္ Resident Evil: The Final Chapter  ဇာတ္ကားရွိ အသက္ႀကီးသြားတဲ့ဇာတ္ရုပ္ကို မိတ္ကပ္ျပင္ဆင္ျခယ္သထားတဲ့ ပံုကို တင္ထားခဲ့တာျဖစ္ပါတယ္။

 “#nomakeup စတာပါ! @christinaslashes, @andredinoboy ကို ေက်းဇူးတင္ပါတယ္။ “Old Alice” ကို ဖန္တီးဖို႔ ဒီတစ္မနက္လံုး ၄နာရီ ၅နာရီၾကာအလုပ္လုပ္ခဲ့ၾကတဲ့ #federicacastelli and @kerry_skelton_ တို႔ကိုလည္း ေက်းဇူးတင္ပါတယ္။ “ ဓါတ္ပံုမွာ ေရးသားထားခဲ့ပါတယ္။

 “ ဒီမိတ္ကပ္ျပင္ဆင္ထားတဲ့ တျခားပံုေတြကိုလည္း တင္ပါဦးမယ္။ ဒါ့အျပင္ ဆြဲေဆာင္မႈအျပည္႔နဲ႔ Selfie ပံုေတြလည္း ပါမွာေပါ့။ ဒါနဲ႔ ဒီအသက္ႀကီးသြားတဲ့ပံုက ရုပ္ရွင္ရဲ႕အဆံုးသတ္လို႔ ထင္ထားၾကတဲ့သူေတြအတြက္ ဒါက တကယ္ေတာ့ ၿပီးဆံုးသြားတာ မဟုတ္ေသးပါဘူး! #residentevilthefinalchapter #capetowndiary” လို႔လည္း ေရးသားထားပါေသးတယ္။

Chris Redfield အျဖစ္ Wentworth Miller, Jill Valentine အျဖစ္ Sienna Guillory နဲ႔ Rain Ocampo အျဖစ္ Michelle Rodriguez တုိ႔ တြဲဖက္သရုပ္ေဆာင္ထားတဲ့ ဒီရုပ္ရွင္ကို ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီ ၂၇ ရက္ေန႔မွာ ရံုတင္ျပသမွာျဖစ္ပါတယ္။

( Michelle )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Upi

....................................

“ Resident Evil “ ဇာတ်ကားမှ Alice ရဲ့အသက်ကြီးသွားတဲ့သွင်ပြင်ကို အစမ်းပြင်ဆင်ခဲ့တဲ့ Milla Jovovich



Milla Jovoich ကတော့ ဗုဒ္ဓဟူးနေ့က Instagram မှာ Alice ရဲ့အသက်ကြီးသွားတဲ့သွင်ပြင် သူ့ရဲ့ပရိသတ်တွေကို ထိတ်လန့်သွားစေခဲ့ပါသတဲ့။

အသက် ၃၉နှစ်အရွယ် မင်းသမီးဟာ တောင်အာဖရိက Capetown မှာရိုက်ကူးမယ့် Resident Evil: The Final Chapter  ဇာတ်ကားရှိ အသက်ကြီးသွားတဲ့ဇာတ်ရုပ်ကို မိတ်ကပ်ပြင်ဆင်ခြယ်သထားတဲ့ ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။

 “#nomakeup စတာပါ! @christinaslashes, @andredinoboy ကို ကျေးဇူးတင်ပါတယ်။ “Old Alice” ကို ဖန်တီးဖို့ ဒီတစ်မနက်လုံး ၄နာရီ ၅နာရီကြာအလုပ်လုပ်ခဲ့ကြတဲ့ #federicacastelli and @kerry_skelton_ တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ “ ဓါတ်ပုံမှာ ရေးသားထားခဲ့ပါတယ်။

 “ ဒီမိတ်ကပ်ပြင်ဆင်ထားတဲ့ တခြားပုံတွေကိုလည်း တင်ပါဦးမယ်။ ဒါ့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ Selfie ပုံတွေလည်း ပါမှာပေါ့။ ဒါနဲ့ ဒီအသက်ကြီးသွားတဲ့ပုံက ရုပ်ရှင်ရဲ့အဆုံးသတ်လို့ ထင်ထားကြတဲ့သူတွေအတွက် ဒါက တကယ်တော့ ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး! #residentevilthefinalchapter #capetowndiary” လို့လည်း ရေးသားထားပါသေးတယ်။

Chris Redfield အဖြစ် Wentworth Miller, Jill Valentine အဖြစ် Sienna Guillory နဲ့ Rain Ocampo အဖြစ် Michelle Rodriguez တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment