Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 2, 2015

သူ၏ ခရီးစဉ်မှာ ရခိုင်ပြည်နယ် တိုးတက်ရေးကို ရည်ရွယ်ကြောင်း NLD နာယက ဦးတင်ဦးပြောဆို


စစ်တွေ၊ နိုဝင်ဘာ ၂

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးမှ သူ၏ ရခိုင်ခရီးစဉ်မှာ ရခိုင်ပြည်နယ် တိုးတက်ရေးကို ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း စစ်တွေမြို့တွင် လူထုနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

နိုဝင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီက စစ်တွေမြို့ အာရီယာန် ခန်းမ၌ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ရခိုင်တွေဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ ဒီနေ့ ခရီးစဉ်ဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် ရည်စူးပြီးတော့ လာခဲ့တဲ့ခရီးစဉ် ဖြစ်ပါတယ်” ဟု ဦးတင်ဦးက ပြောသည်။

၎င်းပြင် ဦးတင်ဦးမှ ရခိုင်နှင့် မြန်မာသည် ဒင်္ဂါးတစ်ပြားတည်း လိုဟု ပြောဆိုသည်။

တက်ရောက်လာသူများမှ ဦးတင်ဦးအား မေးခွန်းများ မေးမြန်းခဲ့ရာ ပရိသတ် တစ်ဦးက ယခုကျင်းမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ပါသလားဟု မေးမြန်းသည်။

ဦးတင်ဦးက “ယခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ အရွေးမခံပဲ တပ်မတော်က ၂၅ ရာခိုင်နှုန်းပါဝင်နေတယ်။ ၄၃၆ ဥပဒေကြောင့် တဘက်သက်လုပ်သွားနိုင်တယ်။ တရားမျှတမှုရှိမရှိကို ခန့်မှန်း ကြည့်နိုင်ပါတယ်”ဟု ဆိုသည်။

၎င်းအပြင် ဦးတင်ဦးက ယခင်ပါလီမန် ဒီမို ကရေစီခေတ် က ရွေးကောက်ပွဲ အတွက် ကော်မရှင်အဖွဲ့များ စည်းရာ၌ မဲစာရင်း စိစစ်ရေး ကော်မရှင် တစ်ဖွဲ့၊ ရွေးကောက်ပွဲကျင်းပရေးအတွက် တစ်ဖွဲ့၊ စိစစ်ရေးအတွက် သီးသန့် ဖွဲ့စည်းထားပြီး အားလုံးဆက်စပ် လုပ်ဆောင်ခဲ့ကြကြောင်း၊ ယခု ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကော်မရှင် ဖွဲ့စည်းရာ ၌ ကော်မရှင် တစ်ခုတည်းက အရာအားလုံးကို တာဝန်ယူဆောင် ရွက်နေသည့် အတွက် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်လား စဉ်းစားကြည့်ကြ ပါ ဟု ပြောကြားသွားသည်။

ဟာသလူရွှန်တော် ဗေလုဝနှင့် မေတ္တာတို့ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀ိုင်းရံရခြင်းနှင့် ပတ်သက်၍ သူတို့ အမြင်များ ကို ပြောကြားခဲ့ကြသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူနဲ့တသားတည်းကျတယ်။ အဂတိကင်းစင်တယ်။ ပါတီပေါင်း ၉၀ ကျော် ၀င်ပြိုင်ကြတဲ့အထဲမှာ အစိုးရကိုကျကျနနဖွဲ့နိုင်မယ့် ပါတီဖြစ်တဲ့အတွက် ၀ိုင်းရံတာဖြစ်ပါ တယ်” ဟု ဗေလုဝကပြောသည်။

အဆိုပါအခမ်းအနားတွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့များကို ကိုယ်စားပြုပြီး အရွေးခံမည့် ကိုယ်စားလှယ်များနှင့်လည်း တက်ရောက်ခဲ့ပြီး ပရိသတ်နှင့် မိတ်ဆက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်မှ ဦးတင်ဦးမှ ရခိုင်နှင့် ဗမာမှာ ဒင်္ဂါးတစ်ပြားလိုဟု ပြောဆိုခြင်း အပေါ် သဘောမတူကြောင်း ယခုလို နိရဉ္စရာသို့ ပြောဆိုသည်။

“ရခိုင်နဲ့ဗမာဟာ အတူတူပဲ ဒင်္ဂါးတစ်ပြားတည်းဆိုတဲ့စကားကို ကျွန်မအနေနဲ့ လက်မခံပါဘူး။ ကိုယ့်လူမျိုး ဂုဏ်အင်္ဂါ၊ ၀ိသေသ လက္ခဏာဆိုတာရှိပြီးသားပဲ။ အခုပြည်ထောင်စု မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေ ဖြစ်တယ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။ ဘာကြောင့် တူရမှာလဲ။ တူရင် ရခိုင်ရယ်၊ ဗမာရယ်လို့ နာမည်သီးသန့် ရှိပါ့မလား” ဟု သူမက ပြောသည်။

အခမ်းအနားသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

(ဓာတ်ပုံ- နိရဉ္စရာ)
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews/

...................................................

သူ၏ ခရီးစဥ္မွာ ရခိုင်ျပည္နယ် တိုးတက်ရေးကို ရည်ြရယ်ကြောင်း NLD နာယက ဦးတင်ဦျးေပာဆို

စစ်တြေ၊ နိုဝင္ဘာ ၂

အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ် နာယက ဦးတင်ဦးမွ သူ၏ ရခိုင္ခရီးစဥ္မွာ ရခိုင်ျပည္နယ် တိုးတက်ရေးကို ရည်ြရယ်၍ျပုလုပ်ျခင်ျးဖစ်ကြောင်း စစ်တျြေမို့တြင် လူထုနွင့် တြေ့ဆုံစဉ်ျေပာကြားသည်။

နိုဝင္ဘာလ ၂ ရက် နေ့လယ် ၂ နာရီက စစ်တြေမြို့ အာရီယာန် ခန်းမ၌ ရြေးကောက္ပြဲ အောင်နိုင်ရေး မဲဆြယ်ဟေျာေပာပြဲတြင် အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ် နာယက ဦးတင်ဦးမွ ထိုသို့ျေပာကြားသြားချဲ့ခင်ျးဖစ်သည်။

“ရခိုင်တြေဟာ ကိုယ့်မင်းကိုယ့်ခ်င်းနဲ့ နေလာခဲ့ကြတဲ့သူတျြေဖစ္ပါတယ်။ ဒီနေ့ ခရီးစဉ်ဟာလည်း အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္က ရခိုင်ျပည္နယ် တိုးတက်ရေးအတြက် ရည္စူးပြီးတော့ လာခဲ့တဲ့ခရီးစဉ်ျဖစ္ပါတယ်” ဟု ဦးတင်ဦးကျေပာသည်။

၎င်ျးပင် ဦးတင်ဦးမွ ရခိုင်နွင့်ျမန္မာသည် ဒင်္ဂါးတစ်ျပားတည်း လိုဟုျေပာဆိုသည်။

တက်ရောက္လာသူမ်ားမွ ဦးတင်ဦးအား မေးခြန်းမ်ား မေျးမန်းခဲ့ရာ ပရိသတ် တစ်ဦးက ယခုက်င်းမည့် ရြေးကောက္ပြဲသည် လြတ္လပ်၍ တရား မ်ွတသည့် ရြေးကောက္ပျြဲဖစ်နိုင္ပါသလားဟု မေျးမန်းသည်။

ဦးတင်ဦးက “ယချုပုလုပ္မယ့် ရြေးကောက္ပြဲဟာ ၂၀၀၈ ဖြဲ့စည်းပုံ အျေခခံဥပေဒေအာက္မွာ လုပ္တဲ့ ရြေးကောက္ပျြဲဖစ္တယ်။ အေရြးမခံပဲ တပ္မေတ္ကာ ၂၅ ရာခိုင်နှုန်းပါဝင်နေတယ်။ ၄၃၆ ဥပေဒေကြာင့် တဘက်သက္လုပ်ြသားနိုင္တယ်။ တရားမ်ွတမှုရွိမရွိကို ခန့်မွန်း ကြည့်နိုင္ပါတယ်”ဟု ဆိုသည်။

၎င်းအျပင် ဦးတင်ဦးက ယခင္ပါလီမန် ဒီမို ကေရစီခေတ် က ရြေးကောက္ပြဲ အတြက် က္မောရွင်အဖြဲ့မ်ား စည်းရာ၌ မဲစာရင်း စိစစ်ရေး က္မောရွင် တစ္ဖြဲ့၊ ရြေးကောက္ပြဲက်င်းပေရးအတြက် တစ္ဖြဲ့၊ စိစစ်ရေးအတြက် သီးသန့် ဖြဲ့စည်းထားပြီး အားလုံးဆက္စပ် လုပ်ဆောင္ခဲ့ကြေကြာင်း၊ ယခု ၂၀၁၅ ရြေးကောက္ပြဲ အတြက် က္မောရွင် ဖြဲ့စည်းရာ ၌ က္မောရွင် တစ္ခုတည်းက အရာအားလုံးကို တာဝန်ယူဆောင် ရြက်နေသည့် အတြက် တရားမ်ွတသည့် ရြေးကောက္ပျြဲဖစ်နိုင္မည္လား စဉ်းစားကြည့်ကြ ပါ ဟုျေပာကြားသြားသည်။

ဟာသလူရွှန်တော် ဗေလုဝနွင့် မေတ္တာတို့ကလည်း အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ္ကို ၀ိုင်းရံရျခင်းနွင့် ပတ်သက်၍ သူတို့ အျမင္မ်ား ကိုျေပာကြားခဲ့ကြသည်။

“အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ်ဟျာပည်သူနဲ့တသားတည်းက်တယ်။ အဂတိကင်းစင္တယ်။ ပါတီပေါင်း ၉၀ ကော်် ၀င်ပြိုင်ကြတဲ့အထဲမွာ အစိုးရကိုက်က်နနဖြဲ့နိုင္မယ့် ပါတျီဖစ္တဲ့အတြက် ၀ိုင်းရံတျာဖစ္ပါ တယ်” ဟု ဗေလုဝကျေပာသည်။

အဆိုပါအခမ်းအနားတြင် စစ်တြေ၊ ပေါက်တော၊ မင်ျးပား၊ ပုဏ္ဏားကျနြ်း၊ ဘူးသီးတောင်၊ မောင်တော၊ ရေသ့တောင် စသည့်မြို့မ်ားကို ကိုယ္စာျးပုပြီး အေရြးခံမည့် ကိုယ္စားလွယ္မ်ားနွင့်လည်း တက်ရောက္ချဲ့ပီး ပရိသတ်နွင့် မိတ္ဆက္ခဲ့သည်။

ရခိုင်အမိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန္မွ ဦးတင်ဦးမွ ရခိုင်နွင့် ဗမာမွာ ဒင်္ဂါးတစ်ျပားလိုဟုျေပာဆျိုခင်း အေပါ် သေဘာမတူကြောင်း ယခုလို နိရဉ္စရာသို့ျေပာဆိုသည်။

“ရခိုင္နဲ့ဗမာဟာ အတူတူပဲ ဒင်္ဂါးတစ်ျပားတည်းဆိုတဲ့စကားကို ကျန္မြအေနနဲ့ လက္မခံပါဘူး။ ကိုယ့်လူမိုး ဂုဏ်အင်္ဂါ၊ ၀ိသေသ လက္ခဏာဆိုတာရွိပြီးသားပဲ။ အချုပည်ထောင္ဈုမန္မာနိုင်ငံထဲက တိုင်းရင်းသားတျြေဖစ္တယ္ဆိုရင်တော့ မွန္ပါလိမ့်မယ်။ ဘာကြောင့် တူရမွာလဲ။ တူရင် ရခိုင်ရယ်၊ ဗမာရယ္လို့ နာမည်သီးသန့် ရွိပါ့မလား” ဟု သူမကျေပာသည်။

အခမ်းအနားသို့ လူပေါင်း ၂၀၀ ကော်် တက်ရောက္ခဲ့သည်။

(ဓာတ္ပုံ- နိရဉ္စရာ)
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews/

No comments:

Post a Comment