Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 5, 2015

"မဟာ" Express အျမန္လမ္းမွာ ယာဥ္မေတာ္တဆမႈ ျဖစ္ပြား




၂၀၁၅-ခုႏွစ္ ႏို၀င္ဘာလ (၅) ရက္ေန႔ ေန႔လယ္(၂း၃၀)နာရီအခ်ိန္ခန္႔ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္ ၂၀၆/၃ ႏွင့္ ၂၀၆/၄ အၾကား မႏၲေလး မွ ေနျပည္ေတာ္သို႔ (အျပန္လမ္း)၌ ဦးေက်ာ္ေက်ာ္သက္၊ ၉/မခန(ႏိုင္)၁၄၆၆၇၁၊ အမွတ္(၁၉)၊ စြန္းလြန္းရပ္၊ ျမင္းၿခံၿမိဳ႕ေနသူ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္ 5D-9465 "မဟာ" Express (ပန္းေရာင္) ခရီးသည္တင္မွန္လံုယာဥ္သည္ ဆီစစ္ဗူးေပါက္၍ စက္ခ်ဳိ႕ယြင္းကာ ဘယ္ဘက္သို႕ဆြဲသြားၿပီး လမ္းလယ္ကၽြန္း Barrier တုံးမ်ားအား ၀င္တိုက္ၿပီးေနာက္ အသြားလမ္းဘက္ရွိ ၿခံစည္းရိုးအား ထပ္မံတိုက္ၿပီး ရပ္တန္႔ခဲ့ေသာ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားခဲ့ပါသည္။

၎ Express ယာဥ္ေပၚတြင္ ယာဥ္ေမာင္းအပါအ၀င္ ခရီးသည္ စုစုေပါင္း (၄၁)ဦး စီးနင္းလိုက္ပါခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိမႈမရွိခဲ့ပါ။ အခင္းျဖစ္ပြားရာေနရာသို႔ အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ႀကီးၾကပ္ေရးအဖြဲ႕မွ လမ္းအပိုင္းတာ၀န္ခံအင္ဂ်င္နီယာမ်ား ၊ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ တာ၀န္ရွိသူမ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕၀င္မ်ားမွ ေရာက္ရွိၿပီး ယာဥ္ေၾကာရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ၾကပါသည္။ အဆိုပါျဖစ္စဥ္အား ပန္းတင္အျမန္လမ္းရဲစခန္းမွ အမႈဖြင့္အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရွိရပါသည္။

>>>>အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕ <<<<
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad/

....................................

"မဟာ" Express အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား

၂၀၁၅-ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့ နေ့လယ်(၂း၃၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၀၆/၃ နှင့် ၂၀၆/၄ အကြား မန္တလေး မှ နေပြည်တော်သို့ (အပြန်လမ်း)၌ ဦးကျော်ကျော်သက်၊ ၉/မခန(နိုင်)၁၄၆၆၇၁၊ အမှတ်(၁၉)၊ စွန်းလွန်းရပ်၊ မြင်းခြံမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5D-9465 "မဟာ" Express (ပန်းရောင်) ခရီးသည်တင်မှန်လုံယာဉ်သည် ဆီစစ်ဗူးပေါက်၍ စက်ချို့ယွင်းကာ ဘယ်ဘက်သို့ဆွဲသွားပြီး လမ်းလယ်ကျွန်း Barrier တုံးများအား ၀င်တိုက်ပြီးနောက် အသွားလမ်းဘက်ရှိ ခြံစည်းရိုးအား ထပ်မံတိုက်ပြီး ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

၎င်း Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် စုစုပေါင်း (၄၁)ဦး စီးနင်းလိုက်ပါခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ပါ။ အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ လမ်းအပိုင်းတာဝန်ခံအင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရောက်ရှိပြီး ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဖြစ်စဉ်အား ပန်းတင်အမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ <<<<
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad/

No comments:

Post a Comment