Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

Bush လူငယ္ေခါင္းေဆာင္သင္တန္းဆင္း လႊတ္ေတာ္အမတ္ အေရြးခံရ

ရခုိင္အမ်ဳိးသားပါတီ (ANP) ရဲ႕ အမ်ဳိးသား လႊတ္ေတာ္ကုိယ္စားလွယ္ မထူးေမ နဲ႔ သမၼတ George Bush and ဇနီး Laura Bush
ျမန္မာႏိုင္ငံက ၂၀၁၅ ေရြးေကာက္ပြဲမွာ NLD ပါတီ မဲအျပတ္အသတ္နဲ႔ အႏိုင္ရလိုက္တာကို ကမၻာ့ႏုိင္ငံႀကီးေတြက ခ်ီးက်ဴး ဂုဏ္ျပဳေနခိ်န္မွာပဲ အေမရိကန္ သမၼတေဟာင္း George W. Bush နဲ႔ သမၼတကေတာ္ Laura Bush တို႔ကလဲ ေရြးေကာက္ပြဲရလဒ္နဲ႔ ပတ္သက္လို႔ ျမန္မာျပည္သူေတြကို ခ်ီးက်ဴး ဂုဏ္ျပဳလုိက္ပါတယ္။ တခ်ိန္ထဲမွာပဲ Bush Institute ကဖြင့္လွစ္တဲ့ Liberty and Leadership သင္တန္းမွာ တက္ေရာက္ခဲ့သူ ရခုိင္တိုင္းရင္းသူတဦးကလဲ ဒီေရြးေကာက္ပြဲမွာ အႏိုင္ရရွိသြားပါ။ အျပည့္အစုံကို ကိုဥာဏ္ဝင္းေအာင္က တင္ျပေပးထားပါတယ္။

ႏို၀င္ဘာ (၈) ရက္ေန႔ ျမန္မာႏိုင္ငံေရြးေကာက္ပြဲမွာ အတုိက္အခံ NLD ပါတီက မဲအျပတ္အသတ္နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဒီေရြးေကာက္ပြဲဟာ ျပည္သူေတြ ေမွ်ာ္လင့္ေနတဲ့ အေျပာင္းအလဲဆီကို ဦးတည္ေနၿပီျဖစ္တယ္လို႔ သမၼတေဟာင္း George W.Bush နဲ႔ သမၼတကေတာ္ Laura Bush တို႔က ၿပီးခဲ့တဲ့ရက္ အတြင္း ထုတ္ျပန္လုိက္တဲ့ ေၾကညာခ်က္ အစမွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ ဒီမုိကေရစီ ရရွိေရးအတြက္ ဆယ္စုႏွစ္ ေပါင္းမ်ားစြာ မမွိတ္မသုန္ ႀကဳိးစားခဲ့တဲ့ ေဒၚေအာင္ဆန္း စုၾကည္ကိုလဲ ခ်ီးက်ဴးထားပါတယ္။

သမၼတေဟာင္း George W.Bush ကသူ႔ရဲ႕ Bush Institute မွာဖြင့္ထားတဲ့ Liberty and Leadership သင္တန္းမွာ ျမန္မာႏိုင္ငံက လူငယ္ ေခါင္းေဆာင္ ၁၈ ဦးကိုေခၚယူၿပီး ပထမဦးဆုံးအသုပ္အေနနဲ႔ ၂၀၁၄ ခုႏွစ္ဇြန္လမွာ ေခါင္းေဆာင္မႈသင္တန္း ေပးခဲ့ပါတယ္။ အဲဒီသင္တန္းကို တက္ေရာက္ခဲ့တဲ့အထဲ ၂၀၁၅ ေရြးေကာက္ပြဲအတြင္း ရခုိင္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁) မွာ ရခုိင္အမ်ဳိးသားပါတီ ANP ရဲ႕ အမ်ဳိးသား လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ အေရြးခ်ယ္ခံရတဲ့ မထူးေမလဲ ပါဝင္ပါတယ္။

သူဟာ (ရခုိင္ျပည္နယ္) ရမ္းျဗဲနဲ႔ အမ္းၿမဳ့ိနယ္ေတြအတြက္ ကုိယ္စားလွယ္ျဖစ္ပါတယ္။ ျမန္မာ့ႏိုင္ငံ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ သမၼတေဟာင္း George W.Bush က ခ်ီးက်ဴး ဂုဏ္ျပဳတဲ့အေပၚ မထူးေမက ႀကဳိဆိုလိုက္ပါတယ္။ Bush Institute မွာ သင္ေပးလုိက္တဲ့ Liberty and Leadership သင္တန္းေတြက သူ႔ရဲ႕ႏိုင္ငံေရးဘ၀မွာ တိုက္႐ုိက္အသုံး၀င္ၿပီး အက်ဳးိျပဳတယ္လို႔ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ မထူးေမက ဆုိပါတယ္။

“ဟုိ သမၼတေဟာင္းကိုယ္တုိင္ကေပးတဲ့ Scholarship ျဖစ္တဲ့အခါမွာ တကယ့္ကို Credit ျမင့္တယ္။ ေနာက္တခုက ႏိုင္ငံေရးမွာ ပါဝင္ဖုိ႔ ေလွ်ာက္လွမ္းဖို႔ လူေတြက်လို႔႐ွိရင္ ၊ ကိုယ္သာ ႏိုင္ငံေရးသမားျဖစ္လာမယ္ (ဒါမွမဟုတ္) ကိုယ္သာ ႏိုင္ငံေရးထဲမွာ ပါဝင္လာလို႔ရွိရင္ အဲဒီက ေပးလိုက္တဲ့ ဘာသာရပ္ေတြ အကုန္လုံးက က်မတို႔ အလုပ္လုပ္တဲ့အခါမွာ တကယ့္ကို အသံုး၀င္တယ္။ အထူးသျဖင့္ က်မဆိုလို႔ရွိရင္ ႏိုင္ငံေရး ထဲမွာ ထဲထဲဝင္ဝင္ ပါဝင္လာေအာင္ ဒီကရလာတဲ့ ဗဟုသုတေတြ အတတ္ပညာေတြကို အသုံးျပဳတတ္ေအာင္ သင္ေပးတဲ့ ဖုိရမ္ႀကီးတခု ျဖစ္တယ္ေပါ့ေနာ္။”

ဒီမုိကေရစီလမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနတယ္ဆိုတဲ့ ျမန္မာႏိုင္ငံမွာ ပညာေရးဥပေဒ ျပင္ဆင္ဖို႔ ဆႏၵထုတ္ေဖၚ ေတာင္းဆုိတဲ့ ေက်ာင္းသား ေခါင္းေဆာင္ေတြကို အစိုးရက ဖမ္းဆီး တရားစြဲထားဆဲ ျဖစ္ပါတယ္။ အဲဒီထဲမွာ မထူးေမတုိ႔နဲ႔အတူ Bush Institute က ဖြင့္တဲ့ေခါင္းေဆာင္ သင္တန္းကိုတက္သြားတဲ့ ဗကသေက်ာင္းသားေခါင္းေဆာင္ မၿဖဳိးၿဖဳိးေအာင္နဲ႔ ကိုလင္းထက္ႏုိင္ (ေခၚ) ဂ်ိမ္းစ္တို႔လဲ ပါဝင္တာပါ။ မၿဖဳိးၿဖဳိးေအာင္နဲ႔ ကိုလင္းထက္ႏုိင္တို႔ကို လႊတ္ေပးသင့္တယ္လို႔ သမၼတေဟာင္း George W.Bush က သူ႔ရဲ့ေၾကညာခ်က္ထဲမွာ ေတာင္းဆိုထားပါတယ္။ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရးလုပ္ေနတဲ့ အခုလိုကာလမွာ မၿဖဳိးၿဖဳိးေအာင္နဲ႔ ကိုလင္းထက္ႏုိင္တို႔ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြ မရွိသင့္ေတာ့ဘူးလို႔ မထူးေမးက သုံးသပ္ပါတယ္။

“ႏိုင္ငံတႏိုင္ငံမွာ မ်ားေသာအားျဖင့္ အေျပာင္းအလဲေတြနဲ႔ လက္ရွိႏိုင္ငံအေျခအေနကို ပညာတတ္လို႔ေခၚတဲ့ ေက်ာင္းသားေတြက ပိုသိတယ္။ ဒီလိုမ်ဳိးပဲ ျမန္မာႏိုင္ငံမွာ ဒီမုိကေရစီ အေျပာင္းအလဲ လုပ္တဲ့အခါမွာလည္း က်မတို႔သူငယ္ခ်င္း ၿဖဳိးၿဖဳိးေအာင္တုိ႔သည္ ဒီမုိကေရစီ ပညာေရး မဟုတ္မွန္းကို သိထားတဲ့အတြက္ ျမန္မာႏိုင္ငံ အေျပာင္းအလဲနဲ႔အတူ ပညာေရးစနစ္ကိုပါ ေျပာင္းလဲဖုိ႔ ႀကဳိးစားၾကတဲ့ ေက်ာင္းသားေတြ ျဖစ္တဲ့အတြက္ေၾကာင့္၊ ျမန္မာႏိုင္ငံသည္ ဒီမုိကေရစီကို ဦးတည္ေနၿပီဆိုလို႔ရွိရင္ ဒီေက်ာင္းသားေတြအပါအဝင္ ႏုိင္ငံေရးအက်ဥ္းသား ဆိုတာ မရွိသင့္ဘူး။”

ျမန္မာနိုင္ငံဟာ ဒီမုိကေရစီပန္းတိုင္နဲ႔ အလွမ္းကြာေ၀းေနဆဲ ျဖစ္တာေၾကာင့္ ဒီမုိကေရစီရင့္သန္ဖို႔ ဆက္လက္လုပ္ေဆာင္စရာေတြ က်န္ေန ေသးတယ္လို႔ သမၼတေဟာင္း Bush ရဲ့ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ANP ပါတီက အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ မထူးေမ ကေတာ့ ျမန္မာနိုင္ငံမွာ တရားဥပေဒစိုးမုိးမႈနဲ႔ တိုင္းရင္းသားေတြ ေတာင္းဆိုေနတဲ့ ဖယ္ဒရယ္ျပည္ေထာင္စုစနစ္ ခိုင္မာဖို႔လိုတယ္လို႔ ေျပာ ပါတယ္။

“ႏိုင္ငံတႏုိင္ငံက ဒီမုိကေရစီႏိုင္ငံအျဖစ္ ေရွ႕ဆက္သြားမယ္လို႔ ေၾကညာၿပီးထားရင္ အဓိက အေရးအႀကီးဆုံးက အဲဒီႏိုင္ငံမွာ ေနၾက တဲ့လူေတြ လုံၿခဳံဖို႔အေရးႀကီးတယ္။ ဒါေၾကာင့္မုိ႔လုိ႔ တရားဥပေဒ စိုးမုိးေရး မ႑ိဳင္က ပဓာနအက်ဆုံးပဲ။ တခ်ိန္ထဲမွာ ေနာက္တခုက တုိင္းရင္းသားေတြ ႏွစ္ေပါင္းမ်ားစြာ တိုက္ပြဲ၀င္လာတဲ့ ေတာင္းဆိုလာတဲ့ ဒီဖယ္ဒရယ္ဆိုတဲ့ စနစ္တခုကို ခ်မွတ္ဖို႔လုိအပ္တယ္။ လက္ေတြ႔ က်တဲ့ ဖယ္ဒရယ္စနစ္၊ တုိင္းရင္းသားမ်ားကေန ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္ ဒါေတြဟာ ဒီမုိကေရႏိုင္ငံလို႔ ေျပာၿပီဆုိရင္ ျဖစ္ရေတာ့မယ္ ..”

၂၀၁၄ မွာ Bush Institute က စတင္ခဲ့တဲ့ Liberty and Leadership သင္တန္းကို ၂၀၁၅ခုႏွစ္အတြက္ ျမန္မာႏိုင္ငံက လူငယ္တခ်ဳိ႕ကိုေခၚယူ ၿပီး တက္ေရာက္ေစခဲ့ပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...................................................

Bush လူငယ်ခေါင်းဆောင်သင်တန်းဆင်း လွှတ်တော်အမတ် အရွေးခံရ

မြန်မာနိုင်ငံက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ်နဲ့ အနိုင်ရလိုက်တာကို ကမ္ဘာ့နိုင်ငံကြီးတွေက ချီးကျူး ဂုဏ်ပြုနေချိန်မှာပဲ အမေရိကန် သမ္မတဟောင်း George W. Bush နဲ့ သမ္မတကတော် Laura Bush တို့ကလဲ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ တချိန်ထဲမှာပဲ Bush Institute ကဖွင့်လှစ်တဲ့ Liberty and Leadership သင်တန်းမှာ တက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်းသူတဦးကလဲ ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ (၈) ရက်နေ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် ဒီရွေးကောက်ပွဲဟာ ပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲဆီကို ဦးတည်နေပြီဖြစ်တယ်လို့ သမ္မတဟောင်း George W.Bush နဲ့ သမ္မတကတော် Laura Bush တို့က ပြီးခဲ့တဲ့ရက် အတွင်း ထုတ်ပြန်လိုက်တဲ့ ကြေညာချက် အစမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ရရှိရေးအတွက် ဆယ်စုနှစ် ပေါင်းများစွာ မမှိတ်မသုန် ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုလဲ ချီးကျူးထားပါတယ်။

သမ္မတဟောင်း George W.Bush ကသူ့ရဲ့ Bush Institute မှာဖွင့်ထားတဲ့ Liberty and Leadership သင်တန်းမှာ မြန်မာနိုင်ငံက လူငယ် ခေါင်းဆောင် ၁၈ ဦးကိုခေါ်ယူပြီး ပထမဦးဆုံးအသုပ်အနေနဲ့ ၂၀၁၄ ခုနှစ်ဇွန်လမှာ ခေါင်းဆောင်မှုသင်တန်း ပေးခဲ့ပါတယ်။ အဲဒီသင်တန်းကို တက်ရောက်ခဲ့တဲ့အထဲ ၂၀၁၅ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရတဲ့ မထူးမေလဲ ပါဝင်ပါတယ်။

သူဟာ (ရခိုင်ပြည်နယ်) ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေအတွက် ကိုယ်စားလှယ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သမ္မတဟောင်း George W.Bush က ချီးကျူး ဂုဏ်ပြုတဲ့အပေါ် မထူးမေက ကြိုဆိုလိုက်ပါတယ်။ Bush Institute မှာ သင်ပေးလိုက်တဲ့ Liberty and Leadership သင်တန်းတွေက သူ့ရဲ့နိုင်ငံရေးဘဝမှာ တိုက်ရိုက်အသုံးဝင်ပြီး အကျိုးပြုတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထူးမေက ဆိုပါတယ်။

“ဟို သမ္မတဟောင်းကိုယ်တိုင်ကပေးတဲ့ Scholarship ဖြစ်တဲ့အခါမှာ တကယ့်ကို Credit မြင့်တယ်။ နောက်တခုက နိုင်ငံရေးမှာ ပါဝင်ဖို့ လျှောက်လှမ်းဖို့ လူတွေကျလို့ရှိရင် ၊ ကိုယ်သာ နိုင်ငံရေးသမားဖြစ်လာမယ် (ဒါမှမဟုတ်) ကိုယ်သာ နိုင်ငံရေးထဲမှာ ပါဝင်လာလို့ရှိရင် အဲဒီက ပေးလိုက်တဲ့ ဘာသာရပ်တွေ အကုန်လုံးက ကျမတို့ အလုပ်လုပ်တဲ့အခါမှာ တကယ့်ကို အသုံးဝင်တယ်။ အထူးသဖြင့် ကျမဆိုလို့ရှိရင် နိုင်ငံရေး ထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာအောင် ဒီကရလာတဲ့ ဗဟုသုတတွေ အတတ်ပညာတွေကို အသုံးပြုတတ်အောင် သင်ပေးတဲ့ ဖိုရမ်ကြီးတခု ဖြစ်တယ်ပေါ့နော်။”

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ပညာရေးဥပဒေ ပြင်ဆင်ဖို့ ဆန္ဒထုတ်ဖေါ် တောင်းဆိုတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို အစိုးရက ဖမ်းဆီး တရားစွဲထားဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ မထူးမေတို့နဲ့အတူ Bush Institute က ဖွင့်တဲ့ခေါင်းဆောင် သင်တန်းကိုတက်သွားတဲ့ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ်တို့လဲ ပါဝင်တာပါ။ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ကို လွှတ်ပေးသင့်တယ်လို့ သမ္မတဟောင်း George W.Bush က သူ့ရဲ့ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အခုလိုကာလမှာ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ မရှိသင့်တော့ဘူးလို့ မထူးမေးက သုံးသပ်ပါတယ်။

“နိုင်ငံတနိုင်ငံမှာ များသောအားဖြင့် အပြောင်းအလဲတွေနဲ့ လက်ရှိနိုင်ငံအခြေအနေကို ပညာတတ်လို့ခေါ်တဲ့ ကျောင်းသားတွေက ပိုသိတယ်။ ဒီလိုမျိုးပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ လုပ်တဲ့အခါမှာလည်း ကျမတို့သူငယ်ချင်း ဖြိုးဖြိုးအောင်တို့သည် ဒီမိုကရေစီ ပညာရေး မဟုတ်မှန်းကို သိထားတဲ့အတွက် မြန်မာနိုင်ငံ အပြောင်းအလဲနဲ့အတူ ပညာရေးစနစ်ကိုပါ ပြောင်းလဲဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေ ဖြစ်တဲ့အတွက်ကြောင့်၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီကို ဦးတည်နေပြီဆိုလို့ရှိရင် ဒီကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသင့်ဘူး။”

မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်နဲ့ အလှမ်းကွာဝေးနေဆဲ ဖြစ်တာကြောင့် ဒီမိုကရေစီရင့်သန်ဖို့ ဆက်လက်လုပ်ဆောင်စရာတွေ ကျန်နေ သေးတယ်လို့ သမ္မတဟောင်း Bush ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ANP ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထူးမေ ကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ခိုင်မာဖို့လိုတယ်လို့ ပြော ပါတယ်။

“နိုင်ငံတနိုင်ငံက ဒီမိုကရေစီနိုင်ငံအဖြစ် ရှေ့ဆက်သွားမယ်လို့ ကြေညာပြီးထားရင် အဓိက အရေးအကြီးဆုံးက အဲဒီနိုင်ငံမှာ နေကြ တဲ့လူတွေ လုံခြုံဖို့အရေးကြီးတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်က ပဓာနအကျဆုံးပဲ။ တချိန်ထဲမှာ နောက်တခုက တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့ တောင်းဆိုလာတဲ့ ဒီဖယ်ဒရယ်ဆိုတဲ့ စနစ်တခုကို ချမှတ်ဖို့လိုအပ်တယ်။ လက်တွေ့ ကျတဲ့ ဖယ်ဒရယ်စနစ်၊ တိုင်းရင်းသားများကနေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ဒါတွေဟာ ဒီမိုကရေနိုင်ငံလို့ ပြောပြီဆိုရင် ဖြစ်ရတော့မယ် ..”

၂၀၁၄ မှာ Bush Institute က စတင်ခဲ့တဲ့ Liberty and Leadership သင်တန်းကို ၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံက လူငယ်တချို့ကိုခေါ်ယူ ပြီး တက်ရောက်စေခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment