Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 19, 2015
ကလေးငယ်များရဲ့ အန္တရာယ်(ပဲနို့ကို ဘူးကိုဖောက်ပြီးနာရီဝက်အတွင်းသောက်ပါ)
................
ကလေးငယ်များရဲ့ အန္တရာယ်
သိပြီးသူလည်း သိမှာပါ...မသိသေးသူအတွက်ပါ။
ပဲနို့သောက်တာကကောင်းပါတယ်။ဒါပေမယ့်ဘူးကိုဖောက်ပြီးနာရီဝက်အတွင်းသောက်ပါ။
မဟုတ်ရင် Date out သွားပါပြီ။ဘူးမဖောက်ခင်သာ သူပေးတဲ့
date အတိုင်း အထားခံပါတယ်။ဖောက်ပြီးရင် နာရီဝက်အတွင်းကုန်အောင် သောက်ရပါတယ်။
ဒါဟာ တရားဝင် ထုတ်လုပ်သူတို့ကကြေညာထားတာပါ။
စာရေးသူကိုယ်တိုင် MRTV 4 ကရန်ကုန်မြင်ကွင်းကျယ်အစီအစဉ်မှာ
အရောင်းမန်နေဂျာကို မေးမြန်းတာကြည့်ရှု့ခဲ့ရခြင်းဖြစ်ပါတယ်။
တချို့မိဘတွေမြင်ဖူးပါတယ်။ကလေးသောက်တာမကုန်လို့ဆိုပြီးချန်ထားတတ်ပါတယ်။
ကလေးထပ်ပူဆာရင် ထိုချန်ထားတဲ့ပဲနို့ကိုပဲ ထပ်တိုက်ပါတယ်။
ဒါဟာ လွန်စွာမှားယွင်းပါတယ်။
တချို့ကလည်း ဘူးကြီးတွေဝယ်ထားပြီးတပတ် ၁၀ ရက် သောက်တတ်ကြပါတယ်။
အင်မတန်မှားယွင်းပါတယ်။
ဘူးကြီးဟာ မိသားတစု တခါသောက်အတွက်ပါ။ဆိုးကျိုးအနေနဲ့ကတော့
၀မ်းပျက်ဝမ်းလျောဖြစ်လာတော့တာပါပဲ။
( အခြားဘယ်တံဆိပ်မဆို ပဲနို့ဆိုရင် အတူတူပဲ ဖြစ်ပါတယ်။ ဓါတ်ပုံကို Lactasoy ပုံကို သုံးထားတဲ့အတွက် တောင်းပန်ပါတယ်။ ပုံမတင်ရင်လည်း ပုံနှင့်အတူ တင်ပေးဖို့ တောင်းဆိုလာကြလို့ပါ။ )
Credit by - Hlwan Wai Aung (Yenangyaung)
ကလေးငယ်များရဲ့ အန္တရာယ်(ပဲနို့ကို ဘူးဖောက်ပြီးနာရီဝက်အတွင်းသောက်ပါ)သိပြီးသူလည်း သိမှာပါ...မသိသေးသူအတွက်ပါ။ပဲနို့သောက်တ...
Posted by The Melting Pot 4 U on Thursday, 19 November 2015
No comments:
Post a Comment