Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 30, 2015

အတန္းေဖာ္ကို အုပ္စုလိုက္ အဓမၼက်င့္သည့္ အိႏၵိယ ဆယ္ေက်ာ္သက္မ်ားကို ရဲတပ္ဖြဲ႕ဖမ္းဆီး

Byဇြဲရဲဝင့္On  Mon, 2015-11-30 14:08Issue No.No.933 Monday, November 30, 2015
အိႏၵိယတြင္ မုဒိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပေနသူမ်ား။
အတန္းေဖာ္ မိန္းကေလး တစ္ဦးကို အုပ္စုလုိက္ အဓမၼျပဳက်င့္သည့္ အိႏၵိယ ဆယ္ေက်ာ္သက္ ေလးဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

ႏုိင္ငံ၏ စီးပြားေရး အခ်က္အျခာ ၿမိဳ႕ႀကီးတစ္ခုျဖစ္သည့္ မြမ္ဘိုင္းတြင္ အဆိုပါ မုဒိမ္းမႈ ေပၚေပါက္လာျခင္း ျဖစ္သည္။ ဖမ္းဆီးခံထားရသူမ်ားသည္ အသက္ ၁၅ ႏွစ္ႏွင့္ ၁၆ ႏွစ္အရြယ္ ေက်ာင္းသားမ်ား ျဖစ္ၾကၿပီး မုဒိမ္းက်င့္ေနသည္ကို ဗီဒီယိုျဖင့္ မွတ္တမ္းတင္ထားကာ WhatsAppမွတစ္ဆင့္ ျဖန္႔ေဝခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖဲြ႕က အဆိုပါ ေက်ာင္းသားမ်ားႏွင့္ အဓမၼ က်င့္ႀကံခံရသူ မိန္းကေလးတို႔သည္ ရပ္ကြက္တစ္ခုတည္း ေနထုိင္ၾကၿပီး စာက်က္ရန္အတြက္ အျပန္အလွန္ အိမ္အဝင္အထြက္ ရွိၾကေၾကာင္း ေျပာၾကားခဲ့သည္။ ေက်ာင္းသားမ်ားကို တရား႐ံုးတြင္ ကနဦး စြဲခ်က္တင္ၿပီးေနာက္ လူငယ္ထိန္းသိမ္းေရး စခန္းတစ္ခုသို႔ ပို႔ေဆာင္ထားေၾကာင္း၊ ေနာက္ထပ္ အေသးစိတ္ အခ်က္အလက္မ်ားကို စံုစမ္းေနေၾကာင္း မြမ္ဘိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ႏိုဝင္ဘာ ၈ ရက္တြင္ မိန္းကေလးကို ၎တို႔က ပထမဆံုးအႀကိမ္ က်င့္ႀကံခဲ့ေၾကာင္း၊ ထို႔ေနာက္ပိုင္းတြင္လည္း ေနာက္ထပ္ အႀကိမ္အခ်ိဳ႕ က်င့္ႀကံမႈ ရွိခဲ့ေၾကာင္း မြမ္ဘုိင္းရွိ မာလတ္ဒ္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိ ရွာရွန္ခ္ဆန္ဘ္ေဟာက ေျပာၾကားခဲ့သည္။

“ႏိုဝင္ဘာ ၈ ရက္မွာ ခ်ာတိတ္တစ္ေယာက္က မိန္းကေလးကို အိမ္လာဖို႔ ဖုန္းဆက္ေခၚတယ္။ ေက်ာင္းသင္ခန္းစာမွာ မရွင္းတာ တစ္ခု ေမးခ်င္လုိ႔ ဆိုၿပီးေတာ့ပါ။ မိန္းကေလး ေရာက္လာေတာ့ အဖြဲ႕လုိက္ မုဒိမ္းဝိုင္းက်င့္ၾကတယ္။ သူတို႔က မိန္းကေလးကို ဒီကိစၥ ျပန္ေျပာရင္ လူမႈကြန္ရက္ ဝက္ဘ္ဆိုက္ေတြမွာ ဗီဒီယိုကို ျဖန္႔ပစ္မယ္လုိ႔ ၿခိမ္းေျခာက္ၾကတယ္။ အဲဒီၿခိမ္းေျခာက္မႈနဲ႔အတူ ေနာက္ထပ္လည္း ေခၚေခၚၿပီး မုဒိမ္းက်င့္တယ္။ ဒါေပမဲ့ တစ္ဖက္မွာေတာ့ ဗီဒီယိုကို WhatsAppေပၚ Uploadတင္ထားၿပီးၿပီ”ဟု ဆန္ဘ္ေဟာက ဆိုသည္။

မိန္းကေလး၏ ဖခင္မွာ ကြယ္လြန္သြားၿပီျဖစ္ၿပီး မိန္းကေလး၏ မိခင္မွာမူ ျပည္ပတြင္ သြားေရာက္ အလုပ္လုပ္ေနရသည္။ ထို႔ေၾကာင့္ သူမသည္ အစ္မ၊ အဖြား၊ အေဒၚတို႔ႏွင့္အတူ ေနထုိင္ေနရေၾကာင္း သိရွိရသည္။

WhatsAppတြင္ ပ်ံ႕ႏွံ႔လာသည့္ ဗီဒီယိုသည္ မွ်ေဝသူ အမ်ားအျပား ရွိလာၿပီး မိန္းကေလး၏ အေဒၚျဖစ္သူထံ တစ္ဆင့္စကားျဖင့္ ေရာက္ရွိသြားၿပီးေနာက္ မိန္းကေလးကို စစ္ေမးခဲ့သည္။ ထို႔ေနာက္တြင္မူ ရဲစခန္းသို႔ သြားေရာက္တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

အိႏၵိယတြင္ ၿပီးခဲ့သည့္ ႏွစ္ပိုင္းမ်ားအတြင္း အုပ္စုဖြဲ႕ မုဒိမ္းမႈမ်ားႏွင့္ ပတ္သက္၍ လူထုက စက္ဆုပ္စြာ တံု႔ျပန္မႈမ်ား ပိုမိုျမင့္တက္လာေသာ္လည္း အဆိုပါ မႈခင္းမ်ား ဆက္လက္ ျဖစ္ပြားေနဆဲ ျဖစ္သည္။ ထို႔အျပင္ အရြယ္မေရာက္ေသးသည့္ လိင္အၾကမ္းဖက္သမားမ်ားကို အေရးယူ ကိုင္တြယ္မႈႏွင့္ ပတ္သက္၍ ဥပေဒမ်ား ျပင္ဆင္ၾကပ္မတ္ေရးတြင္လည္း အိႏၵိယ လူ႔အဖြဲ႕အစည္းအတြင္း သေဘာထား ကြဲလြဲမႈမ်ား ျဖစ္ေပၚေနဆဲဟု သိရွိရသည္။

Ref: BBC
7Daydaily
...............
အတန်းဖော်ကို အုပ်စုလိုက် အဓမ္မကျင့်သည့် အိန္ဒိယ ဆယ်ကျော်သက်များကို ရဲတပ်ဖွဲ့ဖမ်းဆီး

Byဇွဲရဲဝင့်On  Mon, 2015-11-30 14:08Issue No.No.933 Monday, November 30, 2015

အိန္ဒိယတွင် မုဒိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြနေသူများ။
အတန်းဖော် မိန်းကလေး တစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်သည့် အိန္ဒိယ ဆယ်ကျော်သက် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံ၏ စီးပွားရေး အချက်အခြာ မြို့ကြီးတစ်ခုဖြစ်သည့် မွမ်ဘိုင်းတွင် အဆိုပါ မုဒိမ်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသူများသည် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ကျောင်းသားများ ဖြစ်ကြပြီး မုဒိမ်းကျင့်နေသည်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားကာ WhatsAppမှတစ်ဆင့် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါ ကျောင်းသားများနှင့် အဓမ္မ ကျင့်ကြံခံရသူ မိန်းကလေးတို့သည် ရပ်ကွက်တစ်ခုတည်း နေထိုင်ကြပြီး စာကျက်ရန်အတွက် အပြန်အလှန် အိမ်အဝင်အထွက် ရှိကြကြောင်း ပြောကြားခဲ့သည်။ ကျောင်းသားများကို တရားရုံးတွင် ကနဦး စွဲချက်တင်ပြီးနောက် လူငယ်ထိန်းသိမ်းရေး စခန်းတစ်ခုသို့ ပို့ဆောင်ထားကြောင်း၊ နောက်ထပ် အသေးစိတ် အချက်အလက်များကို စုံစမ်းနေကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၈ ရက်တွင် မိန်းကလေးကို ၎င်းတို့က ပထမဆုံးအကြိမ် ကျင့်ကြံခဲ့ကြောင်း၊ ထို့နောက်ပိုင်းတွင်လည်း နောက်ထပ် အကြိမ်အချို့ ကျင့်ကြံမှု ရှိခဲ့ကြောင်း မွမ်ဘိုင်းရှိ မာလတ်ဒ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ ရှာရှန်ခ်ဆန်ဘ်ဟောက ပြောကြားခဲ့သည်။

“နိုဝင်ဘာ ၈ ရက်မှာ ချာတိတ်တစ်ယောက်က မိန်းကလေးကို အိမ်လာဖို့ ဖုန်းဆက်ခေါ်တယ်။ ကျောင်းသင်ခန်းစာမှာ မရှင်းတာ တစ်ခု မေးချင်လို့ ဆိုပြီးတော့ပါ။ မိန်းကလေး ရောက်လာတော့ အဖွဲ့လိုက် မုဒိမ်းဝိုင်းကျင့်ကြတယ်။ သူတို့က မိန်းကလေးကို ဒီကိစ္စ ပြန်ပြောရင် လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေမှာ ဗီဒီယိုကို ဖြန့်ပစ်မယ်လို့ ခြိမ်းခြောက်ကြတယ်။ အဲဒီခြိမ်းခြောက်မှုနဲ့အတူ နောက်ထပ်လည်း ခေါ်ခေါ်ပြီး မုဒိမ်းကျင့်တယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဗီဒီယိုကို WhatsAppပေါ် Uploadတင်ထားပြီးပြီ”ဟု ဆန်ဘ်ဟောက ဆိုသည်။

မိန်းကလေး၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိန်းကလေး၏ မိခင်မှာမူ ပြည်ပတွင် သွားရောက် အလုပ်လုပ်နေရသည်။ ထို့ကြောင့် သူမသည် အစ်မ၊ အဖွား၊ အဒေါ်တို့နှင့်အတူ နေထိုင်နေရကြောင်း သိရှိရသည်။

WhatsAppတွင် ပျံ့နှံ့လာသည့် ဗီဒီယိုသည် မျှဝေသူ အများအပြား ရှိလာပြီး မိန်းကလေး၏ အဒေါ်ဖြစ်သူထံ တစ်ဆင့်စကားဖြင့် ရောက်ရှိသွားပြီးနောက် မိန်းကလေးကို စစ်မေးခဲ့သည်။ ထို့နောက်တွင်မူ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အုပ်စုဖွဲ့ မုဒိမ်းမှုများနှင့် ပတ်သက်၍ လူထုက စက်ဆုပ်စွာ တုံ့ပြန်မှုများ ပိုမိုမြင့်တက်လာသော်လည်း အဆိုပါ မှုခင်းများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ထို့အပြင် အရွယ်မရောက်သေးသည့် လိင်အကြမ်းဖက်သမားများကို အရေးယူ ကိုင်တွယ်မှုနှင့် ပတ်သက်၍ ဥပဒေများ ပြင်ဆင်ကြပ်မတ်ရေးတွင်လည်း အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေဆဲဟု သိရှိရသည်။

Ref: BBC

No comments:

Post a Comment