Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

လက္ရွိအစိုးရဟာ ျမန္မာႏုိုင္ငံကို ေၾကာက္ခမန္းလိလိ ကေမာက္ကမသပြတ္အူ အ႐ႈပ္ထုပ္ထဲမွာ ထားခဲ့တာပါ’

ျမန္မာ့အေရးကြၽမ္းက်င္သူ မစၥတာေရွာင္ထာနဲလ္ႏွင့္ေတြ႕ဆုံျခင္း
Byၿငိမ္းၿငိမ္းျပည့္
မစၥတာေရွာင္ထာနဲလ္

ေရွာင္ထာနဲလ္သည္ Macquarie တကၠသိုလ္၏ စီးပြားေရးဘာသာရပ္ တြဲဖက္ပါေမာကၡျဖစ္သည္။ ဩစေၾတးလ်ဘဏ္၏ အႀကီးတန္းဆန္း စစ္သူေဟာင္းတစ္ဦးလည္းျဖစ္သည္။ ၎ကို ျမန္မာ့စီးပြားေရးရာႏွင့္ပတ္သက္လွ်င္ အကြၽမ္းက်င္ဆံုး ေလ့လာဆန္းစစ္သူတစ္ဦးအျဖစ္ ျပည္တြင္း၊ျပည္ပ အသိုင္းအဝိုင္းက အသိအမွတ္ျပဳထားၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္၏ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီသို႔ စီးပြားေရးဆုိင္ရာအႀကံဉာဏ္အဓိကေပးေနသူတစ္ဦးလည္းျဖစ္သည္။ ဒီမိုကရက္တစ္အလြန္ကာလ ျမန္မာႏုိင္ငံစီးပြားေရးျပဳျပင္ေျပာင္းလဲမႈအေပၚ သုေတ သနအမ်ားအျပား ေဇာက္ခ်လုပ္ကုိင္ထားသည္။ ၂၀၀၁ တြင္ ျမန္မာ့ စီးပြားေရးေစာင့္ၾကည့္အဖြဲ႕ကို တည္ေထာင္ခဲ့သည္။ ၎သည္ Fiery Dragons: Banks, Moneylenders and Microfinance in Burma စာအုပ္၏ စာေရးဆရာျဖစ္သည္။

အတိုက္အခံပါတီ ေရြးေကာက္ပြဲမဲအျပတ္အသတ္ အႏုိင္ရၿပီး ေနာက္ အစိုးရသစ္ဖြဲ႕ရန္ ေသခ်ာသြားသည့္အခ်ိန္တြင္ မစၥတာေရွာင္ထာနဲလ္ကို 7Day က ဆက္သြယ္ေမးျမန္းခဲ့ၿပီး အခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပလိုက္ပါသည္။

ပထမဆံုးေမးခ်င္တာကေတာ့ လက္ရွိသမၼတဦးသိန္းစိန္အစိုးရ ခ်န္ထားခဲ့တဲ့ စီးပြားေရး၊ ဘ႑ာ ေရး၊ ေငြေၾကးဆုိင္ရာ အခက္အခဲ ေတြ ဘာေတြ ျဖစ္မလဲ။

တစ္ပံုတစ္ေခါင္းပါပဲ။ ဒီအ ထဲမွာ ႀကီးမားတဲ့ ဘတ္ဂ်က္လို ေငြ၊ ႀကီးမားတဲ့ ကုန္သြယ္ေရးလို ေငြ၊ ျမင့္မားတဲ့ေငြေဖာင္းပြမႈ (ႏွစ္ ကုန္မွာ ၁၃ ရာခုိင္ႏႈန္းထိ ေရာက္ မယ္။ ဒါဟာ ေဒသတြင္း ပ်မ္းမွ် ႏႈန္းထက္ သံုးဆပိုေဖာင္းပြတာ)၊ အထိန္းအကြပ္မရွိ လာဘ္ေပး လာဘ္ယူျခစားမႈေတြ၊ ပံုမွန္လည္ ပတ္မႈမရွိတဲ့ မူဝါဒခ်မွတ္ရာ အင္ စတီက်ဴးရွင္းေတြ၊ အရည္အေသြး နိမ့္ၿပီး ရွိလည္းမရွိတဲ့၊ လိုအပ္ေန တဲ့ အေျခခံအေဆာက္အအံု၊ လွ်ပ္ စစ္ဓာတ္အားျပတ္ေတာက္မႈ ေတြ၊ ပိုင္ဆုိင္မႈအခြင့္အေရးေတြ မလံုၿခံဳတာ၊ ယံုၾကည္စရာမရွိတဲ့ ေငြေၾကးနဲ႔ တျခားဘ႑ာေရးဆုိင္ ရာ အစိတ္အပိုင္းေတြ က်ယ္ က်ယ္ျပန္႔ျပန္႔ ပ်ံ႕ႏွံ႔ေနတဲ့ အလုပ္ သမားေခါင္းပံုျဖတ္မႈ... စတာ ေတြ ပါဝင္တယ္။ အတိုခ်ဳပ္ေျပာ ရရင္ေတာ့ဗ်ာ လက္ရွိအစိုးရဟာ ျမန္မာႏုိင္ငံကို ေၾကာက္ခမန္းလိ လိ ကေမာက္ကမ သပြတ္အူ အ႐ႈပ္ထုပ္ထဲမွာ ထားခဲ့တာပါ။

ဒါဆုိရင္ အစိုးရသစ္ ရင္ဆုိင္ရ မယ့္ စီးပြားေရးဆုိင္ရာ အခက္အ ခဲေတြကေကာ ဘာေတြျဖစ္လာ မလဲ။

ဒီအ႐ႈပ္အေထြးေတြအားလံုး ကို ရွင္းလင္းဖို႔ဆုိတာ ျမန္မာႏုိင္ငံ ရဲ႕ အစိုးရသစ္အတြက္ အင္မတန္ မွကို ႀကီးမားတဲ့လုပ္ငန္းတာဝန္ ျဖစ္လာပါလိမ့္မယ္။ လုပ္စရာ ေတြက အမ်ားႀကီးရွိေနေတာ့ ဒါဟာ တကယ့္ကို ခက္ခဲမယ္။ ေနာက္ၿပီး အားနည္းတဲ့ကမၻာလံုး ဆုိင္ရာ စီးပြားေရးကလည္း သိပ္ အကူအညီေပးလာႏုိင္မွာ မဟုတ္ ျပန္ဘူး။ ဒါကလည္း တ႐ုတ္နဲ႔ အာရွ ‘က်ားေတြ’အတြက္ ျဖစ္ခဲ့ တာပါ။ သိပ္အားစိုက္ထုတ္စရာ မလိုဘဲနဲ႔ သူတုိ႔ရဲ႕ ပို႔ကုန္ေတြ ပို႔ ႏုိင္ေရးအတြက္ ႀကီးထြားလာတဲ့ ကမၻာလံုးဆုိင္ရာ စီးပြားေရးတစ္ ရပ္အေပၚမွာ မွီခိုအားထားႏိုင္ခဲ့ ၾကတဲ့ တ႐ုတ္နဲ႔ အာရွက်ားေတြ ေပါ့။

ဒီဆက္စပ္အေနအထား ေတြကို ေထာက္ရင္ေတာ့ဗ်ာ.. ေမွ်ာ္လင့္ခ်က္ေတြကို ျဖစ္ႏုိင္ေျခ ရွိ ယုတၱိတန္တဲ့ နယ္နိမိတ္အတြင္း မွာပဲထားဖို႔ တကယ္အေရးႀကီးပါ တယ္။ အထူးသျဖင့္ ေရတုိမွာ ေပါ့။

ဒါေပမဲ့ ဒါေတြအားလံုးကို ကိုင္တြယ္ဖို႔အတြက္ NLD မွာ မူဝါဒေတြ အသင့္ရွိပါတယ္။ သူ႔ အေနနဲ႔ အခြန္ဆိုင္ရာနဲ႔ ေငြေရး ေၾကးေရးထိန္းခ်ဳပ္မႈဆိုင္ရာ အ တုိင္းအဆ၊ ေငြလဲလွယ္ႏႈန္းစီမံခန္႔ ခြဲမႈနဲ႔ပတ္သက္တဲ့ က်ိဳးေၾကာင္းရွိ မႈ၊ ျမန္မာႏုိင္ငံရဲ႕ လူသားရင္းျမစ္ တုိးတက္ေရး (က်န္းမာေရးနဲ႔ ပညာေရး)နဲ႔ပတ္သက္လို႔ အခ်ိန္ စြမ္းအား စသျဖင့္ ေပးအပ္ျမႇဳပ္ႏွံ ထားတဲ့ ရင္းျမစ္ေတြ သိသိသာ သာ တုိးျမႇင့္တာ၊ ပိုက်ယ္ျပန္႔တဲ့ လြတ္လပ္မႈေတြ တိုးခ်ဲ႕တာ၊ ျမန္မာ့ေတာင္သူလယ္သမားေတြ နဲ႔ ေက်းလက္လူထုကို ေထာက္ပံ့ တာေတြကို ေဆာင္ၾကဥ္းေပးဖို႔ ကတိေပးထားပါတယ္။

စိုက္ပ်ိဳးေရးက႑ကို ျမန္မာ ႏုိင္ငံရဲ႕ စစ္အုပ္ခ်ဳပ္သူေတြက ဆယ္စုႏွစ္ေတြနဲ႔ ခ်ီၿပီးေတာ့ ခ်ဳပ္ ကိုင္ထားခဲ့ၾကၿပီး အာ႐ံုမစိုက္ဘဲ လ်စ္လ်ဴ႐ႈထားခဲ့ၾကတယ္။ သူတုိ႔ထုတ္ကုန္ကို အျမင့္ဆံုးျဖစ္ေအာင္လုပ္ဖို႔ ဗဟုသုတေတြရွိၾကသူေတြ ဟာ ေတာင္သူလယ္သမားေတြ ပါ။ ဒါေပမဲ့လည္း ေတာင္သူ လယ္သမားေတြဟာ သူတို႔ဆႏၵရွိ တာကို သူတုိ႔ဆႏၵရွိတဲ့အခ်ိန္မွာ သူတုိ႔ဆႏၵရွိသလို ထုတ္လုပ္ဖို႔ လြတ္လပ္ခြင့္ေတြေတာင္မွ မရွိ ၾကဘူး။ သူတို႔ဟာ ေဈးကြက္ေတြ အထိ ေပါက္ေရာက္မႈ မရွိၾကဘူး။ ဒါ့အျပင္ သူတုိ႔နယ္ပယ္ေဒသရဲ႕ အျပင္ကိုထြက္ၿပီး သူတုိ႔ထုတ္ကုန္ ကို ေရာင္းဖို႔ဆုိတာမွာ အတားအ ဆီးအေႏွာင့္အယွက္ေတြေတာင္ ရင္ဆိုင္ရတယ္။ တကယ့္ကိုပါပဲ။ ကိုယ့္မိသားစု ကိုယ့္အိမ္စားဖုိ႔ရ ႐ံုေလာက္ပဲ စိုက္ပ်ိဳးႏုိင္တဲ့၊ ေရာင့္ ရဲတဲ့ လယ္သမားေတြဆုိတာမ်ိဳး ထက္ နည္းနည္းေလးပိုတဲ့အျဖစ္ မ်ိဳးေရာက္ေအာင္ ဖိအားေပးခံ ထားရတယ္။ သူတုိ႔တတ္ႏုိင္တဲ့ ႏႈန္းနဲ႔ အေႂကြးယူႏိုင္မႈလည္း မရွိ ၾကဘူး။ ဆုိလိုတာကဗ်ာ သူတို႔ရွာ သမွ် ေငြပိုေငြလွ်ံဟာ တစ္လတစ္ လ ၁၀ ရာခိုင္ႏႈန္း၊ ၂၀ ရာခိုင္ႏႈန္း အတိုးက်တဲ့ ေငြတိုးေခ်းသူေတြ လက္ထဲကို ေရာက္ကုန္ၾကတယ္။ တစ္ခ်ိန္တည္းမွာပဲ သူတုိ႔လယ္ ယာေျမအမ်ားအျပားကို စစ္တပ္၊ စစ္တပ္နဲ႔ ဆက္သြယ္ထားတဲ့အဖြဲ႕ ေတြ၊ (မၾကာခင္မွာ အစိုးရ ေဟာင္းျဖစ္ေတာ့မယ့္)အစိုးရရဲ႕ အထူးအခြင့္အေရးရ ႏုိင္ငံျခား လုပ္ငန္းေတြကေနၿပီးေတာ့ သိမ္း ထားၾကတယ္။

NLD အေနနဲ႔ ေတာင္သူ လယ္သမားေတြအတြက္ စိုက္ပ်ိဳး ထုတ္လုပ္မႈ လြတ္လပ္ခြင့္ေတြ ပိုက်ယ္ျပန္႔တုိးခ်ဲ႕ေပးဖို႔ ကတိ ကဝတ္ေပးၿပီး လုပ္ေဆာင္ထားပါ တယ္။ အလုပ္ျဖစ္ႏုိင္တဲ့ တရား ဝင္သမား႐ိုးက် ေက်းလက္အ ေႂကြးစနစ္တစ္ခု ဖန္တီးတဲ့လုပ္ ငန္းကေနစၿပီးေတာ့ေပါ့။ ဘ႑ာ ေရးနဲ႔ပတ္သက္လို႔ ျပည္တြင္း၊ ျပည္ပမိတ္ဖက္ေတြနဲ႔ ေပါင္းစပ္ ၿပီး ေတာင္သူလယ္သမားေတြ ေဈးကြက္ေတြကို ခ်ိတ္ဆက္ဖို႔ လိုအပ္တဲ့ အေရးႀကီးအေျခခံအ ေဆာက္အအံုတည္ေဆာက္တာ၊ ေနာက္ၿပီး ပိုေကာင္းတဲ့ စီးပြားေရး အခင္းအက်င္းတစ္ရပ္လုပ္ ေဆာင္ေရးဆုိတဲ့ လုပ္ငန္းေတြ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ (ေန ျပည္ေတာ္၊ မလိုအပ္တဲ့ ေလဆိပ္ ေတြ၊ စသျဖင့္ေပါ့ဗ်ာ) စစ္အစိုးရ ရဲ႕ ‘‘စြဲမက္ဖြယ္’’စီမံကိန္းေတြလို မ်ိဳးမဟုတ္ဘဲနဲ႔ တကယ့္မတူကြဲ ျပားမႈတစ္ခုခုကိုလုပ္မယ့္ တကယ့္ကိစၥေပါ့။ ေက်းလက္လမ္းေတြ၊ ပိုေကာင္းတဲ့ လွ်ပ္စစ္ဓာတ္အား သံုးစနစ္ေျပာင္းမႈ အစရွိတဲ့ဟာ ေတြေပါ့။

ရင္းႏွီးျမႇဳပ္ႏွံမႈပံုစံေတြေကာ ဘယ္ လိုျဖစ္လာပါမလဲ။

ရင္းႏွီးျမႇဳပ္ႏွံမႈက အစိုးရသစ္ လက္ေအာက္မွာ ျပည္တြင္းနဲ႔ ျပည္ပက႑ႏွစ္ခုစလံုး ျမင့္တက္ လာမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ျပည္တြင္းအရဆိုရင္ ရင္းႏွီးျမႇဳပ္ႏွံ သူေတြဟာ အမ်ားႀကီးပိုေကာင္း တဲ့ စီးပြားေရးအေျခအေနတစ္ခု ကို ရင္ဆုိင္ၾကရလိမ့္မယ္။ ပိုၿပီး တည္ၿငိမ္တဲ့ ႏုိင္ငံေရးဝန္းက်င္ အခင္းအက်င္းတစ္ရပ္ (ေရြး ေကာက္ခံမဟုတ္တဲ့ တာဝန္မခံရ တဲ့ အာဏာပိုင္ေတြရဲ႕ အခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳး စိတ္မမွန္႐ုတ္ တရက္စိတ္ေျပာင္းလဲတတ္မႈအေပၚမွာ ခ်တတ္ၾကတဲ့ အတၱေနာမတိ ဆံုးျဖတ္ခ်က္ေတြ ေနာက္ ထပ္မရွိေတာ့တဲ့ အေနအထား တစ္ရပ္)ကိုလည္းပဲ ရင္ဆုိင္ၾက ရမယ္။ ခင္ဗ်ား အျမတ္အစြန္း ထြက္ေအာင္လုပ္ရင္၊ လယ္ယာ ေျမသံုးရင္၊ အလုပ္ႀကိဳးစားရင္ ခင္ ဗ်ားရတဲ့အျမတ္ေတြကို ခင္ဗ်ား ဆီကေန သိမ္းမွာ မဟုတ္ပါဘူး။ အမ်ားႀကီးပိုေကာင္းတဲ့ အေျခ အေနနဲ႔ ခင္ဗ်ားရင္းႏွီးျမႇဳပ္ႏွံႏုိင္ ပါမယ္။

ဒီလိုေကာင္းျမတ္တဲ့ တာဝန္ ခံမႈ၊ တာဝန္ယူမႈေတြဟာ ႏုိင္ငံ တကာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို လည္းပဲ ခ်င္းနင္းဝင္ေရာက္လာ ေစလိမ့္မယ္။ ဒါေပမဲ့ အရင္ကလို မ်ိဳး အပယ္ခံႏုိင္ငံတစ္ခုမွာ ရင္းႏွီး ျမႇဳပ္ႏွံလုိ႔ဆုိၿပီး ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ ႏွံသူေတြအေနနဲ႔ သူတို႔မိခင္ႏုိင္ငံ မွာ အမည္းစက္ထင္ အရွက္ရတာ မ်ိဳး (ျဖစ္ႏုိင္ေျခရွိတဲ့ စီးပြားေရး ပိတ္ဆုိ႔မႈေတြနဲ႔ စားသံုးသူသပိတ္ ေမွာက္မႈေတြ ရင္ဆုိင္ရတာမ်ိဳး) ေရွ႕ေလွ်ာက္ ႀကံဳရေတာ့မွာ မဟုတ္ပါဘူး။ အဲ့ဒီအစား သူတုိ႔ ေတြဟာ ဒီၿဂိဳဟ္ကမၻာေပၚမွာ အ ေဟာ့ဆံုးေနရာ ျမန္ျမန္ဆန္ဆန္ ျဖစ္လာမယ္လို႔ ကြၽန္ေတာ္ထင္တဲ့ ႏုိင္ငံအတြက္ ႀကီးမားတဲ့ႏုိင္ငံ တကာ စိတ္အားထက္သန္မႈ လိႈင္းလံုးကိုေတာင္ စီးရႏုိင္ပါတယ္။

အစိုးရသစ္ကို မစၥတာေရွာင္ထာ နဲလ္အေနနဲ႔ ဘာအႀကံမ်ား ေပး ခ်င္ပါသလဲ။

NLD မွာ ထူးခြၽန္ေကာင္းမြန္ တဲ့ စီးပြားေရးအဖြဲ႕တစ္ခုရွိတယ္။ သူတုိ႔ရဲ႕ အုိင္ဒီယာေတြကေကာင္း တယ္။ ဒီစိတ္ကူးအႀကံဉာဏ္ေတြ ကို ေအာင္ျမင္ေအာင္ ေဆာင္ ၾကဥ္းဖို႔အတြက္ သူတို႔မွာ စိတ္ အားထက္သန္ၿပီး ရဲရင့္တဲ့လူေတြ ရွိတယ္။

ဒါေပမဲ့လည္းေပါ့ဗ်ာ။ က်န္ တဲ့ ကြၽန္ေတာ္တုိ႔တစ္ေတြဆီက ေန သူတို႔လုိအပ္တာကေတာ့ စိတ္ ရွည္မႈ၊ ေလာမႀကီးမႈ နည္းနည္းပါ ပဲ။ ျမန္မာ့စီးပြားေရးကို ႏွစ္ေပါင္း ၅၀ ေတာက္ေလွ်ာက္ ထိထိ ေရာက္ေရာက္ ဖ်က္ဆီးခဲ့တဲ့ အုပ္ ခ်ဳပ္မႈတစ္ခုကေနၿပီး အစိုးရသစ္ ျပင္ဆင္ဖို႔ အရာေတြအမ်ားႀကီး ခ်ိန္ထားတာေလ။ ဦးသိန္းစိန္ အစိုးရဟာ လမ္းေၾကာင္းေပၚျပန္ ေရာက္ဖို႔ နည္းနည္းေတာ့ လုပ္ခဲ့ တယ္။ ဒါေပမဲ့ ေရွ႕လာမယ့္လမ္း က မတ္ေစာက္ၿပီးေတာ့ ေက်ာက္ တံုးေက်ာက္စုိင္ ထူထပ္ေနဆဲပဲ။

တျဖည္းျဖည္းနဲ႔ေပါ့ေလ.. ျမန္မာဟာ သူ႔ကတိေႂကြးေတြကို ဆပ္ႏုိင္လာၿပီး အေရွ႕ေတာင္ အာရွရဲ႕ အေတာက္ပဆံုး ရတနာ တစ္ပါး ေနာက္တစ္ေခါက္ျဖစ္ လာဦးမယ္လုိ႔ ကြၽန္ေတာ္တကယ္ ထင္ပါတယ္။

အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

7 Day News
..................
‘‘လက်ရှိအစိုးရဟာ မြန်မာနိုုင်ငံကို ကြောက်ခမန်းလိလိ ကမောက်ကမသပွတ်အူ အရှုပ်ထုပ်ထဲမှာ ထားခဲ့တာပါ’’

မြန်မာ့အရေးကျွမ်းကျင်သူ မစ္စတာရှောင်ထာနဲလ်နှင့်တွေ့ဆုံခြင်း

By
ငြိမ်းငြိမ်းပြည့်

မစ္စတာရှောင်ထာနဲလ်

ရှောင်ထာနဲလ်သည် Macquarie တက္ကသိုလ်၏ စီးပွားရေးဘာသာရပ် တွဲဖက်ပါမောက္ခဖြစ်သည်။ ဩစတြေးလျဘဏ်၏ အကြီးတန်းဆန်း စစ်သူဟောင်းတစ်ဦးလည်းဖြစ်သည်။ ၎င်းကို မြန်မာ့စီးပွားရေးရာနှင့်ပတ်သက်လျှင် အကျွမ်းကျင်ဆုံး လေ့လာဆန်းစစ်သူတစ်ဦးအဖြစ် ပြည်တွင်း၊ပြည်ပ အသိုင်းအဝိုင်းက အသိအမှတ်ပြုထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီသို့ စီးပွားရေးဆိုင်ရာအကြံဉာဏ်အဓိကပေးနေသူတစ်ဦးလည်းဖြစ်သည်။ ဒီမိုကရက်တစ်အလွန်ကာလ မြန်မာနိုင်ငံစီးပွားရေးပြုပြင်ပြောင်းလဲမှုအပေါ် သုတေ သနအများအပြား ဇောက်ချလုပ်ကိုင်ထားသည်။ ၂၀၀၁ တွင် မြန်မာ့ စီးပွားရေးစောင့်ကြည့်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ၎င်းသည် Fiery Dragons: Banks, Moneylenders and Microfinance in Burma စာအုပ်၏ စာရေးဆရာဖြစ်သည်။

အတိုက်အခံပါတီ ရွေးကောက်ပွဲမဲအပြတ်အသတ် အနိုင်ရပြီး နောက် အစိုးရသစ်ဖွဲ့ရန် သေချာသွားသည့်အချိန်တွင် မစ္စတာရှောင်ထာနဲလ်ကို 7Day က ဆက်သွယ်မေးမြန်းခဲ့ပြီး အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပထမဆုံးမေးချင်တာကတော့ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ ချန်ထားခဲ့တဲ့ စီးပွားရေး၊ ဘဏ္ဍာ ရေး၊ ငွေကြေးဆိုင်ရာ အခက်အခဲ တွေ ဘာတွေ ဖြစ်မလဲ။

တစ်ပုံတစ်ခေါင်းပါပဲ။ ဒီအ ထဲမှာ ကြီးမားတဲ့ ဘတ်ဂျက်လို ငွေ၊ ကြီးမားတဲ့ ကုန်သွယ်ရေးလို ငွေ၊ မြင့်မားတဲ့ငွေဖောင်းပွမှု (နှစ် ကုန်မှာ ၁၃ ရာခိုင်နှုန်းထိ ရောက် မယ်။ ဒါဟာ ဒေသတွင်း ပျမ်းမျှ နှုန်းထက် သုံးဆပိုဖောင်းပွတာ)၊ အထိန်းအကွပ်မရှိ လာဘ်ပေး လာဘ်ယူခြစားမှုတွေ၊ ပုံမှန်လည် ပတ်မှုမရှိတဲ့ မူဝါဒချမှတ်ရာ အင် စတီကျူးရှင်းတွေ၊ အရည်အသွေး နိမ့်ပြီး ရှိလည်းမရှိတဲ့၊ လိုအပ်နေ တဲ့ အခြေခံအဆောက်အအုံ၊ လျှပ် စစ်ဓာတ်အားပြတ်တောက်မှု တွေ၊ ပိုင်ဆိုင်မှုအခွင့်အရေးတွေ မလုံခြုံတာ၊ ယုံကြည်စရာမရှိတဲ့ ငွေကြေးနဲ့ တခြားဘဏ္ဍာရေးဆိုင် ရာ အစိတ်အပိုင်းတွေ ကျယ် ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတဲ့ အလုပ် သမားခေါင်းပုံဖြတ်မှု... စတာ တွေ ပါဝင်တယ်။ အတိုချုပ်ပြော ရရင်တော့ဗျာ လက်ရှိအစိုးရဟာ မြန်မာနိုင်ငံကို ကြောက်ခမန်းလိ လိ ကမောက်ကမ သပွတ်အူ အရှုပ်ထုပ်ထဲမှာ ထားခဲ့တာပါ။

ဒါဆိုရင် အစိုးရသစ် ရင်ဆိုင်ရ မယ့် စီးပွားရေးဆိုင်ရာ အခက်အ ခဲတွေကကော ဘာတွေဖြစ်လာ မလဲ။

ဒီအရှုပ်အထွေးတွေအားလုံး ကို ရှင်းလင်းဖို့ဆိုတာ မြန်မာနိုင်ငံ ရဲ့ အစိုးရသစ်အတွက် အင်မတန် မှကို ကြီးမားတဲ့လုပ်ငန်းတာဝန် ဖြစ်လာပါလိမ့်မယ်။ လုပ်စရာ တွေက အများကြီးရှိနေတော့ ဒါဟာ တကယ့်ကို ခက်ခဲမယ်။ နောက်ပြီး အားနည်းတဲ့ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးကလည်း သိပ် အကူအညီပေးလာနိုင်မှာ မဟုတ် ပြန်ဘူး။ ဒါကလည်း တရုတ်နဲ့ အာရှ ‘ကျားတွေ’အတွက် ဖြစ်ခဲ့ တာပါ။ သိပ်အားစိုက်ထုတ်စရာ မလိုဘဲနဲ့ သူတို့ရဲ့ ပို့ကုန်တွေ ပို့ နိုင်ရေးအတွက် ကြီးထွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတစ် ရပ်အပေါ်မှာ မှီခိုအားထားနိုင်ခဲ့ ကြတဲ့ တရုတ်နဲ့ အာရှကျားတွေ ပေါ့။

ဒီဆက်စပ်အနေအထား တွေကို ထောက်ရင်တော့ဗျာ.. မျှော်လင့်ချက်တွေကို ဖြစ်နိုင်ခြေ ရှိ ယုတ္တိတန်တဲ့ နယ်နိမိတ်အတွင်း မှာပဲထားဖို့ တကယ်အရေးကြီးပါ တယ်။ အထူးသဖြင့် ရေတိုမှာ ပေါ့။

ဒါပေမဲ့ ဒါတွေအားလုံးကို ကိုင်တွယ်ဖို့အတွက် NLD မှာ မူဝါဒတွေ အသင့်ရှိပါတယ်။ သူ့ အနေနဲ့ အခွန်ဆိုင်ရာနဲ့ ငွေရေး ကြေးရေးထိန်းချုပ်မှုဆိုင်ရာ အ တိုင်းအဆ၊ ငွေလဲလှယ်နှုန်းစီမံခန့် ခွဲမှုနဲ့ပတ်သက်တဲ့ ကျိုးကြောင်းရှိ မှု၊ မြန်မာနိုင်ငံရဲ့ လူသားရင်းမြစ် တိုးတက်ရေး (ကျန်းမာရေးနဲ့ ပညာရေး)နဲ့ပတ်သက်လို့ အချိန် စွမ်းအား စသဖြင့် ပေးအပ်မြှုပ်နှံ ထားတဲ့ ရင်းမြစ်တွေ သိသိသာ သာ တိုးမြှင့်တာ၊ ပိုကျယ်ပြန့်တဲ့ လွတ်လပ်မှုတွေ တိုးချဲ့တာ၊ မြန်မာ့တောင်သူလယ်သမားတွေ နဲ့ ကျေးလက်လူထုကို ထောက်ပံ့ တာတွေကို ဆောင်ကြဉ်းပေးဖို့ ကတိပေးထားပါတယ်။

စိုက်ပျိုးရေးကဏ္ဍကို မြန်မာ နိုင်ငံရဲ့ စစ်အုပ်ချုပ်သူတွေက ဆယ်စုနှစ်တွေနဲ့ ချီပြီးတော့ ချုပ် ကိုင်ထားခဲ့ကြပြီး အာရုံမစိုက်ဘဲ လျစ်လျူရှုထားခဲ့ကြတယ်။ သူတို့ထုတ်ကုန်ကို အမြင့်ဆုံးဖြစ်အောင်လုပ်ဖို့ ဗဟုသုတတွေရှိကြသူတွေ ဟာ တောင်သူလယ်သမားတွေ ပါ။ ဒါပေမဲ့လည်း တောင်သူ လယ်သမားတွေဟာ သူတို့ဆန္ဒရှိ တာကို သူတို့ဆန္ဒရှိတဲ့အချိန်မှာ သူတို့ဆန္ဒရှိသလို ထုတ်လုပ်ဖို့ လွတ်လပ်ခွင့်တွေတောင်မှ မရှိ ကြဘူး။ သူတို့ဟာ ဈေးကွက်တွေ အထိ ပေါက်ရောက်မှု မရှိကြဘူး။ ဒါ့အပြင် သူတို့နယ်ပယ်ဒေသရဲ့ အပြင်ကိုထွက်ပြီး သူတို့ထုတ်ကုန် ကို ရောင်းဖို့ဆိုတာမှာ အတားအ ဆီးအနှောင့်အယှက်တွေတောင် ရင်ဆိုင်ရတယ်။ တကယ့်ကိုပါပဲ။ ကိုယ့်မိသားစု ကိုယ့်အိမ်စားဖို့ရ ရုံလောက်ပဲ စိုက်ပျိုးနိုင်တဲ့၊ ရောင့် ရဲတဲ့ လယ်သမားတွေဆိုတာမျိုး ထက် နည်းနည်းလေးပိုတဲ့အဖြစ် မျိုးရောက်အောင် ဖိအားပေးခံ ထားရတယ်။ သူတို့တတ်နိုင်တဲ့ နှုန်းနဲ့ အကြွေးယူနိုင်မှုလည်း မရှိ ကြဘူး။ ဆိုလိုတာကဗျာ သူတို့ရှာ သမျှ ငွေပိုငွေလျှံဟာ တစ်လတစ် လ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း အတိုးကျတဲ့ ငွေတိုးချေးသူတွေ လက်ထဲကို ရောက်ကုန်ကြတယ်။ တစ်ချိန်တည်းမှာပဲ သူတို့လယ် ယာမြေအများအပြားကို စစ်တပ်၊ စစ်တပ်နဲ့ ဆက်သွယ်ထားတဲ့အဖွဲ့ တွေ၊ (မကြာခင်မှာ အစိုးရ ဟောင်းဖြစ်တော့မယ့်)အစိုးရရဲ့ အထူးအခွင့်အရေးရ နိုင်ငံခြား လုပ်ငန်းတွေကနေပြီးတော့ သိမ်း ထားကြတယ်။

NLD အနေနဲ့ တောင်သူ လယ်သမားတွေအတွက် စိုက်ပျိုး ထုတ်လုပ်မှု လွတ်လပ်ခွင့်တွေ ပိုကျယ်ပြန့်တိုးချဲ့ပေးဖို့ ကတိ ကဝတ်ပေးပြီး လုပ်ဆောင်ထားပါ တယ်။ အလုပ်ဖြစ်နိုင်တဲ့ တရား ဝင်သမားရိုးကျ ကျေးလက်အ ကြွေးစနစ်တစ်ခု ဖန်တီးတဲ့လုပ် ငန်းကနေစပြီးတော့ပေါ့။ ဘဏ္ဍာ ရေးနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပမိတ်ဖက်တွေနဲ့ ပေါင်းစပ် ပြီး တောင်သူလယ်သမားတွေ ဈေးကွက်တွေကို ချိတ်ဆက်ဖို့ လိုအပ်တဲ့ အရေးကြီးအခြေခံအ ဆောက်အအုံတည်ဆောက်တာ၊ နောက်ပြီး ပိုကောင်းတဲ့ စီးပွားရေး အခင်းအကျင်းတစ်ရပ်လုပ် ဆောင်ရေးဆိုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ (နေ ပြည်တော်၊ မလိုအပ်တဲ့ လေဆိပ် တွေ၊ စသဖြင့်ပေါ့ဗျာ) စစ်အစိုးရ ရဲ့ ‘‘စွဲမက်ဖွယ်’’စီမံကိန်းတွေလို မျိုးမဟုတ်ဘဲနဲ့ တကယ့်မတူကွဲ ပြားမှုတစ်ခုခုကိုလုပ်မယ့် တကယ့်ကိစ္စပေါ့။ ကျေးလက်လမ်းတွေ၊ ပိုကောင်းတဲ့ လျှပ်စစ်ဓာတ်အား သုံးစနစ်ပြောင်းမှု အစရှိတဲ့ဟာ တွေပေါ့။

ရင်းနှီးမြှုပ်နှံမှုပုံစံတွေကော ဘယ် လိုဖြစ်လာပါမလဲ။

ရင်းနှီးမြှုပ်နှံမှုက အစိုးရသစ် လက်အောက်မှာ ပြည်တွင်းနဲ့ ပြည်ပကဏ္ဍနှစ်ခုစလုံး မြင့်တက် လာမယ်လို့ ကျွန်တော်ထင်တယ်။ ပြည်တွင်းအရဆိုရင် ရင်းနှီးမြှုပ်နှံ သူတွေဟာ အများကြီးပိုကောင်း တဲ့ စီးပွားရေးအခြေအနေတစ်ခု ကို ရင်ဆိုင်ကြရလိမ့်မယ်။ ပိုပြီး တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင် အခင်းအကျင်းတစ်ရပ် (ရွေး ကောက်ခံမဟုတ်တဲ့ တာဝန်မခံရ တဲ့ အာဏာပိုင်တွေရဲ့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး စိတ်မမှန်ရုတ် တရက်စိတ်ပြောင်းလဲတတ်မှုအပေါ်မှာ ချတတ်ကြတဲ့ အတ္တနောမတိ ဆုံးဖြတ်ချက်တွေ နောက် ထပ်မရှိတော့တဲ့ အနေအထား တစ်ရပ်)ကိုလည်းပဲ ရင်ဆိုင်ကြ ရမယ်။ ခင်ဗျား အမြတ်အစွန်း ထွက်အောင်လုပ်ရင်၊ လယ်ယာ မြေသုံးရင်၊ အလုပ်ကြိုးစားရင် ခင် ဗျားရတဲ့အမြတ်တွေကို ခင်ဗျား ဆီကနေ သိမ်းမှာ မဟုတ်ပါဘူး။ အများကြီးပိုကောင်းတဲ့ အခြေ အနေနဲ့ ခင်ဗျားရင်းနှီးမြှုပ်နှံနိုင် ပါမယ်။

ဒီလိုကောင်းမြတ်တဲ့ တာဝန် ခံမှု၊ တာဝန်ယူမှုတွေဟာ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုတွေကို လည်းပဲ ချင်းနင်းဝင်ရောက်လာ စေလိမ့်မယ်။ ဒါပေမဲ့ အရင်ကလို မျိုး အပယ်ခံနိုင်ငံတစ်ခုမှာ ရင်းနှီး မြှုပ်နှံလို့ဆိုပြီး နိုင်ငံခြားရင်းနှီးမြှုပ် နှံသူတွေအနေနဲ့ သူတို့မိခင်နိုင်ငံ မှာ အမည်းစက်ထင် အရှက်ရတာ မျိုး (ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ စားသုံးသူသပိတ် မှောက်မှုတွေ ရင်ဆိုင်ရတာမျိုး) ရှေ့လျှောက် ကြံုရတော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအစား သူတို့ တွေဟာ ဒီဂြိုဟ်ကမ္ဘာပေါ်မှာ အ ဟော့ဆုံးနေရာ မြန်မြန်ဆန်ဆန် ဖြစ်လာမယ်လို့ ကျွန်တော်ထင်တဲ့ နိုင်ငံအတွက် ကြီးမားတဲ့နိုင်ငံ တကာ စိတ်အားထက်သန်မှု လှိုင်းလုံးကိုတောင် စီးရနိုင်ပါတယ်။

အစိုးရသစ်ကို မစ္စတာရှောင်ထာ နဲလ်အနေနဲ့ ဘာအကြံများ ပေး ချင်ပါသလဲ။

NLD မှာ ထူးချွန်ကောင်းမွန် တဲ့ စီးပွားရေးအဖွဲ့တစ်ခုရှိတယ်။ သူတို့ရဲ့ အိုင်ဒီယာတွေကကောင်း တယ်။ ဒီစိတ်ကူးအကြံဉာဏ်တွေ ကို အောင်မြင်အောင် ဆောင် ကြဉ်းဖို့အတွက် သူတို့မှာ စိတ် အားထက်သန်ပြီး ရဲရင့်တဲ့လူတွေ ရှိတယ်။

ဒါပေမဲ့လည်းပေါ့ဗျာ။ ကျန် တဲ့ ကျွန်တော်တို့တစ်တွေဆီက နေ သူတို့လိုအပ်တာကတော့ စိတ် ရှည်မှု၊ လောမကြီးမှု နည်းနည်းပါ ပဲ။ မြန်မာ့စီးပွားရေးကို နှစ်ပေါင်း ၅၀ တောက်လျှောက် ထိထိ ရောက်ရောက် ဖျက်ဆီးခဲ့တဲ့ အုပ် ချုပ်မှုတစ်ခုကနေပြီး အစိုးရသစ် ပြင်ဆင်ဖို့ အရာတွေအများကြီး ချိန်ထားတာလေ။ ဦးသိန်းစိန် အစိုးရဟာ လမ်းကြောင်းပေါ်ပြန် ရောက်ဖို့ နည်းနည်းတော့ လုပ်ခဲ့ တယ်။ ဒါပေမဲ့ ရှေ့လာမယ့်လမ်း က မတ်စောက်ပြီးတော့ ကျောက် တုံးကျောက်စိုင် ထူထပ်နေဆဲပဲ။

တဖြည်းဖြည်းနဲ့ပေါ့လေ.. မြန်မာဟာ သူ့ကတိကြွေးတွေကို ဆပ်နိုင်လာပြီး အရှေ့တောင် အာရှရဲ့ အတောက်ပဆုံး ရတနာ တစ်ပါး နောက်တစ်ခေါက်ဖြစ် လာဦးမယ်လို့ ကျွန်တော်တကယ် ထင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

7 Day News

No comments:

Post a Comment