Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 30, 2015

ဗီဒီယို အႀကိဳခံစားျခင္း ( ကိုယ္တိုင္ခံစား တင္ျပသည္ )

On  Mon, 2015-11-30 14:10Issue No.No.933 Monday, November 30, 2015

ဒီေန႔ရဲ႕ဗီဒီယိုအၫႊန္းက႑မွာေတာ့ လူငယ္ အခ်စ္ကားေလး တစ္ကားကို ၫႊန္းေပးလုိက္ပါတယ္။

ေနမိုးက ဒါ႐ိုက္တာ တစ္ေယာက္ပါ။ သူခရီးသြားရင္း မင္းထက္ဆိုတဲ့လူတစ္ေယာက္နဲ႔ ဆံုခဲ့ပါတယ္။ မင္းထက္က ေနမိုးကို ဒါ႐ိုက္တာမွန္းသိတဲ့အခ်ိန္မွာ သူ႔ဘဝဇာတ္ေၾကာင္းကို ဇာတ္ကားတစ္ကားဖန္တီးလို႔ရေအာင္ ဆိုၿပီး ေျပာျပခဲ့ပါတယ္။

စႏၵာက ရန္ကုန္ကအေဒၚအိမ္မွာေနၿပီး တကၠသိုလ္လာတက္ေနတာပါ။ ေက်ာင္းတက္ရင္း မင္းထက္နဲ႔ ဆံုခဲ့တာပါ။  မင္းထက္က စႏၵာ့ကိုျမင္ျမင္ခ်င္းကတည္းက စိတ္ဝင္စားခဲ့ပါတယ္။ အဲဒါကို စႏၵာ့ဘက္ကလည္း ရိပ္မိခဲ့ပါတယ္။ အဲဒီလိုနဲ႔ မင္းထက္နဲ႔စႏၵာ ခ်စ္သူေတြျဖစ္ခဲ့ပါတယ္။ အဲဒီအေၾကာင္းကို စႏၵာ့ရဲ႕ အေဒၚသိတဲ့ အခ်ိန္မွာ စႏၵာ့အိမ္ကို အေၾကာင္းၾကားခဲ့ပါတယ္။အဲဒါ ေၾကာင့္ မင္းထက္နဲ႔ စႏၵာတို႔ ခိုးေျပးခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ေက်ာင္းတက္ေနဆဲ ျဖစ္တာေၾကာင့္ အဆင္မေျပခဲ့ပါဘူး။ အဲဒါေၾကာင့္ မင္းထက္ဦးေလးရဲ႕အ ဆက္အသြယ္နဲ႔ ဖားကန္႔ဘက္မွာေက်ာက္တူးဖို႔သြားျဖစ္ခဲ့ပါတယ္။ေနမိုးနဲ႔ ေတြ႕တဲ့အခ်ိန္မွာ မင္းထက္က ေက်ာက္တူးတာကေနသူ႕မိန္းမဆီကိုျပန္လာတာပါ။ ေနမိုးက မင္းထက္အေၾကာင္းေတြၾကားတဲ့အခ်ိန္မွာစိတ္ဝင္စားခဲ့ပါတယ္။ ဒါေပမဲ့ကံၾကမၼာအလွည့္အေျပာင္းတစ္ခုအေနနဲ႔ ေနမိုးတို႔စီးလာတဲ့ကား ေမွာက္သြားခဲ့ပါတယ္။

ေနမိုးေခါင္းကို ထိသြားတာေၾကာင့္သူ႔ကိုယ္သူ မင္းထက္လို႔ပဲထင္ခဲ့ပါတယ္။ ဒါေပမဲ့ ခက္ေနတာတစ္ခုက မင္းထက္က သူ႕မိန္းမနာမည္ကို မေျပာျပခဲ့ပါဘူး။သူ႔မိန္းမေနတဲ့ရြာကိုပဲေျပာခဲ့တာပါ။ အဲဒါေၾကာင့္ ဆရာဝန္ႀကီးေမးတဲ့အခ်ိန္မွာ သူ႔မိန္းမ နာမည္ကို မေျဖႏိုင္ခဲ့ပါဘူး။

အဲဒီလုိနဲ႔ ရြာနာမည္တစ္ခုပဲသိတဲ့ ေနမိုးတစ္ေယာက္ မင္းထက္အေနနဲ႔ စႏၵာတို႔ေနတဲ့ ရြာကိုသြားခဲ့ပါတယ္။ အဲဒီ့ကို သြားတဲ့လမ္းမွာ ေတြ႕တဲ့သူေတြေၾကာင့္ စႏၵာတစ္ေယာက္ ကေလးေလးေမြးၿပီး ေသသြားၿပီလို႔ ေျပာခဲ့ပါတယ္။ ကေလးေလးကေတာ့ သူ႔အေဒၚစႏၵီနဲ႔အတူ ေနခဲ့ပါတယ္။

စႏၵီက သူ႕အစ္မရဲ႕ ကေလးေလးကို သူ႕ကေလးလို သံေယာဇဥ္ႀကီးပါတယ္။ ဒါေပမဲ့ မင္းထက္ကိုေတာ့ ေသေလာက္ေအာင္မုန္းေနပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႕အေဖေရာ သူ႕အေမေရာက သူ႕အစ္မစိတ္ေၾကာင့္ ေသသြားခဲ့တာပါ။ အဲဒီအျပင္ သူ႕အစ္မကလည္း ကေလးေမြးရင္းေသဆံုးသြားခဲ့တာေၾကာင့္ မင္းထက္ ကို နာၾကည္းေနခဲ့တာပါ။သူ႔သားေလးဆိုတဲ့ စိတ္နဲ႔ေရာက္လာတဲ့ မင္းထက္နဲ႔ မင္းထက္ကိုမုန္းေနတဲ့ စႏၵီတို႔ဘာေတြဆက္ျဖစ္မလဲ။ ေနမိုးကေကာ သူ႔ဘဝသူဘယ္အခ်ိန္မွာမွတ္မိမလဲဆိုတာကိုေတာ့ ေရႊစည္ေတာ္ထုတ္လုပ္ေရးကျဖန္႔ခ်ိေပးထားတဲ့ ‘ကိုယ္တုိင္ခံစားတင္ျပသည္’ ဆိုတဲ့ ဇာတ္ကားေလးမွာ ဆက္လက္႐ႈစားေပးပါ။

ဒီဇာတ္ကားမွာ ေနမိုးအျဖစ္ စိုင္းစိုင္းခမ္းလႈိင္၊ စႏၵာအျဖစ္ နန္းဆုဦးတို႔က ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ဗ်ဴးရဲ႕ဝတၳဳကို ဇာတ္ၫႊန္းဒါ႐ိုက္တာဗန္းႀကီးက ႐ိုက္ကူးပံုေဖာ္ေပးထားပါတယ္။
7Daydaily
.......................
ဗီဒီယို အကြိုခံစားခြင်း

ကိုယ်တိုင်ခံစား တင်ပြသည်

On  Mon, 2015-11-30 14:10Issue No.No.933 Monday, November 30, 2015

ဒီနေ့ရဲ့ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ် အချစ်ကားလေး တစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

နေမိုးက ဒါရိုက်တာ တစ်ယောက်ပါ။ သူခရီးသွားရင်း မင်းထက်ဆိုတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ မင်းထက်က နေမိုးကို ဒါရိုက်တာမှန်းသိတဲ့အချိန်မှာ သူ့ဘဝဇာတ်ကြောင်းကို ဇာတ်ကားတစ်ကားဖန်တီးလို့ရအောင် ဆိုပြီး ပြောပြခဲ့ပါတယ်။

စန္ဒာက ရန်ကုန်ကအဒေါ်အိမ်မှာနေပြီး တက္ကသိုလ်လာတက်နေတာပါ။ ကျောင်းတက်ရင်း မင်းထက်နဲ့ ဆုံခဲ့တာပါ။  မင်းထက်က စန္ဒာ့ကိုမြင်မြင်ချင်းကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ အဲဒါကို စန္ဒာ့ဘက်ကလည်း ရိပ်မိခဲ့ပါတယ်။ အဲဒီလိုနဲ့ မင်းထက်နဲ့စန္ဒာ ချစ်သူတွေဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို စန္ဒာ့ရဲ့ အဒေါ်သိတဲ့ အချိန်မှာ စန္ဒာ့အိမ်ကို အကြောင်းကြားခဲ့ပါတယ်။အဲဒါ ကြောင့် မင်းထက်နဲ့ စန္ဒာတို့ ခိုးပြေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကျောင်းတက်နေဆဲ ဖြစ်တာကြောင့် အဆင်မပြေခဲ့ပါဘူး။ အဲဒါကြောင့် မင်းထက်ဦးလေးရဲ့အ ဆက်အသွယ်နဲ့ ဖားကန့်ဘက်မှာကျောက်တူးဖို့သွားဖြစ်ခဲ့ပါတယ်။နေမိုးနဲ့ တွေ့တဲ့အချိန်မှာ မင်းထက်က ကျောက်တူးတာကနေသူ့မိန်းမဆီကိုပြန်လာတာပါ။ နေမိုးက မင်းထက်အကြောင်းတွေကြားတဲ့အချိန်မှာစိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ကံကြမ္မာအလှည့်အပြောင်းတစ်ခုအနေနဲ့ နေမိုးတို့စီးလာတဲ့ကား မှောက်သွားခဲ့ပါတယ်။

နေမိုးခေါင်းကို ထိသွားတာကြောင့်သူ့ကိုယ်သူ မင်းထက်လို့ပဲထင်ခဲ့ပါတယ်။ ဒါပေမဲ့ ခက်နေတာတစ်ခုက မင်းထက်က သူ့မိန်းမနာမည်ကို မပြောပြခဲ့ပါဘူး။သူ့မိန်းမနေတဲ့ရွာကိုပဲပြောခဲ့တာပါ။ အဲဒါကြောင့် ဆရာဝန်ကြီးမေးတဲ့အချိန်မှာ သူ့မိန်းမ နာမည်ကို မဖြေနိုင်ခဲ့ပါဘူး။

အဲဒီလိုနဲ့ ရွာနာမည်တစ်ခုပဲသိတဲ့ နေမိုးတစ်ယောက် မင်းထက်အနေနဲ့ စန္ဒာတို့နေတဲ့ ရွာကိုသွားခဲ့ပါတယ်။ အဲဒီ့ကို သွားတဲ့လမ်းမှာ တွေ့တဲ့သူတွေကြောင့် စန္ဒာတစ်ယောက် ကလေးလေးမွေးပြီး သေသွားပြီလို့ ပြောခဲ့ပါတယ်။ ကလေးလေးကတော့ သူ့အဒေါ်စန္ဒီနဲ့အတူ နေခဲ့ပါတယ်။

စန္ဒီက သူ့အစ်မရဲ့ ကလေးလေးကို သူ့ကလေးလို သံယောဇဉ်ကြီးပါတယ်။ ဒါပေမဲ့ မင်းထက်ကိုတော့ သေလောက်အောင်မုန်းနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အဖေရော သူ့အမေရောက သူ့အစ်မစိတ်ကြောင့် သေသွားခဲ့တာပါ။ အဲဒီအပြင် သူ့အစ်မကလည်း ကလေးမွေးရင်းသေဆုံးသွားခဲ့တာကြောင့် မင်းထက် ကို နာကြည်းနေခဲ့တာပါ။သူ့သားလေးဆိုတဲ့ စိတ်နဲ့ရောက်လာတဲ့ မင်းထက်နဲ့ မင်းထက်ကိုမုန်းနေတဲ့ စန္ဒီတို့ဘာတွေဆက်ဖြစ်မလဲ။ နေမိုးကကော သူ့ဘဝသူဘယ်အချိန်မှာမှတ်မိမလဲဆိုတာကိုတော့ ရွှေစည်တော်ထုတ်လုပ်ရေးကဖြန့်ချိပေးထားတဲ့ ‘ကိုယ်တိုင်ခံစားတင်ပြသည်’ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ နေမိုးအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ စန္ဒာအဖြစ် နန်းဆုဦးတို့က ပါဝင်သရုပ်ဆောင် ထားပြီး ဗျူးရဲ့ဝတ္ထုကို ဇာတ်ညွှန်းဒါရိုက်တာဗန်းကြီးက ရိုက်ကူးပုံဖော်ပေးထားပါတယ်။
7Daydaily

No comments:

Post a Comment