Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 11, 2015

ဂင်းနက်စ်လား၊ ဖျင်းချက်လား…. ?( ရွေးကောက်ပွဲ ရလာဒ်ကြော်ငြာချက်တွေအရမ်းကြာနေတဲ့အပေါ်မှာ မင်းမြတ်မောင်ရဲ့ ဝေဖန်ချက်)

ဒါကတော့ ရွေးကောက်ပွဲ ရလာဒ်ကြော်ငြာချက်တွေအရမ်းကြာနေတဲ့အပေါ်မှာ မင်းမြတ်မောင်ရဲ့ ဝေဖန်ချက်ဖြစ်ပါတယ်။
................................................................
ဂင်းနက်စ်လား၊ ဖျင်းချက်လား…. ?
ကျနော့ဦးလေးက ဟာသတစ်ပုဒ်ပြောတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးလို့ ၃-၄ ရက်ကြာတာတောင် အနိုင်အရှုံး မသိသေးတာကို သူ့သား အထက်တန်းကျောင်းသားက အံ့ဩနေသတဲ့။ ၂၀၁၂ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သူတို့ ကျောင်းသားတွေကို ကျောင်းက လုပ်ခိုင်းတဲ့ ပရောဂျက်တစ်ခုအကြောင်း သူ့သားက ပြောပြတယ်။ ကွန်ပျူတာမှာ spreadsheet စာရင်းဇယားလုပ်တာကို လက်တွေ့ လေ့ကျင့်ခိုင်းတာပါ။ တစ်ကယ် တရားဝင် လုပ်ငန်းတာဝန်မဟုတ်ဖူး။
ပြည်နယ်အသီးသီးက မဲဆန္ဒနယ်တွေရဲ့ မဲအရေအတွက်ကို စာရင်းထဲမှာ ထည့်ပြီး ကျောင်းသားတွေ လုပ်တဲ့ စာရင်းနဲ့ အစိုးရရဲ့စာရင်းနဲ့ ပြန်တိုက်ကြည့်တဲ့ လက်တွေ့လေ့ကျင့်ခန်းပေါ့။ သူတို့ ၉ တန်းကျောင်းသားတွေ စာရင်းပြီးဆုံးပြီး နောက်တစ်ကြိမ် မှားမှန်ပြန်စစ်တဲ့ double check အထိ ၆ နာရီပဲ ကြာတယ်တဲ့။
ပြည်နယ် ၅၀ ရှိတဲ့ အမေရိကန်က မြန်မာပြည်ထက် လူဦးရေလည်း ၆ ဆ ကျော်များပါတယ်။ အထက်တန်းကျောင်းသားလေးတွေ ၆ နာရီလောက်နဲ့ ပြီးစီးတာကို မြန်မာနိုင်ငံမှာ ဒီလောက်ကြာအောင် အဖြေမထွက်သေးဘူးဆိုတော့ အံ့ဩကုန်နိုင်ဖွယ် ဖြစ်နေတာပေါ့နော်။
ပြီးတော့ သူ့သားက ပြောသေးသတဲ့။ သူတို့ကျောင်းသားတွေကို မုန့်ဖိုး ဒေါ်လာ ၁၀၀ စီပေးရင် ကူညီချင်တယ်ဆိုလို့ ဦးလေးတို့ လင်မယား အူနာအောင် ရယ်ကြရတယ်ဆိုပဲဗျာ။
ရွေးကောက်ပွဲရလဒ် ဒီလောက် အချိန်တွေကြာနေတာဟာ ကောက်ချက်ချစရာ နှစ်ခုပဲ ရှိပါတယ်။ ကမ္ဘာ့အချိန်အကြာဆုံး မဲရေတွက်မှုအဖြစ် ဂင်းနက်စ် စံချိန်တင်ဖို့ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဟောဒီ စစ်ဗိုလ်ဟောင်းကြီးတွေဟာ ဘာလုပ်လုပ် နှောင့်နှေးကြန့်ကြာပြီး အသုံးမကျပါဘူး ဆိုတာကို နောက်ဆုံးအနေနဲ့ သက်သေပြသွားတာပဲ ဖြစ်လိမ့်မယ်။
Min Myat Maung


No comments:

Post a Comment