Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

ကမၻာ့အလွဴအတန္း အရက္ေရာဆံုးႏိုင္ငံမ်ား စာရင္းတြင္ ျမန္မာသံုးႏွစ္ဆက္ ထိပ္ဆံုးရပ္တည္

On  Tue, 2015-11-17 06:30Locationလန္ဒန္Issue No.No.920 Tuesday, November 17, 2015
ျမန္မာႏိုင္ငံသည္ ကမၻာတြင္ အလွဴအတန္းအရက္ေရာဆံုးႏိုင္ငံမ်ားစာရင္း၌ သံုးႏွစ္ဆက္တိုက္ ပထမေနရာရပ္တည္ခဲ့ေၾကာင္း လန္ဒန္အေျခစိုက္ Charitable Aid ေဖာင္ေဒးရွင္း CAF က ထုတ္ျပန္သည့္ ကမၻာ့အလွဴဒါနၫႊန္းကိန္း စစ္တမ္း ၂၀၁၅ တြင္ ေဖာ္ျပသည္။

အဆိုပါ စစ္တမ္းမွာ Gallup သုေတသနအဖြဲ႕ႏွင့္ CAF တို ့ပူးေပါင္းေကာက္ယူသည့္ စစ္တမ္းျဖစ္ကာ ျမန္မာသည္ ယမန္ႏွစ္က အေမရိကန္ႏွင့္ပူးတြဲ အဆင့္တစ္ျဖစ္ခဲ့ၿပီး ယခုႏွစ္တြင္လည္း ထပ္မံဗုိလ္စြဲ၍ အေမရိကန္က အဆင့္ႏွစ္ျဖစ္ခဲ့သည္။

ႏိုင္ငံေပါင္း ၁၃၅ ႏိုင္ငံကို စစ္တမ္းျပဳလုပ္ထားသည့္ အထဲတြင္လူအမ်ားက ေငြလွဴဒါန္းမႈျပဳလုပ္ ပံု၊ အခ်ိန္ေပး၍ ေစတနာ့ဝန္ ထမ္းအလုပ္မ်ား လုပ္ေပးတတ္ၾကပံု၊ အကူအညီလိုေနသည့္ သူစိမ္းမ်ားအား ရက္ေရာစြာ ေထာက္ပံ့တတ္ပံုမ်ားကို ေလ့လာအကဲျဖတ္ထားၿပီး အဆင့္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသည္ စစ္တမ္း အရ ၂၀၁၄ တြင္လည္း လူဦးေရ၏၉၂ ရာခို္င္ႏႈန္းက လွဴဒါန္းမႈျပဳလုပ္ ခဲ့ၾကၿပီး ေထရဝါဒဗုဒၶဘာသာေရးအရ လွဴဒါန္းမႈမ်ား ေသးငယ္ေသာ္လည္း ေန႔စဥ္ လွဴဒါန္းၾက ေၾကာင္း သတင္းက ဆိုသည္။


ယခုႏွစ္ ၂၀၁၅  စာရင္းတြင္ ဒုတိယအေမရိကန္ ေနာက္၌ နယူးဇီလန္၊ ကေနဒါ၊ ဩစေၾတးလ်၊ၿဗိတိန္၊ နယ္သာလန္၊ သီရိလကၤာ၊အိုင္ယာလန္၊ မေလးရွားတို႔ အစဥ္လိုက္ရပ္တည္ခဲ့ၿပီး ျမန္မာ၊  သီရိလကၤာ၊ မေလးရွားတို႔မွ လြဲ၍ က်န္ႏိုင္ငံမ်ားမွာ စက္မႈဖြံ႕ၿဖိဳးၿပီး ခ်မ္းသာေသာ ႏိုင္ငံႀကီးမ်ား ျဖစ္ခဲ့ေၾကာင္း လည္း ေတြ႕ရသည္။

ယခုႏွစ္စာရင္းတြင္ ေအာက္ဆံုး ၁၅၃ ႏိုင္ငံေျမာက္မွာ ဘူရြန္ဒီျဖစ္ၿပီး ယင္း၏အေရွ႕တြင္ တ႐ုတ္၊ ယီမင္၊ လစ္သူေယးနီးယားတို႔အစဥ္လိုက္ရွိခဲ့သည္ဟုလည္း သိရသည္။ Gallup သုေတသနအဖြဲ႕သည္ ယခုစစ္တမ္းအတြက္ အခ်က္အလက္ေဒတာမ်ားကို အလွဴဒါနအဖြဲ႕အစည္းႏွင့္ ထိုနယ္ပယ္မ်ားတြင္ လုပ္ကိုင္ေနေသာ လူေပါင္း တစ္သိန္းခြဲေက်ာ္အား အင္တာဗ်ဴးျပဳလုပ္ရယူထားျခင္းျဖစ္သည္ ။

—Ref:Guardian/Reuters
7Day Daily
...............................
ကမ္ဘာ့အလှူအတန်း အရက်ရောဆုံးနိုင်ငံများ စာရင်းတွင် မြန်မာသုံးနှစ်ဆက် ထိပ်ဆုံးရပ်တည်

On  Tue, 2015-11-17 06:30Locationလန်ဒန်Issue No.No.920 Tuesday, November 17, 2015
မြန်မာနိုင်ငံသည် ကမ္ဘာတွင် အလှူအတန်းအရက်ရောဆုံးနိုင်ငံများစာရင်း၌ သုံးနှစ်ဆက်တိုက် ပထမနေရာရပ်တည်ခဲ့ကြောင်း လန်ဒန်အခြေစိုက် Charitable Aid ဖောင်ဒေးရှင်း CAF က ထုတ်ပြန်သည့် ကမ္ဘာ့အလှူဒါနညွှန်းကိန်း စစ်တမ်း ၂၀၁၅ တွင် ဖော်ပြသည်။

အဆိုပါ စစ်တမ်းမှာ Gallup သုတေသနအဖွဲ့နှင့် CAF တို ့ပူးပေါင်းကောက်ယူသည့် စစ်တမ်းဖြစ်ကာ မြန်မာသည် ယမန်နှစ်က အမေရိကန်နှင့်ပူးတွဲ အဆင့်တစ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံဗိုလ်စွဲ၍ အမေရိကန်က အဆင့်နှစ်ဖြစ်ခဲ့သည်။

နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို စစ်တမ်းပြုလုပ်ထားသည့် အထဲတွင်လူအများက ငွေလှူဒါန်းမှုပြုလုပ် ပုံ၊ အချိန်ပေး၍ စေတနာ့ဝန် ထမ်းအလုပ်များ လုပ်ပေးတတ်ကြပုံ၊ အကူအညီလိုနေသည့် သူစိမ်းများအား ရက်ရောစွာ ထောက်ပံ့တတ်ပုံများကို လေ့လာအကဲဖြတ်ထားပြီး အဆင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စစ်တမ်း အရ ၂၀၁၄ တွင်လည်း လူဦးရေ၏၉၂ ရာခို်င်နှုန်းက လှူဒါန်းမှုပြုလုပ် ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာရေးအရ လှူဒါန်းမှုများ သေးငယ်သော်လည်း နေ့စဉ် လှူဒါန်းကြ ကြောင်း သတင်းက ဆိုသည်။


ယခုနှစ် ၂၀၁၅  စာရင်းတွင် ဒုတိယအမေရိကန် နောက်၌ နယူးဇီလန်၊ ကနေဒါ၊ ဩစတြေးလျ၊ဗြိတိန်၊ နယ်သာလန်၊ သီရိလင်္ကာ၊အိုင်ယာလန်၊ မလေးရှားတို့ အစဉ်လိုက်ရပ်တည်ခဲ့ပြီး မြန်မာ၊  သီရိလင်္ကာ၊ မလေးရှားတို့မှ လွဲ၍ ကျန်နိုင်ငံများမှာ စက်မှုဖွံ့ဖြိုးပြီး ချမ်းသာသော နိုင်ငံကြီးများ ဖြစ်ခဲ့ကြောင်း လည်း တွေ့ရသည်။

ယခုနှစ်စာရင်းတွင် အောက်ဆုံး ၁၅၃ နိုင်ငံမြောက်မှာ ဘူရွန်ဒီဖြစ်ပြီး ယင်း၏အရှေ့တွင် တရုတ်၊ ယီမင်၊ လစ်သူယေးနီးယားတို့အစဉ်လိုက်ရှိခဲ့သည်ဟုလည်း သိရသည်။ Gallup သုတေသနအဖွဲ့သည် ယခုစစ်တမ်းအတွက် အချက်အလက်ဒေတာများကို အလှူဒါနအဖွဲ့အစည်းနှင့် ထိုနယ်ပယ်များတွင် လုပ်ကိုင်နေသော လူပေါင်း တစ်သိန်းခွဲကျော်အား အင်တာဗျူးပြုလုပ်ရယူထားခြင်းဖြစ်သည် ။

—Ref:Guardian/Reuters
7Day Daily

No comments:

Post a Comment