Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 12, 2015

အေမရိကန္ သမၼတ အိုဘားမားက ေဒၚေအာင္ဆန္းစုၾကည္အား ဖုန္းဆက္ ခ်ီးက်ဴးစကားဆိုခဲ့ေၾကာင္း အိမ္ျဖဴေတာ္ သတင္းထုတ္ျပန္



၂၀၁၅ ေရြးေကာက္ပြဲတြင္ မဲအျပတ္အသတ္ျဖင့္ အႏိုင္ရရွိခဲ့ေသာ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္၏ ဥကၠ႒ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္အား အေမရိကန္ သမၼတ ဘာရက္အိုဘားမားက ဖုန္းဆက္ ခ်ီးက်ဴးစကားဆိုခဲ့ေၾကာင္း အိမ္ျဖဴေတာ္မွ ႏို၀င္ဘာ ၁၂ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

"သမၼတအိုဘားမားအေနျဖင့္ ျမန္မာႏိုင္ငံတြင္ ၿငိမ္းခ်မ္းမႈႏွင့္ ဒီမိုကေရစီစံႏႈန္း ပိုမိုျမင့္မားလာေစရန္ ေဒၚေအာင္ဆန္းစုၾကည္၏ ႏွစ္ေပါင္းမ်ားစြာ ပင္ပန္းဆင္းရဲမႈမ်ားစြာျဖင့္ ႀကိဳးစားအားထုတ္ခဲ့ျခင္းအေပၚ ခ်ီးက်ဴးအသိအမွတ္ျပဳေၾကာင္း" အိမ္ျဖဴေတာ္က ထုတ္ျပန္ခဲ့သည္။

ထိုျပင္ ေရြးေကာက္ပြဲ တရား၀င္ရလဒ္မ်ားကို အားလံုးအေနျဖင့္ ေလးစားလုိက္နာရမည္ျဖစ္ၿပီး ျပည္သူလူထု၏ ဆႏၵႏွင့္ တစ္ထပ္တည္းက်ေသာ အစိုးရတစ္ရပ္ဖြဲ႔စည္းရန္အတြက္ သက္ဆိုင္သူအားလံုးအေနျဖင့္ အတူတကြပူးေပါင္းလုပ္ေဆာင္ၾကရန္ အေရးႀကီးပံုကိုလည္း အိုဘာမားက ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေဆြးေႏြးခဲ့သည္ဟု ေဖာ္ျပထားသည္။

သမၼတ အိုဘာမားအေနျဖင့္ ေရြးေကာက္ပြဲကို တည္ၿငိမ္စြာ က်င္းပေပးႏိုင္ခဲ့ျခင္းေၾကာင့္လည္း ျမန္မာႏိုင္ငံ သမၼတ ဦးသိန္းစိန္အား ဖုန္းဆက္ခ်ီးက်ဴးခဲ့ေၾကာင္း ႏို၀င္ဘာ ၁၂ ရက္ နံနက္ပိုင္းက သမၼတ ဦးသိန္းစိန္၏ ေျပာေရးဆိုခြင့္ရွိသူ ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္က ၄င္း၏ Facebook စာမ်က္ႏွာမွတစ္ဆင့္ အသိေပးေဖာ္ျပခဲ့သည္။

(Eleven News)

............................................................

အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အား ဖုန်းဆက် ချီးကျူးစကားဆိုခဲ့ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်
--------

၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဖုန်းဆက် ချီးကျူးစကားဆိုခဲ့ကြောင်း အိမ်ဖြူတော်မှ နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

"သမ္မတအိုဘားမားအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီစံနှုန်း ပိုမိုမြင့်မားလာစေရန် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲမှုများစွာဖြင့် ကြိုးစားအားထုတ်ခဲ့ခြင်းအပေါ် ချီးကျူးအသိအမှတ်ပြုကြောင်း" အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထိုပြင် ရွေးကောက်ပွဲ တရားဝင်ရလဒ်များကို အားလုံးအနေဖြင့် လေးစားလိုက်နာရမည်ဖြစ်ပြီး ပြည်သူလူထု၏ ဆန္ဒနှင့် တစ်ထပ်တည်းကျသော အစိုးရတစ်ရပ်ဖွဲ့စည်းရန်အတွက် သက်ဆိုင်သူအားလုံးအနေဖြင့် အတူတကွပူးပေါင်းလုပ်ဆောင်ကြရန် အရေးကြီးပုံကိုလည်း အိုဘာမားက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

သမ္မတ အိုဘာမားအနေဖြင့် ရွေးကောက်ပွဲကို တည်ငြိမ်စွာ ကျင်းပပေးနိုင်ခဲ့ခြင်းကြောင့်လည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်အား ဖုန်းဆက်ချီးကျူးခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြခဲ့သည်။

(Eleven News)

No comments:

Post a Comment