Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 10, 2015

ကျနော်တို့ ဘာကြောင့်ရွေးကောက်ပွဲ ရှုံးနှိမ့်ခဲ့ရတယ် ဆိုတာကို ပြန်သုံးသပ်ရမယ်

ကြံ့ ခိုင်ဖွံ့ ဖြိုးရေးခေါင်းဆောင်တွေက “ ကျနော်တို့ ဘာကြောင့်ရွေးကောက်ပွဲ ရှုံးနှိမ့်ခဲ့ရတယ် ဆိုတာကို ပြန်သုံးသပ်ရမယ် ” လို့ ဆိုတယ်။

လူကြီးလူကောင်းဆန်စွာ၊ အရှုံး ကို လက်ခံနိုင်မှု အပေါ် အသိအမှတ်ပြုပါတယ်။

ဘာကြောင့် ရွေးကောက်ပွဲ ရှုံးသလဲ ဆိုတာက ပညာရှင်တွေလို အများကြီး တွေးမနေပါနဲ့ ။

ပြည်သူဟာ အရမ်းကို ဆင်းရဲ စုတ်ပြတ်သွားတော့ အစိုးရ ကို သိပ်ပြီး စိတ်နာကြတယ်။
ဒီအချက် တချက်တည်းနဲ့တင် ပြည်သူဟာ နောက်ထပ်တက်မယ့်သူ ဘယ်သူပဲဖြစ်ဖြစ် အခုအခြေအနေထက်တော့ ကောင်းနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ မဲကို ပုံအောခဲ့ကြတာပါ။

ဘာပဲဖြစ်ဖြစ် ဒီလိုအဆင့်ထိရောက်လာတယ် ဆိုတာကလည်း ဦးသိန်းစိန် အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကြောင့် ဖြစ်လာတယ် ဆိုတာလည်း ငြင်းလို့ မရပါဘူး။

ဒီလိုကောင်းမွန်တဲ့ သမိုင်းတွေကို ဆက်လက်သယ်ဆောင်သွားမယ် ဆိုရင် နိုင်ငံရေးလောက ကို တလှည့်ပြန်လာ အနိုင်ယူလို့ ရပါသေးတယ်။

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊
အရှေ့ ဥရောပမှာပဲ ဖြစ်ဖြစ်၊ အာဏာရှင်ဟောင်းတွေ ရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ နိုင်ငံရေးလောကကို ပြန်ပြီး ဦးဆောင်နေကြဆဲပါ။

မြန်မာပြည်သူလူထုဟာ နိုင်ငံရေးနိုးကြားမှုမှာ နောက်တဆင့်တက်သွားပြီလို့ ယုံကြည်တယ်။
တိုင်းပြည်တိုးတက်အောင် ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတဲ့ စိတ်ဓါတ်အားပြိုင်မှု ကို စောင့်ကြည့်နေကြတယ်။

ငွေကြေးတောင့်တင်းတဲ့ စီးပွားရေးသမားတွေ၊ ပညာတတ်တွေ၊ အတွေ့ အကြုံရင့်ကျက်တဲ့ နိုင်ငံရေးသမားတွေ အများကြီးလိုတယ်။

ပြည်သူကို ချမ်းသာအောင်၊ အသက်ရှူဝအောင် လုပ်ပေးနိုင်တဲ့သူတွေ စင်ပေါ် ရောက်စေချင်ပါတယ်။

လူတိုင်းအတွက် အလှည့်ဆိုတာ ရှိနေပြီသားပါ။
Aung Moe Win


No comments:

Post a Comment