Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 20, 2015


မင်းမင်း




..................
ကိုယ်ဝန်ဆောင်များအား အချိန်ပိုနှင့် ညပိုင်းအလုပ် စေခိုင်ခြင်း မပြုရန် အမျိုးသား လွှတ်တော်တွင် အတည်ပြု

မင်းမင်း
စက်ရုံ၊ အလုပ်ရုံများတွင် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား အချိန်ပိုနှင့် ညပိုင်းအလုပ် စေခိုင်းခြင်း မပြုရန် ဥပဒေကြမ်းတစ်ခု အမျိုးသားလွှတ်တော်တွင် နိုဝင်ဘာ ၂၀ ရက်က အတည်ပြု လိုက်သည်။

ကိုယ်ဝန်ဆောင်များအား အလုပ်စေခိုင်းမှု ပါဝင်သည့် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်အမတ်တို့၏ သဘောတူညီချက်ဖြင့် အတည်ပြုလိုက် ခြင်း ဖြစ်သည်။

“အရင်ဥပဒေမှာက ကိုယ်ဝန်(၇)လရှိမှ အချိန်ပိုနဲ့ ညပိုင်း မခိုင်းဖို့ပါတာ။ အဲ့တာက ကိုယ်ဝန် ဆောင်ယူခွင့် ခြောက်လနဲ့ ရောသွားနိုင်လို့ ကိုယ်ဝန်ဆောင်သည် မှန်တာနဲ့ အချိန်ပိုရော၊ ညပိုင်းပါ မခိုင်းဖို့ အတည်ပြုခဲ့တာ” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးထင်အောင်က ပြောသည်။

လက်ရှိ စက်ရုံ၊ အလုပ်ရုံများတွင်မူ ဥပဒေအားနည်းချက်၊ မိသားစုစားဝတ်နေရေး၊ လုပ်သားလို အပ်ချက် စသည့် အားနည်းချက်များကြောင့် ကိုယ်ဝန်ဆောင်များမှာ အလုပ်လုပ်နေကြရပြီး ကလေး ရော၊ မိခင်အတွက်ပါ အန္တရာယ်ရှိသည်ဟု လွှတ်တော်အမတ်များက ထောက်ပြ ပြောဆိုသည်။

- See more at: http://mizzimaburmese.com/article/7690#sthash.bz8t5lRh.iS31HZFV.dpuf

No comments:

Post a Comment