Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

ေဗဒင္ဆရာတစ္ဦး လႊတ္ေတာ္အမတ္ျဖစ္လာ


 ပြင့္ေမာင္ေမာင္စံ ေကာက္ႏႈတ္တင္ျပသည္။   |   Tuesday, 17 November 2015

[ေဗဒင္ဆရာတစ္ဦး လႊတ္ေတာ္အမတ္ျဖစ္လာ]

မႏၱေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ မဲဆႏၵနယ္မွအႏုိင္ရခဲ့သည့္ ဦးေအာင္ေရႊ မွာ ေဗဒင္ဆရာ
တစ္ဦးျဖစ္ၿပီး ဒီမုိကရက္တစ္ပါတီ(ျမန္မာ)မွ မဲအႏုိင္ရသည့္ တစ္ဦးတည္းေသာ
ကုိယ္စားလွယ္ျဖစ္သည္။

အထက္ပါမဲဆႏၵနယ္တြင္ ျပည္ေတာင္စုၾကံခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရးပါတီမွ ကုိယ္စားလွယ္
တစ္ဦး၊ တစ္သီးပုဂၢလကုိယ္စားလွယ္တစ္ဦး ၀င္ေရာက္အေရြးခံခဲ့သည္။

ထုိမဲဆႏၵနယ္တြင္ ျပည္ေတာင္စုၾကံခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးပါတီမွ ကုိယ္စားလွယ္က
၈၇၄၃ မဲ၊ တစ္သီးပုဂၢလကုိယ္စားလွယ္က ၁၁၂၁၉မဲ ႏွင့္ ေဗဒင္ဆရာ ဦးေအာင္ေရႊက ၂၅၅၅၁ မဲ
ရရွိကာ အႏုိင္ရရွိခဲ့ျခင္းျဖစ္သည္။

မိမိေရြးေကာက္ပြဲႏုိင္မည္ကုိ ေဗဒင္နည္းအရ ႀကိဳတင္တြက္ခ်က္သိရွိၿပီး ျဖစ္ေသာေၾကာင့္
မဲစာရင္းရလဒ္မ်ားတြက္လာေသာအခါ မအံ့ၾသေတာ့ေၾကာင္း ျမန္မာတုိင္း(မ္)ဂ်ာနယ္ႏွင့္
ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္။

ေဆာင္းပါးရွင္ Khin Su Wai ေရးသားသည့္ Who saw that coming? An astrologer
enters the next Mandalay Region hluttaw မူရင္းကုိ ႏုိ၀င္ဘာလ ၁၇ ရက္ေန႔ထုတ္
The Myanmar Times သတင္းစာတြင္ ဖတ္ရႈပါ။
http://myanmar.mmtimes.com/index.php/national-news/national-news-brief/16547-2015-11-17-08-21-12.html
..................
 ဗေဒင်ဆရာတစ်ဦး လွှတ်တော်အမတ်ဖြစ်လာ
 ပွင့်မောင်မောင်စံ ကောက်နှုတ်တင်ပြသည်။   |   Tuesday, 17 November 2015

[ဗေဒင်ဆရာတစ်ဦး လွှတ်တော်အမတ်ဖြစ်လာ]

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်မှအနိုင်ရခဲ့သည့် ဦးအောင်ရွှေ မှာ ဗေဒင်ဆရာ
တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မဲအနိုင်ရသည့် တစ်ဦးတည်းသော
ကိုယ်စားလှယ်ဖြစ်သည်။

အထက်ပါမဲဆန္ဒနယ်တွင် ပြည်တောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်
တစ်ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ၀င်ရောက်အရွေးခံခဲ့သည်။

ထိုမဲဆန္ဒနယ်တွင် ပြည်တောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်က
၈၇၄၃ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က ၁၁၂၁၉မဲ နှင့် ဗေဒင်ဆရာ ဦးအောင်ရွှေက ၂၅၅၅၁ မဲ
ရရှိကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မိမိရွေးကောက်ပွဲနိုင်မည်ကို ဗေဒင်နည်းအရ ကြိုတင်တွက်ချက်သိရှိပြီး ဖြစ်သောကြောင့်
မဲစာရင်းရလဒ်များတွက်လာသောအခါ မအံ့သြတော့ကြောင်း မြန်မာတိုင်း(မ်)ဂျာနယ်နှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဆောင်းပါးရှင် Khin Su Wai ရေးသားသည့် Who saw that coming? An astrologer
enters the next Mandalay Region hluttaw မူရင်းကို နို၀င်ဘာလ ၁၇ ရက်နေ့ထုတ်
The Myanmar Times သတင်းစာတွင် ဖတ်ရှုပါ။

No comments:

Post a Comment