Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

႐ႈံးနိမ့္ခဲ့သည့္အတြက္ ကန္႔ကြက္လႊာမ်ား တင္ျခင္းမဟုတ္ဟု ဦးေဌးဦးဆို

Byသတင္းအဖြဲ႕On  Thu, 2015-11-19 06:30Locationေနျပည္ေတာ္Issue No.No.922 Thursday, November 19, 2015
ျပည္ေထာင္စုႀကံ႕ ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ကန္႔ကြက္လႊာမ်ားကို ႐ံႈးသည့္ အတြက္တင္ျခင္းမဟုတ္ဘဲေနာင္ လာမည့္ေရြးေကာက္ပြဲအတြက္ ျပဳျပင္လိုသည့္ သေဘာျဖင့္သာ ကန္႔ကြက္သြားမည္ဟု ျပည္ခိုင္ၿဖိဳး ပါတီ ပူးတြဲဥကၠ႒ ဦးေဌးဦးက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ အႏိုင္အ႐ႈံး အတြက္ ကန္္႔ကြက္တယ္၊ အျပစ္ ရွာၿပီးတင္တယ္ဆိုတာ မျဖစ္ေစရ ဘူး။ မေက်နပ္လို႔ တင္တယ္ဆို တာလည္း မျဖစ္ေစရဘူး။ လာ မယ့္ေရြးေကာက္ပြဲမွာ ဒီလိုကိစၥ မ်ိဳးေတြကို ေရွာင္ရွားႏိုင္ေအာင္ဆို ၿပီး ျပဳျပင္လိုတဲ့ သေဘာနဲ႔သာ တင္မွာပါ’’ဟု ႏုိဝင္ဘာ ၁၈ ရက္ က 7Day Daily ၏ေမးျမန္းမႈအ ေပၚ ဦးေဌးဦးက ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

ကန္႔ကြက္လႊာတင္သြင္းမႈ ကို ျပည္ခုိင္ၿဖိဳးပါတီဗဟိုက တုိင္ ၾကားမည္ မဟုတ္ဘဲ သက္ဆုိင္ရာ မဲဆႏၵနယ္အလိုက္ ကိုယ္စား လွယ္မ်ားက ျဖစ္စဥ္ႏွင့္ တကြ တုိင္ၾကားမည္ဟု ဦးေဌးဦးက ဆို သည္။

ထို႔အျပင္ ျပည္ခုိင္ၿဖိဳးပါတီ ဗဟိုအေနျဖင့္ ျဖစ္စဥ္ အားလံုး တင္ျပလာပါက အႀကံဉာဏ္မ်ား ေပးသြားမည္ဟု ဆိုသည္။ သို႔ ေသာ္ ကန္႔ကြက္မည့္ အေရအ တြက္ပမာဏကိုမူ ယခုခ်ိန္ထိမသိ ရွိေသးဘဲ ယင္းမဲဆႏၵနယ္အတြင္း မွ တုိင္ၾကားျခင္းရွိ၊ မရွိ တိတိက်က်ေျပာၾကားသြားျခင္းမရွိေပ။

 ‘‘အေရအတြက္ ဘယ္ ေလာက္ရွိမလဲဆိုတာေတာ့ တစ္ ႏိုင္ငံလံုးျဖစ္ေနတဲ့အတြက္ သက္ ဆုိင္ရာ သူ႔ေနရာနဲ႔သူ သူတို႔သိ တာေတြရွိရင္ တင္ၾကလိမ့္မယ္’’ ဟု ဦးေဌးဦးက ဆိုသည္။ တစ္ႏိုင္ငံလံုး ေရြးေကာက္ပြဲေအာင္ႏိုင္ သည့္ကိုယ္စားလွယ္စာရင္းမ်ား ေၾကညာၿပီး ၄၅ ရက္အတြင္း ေငြ က်ပ္ငါးသိန္းႏွင့္အတူ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္သို႔ တိုင္ၾကားရမည္ျဖစ္သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးတင္ေအးက လည္း ကန္႔ကြက္လႊာ တင္သြင္း လာပါက အမ်ားျပည္သူ ေရွ႕ ေမွာက္တြင္ လြတ္လပ္မွ်တစြာ စစ္ေဆးသြားမည္ဟု သတင္းစာ ရွင္းလင္းပြဲ၌ ေျပာၾကားထား သည္။

၂၀၁၅ အေထြေထြေရြး ေကာက္ပြဲတြင္ အင္အားႀကီးပါတီ ႏွစ္ခုျဖစ္သည့္ အမ်ိဳးသားဒီမုိက ေရစီအဖြဲ႕ခ်ဳပ္ႏွင့္ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီတို႔ ယွဥ္ၿပိဳင္ခဲ့ရာ ဒီခ်ဳပ္က အျပတ္အ သတ္ အႏိုင္ရရွိခဲ့သည္။ ထိုသို႔ အႏုိင္ရရွိမႈေၾကာင့္ ၿပိဳင္ဘက္ျပည္ ခိုင္ၿဖိဳးပါတီက ကန္႔ကြက္လႊြာမ်ား ရာႏွင့္ခ်ီ၍ တုိင္ၾကားမည့္ သတင္း မ်ားလည္း ထြက္ေပၚလ်က္ ရွိ သည္။

ႏိုဝင္ဘာ ၁၈ ရက္အထိ ရန္ ကုန္တုိင္းတြင္မူ ေရြးေကာက္ပြဲ၌ ျဖစ္ေပၚခဲ့ေသာ လုပ္ရပ္မ်ားႏွင့္ ပတ္သက္၍ ဒီခ်ဳပ္ႏွင့္ျပည္ခိုင္ၿဖိဳး ပါတီႏွစ္ခု၏ အျပန္အလွန္ တိုင္ ၾကားမႈ အနည္းအက်ဥ္းသာ ရွိ ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္္ ဥကၠ႒ ဦးကိုကိုက ေျပာသည္။

‘‘နည္းပါတယ္ တုိင္ၾကတာ။  ထံုးစံအတုိင္း ပါတီႀကီး ႏွစ္ခုပဲ ေရြးေကာက္ပြဲရက္က မဲေပးတဲ့ ျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ တုိင္ၾကတာမ်ားတာေပါ့။ အခုထိ ကို သံုးေလးမႈပဲ ရွိပါေသးတယ္’’ ဟု ဦးကိုကိုက ေျပာသည္။

အဆိုပါတုိင္ၾကားမႈႏွင့္ပတ္ သက္၍ ေကာ္မရွင္က ညႇိႏိႈင္းေျဖ ရွင္းေပးမႈမ်ားျပဳလုပ္ေပးလ်က္ရွိ ေနၿပီး မည္သူ႔ကိုမွ် အေရးယူ ေဆာင္ရြက္ထားျခင္းမ်ိဳးမရွိေသး ေၾကာင္း ၎က ဆက္လက္ေျပာ ၾကားသည္။

ထို႔အျပင္ ႏိုဝင္ဘာ ၁၈ ရက္ အထိ ကန္႔ကြက္လႊာတစ္ေစာင္မွ် မရွိေသးေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးဝင္းၾကည္က ေျပာသည္။
7Day Daily
......................
ရှုံးနိမ့်ခဲ့သည့်အတွက် ကန့်ကွက်လွှာများ တင်ခြင်းမဟုတ်ဟု ဦးဌေးဦးဆို

Byသတင်းအဖွဲ့On  Thu, 2015-11-19 06:30Locationနေပြည်တော်Issue No.No.922 Thursday, November 19, 2015
ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့်ကန့်ကွက်လွှာများကို ရှုံးသည့် အတွက်တင်ခြင်းမဟုတ်ဘဲနောင် လာမည့်ရွေးကောက်ပွဲအတွက် ပြုပြင်လိုသည့် သဘောဖြင့်သာ ကန့်ကွက်သွားမည်ဟု ပြည်ခိုင်ဖြိုး ပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

‘‘ကျွန်တော်တို့ အနိုင်အရှုံး အတွက် ကန့််ကွက်တယ်၊ အပြစ် ရှာပြီးတင်တယ်ဆိုတာ မဖြစ်စေရ ဘူး။ မကျေနပ်လို့ တင်တယ်ဆို တာလည်း မဖြစ်စေရဘူး။ လာ မယ့်ရွေးကောက်ပွဲမှာ ဒီလိုကိစ္စ မျိုးတွေကို ရှောင်ရှားနိုင်အောင်ဆို ပြီး ပြုပြင်လိုတဲ့ သဘောနဲ့သာ တင်မှာပါ’’ဟု နိုဝင်ဘာ ၁၈ ရက် က 7Day Daily ၏မေးမြန်းမှုအ ပေါ် ဦးဌေးဦးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကန့်ကွက်လွှာတင်သွင်းမှု ကို ပြည်ခိုင်ဖြိုးပါတီဗဟိုက တိုင် ကြားမည် မဟုတ်ဘဲ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကိုယ်စား လှယ်များက ဖြစ်စဉ်နှင့် တကွ တိုင်ကြားမည်ဟု ဦးဌေးဦးက ဆို သည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအနေဖြင့် ဖြစ်စဉ် အားလုံး တင်ပြလာပါက အကြံဉာဏ်များ ပေးသွားမည်ဟု ဆိုသည်။ သို့ သော် ကန့်ကွက်မည့် အရေအ တွက်ပမာဏကိုမူ ယခုချိန်ထိမသိ ရှိသေးဘဲ ယင်းမဲဆန္ဒနယ်အတွင်း မှ တိုင်ကြားခြင်းရှိ၊ မရှိ တိတိကျကျပြောကြားသွားခြင်းမရှိပေ။

 ‘‘အရေအတွက် ဘယ် လောက်ရှိမလဲဆိုတာတော့ တစ် နိုင်ငံလုံးဖြစ်နေတဲ့အတွက် သက် ဆိုင်ရာ သူ့နေရာနဲ့သူ သူတို့သိ တာတွေရှိရင် တင်ကြလိမ့်မယ်’’ ဟု ဦးဌေးဦးက ဆိုသည်။ တစ်နိုင်ငံလုံး ရွေးကောက်ပွဲအောင်နိုင် သည့်ကိုယ်စားလှယ်စာရင်းများ ကြေညာပြီး ၄၅ ရက်အတွင်း ငွေ ကျပ်ငါးသိန်းနှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားရမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လည်း ကန့်ကွက်လွှာ တင်သွင်း လာပါက အများပြည်သူ ရှေ့ မှောက်တွင် လွတ်လပ်မျှတစွာ စစ်ဆေးသွားမည်ဟု သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားထား သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အင်အားကြီးပါတီ နှစ်ခုဖြစ်သည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ ယှဉ်ပြိုင်ခဲ့ရာ ဒီချုပ်က အပြတ်အ သတ် အနိုင်ရရှိခဲ့သည်။ ထိုသို့ အနိုင်ရရှိမှုကြောင့် ပြိုင်ဘက်ပြည် ခိုင်ဖြိုးပါတီက ကန့်ကွက်လွွှာများ ရာနှင့်ချီ၍ တိုင်ကြားမည့် သတင်း များလည်း ထွက်ပေါ်လျက် ရှိ သည်။

နိုဝင်ဘာ ၁၈ ရက်အထိ ရန် ကုန်တိုင်းတွင်မူ ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သော လုပ်ရပ်များနှင့် ပတ်သက်၍ ဒီချုပ်နှင့်ပြည်ခိုင်ဖြိုး ပါတီနှစ်ခု၏ အပြန်အလှန် တိုင် ကြားမှု အနည်းအကျဉ်းသာ ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

‘‘နည်းပါတယ် တိုင်ကြတာ။  ထုံးစံအတိုင်း ပါတီကြီး နှစ်ခုပဲ ရွေးကောက်ပွဲရက်က မဲပေးတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ တိုင်ကြတာများတာပေါ့။ အခုထိ ကို သုံးလေးမှုပဲ ရှိပါသေးတယ်’’ ဟု ဦးကိုကိုက ပြောသည်။

အဆိုပါတိုင်ကြားမှုနှင့်ပတ် သက်၍ ကော်မရှင်က ညှိနှိုင်းဖြေ ရှင်းပေးမှုများပြုလုပ်ပေးလျက်ရှိ နေပြီး မည်သူ့ကိုမျှ အရေးယူ ဆောင်ရွက်ထားခြင်းမျိုးမရှိသေး ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ထို့အပြင် နိုဝင်ဘာ ၁၈ ရက် အထိ ကန့်ကွက်လွှာတစ်စောင်မျှ မရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။
7Day Daily

No comments:

Post a Comment