Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 17, 2015

မုဒိမ်ပြုကျင့်သူကို ဖမ်းဆီးပေးရန် မိခင်ဖြစ်သူက ပန်ကြား


 စစ်တွေ၊ နိုဝင်ဘာ ၁၅

 ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း မြောက်ပြင်ကျေးရွာတွင် သြဂုတ်လ ၁၆ ရက်နေ့က အသက် ၁၂ အရွယ် သမီးဖြစ်သူအားမုဒိမ်းပြုကျင့် သွားခဲ့သူကို သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူပေးပါရန် မိခင်ဖြစ်သူ က ပန်ကြားလိုက်သည်။

မိခင်ဖြစ်သူက နိရဉ္စရာသို့ ဆက်သွယ်ပြောကြားစဉ် ထိုသို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

“ သီတင်းကျွတ်လပြည့်နေ့ကလည်း မြောက်ပြင်ကျေးရွာကို ရောက်ရှိ လာပြီး သုံးလေးရက် နေထိုင် သွားပါတယ်။ နယ်မြေခံရဲက အမှုကို လျစ်လျူရှုပြီး ဖမ်းဆီးအရေးယူမှု မလုပ်ဘဲထားပါတယ်” ဟု မိခင် ဖြစ်သူက နိရဉ္စရာသို့ ပြောသည်။

မုဒိမ်းပြုကျင့်ခံရသူ မိန်းခလေးမှာ အသက် ၁၂ နှစ် ဖြစ်ပြီး ဆင်းရဲနွမ်းပါး၍ အသက်ကြီးမှ ကျောင်းထားရကာ ရွာကျောင်း ပထမတန်းတွင်သင်ကြားနေသည်ဟု သိရသည်။

“ကျွန်မ သမီးလက်ကို ဓါးချသွားတော့ ဆေးမှူး မောင်သန်းဝင်းဆီမှာ ကျွန်မနဲ့အတူ ၂ ရက်လောက် ဆေးသွားကုပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ကျွန်မ ငါးရှာသွားတော့ သူမတစ်ယောက်တည်း ဆေးသွားကုပါတယ်။ သမီးဒဏ်ရာဟာ အာရုံကြော ထိခိုက်မှု ရှိမရှိသိရအောင် အ၀တ်တွေ ချွတ်ခိုင်းတယ်လို့ သမီးက ပြောပြပါတယ်။ အဲ့ဒီနေ့က ဆေးမှူးရဲ့ ဇနီးလည်း စစ်တွေကို သွားနေခိုက် သူ့အိမ်ပေါ်မှာပဲ အဓမ္မပြုကျင့်ခဲ့ပါတယ်” ဟု မိခင်ဖြစ်သူက ဖြစ်ပျက်ပုံကို ပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပေါက်တောမြို့ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး၊ ဆရာဝန် ဆေးစစ်ဆေးမှုကို ခံယူခဲ့ရာ အဓမ္မပြုကျင့်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ ယင်းအမှုကို မြောက်ပြင်ကျေးရွာနှင့် ၁၅ မိနစ်ခန့်သာ ဝေးသော ကျောက်တောင်ရဲစခန်းမှ တာဝန်ယူထားကြောင်း မိခင် ဖြစ်သူက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ စခန်းမှူး ဒုရဲမှူး ဘစုက “အဓမ္မပြုကျင့်မှု ဖြစ်ပွားပြီး ပေါက်တောရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာမှန်ပါတယ်။ တရားခံကို ဖမ်းဆီးနိုင်ဖို့ အတွက် ကျောက်တောင် စခန်းမှူး ဒုရဲအုပ် စံသိန်းကို တာဝန်ပေးထားပါတယ်။ တရားခံရောက်လာတာကို သွားတိုင်ရင် ရဲက ဖမ်းကို ဖမ်းပေးရမှာပါ။ နယ်မြေခံ စခန်းမှူးကို စိတ်မချရင် ကျွန်တော်တို့ဆီ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်” ဟု ဒုရဲမှူးဘစုကပြောသည်။

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရသူသည် ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း မညှင်းကိုင်းကျေးရွာမှ မြောက်ပြင်ကျေးရွာတွင် အိမ်ထောင် ကျနေသူ တစ်ဦးဖြစ်ကြောင်း လေ့လာသိရှိရသည်။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews

...............................................................

မုဒိမ်ျပုက်င့်သူကို ဖမ်းဆီးပေးရန် မိခင်ျဖစ်သူက ပန်ကြား

 စစ်တြေ၊ နိုဝင္ဘာ ၁၅

 ရခိုင်ျပည္နယ် ပေါက်တောမြို့နယ် ပိန္နဲခော်င်းကျနြ်းျေမာက်ျပင်ကေ်းရြာတြင် သြဂုတ္လ ၁၆ ရက်နေ့က အသက် ၁၂ အရြယ် သမီျးဖစ်သူအားမုဒိမ်ျးပုက်င့် သြားခဲ့သူကို သက္ဆိုင်ရာမွ ဖမ်းဆီးအေရးယူပေးပါရန် မိခင်ျဖစ်သူ က ပန်ကြားလိုက်သည်။

မိခင်ျဖစ်သူက နိရဉ္စရာသို့ ဆက်ြသယ်ျေပာကြားစဉ် ထိုသို့ မေတ္တာရပ္ခံချဲ့ခင်ျးဖစ်သည်။

“ သီတင်းကျတ္လျြပည့်နေ့ကလည်းျေမာက်ျပင်ကေ်းရြာကို ရောက်ရွိ လျာပီး သုံးလေးရက် နေထိုင် သြားပါတယ်။ နယ်ျေမခံရဲက အမှုကို လ်စ္လ်ူရှုပြီး ဖမ်းဆီးအေရးယူမှု မလုပ္ဘဲထားပါတယ်” ဟု မိခင်ျဖစ်သူက နိရဉ္စရာသို့ျေပာသည်။

မုဒိမ်ျးပုက်င့်ခံရသူ မိန်းခေလးမွာ အသက် ၁၂ နွစ်ျဖစ်ျပီး ဆင်းရဲနမြ်းပါး၍ အသက်ကြီးမွ ကော်င်းထားရကာ ရြာကော်င်း ပထမတန်းတြင်သင်ကြားနေသည်ဟု သိရသည်။

“ကျန္မြ သမီးလက္ကို ဓါးခ်သြားတော့ ဆေးမွူး မောင်သန်းဝင်းဆီမွာ ကျန္မြနဲ့အတူ ၂ ရက်လောက် ဆေးသြားကုပါတယ်။ အခင်ျးဖစ္ပြားတဲ့နေ့က ကျန္မြ ငါးရွာသြားတော့ သူမတစ်ယောက္တည်း ဆေးသြားကုပါတယ်။ သမီးဒဏ်ရာဟာ အာရုံကြော ထိခိုက္မှု ရွိမရွိသိရေအာင် အ၀တ်တြေ ချတ္ခြိုင်းတယ္လို့ သမီးကျေပျာပပါတယ်။ အဲ့ဒီနေ့က ဆေးမွူးရဲ့ ဇနီးလည်း စစ်တြေကို သြားနေခိုက် သူ့အိမ်ပေါ်မွာပဲ အဓမ္မျပုက်င့်ခဲ့ပါတယ်” ဟု မိခင်ျဖစ်သူကျဖစ္ပ်က္ပုံကိုျေပျာပသည်။

အဆိုပါကိစ္စနွင့် ပတ်သက်၍ ပေါက်တောမြို့ရဲစခန်းတြင် အမှုဖြင့်ခဲ့ပြီး၊ ဆရာဝန် ဆေးစစ်ဆေးမှုကို ခံယူခဲ့ရာ အဓမ္မျပုက်င့်ခဲ့သည္မွာ မွန္ကန်ကြောင်း၊ ယင်းအမှုကိုျေမာက်ျပင်ကေ်းရြာနွင့် ၁၅ မိနစ္ခန့်သာ ဝေးသော ကော်က်တောင်ရဲစခန်းမွ တာဝန်ယူထားကြောင်း မိခင်ျဖစ်သူကျေပာကြားသည်။

အဆိုပါကိစ္စနွင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းသို့ နိရဉ္စရာမွ ဆက်ြသယ်မေျးမန်းရာ စခန်းမွူး ဒုရဲမွူး ဘစုက “အဓမ္မျပုက်င့်မျှုဖစ္ပြားပြီး ပေါက်တောရဲစခန်းမွာ တိုင္ခ်က္ဖြင့်ထားတာမွန္ပါတယ်။ တရားခံကို ဖမ်းဆီးနိုင္ဖို့ အတြက် ကော်က်တောင် စခန်းမွူး ဒုရဲအုပ် စံသိန်းကို တာဝန်ပေးထားပါတယ်။ တရားခံရောက္လာတာကို သြားတိုင်ရင် ရဲက ဖမ်းကို ဖမ်းပေးရမွာပါ။ နယ်ျေမခံ စခန်းမွူးကို စိတ္မခ်ရင် ကျန်ြတ္တောို့ဆီ တိုက်ရိုက္ဆက်ြသယ် အေကြာင်းကြားနိုင္ပါတယ်” ဟု ဒုရဲမွူးဘစုကျေပာသည်။

အဓမ္မျပုက်င့်သည်ဟု စြပ္စြဲခံထားရသူသည် ပေါက်တောမြို့နယ် အဂင်္ရားခိုင္ကျနြ်း မညွင်းကိုင်းကေ်းရြာမွျေမာက်ျပင်ကေ်းရြာတြင် အိမ်ထောင် က်နေသူ တစ်ဦျးဖစ်ကြောင်း လေ့လာသိရွိရသည်။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment