Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 29, 2015

မြန်မာဇနီးမောင်နှံထံမှ လုယက်မှုကျူးလွန်သူ ထိုင်း ၃ ဦးကို အမှုဖြစ်စဉ် ပြန်သရုပ်ပြခိုင်း

 By ဒီဗွီဘီ
    29 November 2015
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအမျိုးသားကို ရိုက်နှက်လုယက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးအား ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ဦးကို ထိုင်း အာဏာပိုင်တွေက အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်း ပြန်လည် သရုပ်ပြခိုင်းခဲ့ပါတယ်။

မြန်မာနိုင်ငံသား မအိအိမိုးနဲ့ကိုသိန်းစိုးတို့ လင်မယားဟာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းက မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် ရိုက်နှက်လုယက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာပါ။

ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက် ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ချခဲ့ပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်းတွေက ရိုက်နှက်လုယက်ခဲ့သူ  ၃ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မအိအိမိုးကို တက္ကစီသမားတွေက ပထုံဌာနီခရိုင်းအတွင်းက တိုက်ခန်းတခုထဲ ခေါ်သွားပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်တွေရဲ့ အကူညီကြောင့် ပြန်လည်ပြန်လွတ်မြောက်လာခဲ့တာပါ။

နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ အသက် ၃၇ နှစ်အရွယ် နိုင်ချာလီ နိုခေါင် နဲ့ အသက် ၃၀ အရွယ် နိုင်ဆလာဝပ်တို့ဟာ ဖက်ချဘွန်း (phetchabun) ခရိုင်မှာ ဖမ်းမိခဲ့ပြီး အသက် ၃၇ နှစ်အရွယ် နိုင်အာနွန်းကတော့ ပထုံဌာနီရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ညနေ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ ပထုံဌာနီခရိုင်မှာ သွားရောက်ပြီး ပြစ်မှုကျူးလွန်သူတွေကို သရုပ်ပြခိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ကားသမားတွေကိုလည်း မုဒိန်းမှု၊ သေနတ်နဲ့ ခြိမ်းခြောက် ဓားပြတိုက်မှု စတဲ့အမှုတွေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထိုင်းရဲ အရာရှိတွေက ထိုင်းဒေးလီးနယူး သတင်းဌာနကို ပြောပါတယ်။

ဓာတ်ပုံ – ထိုင်းဒေးလီးနယူး



...........................
ျမန္မာဇနီးမောင်နွံထံမွ လုယက္မှုက်ူးလြန်သူ ထိုင်း ၃ ဦးကို အမျှုဖစ္စဉ်ျပန်သရုပ်ျပခိုင်း

    By ဒီဗီဘြီ
    29 November 2015
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မျွာမန္မာအမိုးသားကို ရိုက်နွက္လုယက်ပြီး ကိုယ်ဝန်ဆောင် အမိုးသမီးအား ဖမ်းဆီးခေါ်ဆောင်ြသားသူ ၃ ဦးကို ထိုင်း အာဏာပိုင်တြေက အမျှုဖစ္စဥ္နဲ့ပတ်သက်ပြီး ဒီကေန့ ညေနပိုင်ျးပန္လည် သရုပ်ျပခိုင်းခဲ့ပါတယ်။

ျမန္မာနိုင်ငံသား မအိအိမိုးနဲ့ကိုသိန်းစိုးတို့ လင္မယားဟာ နိုဝင္ဘာ ၂၈ ရက်နေ့ မနက်ေအစာပိုင်းက မဲဆောက္ကေန ဘန်ကောက္ကို တက်ရောက္လာပြီးနောက် တက္ကစီငွားစီးခဲ့စဉ် ရိုက်နွက္လုယက် ဖမ်းဆီးခေါ်ဆောင္ခံခဲ့ရတာပါ။

ကားသမားဟာ ပထုံဌာနီခရိုင်အတြင်းက လမ်းခုလပ္တေနအေရာက္မွာ အမိုးသား ၂ ဦးကို ထပ္တင်ပြီးနောက် ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နွက် ပစ္စည်းတြေယူကာ အမှိုက္ပုံမွာ ပစ္ခ်ခဲ့ပြီး အမိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ြသားတျာဖစ္ပါတယ်။

နိုဝင္ဘာ ၂၉ ရက်နေ့မနက္ပိုင်းမွာတော့ ထိုင်းအာဏာပိုင်းတြေက ရိုက်နွက္လုယက္ခဲ့သူ  ၃ ဦးကို ဖမ်းဝရမ်းထုတ္ခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်ြသားခံရတဲ့ မအိအိမိုးကို တက္ကစီသမားတြေက ပထုံဌာနီခရိုင်းအတြင်းက တိုက္ခန်းတခုထဲ ခေါ်သြားပြီး အဓမ္မျပုက်င့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းက်င်တြေရဲ့ အကူညီကြောင့်ျပန္လည်ျပန္လြတ်ျေမာက္လာခဲ့တာပါ။

နိုဝင္ဘာ ၂၉ ရက်နေ့မွာတေျာ့ပစ္မှုက်ူးလြန္ခဲ့ကြတဲ့ အသက် ၃၇ နွစ်အရြယ် နိုင္ခ်ာလီ နိုခေါင် နဲ့ အသက် ၃၀ အရြယ် နိုင္ဆလာဝပ္တို့ဟာ ဖက္ခ်ဘြန်း (phetchabun) ခရိုင္မွာ ဖမ်းမိခဲ့ပြီး အသက် ၃၇ နွစ်အရြယ် နိုင်အာနနြ်းကေတာ့ ပထုံဌာနီရဲစခန်းမွာ လာရောက် အဖမ်းခံခဲ့ပါတယ်။

ဒျီဖစ္စဥ္နဲ့ပတ်သက္လို့ ထိုင်းအာဏာပိုင်တြေက ဒီနေ့ ညေန သတင်းစာရွင်းလင်းပြဲလုပ်ပြီး အခင်ျးဖစ္ပြားခဲ့တဲ့ ပထုံဌာနီခရိုင္မွာ သြားရောက်ပြီျးပစ္မှုက်ူးလြန်သူတြေကို သရုပ်ျပခိုင်းခဲ့ကြတျာဖစ္ပါတယ်။

ကားသမားတြေကိုလည်း မုဒိန်းမှု၊ သေနတ္နဲ့ ခြိမ်ျးေခာက် ဓာျးပတိုက္မှု စတဲ့အမှုတြေနဲ့ အေရးယူဆောင်ြရက်ြသားမျွာဖစ်ကြောင်း ထိုင်းရဲ အရာရွိတြေက ထိုင်းဒေးလီးနယူး သတင်းဌာနကိုျေပာပါတယ်။

ဓာတ္ပုံ – ထိုင်းဒေးလီးနယူး

No comments:

Post a Comment