Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 30, 2015

ထိုင္းစစ္အစုိးရက အတုိက္အခံေခါင္းေဆာင္ေတြကို ထိန္းသိမ္း

စစ္အစိုးရပါ၀င္ပတ္သက္ေနတဲ့ အက်င့္ပ်က္ျခစားမွဳရဲ႕ အခ်က္အျခာျဖစ္ေနတဲ့ ဘုရင္မင္းျမတ္အထိမ္းအမွတ္ အမ်ားျပည္သူပုိင္ ပန္းၿခံတစ္ခုကို သြားဖို႔ စီစဥ္ထားတဲ့ အတုိက္အခံအဖြဲ႕ေခါင္းေဆာင္ႏွစ္ေယာက္ကို တနလာၤေန႔က ထိန္းသိမ္းခဲ့ပါတယ္။
ဟြာဟင္ၿမိဳ႕က စစ္တပ္ပိုင္ေျမတစ္ခုေပၚမွာ တည္ေဆာက္ေနတဲ့ ရာခ်ာဘတ္ကီပန္းၿခံတည္ေဆာက္မွဳမွာ ေငြသံုးစြဲတာနဲ႔ ပတ္သက္ၿပီး စြပ္စြဲမွဳေတြ ထြက္ေပၚလာတာေၾကာင့္ မႏွစ္က အာဏာသိမ္းခဲ့တဲ့စစ္တပ္ကလုပ္ေနတဲ့ ျခစားမွဳတုိက္ဖ်က္ေရးလုပ္ငန္းေတြကုိ ထိခုိက္ေစမယ့္ အလားအလာျဖစ္လာပါတယ္။
ရွပ္နီအုပ္စုလို႔လည္း ေခၚၾကတဲ့ UDD ပါတီေခါင္းေဆာင္ေတြျဖစ္တဲ့ နက္တာ၀တ္ ဆုိင္ကူအာ နဲ႔ ဂ်ာတူပြန္ ပရြန္ပန္တုိ႔ဟာ ပန္းၿခံကို ခရီးမထြက္ရေသးခင္ စစ္တပ္ရဲ႔ေခၚေဆာင္မွဳကို ခံခဲ့ရပါတယ္။
“သူတို႔က ပန္းၿခံဘယ္လုိလည္ပတ္ေနတယ္၊ စစ္တပ္က ရန္ပံုေငြေတြကို တလြဲအသံုးခ်ေနတာ ဘယ္လုိဆုိတာကို သိခ်င္လုိ႔သြားၾကတာပါ။ ဒါေပမယ့္ ေခတ္အဆက္ဆက္ဘုရင္ေတြကို လည္း သူတို႔ ဂါရ၀သြားျပဳတာပါ” လို႔ UDD ေျပာခြင့္ရပုဂၢိဳလ္ သာနာ၀တ္ ၀ီခ်ိဳင္ဒစ္က ဆုိပါတယ္။
နက္တာ၀တ္နဲ႔ ဂ်ာတူပြန္တုိ႔ဟာ ဘန္ေကာက္အေနာက္ဘက္ ၁၁၁ ကီလုိမီတာအကြာမွာရွိတဲ့ ကန္ခ်နာဘူရိက စစ္စခန္းတစ္ခုကို ေခၚေဆာင္သြားခံရပါတယ္။
သူ႔အိမ္ကို စစ္ကားေလးစီးနဲ႔ အရပ္၀တ္စစ္အရာရွိေတြ တနဂၤေႏြေန႔က ၀င္လာေၾကာင္း နက္တာ၀တ္က သူ႔ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

“အမွန္ကုိျမင္တာဟာ အႏၱရာယ္မ်ားတယ္လုိ႔ သိထားၾကပါစို႔” လို႔ သူက ေဖ့စ္ဘုတ္မွာ ေရးပါတယ္။
ဒါေပမယ့္ စစ္အစုိးရကေတာ့ ယခင္ထုိင္းဘုရင္ေတြရဲ႕ ဧရာမရုပ္တုႀကီးေတြ ထည့္သြင္းတည္ေဆာက္ထားမယ့္ ပန္းၿခံကို အတုိက္အခံက ႏိုင္ငံေရးကစားကြက္ထဲထည့္မွာ ခြင့္မျပဳႏိုင္ေၾကာင္း ေျပာပါတယ္။
“သူတုိ႔က ႏိုင္ငံေရးအစဆြဲထုတ္ခ်င္လုိ႔ အဲဒီကိုသြားမယ္ဆုိရင္ စစ္တပ္က ဒီကစားပြဲကို ကစားမွာမဟုတ္ပါဘူး” လို႔ ကာကြယ္ေရး၀န္ႀကီး ဗိုလ္ခ်ဳပ္ႀကီးပရာ၀တ္ ေ၀ါင္ဆူ၀မ္က သတင္းေထာက္ေတြကို တနလာၤေန႔က ေျပာပါတယ္။
ဘာသာျပန္ - စုျပည့္စံု
Ref: Reuters, Nov 30th

Kumudra
.............
ထိုင်းစစ်အစိုးရက အတိုက်အခံခေါင်းဆောင်တွေကို ထိန်းသိမ်း

စစ်အစိုးရပါ၀င်ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှုရဲ့ အချက်အခြာဖြစ်နေတဲ့ ဘုရင်မင်းမြတ်အထိမ်းအမှတ် အများပြည်သူပိုင် ပန်းခြံတစ်ခုကို သွားဖို့ စီစဉ်ထားတဲ့ အတိုက်အခံအဖွဲ့ခေါင်းဆောင်နှစ်ယောက်ကို တနလာင်္နေ့က ထိန်းသိမ်းခဲ့ပါတယ်။
ဟွာဟင်မြို့က စစ်တပ်ပိုင်မြေတစ်ခုပေါ်မှာ တည်ဆောက်နေတဲ့ ရာချာဘတ်ကီပန်းခြံတည်ဆောက်မှုမှာ ငွေသုံးစွဲတာနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေ ထွက်ပေါ်လာတာကြောင့် မနှစ်က အာဏာသိမ်းခဲ့တဲ့စစ်တပ်ကလုပ်နေတဲ့ ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိခိုက်စေမယ့် အလားအလာဖြစ်လာပါတယ်။
ရှပ်နီအုပ်စုလို့လည်း ခေါ်ကြတဲ့ UDD ပါတီခေါင်းဆောင်တွေဖြစ်တဲ့ နက်တာဝတ် ဆိုင်ကူအာ နဲ့ ဂျာတူပွန် ပရွန်ပန်တို့ဟာ ပန်းခြံကို ခရီးမထွက်ရသေးခင် စစ်တပ်ရဲ့ခေါ်ဆောင်မှုကို ခံခဲ့ရပါတယ်။
“သူတို့က ပန်းခြံဘယ်လိုလည်ပတ်နေတယ်၊ စစ်တပ်က ရန်ပုံငွေတွေကို တလွဲအသုံးချနေတာ ဘယ်လိုဆိုတာကို သိချင်လို့သွားကြတာပါ။ ဒါပေမယ့် ခေတ်အဆက်ဆက်ဘုရင်တွေကို လည်း သူတို့ ဂါရဝသွားပြုတာပါ” လို့ UDD ပြောခွင့်ရပုဂ္ဂိုလ် သာနာဝတ် ၀ီချိုင်ဒစ်က ဆိုပါတယ်။
နက်တာဝတ်နဲ့ ဂျာတူပွန်တို့ဟာ ဘန်ကောက်အနောက်ဘက် ၁၁၁ ကီလိုမီတာအကွာမှာရှိတဲ့ ကန်ချနာဘူရိက စစ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခံရပါတယ်။
သူ့အိမ်ကို စစ်ကားလေးစီးနဲ့ အရပ်ဝတ်စစ်အရာရှိတွေ တနင်္ဂနွေနေ့က ၀င်လာကြောင်း နက်တာဝတ်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

“အမှန်ကိုမြင်တာဟာ အန္တရာယ်များတယ်လို့ သိထားကြပါစို့” လို့ သူက ဖေ့စ်ဘုတ်မှာ ရေးပါတယ်။
ဒါပေမယ့် စစ်အစိုးရကတော့ ယခင်ထိုင်းဘုရင်တွေရဲ့ ဧရာမရုပ်တုကြီးတွေ ထည့်သွင်းတည်ဆောက်ထားမယ့် ပန်းခြံကို အတိုက်အခံက နိုင်ငံရေးကစားကွက်ထဲထည့်မှာ ခွင့်မပြုနိုင်ကြောင်း ပြောပါတယ်။
“သူတို့က နိုင်ငံရေးအစဆွဲထုတ်ချင်လို့ အဲဒီကိုသွားမယ်ဆိုရင် စစ်တပ်က ဒီကစားပွဲကို ကစားမှာမဟုတ်ပါဘူး” လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝတ် ဝေါင်ဆူဝမ်က သတင်းထောက်တွေကို တနလာင်္နေ့က ပြောပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: Reuters, Nov 30th

Kumudra



No comments:

Post a Comment