Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 30, 2015

ခ်မ္းသာမႈနဲ႔ ဆင္းရဲမႈကို ကြာျခားေစတဲ့ အမူအက်င့္ ၂၁ ခ်က္

Tom Corley ေရးသားထားတဲ့ Rich Habits – The Daily Success Habits of Wealthy Individuals စာအုပ္ထဲမွာ ေဖာ္ျပထားတဲ့ ေအာင္ျမင္မႈ အေလ့အက်င့္ ၂၁ ခ်က္ကို ေရးသားေဖာ္ျပလိုက္ပါတယ္။

၁။ ေန႔စဥ္ေကာင္းတဲ့အက်င့္ေမြးျမဴပါ။ ဥပမာ နံနက္စာ အျပည့္အ၀စားျခင္း၊ တီဗီၾကည့္ခ်ိန္ ကန္႔သတ္ထားျခင္း။

၂။ ရည္မွန္းခ်က္မ်ား ပံုမွန္ခ်မွတ္ပါ။ ေအာင္ျမင္တဲ့သူေတြဟာ ေန႔စဥ္ လုပ္ရန္စာရင္း (to do list) အျပင္၊ လစဥ္၊ ႏွစ္စဥ္ ရည္မွန္းခ်က္ေတြ ရွိၾကပါတယ္။

၃။ ေန႔စဥ္ တိုးတက္ဖို႔ ႀကိဳးစားၾကပါ။ ေအာင္ျမင္သူေတြဟာ အက်ိဳးမရွိဘဲ အခ်ိန္ကုန္ခံေလ့မရွိၾကပါဘူး။

၄။ ကိုယ့္က်န္းမာေရးကိုယ္ကို ဂရုစိုက္ၾကပါ။ သူတို႔ဟာ ေကာင္းေကာင္းစားသလို ေလ့က်င့္ခန္းေတြလည္း ပံုမွန္လုပ္ျခင္းျဖင့္ က်န္းမာေအာင္ ေနၾကပါတယ္။

၅။ လူမႈေရးအတြက္လည္း အခ်ိန္သီးသန္႔ဖယ္ထားပါ။ ေအာင္ျမင္တဲ့သူေတြဟာ သူတပါးကို ကူညီေပးတဲ့သူေတြျဖစ္ပါတယ္။

၆။ အလည္အလတ္လမ္းစဥ္ကို က်င့္သံုးၾကပါ။ သူတို႔ဟာ အလုပ္၊ အစား၊ ေလ့က်င့္ခန္း၊ ယမကာ စတာေတြမွာ ညီညြတ္မွ်တစြာ လုပ္ေလ့ရွိပါတယ္။ အစြန္းမေရာက္ၾကပါဘူး။

၇။ အလုပ္ကို အခ်ိန္ဆြဲေလ့မရွိဘဲ အခုခ်က္ခ်င္းလုပ္ပါ။ ေအာင္ျမင္သူေတြဟာ အလုပ္ကိုေရြ႕လိုက္လို႔ တဒဂၤရလာတဲ့ သက္သာမႈကို ရယူလိုက္ရင္ ေနာင္မွာ ပိုၿပီး ေပးဆပ္ရမယ္ဆိုတာ နားလည္ၾကပါတယ္။

၈။ အျပဳသေဘာေဆာင္ပါ။ ေအာင္ျမင္သူေတြဟာ တျခားသူရဲ႕ ေကာင္းမြန္တဲ့ အခ်က္အလက္ေတြကို ျမင္ေလ့ရွိသလိုပဲ့ သူ႔ကိုယ္သူလည္း အျပဳသေဘာဘက္ကေန ျမင္ေလ့ရွိပါတယ္။

၉။ ေငြေၾကးကို ပံုမွန္စုေဆာင္းပါ။ ေအာင္ျမင္တဲ့သူေတြဟာ သူတို႔၀င္ေငြရဲ႕ ၁၀ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ စုေဆာင္းၾကပါတယ္။

၁၀။ ကိုယ့္ကိုယ္ကို ကန္႔သတ္တဲ့ အေတြးေတြ မေတြးပါႏွင့္။ ေအာင္ျမင္သူေတြဟာ သူတို႔ရဲ႕ စြမ္းေဆာင္ႏိုင္မႈအေပၚကိုလည္း ကန္႔သတ္မထားၾကပါဘူး။ သူတို႔ေလ့လာရင္ တတ္မယ္။ သူတို႔လုပ္ရင္ ေအာင္ျမင္မယ္လို႔ ယံုၾကည္ၾကသူေတြ ျဖစ္ၾကပါတယ္။

၁၁။ ညီညြတ္မွ်တစြာ အသက္ရွင္ေနထိုင္ၾကပါ။ တခ်ိဳ႕သူေတြဟာ ကိုယ္ရွာတာထက္ ပိုသံုးၾကလို႔ မစုမေဆာင္းႏိုင္၊ အေၾကြးသံသရာလည္ေနတတ္ၾကပါတယ္။

၁၂။ ေန႔စဥ္စာဖတ္ပါ။ ေအာင္ျမင္တဲ့သူေတြဟာ အနည္းဆံုး တစ္ရက္ကို နာရီ၀က္ေလာက္ စာဖတ္ေလ့ရွိၾကပါတယ္။

၁၃။ တီဗီၾကည့္တာကို ကန္႔သတ္ပါ။ တီဗီၾကည့္တာထက္ပိုၿပီး အက်ိဳးရွိေစမယ္ အလုပ္ေတြကို အခ်ိန္ေပးလိုက္ရင္ သင့္အတြက္ ပိုေကာင္းပါတယ္။

၁၄။ နဲနဲေလး ပိုလုပ္လိုက္ပါ။ ေအာင္ျမင္တဲ့သူေတြဟာ အလုပ္တစ္ခုကိုလုပ္ရင္ ၀တ္ေက်တန္းေက်မဟုတ္ဘဲ နဲနဲေလးေတာ့ ပိုလုပ္ေလ့ရွိၾကပါတယ္။

၁၅။ နည္းနည္းေျပာၿပီး မ်ားမ်ား နားေထာင္ပါ။ နားေထာင္ရင္ ပညာရပါတယ္။ ဒါ့အျပင္ သူမ်ားရဲ႕ လိုအပ္ခ်က္ေတြလည္း ပိုသိျမင္လာပါတယ္။

၁၆။ အခက္အခဲေတြ ၾကံဳလာတိုင္း အားမေလ်ာ့ပါနဲ႔။ ေအာင္ျမင္တဲ့သူေတြဟာ ဇြဲနဲ႔ႀကိဳးစားၾကလို႔ သူတို႔လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ၾကပါတယ္။

၁၇။ ကိုယ္နဲ႔ စိတ္သေဘာတူတဲ့ အေပါင္းအသင္းမ်ားနဲ႔ အတူအခ်ိန္ယူပါ။ ေကာင္းမြန္တဲ့ မိတ္ေဆြမ်ားဟာ သင့္ရည္မွန္းခ်က္ကို ျပည့္ေစဖို႔ ကူညီၾကမွာပါ။

၁၈။ စံနမူနာယူစရာသူတစ္ဦးကို ရွာပါ။ သူတို႔ဟာ အေတြ႕အၾကံဳထဲကေနၿပီး သင္ယူစရာေတြကို မွ်ေ၀ေပးႏိုင္ပါတယ္။

၁၉။ ဘာေၾကာင့္ လုပ္ေနတယ္ဆိုတာ သိပါ။ ဘာေၾကာင့္ေအာင္ျမင္ခ်င္တာလဲ၊ ဘာေၾကာင့္ခ်မ္းသာခ်င္တာလဲ စတာေတြရဲ႕ အေျဖကို သင့္ကိုယ္သင္ေျဖၾကည့္ပါ။

၂၀။ မေၾကာက္မရြံနဲ႔ ေရွ႕တစ္လွမ္း တိုးပါ။ ေအာင္ျမင္တဲ့သူေတြဟာ ေၾကာက္ရြံ႕မႈက သူတို႔ကို ကန္႔သက္ျခင္းကို လက္မခံၾကပါဘူး။ ကိုယ္အထင္ႀကီးေလးစားတဲ့သူတစ္ေယာက္ကို ေမးၾကည့္ပါ။ သူတို႔ ဘယ္လို ေၾကာက္ရြံမႈေတြကို ေက်ာ္ျဖတ္ခဲ့သလဲဆိုတာ။

၂၁။ ကိုယ့္ေနရာမွာ ကၽြမ္းက်င္သထက္ကၽြမ္းက်င္လာေအာင္ ေလ့လာပါ။ ေရွ႕ကို ပိုၿပီးေရာက္ခ်င္ရင္ေတာ့ နည္းလမ္းတစ္ခုပဲရွိပါတယ္။ ဒီကေန႔မွာရွိတဲ့ ကၽြမ္းက်င္မႈထက္ ေနာက္တစ္ေန႔မွာ ပိုတိုးတက္ေနဖို႔ လိုပါတယ္။

Credit: myanmaentrepreneurs
.................
ချမ်းသာမှုနဲ့ ဆင်းရဲမှုကို ကွာခြားစေတဲ့ အမူအကျင့် ၂၁ ချက်


Tom Corley ရေးသားထားတဲ့ Rich Habits – The Daily Success Habits of Wealthy Individuals စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အောင်မြင်မှု အလေ့အကျင့် ၂၁ ချက်ကို ရေးသားဖော်ပြလိုက်ပါတယ်။

၁။ နေ့စဉ်ကောင်းတဲ့အကျင့်မွေးမြူပါ။ ဥပမာ နံနက်စာ အပြည့်အဝစားခြင်း၊ တီဗီကြည့်ချိန် ကန့်သတ်ထားခြင်း။

၂။ ရည်မှန်းချက်များ ပုံမှန်ချမှတ်ပါ။ အောင်မြင်တဲ့သူတွေဟာ နေ့စဉ် လုပ်ရန်စာရင်း (to do list) အပြင်၊ လစဉ်၊ နှစ်စဉ် ရည်မှန်းချက်တွေ ရှိကြပါတယ်။

၃။ နေ့စဉ် တိုးတက်ဖို့ ကြိုးစားကြပါ။ အောင်မြင်သူတွေဟာ အကျိုးမရှိဘဲ အချိန်ကုန်ခံလေ့မရှိကြပါဘူး။

၄။ ကိုယ့်ကျန်းမာရေးကိုယ်ကို ဂရုစိုက်ကြပါ။ သူတို့ဟာ ကောင်းကောင်းစားသလို လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်ခြင်းဖြင့် ကျန်းမာအောင် နေကြပါတယ်။

၅။ လူမှုရေးအတွက်လည်း အချိန်သီးသန့်ဖယ်ထားပါ။ အောင်မြင်တဲ့သူတွေဟာ သူတပါးကို ကူညီပေးတဲ့သူတွေဖြစ်ပါတယ်။

၆။ အလည်အလတ်လမ်းစဉ်ကို ကျင့်သုံးကြပါ။ သူတို့ဟာ အလုပ်၊ အစား၊ လေ့ကျင့်ခန်း၊ ယမကာ စတာတွေမှာ ညီညွတ်မျှတစွာ လုပ်လေ့ရှိပါတယ်။ အစွန်းမရောက်ကြပါဘူး။

၇။ အလုပ်ကို အချိန်ဆွဲလေ့မရှိဘဲ အခုချက်ချင်းလုပ်ပါ။ အောင်မြင်သူတွေဟာ အလုပ်ကိုရွေ့လိုက်လို့ တဒင်္ဂရလာတဲ့ သက်သာမှုကို ရယူလိုက်ရင် နောင်မှာ ပိုပြီး ပေးဆပ်ရမယ်ဆိုတာ နားလည်ကြပါတယ်။

၈။ အပြုသဘောဆောင်ပါ။ အောင်မြင်သူတွေဟာ တခြားသူရဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေကို မြင်လေ့ရှိသလိုပဲ့ သူ့ကိုယ်သူလည်း အပြုသဘောဘက်ကနေ မြင်လေ့ရှိပါတယ်။

၉။ ငွေကြေးကို ပုံမှန်စုဆောင်းပါ။ အောင်မြင်တဲ့သူတွေဟာ သူတို့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ စုဆောင်းကြပါတယ်။

၁၀။ ကိုယ့်ကိုယ်ကို ကန့်သတ်တဲ့ အတွေးတွေ မတွေးပါနှင့်။ အောင်မြင်သူတွေဟာ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်ကိုလည်း ကန့်သတ်မထားကြပါဘူး။ သူတို့လေ့လာရင် တတ်မယ်။ သူတို့လုပ်ရင် အောင်မြင်မယ်လို့ ယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။

၁၁။ ညီညွတ်မျှတစွာ အသက်ရှင်နေထိုင်ကြပါ။ တချို့သူတွေဟာ ကိုယ်ရှာတာထက် ပိုသုံးကြလို့ မစုမဆောင်းနိုင်၊ အကြွေးသံသရာလည်နေတတ်ကြပါတယ်။

၁၂။ နေ့စဉ်စာဖတ်ပါ။ အောင်မြင်တဲ့သူတွေဟာ အနည်းဆုံး တစ်ရက်ကို နာရီဝက်လောက် စာဖတ်လေ့ရှိကြပါတယ်။

၁၃။ တီဗီကြည့်တာကို ကန့်သတ်ပါ။ တီဗီကြည့်တာထက်ပိုပြီး အကျိုးရှိစေမယ် အလုပ်တွေကို အချိန်ပေးလိုက်ရင် သင့်အတွက် ပိုကောင်းပါတယ်။

၁၄။ နဲနဲလေး ပိုလုပ်လိုက်ပါ။ အောင်မြင်တဲ့သူတွေဟာ အလုပ်တစ်ခုကိုလုပ်ရင် ၀တ်ကျေတန်းကျေမဟုတ်ဘဲ နဲနဲလေးတော့ ပိုလုပ်လေ့ရှိကြပါတယ်။

၁၅။ နည်းနည်းပြောပြီး များများ နားထောင်ပါ။ နားထောင်ရင် ပညာရပါတယ်။ ဒါ့အပြင် သူများရဲ့ လိုအပ်ချက်တွေလည်း ပိုသိမြင်လာပါတယ်။

၁၆။ အခက်အခဲတွေ ကြုံလာတိုင်း အားမလျော့ပါနဲ့။ အောင်မြင်တဲ့သူတွေဟာ ဇွဲနဲ့ကြိုးစားကြလို့ သူတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ကြပါတယ်။

၁၇။ ကိုယ်နဲ့ စိတ်သဘောတူတဲ့ အပေါင်းအသင်းများနဲ့ အတူအချိန်ယူပါ။ ကောင်းမွန်တဲ့ မိတ်ဆွေများဟာ သင့်ရည်မှန်းချက်ကို ပြည့်စေဖို့ ကူညီကြမှာပါ။

၁၈။ စံနမူနာယူစရာသူတစ်ဦးကို ရှာပါ။ သူတို့ဟာ အတွေ့အကြံုထဲကနေပြီး သင်ယူစရာတွေကို မျှဝေပေးနိုင်ပါတယ်။

၁၉။ ဘာကြောင့် လုပ်နေတယ်ဆိုတာ သိပါ။ ဘာကြောင့်အောင်မြင်ချင်တာလဲ၊ ဘာကြောင့်ချမ်းသာချင်တာလဲ စတာတွေရဲ့ အဖြေကို သင့်ကိုယ်သင်ဖြေကြည့်ပါ။

၂၀။ မကြောက်မရွံနဲ့ ရှေ့တစ်လှမ်း တိုးပါ။ အောင်မြင်တဲ့သူတွေဟာ ကြောက်ရွံ့မှုက သူတို့ကို ကန့်သက်ခြင်းကို လက်မခံကြပါဘူး။ ကိုယ်အထင်ကြီးလေးစားတဲ့သူတစ်ယောက်ကို မေးကြည့်ပါ။ သူတို့ ဘယ်လို ကြောက်ရွံမှုတွေကို ကျော်ဖြတ်ခဲ့သလဲဆိုတာ။

၂၁။ ကိုယ့်နေရာမှာ ကျွမ်းကျင်သထက်ကျွမ်းကျင်လာအောင် လေ့လာပါ။ ရှေ့ကို ပိုပြီးရောက်ချင်ရင်တော့ နည်းလမ်းတစ်ခုပဲရှိပါတယ်။ ဒီကနေ့မှာရှိတဲ့ ကျွမ်းကျင်မှုထက် နောက်တစ်နေ့မှာ ပိုတိုးတက်နေဖို့ လိုပါတယ်။

Credit: myanmaentrepreneurs

No comments:

Post a Comment