Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 23, 2015

အစိုးရသစ် ဖွဲ့စည်းပြီးပါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်မည်ဟု ဆို


 ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နှစ်တွင် အာဏာရပြီးပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်သွားမည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောကြားသည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ အစပြုထားသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟု ဦးဝင်းထိန်က ဆိုသည်။

ယင်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် မှာပါ။ အခြားသူတွေအကြောင်း မတွေးပါနဲ့” ဟု ပြောကြားခဲ့သည်။

NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ပွဲကာလ အတွင်း လူနည်းစု တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များကို သွားရောက် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က NLD ရွေးကောက်ပွဲ အနိုင်ရပါက ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဟု မဲဆွယ်ပွဲများတွင် ပြောကြား ခဲ့သည်။

ကယားပြည်နယ်၌ ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မတို့ နိုင်ငံမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိနေပြီး တစ်ခုခုကို ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ဦးစားပေးနေရာမှာ ရှိနေမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

...................................................

အစိုးရသစ် ဖြဲ့စည်းပြီးပါက ဒေါ်အောင္ဆန်းစုကြည္ကိုယ္တိုင် ငြိမ်းခ်မ်းရေးလုပ်ငန်းမ်ားကို ဦးဆောင္မည်ဟု ဆို


 ဒေါ်အောင္ဆန်းစုကြည်သည် လာမည့်နွစ္တြင် အာဏာရပြီးပါက ငြိမ်းခ်မ်းရေးလုပ်ငန်းစဥ္မ်ားကို ဦးဆောင်ြသားမည်ဟု ပါတျီေပာခြင့်ရပုဂ္ဂိုလ် ဦးဝင်းထိန္ကျေပာကြားသည်။

လက်ရွိ သမ္မတ ဦးသိန်းစိန်အစိုးရ အဈပုထားသည့် ငြိမ်းခ်မ်းရေး လုပ်ငန်း စဥ္မ်ားကို တိုင်းရင်းသား လက္နက္ကိုင္တပ္ဖြဲ့မ်ားက ဒေါ်အောင္ဆန်းစုကြည်နွင့် အတူ ဆက္လက် လုပ်ဆောင်ြသားရန် ဆန္ဒရွိသည်ဟု ဦးဝင်းထိန္က ဆိုသည်။

ယင်းက “ငြိမ်းခ်မ်းရေး လုပ်ငန်းစဥ္ကို ဒေါ်အောင္ဆန်းစုကြည္က ဦးဆောင် မွာပါ။ အျခားသူတြေအေကြာင်း မေတြးပါနဲ့” ဟုျေပာကြားခဲ့သည်။

NLD ပါတီ ခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည်သည် မဲဆြယ္ပြဲကာလ အတြင်း လူနည်းစု တိုင်းရင်းသားမ်ား နေထိုင်ရျာပည္နယ္မ်ားကို သြားရောက် ခဲ့သည်။ ဒေါ်အောင္ဆန်းစုကြည္က NLD ရြေးကောက္ပြဲ အနိုင်ရပါက ငြိမ်းခ်မ်းရေးနွင့် အမိုးသာျးပန္လည်ရင်ကြားစေ့ရေးကို ဦးစားပေးအျဖစ် ဆောင်ြရက်ြသားမည်ဟု မဲဆြယ္ပြဲမ်ားတြင်ျေပာကြား ခဲ့သည်။

ကယာျးပည္နယ်၌ျပုလုပ္ခဲ့သည့် မဲဆြယ္ပြဲတစ္ခု တြင် ဒေါ်အောင္ဆန်းစုကြည် က “ကျန္မြတို့ နိုင်ငံမွာ လုပ္စရာအလုပ်တြေ အမ်ားကြီး ရွိနေပြီး တစ္ခုခုကို ထိပ္ဆုံးဦးစားပေးအျဖစ် သတ္မွတ္လို့ မရနိုင္ပါဘူး။ ဒါပေမဲ့ ငြိမ်းခ်မ်းရေး လုပ်ငန်းစဉ်ကေတာ့ ဦးစားပေးနေရာမွာ ရွိနေမွာပါ” ဟုျေပာကြားခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment