Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 7, 2015

အကြိတ်အနယ်မဲဆန္ဒနယ်မြေများ





BBC Burmese
................
 မဲစာရင်း နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ ရှိနေ
 ရွေးကောက်ပွဲ ကျင်းပတဲ့ ပုံစံအရ အဓိက ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နှစ်ခုလုံးအတွက် အနိုင်အရှုံး အဆုံးအဖြတ် ပေးနိုင် လောက်တဲ့ မဲဆန္ဒနယ် မျိုး မရှိဘူးလို့ သတင်းစာ ဆရာဦးစည်သူအောင်မြင့် က ပြောပါတယ်။

ဒါပေမယ့် ဖြူး မဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနေရာက ဖယ်ရှား ခံရတဲ့ သူရ ဦးရွှေမန်းအနိုင် ရခဲ့ရင်တော့ လွှတ်တော် ထဲမှာ သူ့ကိုထောက်ခံတဲ့ အုပ်စုပေါ်လာနိုင်တယ် လို့ သူကသုံးသပ် ပါတယ်။

အနိုင်ရအောင် အသေအချာ တွက်ချက်ပြီး ဝင်ပြိုင်တဲ့ နယ်မြေတွေမှာ စစ်ဗိုလ်ချုပ် တွေအနိုင်မရဘူး ဆိုရင်လည်း ဆုံးရှုံးမှုအဖြစ် သူတို့ပါတီက တွက်ကောင်း တွက်လိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီလို ပြင်ဆင်ထားတဲ့ ကိုကိုးကျွန်းလို မဲဆန္ဒ နယ်မြေမျိုးမှာ ရေတပ်ဦးစီးချုပ်ဟောင်း ၀င်ပြိုင်မှာဖြစ်လို့ အနိုင်ရအောင် ပုံစံအမျိုးမျိုးလုပ်ထား ပေမယ့် တကယ်တမ်း အနိုင်ရမယ်လို့ တော့ မပြော နိုင်ဘူး လို့ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment