Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 11, 2015

တစ်ခေတ်ဆန်းတော့မည့် အချိန်တွင် အားလုံးတည်ငြိမ်ကြရန် လိုပါသည်

    Wednesday, 11 November 2015 08:44

(၁)

လွန်ခဲ့သောသုံးရက် နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာနိုင်ငံ၏ ရှေ့အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အထွေထွေရွေးကောက်ပွဲကြီး တစ်ရပ် ကျင်းပခဲ့ရာ လူအများ စိုးရိမ်နေကြသကဲ့သို့ ကြီးမားသော ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်ဘဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာနေဆဲ သတင်းများအရ လည်းကောင်း၊ လူထုသတင်း ကွန်ရက်နှင့် သတင်းမီဒီယာ များမှ ကြိုတင် ထွက်ပေါ်လာခဲ့ပြီး မဲစာရင်းများအရ လည်းကောင်း အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ၈၀ ရာခိုင်နှုန်းကျော်အနိုင်ရပြီ ဟုဆိုနိုင်ပါသည်။

ဤအချိန်တွင် ကျွန်တော်အပါအဝင် အနိုင်ရပါတီကို ထောက်ခံ အားပေးကြသူတို့ များစွာ နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်မဆုံး ဖြစ်ကြရလေသည်။ ပါတီ ဌာနချုပ်ရှေ့မှ အယ်လ်အီးဒီ ရုပ်မြင်သံကြားရှေ့တွင် ပျော်ကြသည်။ နိုင်ငံအဝန်းရှိ အဖွဲ့ချုပ်ရုံးခွဲ တွေမှာ ပျော်ကြသည်။ နေအိမ်အသီးသီးရှိ တီဗီများရှေ့မှာ ပျော်ကြသည်။ ဖေ့စ်ဘွတ်ပေါ်မှာ စတေးတပ်မျိုးစုံ၊ ဗီဒီယိုဖိုင်၊ ဓာတ်ပုံ၊ ရုပ်ပုံများတင်လျက် ပျော်ကြသည်။ အချို့ကား အရေးနိမ့်ခဲ့သည့် ပါတီကြီးကို ထိကပါးရိကပါး လှောင်ပြောင် ကျီစယ်ကြလျက် အပျော်လုံး ဆို့နေကြပြန်သည်။

လူထဲကလူ၊ ပြည်သူထဲကပြည်သူ ဖြစ်သော ကျွန်တော်ကဲ့သို့ ကြီးကောင့်ကြီးမား သူကောင်းသား ပင်လျှင် ယင်းအပျော် ကူးစက်ကာ သည်ရက်များတွင် တိုင်းပြည်၏ အနာဂတ်ရွှေရောင်အိပ်မက်များကို ညစဉ်ရက်ဆက် မြင်မက်လျက်ရှိ၏။

လူဟူသည် ခံစားချက်၊ မျှော်လင့်ချက်နှင့် အသက်ရှင်ကြသည့် သတ္တဝါများဖြစ်ရာ နိုင်၍ပျော်ခြင်း မိမိအလိုဆန္ဒ ပြည့်ဝသဖြင့် ဝမ်းမြောက်ခြင်းသည် အလွန် သဘာဝကျပါသည်။ ခွေးချင်း ကိုက်လျှင်ပင် ကိုယ့်အိမ်ကခွေး နိုင်စေချင်သည်မို့ လူသားဆန်ပါသည်။ အပြစ်ဆိုဖွယ် မဟုတ်ပါ။ သို့သော်…။

နိုင်သူတို့ ပျော်ရွှင်နေချိန်တွင် အခြားတစ်ဖက်ဖြစ်သော ရှုံးနိမ့်သည့်ဘက်မှ ရပ်တည်သူများ အနေနှင့် ဝမ်းနည်းပူဆွေး စိတ်ပျက် အားငယ်နေကြပေလိမ့်မည် ဟူသောအချက်ကိုမူ အချို့သူတို့ မေ့လျော့နေကြဟန်ရှိ၏။

(၂)

တစ်ချိန်တည်းမှာပင် ပျော်ရွှင်နေသော လူထုကြီး၏ စိတ်အစဉ်တွင် စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်တို့ ငြိတွယ် ခိုဝင်လာပြန်လေပြီ။ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ အာဏာလွှဲပြောင်းမှာ နောက်လေးလ အကြာတွင်မှ ဆုံးခန်းတိုင်မည် ဖြစ်၍ လက်ရှိအစိုးရအနေနှင့် အသာတကြည် အာဏာ လွှဲပြောင်းပေးပါမည်လော။ အစိုးရ ပြုတ်မကျရေး အတွက် တပ်အနေနှင့် လက်နက်ကိုင်များကို သွေးထိုးလှုံ့ဆော်ပြီး တိုင်းပြည်ဆူပူအောင် ဖန်တီးလိမ့်မည်၊ ဘာသာရေး၊ လူမျိုးရေး အကြောင်းပြလျက် တိုင်းပြည် မတည်မငြိမ် ဖြစ်အောင် အဓိကရုဏ်းမျိုးစုံ လုပ်ဆောင်ကြလိမ့်မည် ဟူသော ကောလာဟလမျိုးစုံ ထွက်ပေါ်လာနေပြန်သည်။

ယင်း မလိုလားအပ်သော ကောလာဟလမျိုးစုံ၏ မြစ်ဖျားခံရာသည် နိုင်သူတို့ တွေးကြောက်ခြင်းလည်း ဖြစ်တန်ရာသကဲ့သို့ ရှုံးနိမ့်သူတို့၏ နောက်ကျောမလုံသည့် အတွေးတို့ မှလည်း ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် နိုင်သူရှုံးသူ နှစ်ဖက်စလုံးအနေနှင့် မိမိတို့၏ စိတ်သန္တန်ကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း ပေါ်လွင်နေသည်။

အကယ်၍ တည်ငြိမ်စွာ စဉ်းစားနိုင်မည် ဆိုလျှင် မဝေးလှသေးသည့် နှစ်ကာလများဆီက ကမ္ဘာ့နိုင်ငံအချို့တွင် ခေတ်စနစ် အပြောင်းအလဲကို အာရပ်နွေဦး ကဲ့သို့ သွေးထွက်သံယို ဖြစ်ရပ်များဖြင့် ကျော်ဖြတ်ခဲ့ရသော်ငြား ကျွန်တော်တို့ မြန်မာပြည်တွင် ယခုကဲ့သို့ တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြင့် အေးချမ်းစွာ ခေတ်ပြောင်းနိုင်တော့မည့် အခြေအနေသည် ကျွန်တော်တို့အားလုံး အတွက် အဖိုး မဖြတ်နိုင်သည့် ကံကောင်းခြင်းလက်ဆောင် ဖြစ်လေသည်။

ကျွန်တော်တို့ မျှော်မှန်းခဲ့သည့် ခေတ်သစ်၏ နေ့သစ်များဆီသို့ ဒုတ်ဒုတ်ထိ ရောက်ရှိနိုင်ရန် ကျွန်တော်တို့ တည်ငြိမ်မှု ရှိကြရပါမည်။

နိုင်သူအားလုံး၏ တာဝန်သည် အဘက်ဘက်က ချွတ်ခြုံကျနေသော တိုင်းပြည်ကြီးကို အချိန်တိုအတွင်း ပြန်လည် ဆယ်မနိုင်ရန်သာ ဖြစ်ပါသည်။ အနိုင်ရခွင့် ပေးကြသူများကိုလည်း ကောင်းကွက်ရှာ၍ ကျေးဇူးတင်ရန်သာ ဖြစ်၏။ ‘သူတို့ မှားခဲ့တာတွေအတွက် သူတို့ကို ဘယ်လို ပြစ်တင်ရှုတ်ချရင် ကောင်းမလဲဆိုသည်ထက် သူတို့အမှားတွေကို သင်ခန်းစာ ယူပြီး တိုင်းပြည်ကောင်းကျိုး အတွက် ငါတို့ ဘာတွေလုပ်ရမလဲ’ ဟု ရှေ့ခရီးကြမ်း အတွက် မြော်မြင်ကြရန်သာ ဖြစ်၏။ ရန်လို ပြစ်တင်ခြင်းဖြင့် အမုန်းသံသရာ ရှည်ရန်သာဖြစ်၍ ဆိုးကျိုး အရပ်ရပ်ကိုသာ မရပ်မနား ဆက်လက် ဖြစ်ပေါ်စေပေလိမ့်မည်။

(၃)

ထို့အတူ အရေးနိမ့်ခဲ့သည့် ပါတီကြီး အနေနှင့်လည်း ‘ငါတို့ ကောင်းမည်ထင်၍ လုပ်ခဲ့သော်ငြား ယခုလူထုအများစု နှစ်သက်လက်ခံခြင်း မရှိတော့။ ငါတို့ ဘာတွေမှားနေသလဲ’ ဟူသော ဆင်ခြင်တုံတရားဖြင့် မိမိတို့၏ ချို့ယွင်း အားနည်းချက်တို့ကို ပြုပြင်ကာ စွမ်းရည်ပြည့်ဝသည့် အတိုက်အခံ ပါတီကြီးအဖြစ် ဆက်လက် ရပ်တည်သွားနိုင်ရန် ကြိုးပမ်း အားထုတ်ကြရန်သာ ရှိ၏။ ဒီမိုကရေစီ စနစ်တွင် အတိုက်အခံ ဟူသည် မရှိမဖြစ်ကြောင်း နားလည် သဘောပေါက်ကြရန် လိုပါသည်။

စစ်မှန်သော ဒီမိုကရေစီ ဟူသည်မှာ အာဏာရပါတီနှင့် အတိုက်အခံ တို့အကြား အပြန်အလှန် ထိန်းကျောင်းကြရသည်သာ ဖြစ်၍ ရန်သူသဖွယ် သဘောထားကြရန် မဟုတ်ချေ။ အနိုင်ရရေးအတွက် တစ်ဦးနှင့်တစ်ဦး နာကျင်အောင် ထိုးဝှေ့ သတ်ပုတ်ကြရသည့် လက်ဝှေ့ပွဲများတွင်ပင် စိတ်နေမြင့်သော အနိုင်ရသူသည် ပြိုင်ဘက်အား အလဲထိုး အနိုင်ယူပြီးချိန် ၌ပင် တွဲထူ အားပေးတတ်ပါသည်။ ထို့အတူ အမှန်တကယ် သတ္တိရှိသော ရှုံးနိမ့်သူသည် အနိုင်ရ လက်ဝှေ့သမားအား ယင်းအနိုင်အပေါ် ကောင်းစွာ အသိ အမှတ်ပြုခြင်း၊ ချီးကျူးခြင်းဖြင့် တုံ့ပြန်ပါသည်။ ဤသည်တို့မှာ ကျွန်တော် တို့အတွက် နမူနာကောင်းများ ဖြစ်ပါသည်။

ထို့ကြောင့် အနိုင်အရှုံးအပေါ်တွင် လက်တုံ့ပြန်ရေးထက် တည်ငြိမ်စွာ သုံးသပ်နိုင်ခြင်း၊ အပြန်အလှန် လေးစားကြခြင်းသည်သာ အခရာကျပါသည်။ ရင်ကြားစေ့နိုင်ခြင်း သည်သာ တိုင်းပြည် အကျိုးစီးပွားကို ဖော်ဆောင်ရာ ကျပါသည်။

အနိုင်ရပါတီတွင် အရည်အသွေး မပြည့်မီသူများ၊ ကိုယ်ကျိုးရှာသမား ကိုယ်စားလှယ်များ ပါဝင်လာနိုင်သကဲ့သို့ အရေးနိမ့်သွားသော ပါတီ ဘက်တွင်လည်း တိုင်းပြည်အတွက် စေတနာမှန် ထားခဲ့ကြသူများ၊ အရည်အချင်း ပြည့်ဝသူများ ပါသွားခဲ့နိုင်ပါသည်။ ထို့ကြောင့် တိုင်းပြည်၏ ကောင်းမြတ်သော အနာဂတ်အတွက် ကိုယ်စားလှယ်ကောင်း များကို အခွင့် သင့်သည့်အခါတိုင်း ဆုံးဖြတ် ရွေးချယ်ပေးနိုင်ရန်သည် ပြည်သူလူထု၏ တာဝန် ဖြစ်ပါသည်။

(၄)

နောက်ဆုံးရရှိသော သတင်းများအရ လက်ရှိသမ္မတကြီး အနေနှင့် တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲ၏ ရလဒ်ကို လေးစားလိုက်နာ သွားမည်ဟု ဒုတိယအကြိမ် ကတိကဝတ်ပြုကြောင်း၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ကာကွယ်ရေးဦးစီးချုပ် အနေနှင့်လည်း အများပြည်သူ ဆန္ဒအရ ထွက်ပေါ်လာသော ရလဒ်ကို လေးစားမည်၊ အနိုင်ရပါတီအား အာဏာ လွှဲမပေးသော ဖြစ်ရပ်မျိုးကဲ့သို့ သမိုင်းတစ်ကျော့ပြန် မလည်စေရန် ကတိပေးသည်ဟု ဆိုပါသည်။ ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ကလည်း ရွေးကောက်ပွဲ၏ ရှုံးနိမ့်ခြင်းရလဒ်ကို လက်ခံကြောင်း ဖွင့်ဟဝန်ခံပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သည့် အာဃာတမျှ မထား၊ ဖြစ်ခဲ့သမျှ ကိစ္စအားလုံး ကိုလည်း သင်ပုန်းချေပစ်မည် ဖြစ်ကြောင်း၊ သုံးပွင့်ဆိုင်၊ လေးပွင့်ဆိုင် ထိပ်တိုက်ဆွေးနွေးရန် အမြဲတစေ ဖွင့်ဟပြောဆိုခဲ့သူ ဖြစ်ပါသည်။

ဤသည်တို့မှာ ကျွန်တော်တို့နိုင်ငံ၏ ရှေ့ဆက်ရမည့် ခရီးကြမ်းကြီး အတွက် အလားအလာကောင်း အားတက်ဖွယ် မင်္ဂလာရှိသော သတင်းများဟု ကျွန်တော်တို့ မှတ်ယူသင့်ပါသည်။

(၅)

မြန်မာ့အရုဏ်ဦးကား ရောင်နီ သန်းခဲ့လေပြီ။ အေးချမ်းသော တိုးတက်သော ဖက်ဒရယ်ပြည်ထောင်စုကြီး ဆီသို့ မျှော်မှန်းကာ ကျွန်တော်တို့ ပြည်သူအားလုံး အကျင့်ဆိုး အကျင့်ဟောင်းတို့ကို ပြုပြင်ရင်း တိုင်းပြည်အတွက် ကျရာနေရာမှ တာဝန်ထမ်းနိုင်ရန် အသင့်ပြင်ဆင် သင့်ကြလေပြီ။ စည်းကမ်းရှိသော၊ ကိုယ်ကျင့်သိက္ခာရှိသော လူမျိုးအဖြစ် ကမ္ဘာ့အလယ်တွင် ဝင်ဆံ့ တင့်တယ်နိုင်ရန် အားထုတ် ကြရပေလိမ့်မည်။

လူသားတစ်ဦး ဘဝကား မိမိ၏ အတိတ် ပစ္စုပ္ပန် အနာဂတ် အတွက် ကောင်းကျိုးချမ်းသာ အစစ်အမှန်ကို ဖန်တီးနိုင်မှသာ လူသားဂုဏ်သိက္ခာ ရှိနိုင်မည်ဖြစ်၏။ တစ်ချိန်တည်းမှာပင် အများကောင်းကျိုးချမ်းသာ အတွက်ကိုလည်း မမေ့လျော့သင့်ချေ။ ရာထူး ဂုဏ်သိန် စည်းစိမ်ဥစ္စာနှင့် ထင်ရှားကျော်စောခြင်း ရှိကာမျှနှင့် လူဖြစ်ရကျိုး နပ်သည်ဟု မဆိုနိုင်။ ယခုဘဝနှင့် သံသရာအတွက်ပါ ရည်မျှော်လျက် မိမိတို့၏ မျိုးဆက်သစ်များအား ကောင်းမြတ်သော အမွေအနှစ် ပေးအပ်ခဲ့နိုင်ရန်သာ အဓိကကျ၏။

အလျဉ်းသင့်သည်ဖြစ်၍ ကျွန်တော် ကိုယ်တိုင်သည်လည်း လွန်ခဲ့လေသော ခေတ်ဆိုးကြီးကို ခံပြင်းလွန်းလှသဖြင့် ရေးမိသည့် စာများတွင် တစ်စုံတစ်ဦးအား ပုဂ္ဂိုလ်အရေးအရ ထိခိုက်နစ်နာမှု ရှိခဲ့ပါက လူကိုမမုန်း စနစ်ကိုမုန်း၍ ရေးချင်မိခြင်း အတွက် ခွင့်လွှတ်ပါရန် သက်ဆိုင်သူများအား ဤစာမျက်နှာမှ အနူးအညွတ် တောင်းပန်လျက် အောက်ဖော်ပြပါ ခေတ်ဆန်းချိန် သီချင်းအား မြန်မာတစ်မျိုးသားလုံး စာရင်းတွင် အကျုံးဝင်သည့် တမြေတည်းနေ တရေတည်းသောက်နိုင်သူ ရှုံးသူအားလုံးတို့ သံပြိုင်သီဆိုနိုင်မည့် မကြာမတင်သော ရွှေရောင်နေ့ရက်များကို စောင့်မျှော်လျက် ရှိပါ၏။

“(အမျိုးသားတွေ နိုးကြားလာကြပြီ ကြိုးစားရှာကြသည်၊ ကူညီညာဝိုင်းကာ တို့တိုင်းတို့ပြည်၊ သာယာစေဖို့အတည်)၂ အနစ်နာခံကာ ကမ္ဘာမြေတစ်ဝန်းတွင် မြန်မာတွေ စာရင်းဝင် ဖြစ်စေမည်။ တိုင်းပြည်အကျိုးနော်၊ နှိုးဆော်လိုက်ပါသည် တို့မြန်မာပြည် ဇာတာစန်းမှာ ပွင့်လန်းလာခဲ့ပြီ၊ ဘုန်းတေဇာ ကမ္ဘာလွှမ်းမည့် စာဆိုတွေနဲ့ အညီ၊ မမေ့နိုင်သည် ခေတ်ဆန်းချိန် ရောက်လုနီးပါပြီ”

မင်းဒင်
...................
 တစ်ခေတ္ဆန်းတော့မည့် အခိန္တြင် အားလုံးတည်ငြိမ်ကြရန် လိုပါသည်

    Wednesday, 11 November 2015 08:44

(၁)

လြန္ခဲ့သောသုံးရက် နိုဝင္ဘာလ ၈ ရက်နေ့ကျမန္မာနိုင်ငံ၏ ရွေ့အနာဂတ္ကို အဆုံးအျဖတ်ပေးမည့် အေထြေထြေရြးကောက္ပြဲကြီး တစ်ရပ် က်င်းပခဲ့ရာ လူအမ်ား စိုးရိမ်နေကြသကဲ့သို့ ကြီးမားသျောပဿနာ တစ္စုံတစ်ရာ မေပ်ါပေါက္ဘဲ အောင်ျမင္စြာ ပြီးဆုံးခဲ့ပျြီဖစ္ပါသည်။ ရြေးကောက္ပြဲ က္မောရွင္မွ တရားဝင် ထုတ်ျပန်ကြေညာနေဆဲ သတင်းမ်ားအရ လည်းကောင်း၊ လူထုသတင်း ကြန်ရက်နွင့် သတင်းမီဒီယာ မ်ားမွ ကြိုတင် ထြက်ပေါ်လာခဲ့ပြီး မဲစာရင်းမ်ားအရ လည်းကောင်း အတိုက်အခံပါတျီဖစ်သည့် အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ်ေအနနွင့် ၈၀ ရာခိုင်နှုန်းကော််အနိုင်ရပြီ ဟုဆိုနိုင္ပါသည်။

ဤအခိန္တြင် ကျြန်တော်အပါအဝင် အနိုင်ရပါတီကို ထောက္ခံ အားပေးကြသူတို့ မ်ားစြာ နွစ်ထောင်းအားရ ဝမ်ျးေမာက်ဝမ်းသာ ပော််ရွှင္မဆုံျးဖစ်ကြရေလသည်။ ပါတီ ဌာနခ်ုပ်ရွေ့မွ အယ္လ်အီးဒီ ရုပ်ျမင်သံကြားရွေ့တြင် ပော််ကြသည်။ နိုင်ငံအဝန်းရွိ အဖြဲ့ခ်ုပ်ရုံးခြဲ တြေမွာ ပော််ကြသည်။ နေအိမ်အသီးသီးရွိ တီဗီမ်ားရွေ့မွာ ပော််ကြသည်။ ဖေ့စ္ဘြတ်ပေါ်မွာ စေတးတပ္မိုးစုံ၊ ဗီဒီယိုဖိုင်၊ ဓာတ္ပုံ၊ ရုပ္ပုံမ်ားတင္လ်က် ပော််ကြသည်။ အခို့ကား အေရးနိမ့္ခဲ့သည့် ပါတီကြီးကို ထိကပါးရိကပါး လွောင်ျေပာင် က်ီစယ်ကြလ်က် အေပ်္လာုံး ဆို့နေကျြပန်သည်။

လူထဲကလူ၊ျပည်သူထဲကျပည်သျူဖစ်သော ကျြန်တ္ကောဲ့သို့ ကြီးကောင့်ကြီးမား သူကောင်းသား ပင္လ်ွင် ယင်းအေပ်ာ် ကူးစက္ကာ သည်ရက္မ်ားတြင် တိုင်ျးပည်၏ အနာဂတ်ရွှေရောင်အိပ္မက္မ်ားကို ညစဉ်ရက္ဆက်ျမင္မက္လ်က်ရွိ၏။

လူဟူသည် ခံစားခ်က်၊ မွေ်္လာင့္ခ်က်နွင့် အသက်ရွင်ကြသည့် သတ္တဝါမ်ာျးဖစ်ရာ နိုင်၍ပော််ျခင်း မိမိအလိုဆန္ဒျပည့်ဝသျဖင့် ဝမ်ျးေမာက်ျခင်းသည် အလြန် သဘာဝက်ပါသည်။ ခြေးခ်င်း ကိုက္လ်ွင္ပင် ကိုယ့်အိမ္ကေခြး နိုင်စေခ်င်သည္မို့ လူသားဆန္ပါသည်။ အျပစ္ဆိုဖြယ် မဟုတ္ပါ။ သို့သော်…။

နိုင်သူတို့ ပော််ရွှင်နေခိန္တြင် အျခားတစ္ဖက်ျဖစ်သော ရှုံးနိမ့်သည့္ဘက္မွ ရပ္တည်သူမ်ား အေနနွင့် ဝမ်းနည်းပူဆြေး စိတ္ပ်က် အားငယ်နေကြေပလိမ့္မည် ဟူသောအခ်က္ကိုမူ အခို့သူတို့ မေ့လော့်နေကြဟန်ရွိ၏။

(၂)

တစ္ခိန္တည်းမွာပင် ပော််ရွှင်နေသာ လူထုကြီး၏ စိတ်အစဉ်တြင် စိုးရိမ္စိတ်၊ ကြောက္လန့်စိတ္တို့ ငြိတြယ် ခိုဝင္လျာပန်လေပြီ။ ဥပေဒပျါပဋ္ဌာန်းခ်က္မ်ားအရ အာဏာလွှျဲေပာင်းမွာ နောက်လေးလ အကြာတြင္မွ ဆုံးခန်းတိုင္မည်ျဖစ်၍ လက်ရွိအစိုးရအေနနွင့် အသာတကြည် အာဏာ လွှျဲေပာင်းပေးပါမည်လော။ အစိုးရျပုတ္မက်ရေး အတြက် တပ်ေအနနွင့် လက္နက္ကိုင္မ်ားကို သြေးထိုးလှုံ့ဆော်ပြီး တိုင်ျးပည္ဆူပူအောင် ဖန္တီးလိမ့္မည်၊ ဘာသာရေး၊ လူမိုးရေး အေကြာင်ျးပလ်က် တိုင်ျးပည် မတည္မငြိမ်ျဖစ်အောင် အဓိကရုဏ်းမိုးစုံ လုပ်ဆောင်ကြလိမ့္မည် ဟူသော ကောလာဟလမိုးစုံ ထြက်ပေါ်လာနျေပန်သည်။

ယင်း မလိုလားအပ်သော ကောလာဟလမိုးစုံ၏ျမစ္ဖ်ားခံရာသည် နိုင်သူတို့ တြေးကြောက်ျခင်းလည်ျးဖစ္တန်ရာသကဲ့သို့ ရှုံးနိမ့်သူတို့၏ နောက်ကော်မလုံသည့် အေတြးတို့ မွလည်ျးဖစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် နိုင်သူရှုံးသူ နွစ္ဖက္စလုံးအေနနွင့် မိမိတို့၏ စိတ်သန္တန္ကို ကောင်းစြာ ထိန်းခ်ုပ်နိုင်ျခင်း မရွိကြောင်း ပေါ်လြင်နေသည်။

အကယ်၍ တည်ငြိမ္စြာ စဉ်းစားနိုင္မည် ဆိုလ်ွင် မေဝးလွေသးသည့် နွစ္ကာလမ်ားဆီက ကမ္ဘာ့နိုင်ငံအခို့တြင် ခေတ္စနစ် အျေပာင်းအလဲကို အာရပ်နြေဦး ကဲ့သို့ သြေးထြက်သံယျိုဖစ်ရပ္မ်ာျးဖင့် ကော််ျဖတ္ခဲ့ရေသာ်ျငား ကျြန်တ္တောိျု့မန္မျာပည္တြင် ယခုကဲ့သို့ တရားမ်ွတသည့် ရြေးကောက္ပြဲ တစ်ရပ်ျဖင့် အေးခ်မ်းစြာ ခေတ်ျေပာင်းနိုင်တော့မည့် အျေခအေနသည် ကျြန်တ္တောို့အားလုံး အတြက် အဖိုး မျဖတ်နိုင်သည့် ကံကောင်ျးခင်းလက်ဆောင်ျဖစ်လေသည်။

ကျြန်တ္တောို့ မွေ်္မွာန်းခဲ့သည့် ခေတ်သစ်၏ နေ့သစ္မ်ားဆီသို့ ဒုတ္ဒုတ္ထိ ရောက်ရွိနိုင်ရန် ကျြန်တ္တောို့ တည်ငြိမ္မှု ရွိကြရပါမည်။

နိုင်သူအားလုံး၏ တာဝန်သည် အဘက္ဘက္က ချြတ်ခြုံက်နေသာ တိုင်ျးပည်ကြီးကို အခိန္တိုအတြင်ျးပန္လည် ဆယ္မနိုင်ရန်သျာဖစ္ပါသည်။ အနိုင်ရခြင့် ပေးကြသူမ်ားကိုလည်း ကောင်းကြက်ရွာ၍ ကေ်းဇူးတင်ရန်သျာဖစ်၏။ ‘သူတို့ မွားခဲ့တာတြေအတြက် သူတို့ကို ဘယ္လျိုပစ္တင်ရှုတ္ခ်ရင် ကောင်းမလဲဆိုသည္ထက် သူတို့အမွားတြေကို သင္ခန်းစာ ယူပြီး တိုင်ျးပည်ကောင်းကိုး အတြက် ငါတို့ ဘာတြေလုပ်ရမလဲ’ ဟု ရွေ့ခရီးကြမ်း အတြက်ျေမာ်ျမင်ကြရန်သျာဖစ်၏။ ရန္လျိုပစ္တင်ျခင်ျးဖင့် အမုန်းသံသရာ ရွည်ရန်သျာဖစ်၍ ဆိုးကိုး အရပ်ရပ္ကိုသာ မရပ္မနား ဆက္လက်ျဖစ်ပေါ်စေပလိမ့္မည်။

(၃)

ထို့အတူ အေရးနိမ့္ခဲ့သည့် ပါတီကြီး အေနနွင့္လည်း ‘ငါတို့ ကောင်းမည္ထင်၍ လုပ္ခဲ့သော်ျငား ယခုလူထုအမ်ားစု နွစ်သက္လက္ချံခင်း မရွိတော့။ ငါတို့ ဘာတြေမွားနေသလဲ’ ဟူသော ဆင်ျခင္တုံတရာျးဖင့် မိမိတို့၏ ခို့ယြင်း အားနည်းခ်က္တို့ကျိုပျုပင္ကာ စြမ်းရည်ျပည့်ဝသည့် အတိုက်အခံ ပါတီကြီးအျဖစ် ဆက္လက် ရပ္တည်ြသားနိုင်ရန် ကြိုးပမ်း အားထုတ်ကြရန်သာ ရွိ၏။ ဒီမိုကေရစီ စနစ္တြင် အတိုက်အခံ ဟူသည် မရွိမျဖစ်ကြောင်း နားလည် သေဘာပေါက်ကြရန် လိုပါသည်။

စစ္မွန်သော ဒီမိုကေရစီ ဟူသည္မွာ အာဏာရပါတီနွင့် အတိုက်အခံ တို့အကြား အျပန်အလွန် ထိန်းကော်င်းကြရသည်သျာဖစ်၍ ရန်သူသဖြယ် သေဘာထားကြရန် မဟုတ်ခေ်။ အနိုင်ေရရးအတြက် တစ်ဦးနွင့္တစ်ဦး နာက်င်အောင် ထိုးဝွေ့ သတ္ပုတ်ကြရသည့် လက်ဝွေ့ပြဲမ်ားတြင္ပင် စိတ်နျေမင့်သော အနိုင်ရသူသည် ပြိုင္ဘက်အား အလဲထိုး အနိုင်ယူပြီးခိန် ၌ပင် တြဲထူ အားပေးတတ္ပါသည်။ ထို့အတူ အမွန္တကယ် သတ္တိရွိသော ရှုံးနိမ့်သူသည် အနိုင်ရ လက်ဝွေ့သမားအား ယင်းအနိုင်ေအပါ် ကောင်းစြာ အသိ အမွတ်ျပျုခင်း၊ ခ်ီးက်ူျးခင်ျးဖင့် တုံျ့ပန္ပါသည်။ ဤသည္တို့မွာ ကျြန်တော် တို့အတြက် နမူနာကောင်းမ်ာျးဖစ္ပါသည်။

ထို့ကြောင့် အနိုင်အရှုံးအေပ်ါတြင် လက္တုံျ့ပန်ရေးထက် တည်ငြိမ္စြာ သုံးသပ်နိုင်ျခင်း၊ အျပန်အလွန် လေးစားကျြခင်းသည်သာ အခရာက်ပါသည်။ ရင်ကြားစေ့နိုင်ျခင်း သည်သာ တိုင်ျးပည် အကိုးစီးပြားကို ဖော်ဆောင်ရာ က်ပါသည်။

အနိုင်ရပါတီတြင် အရည်ေအသြး မျပည့္မီသူမ်ား၊ ကိုယ္ကိုးရွာသမား ကိုယ္စားလွယ္မ်ား ပါဝင္လာနိုင်သကဲ့သို့ အေရးနိမ့်သြားသော ပါတီ ဘက္တြင္လည်း တိုင်ျးပည်အတြက် စေတနာမွန် ထားခဲ့ကြသူမ်ား၊ အရည်အခ်င်ျးပည့်ဝသူမ်ား ပါသြားခဲ့နိုင္ပါသည်။ ထို့ကြောင့် တိုင်ျးပည်၏ ကောင်ျးမတ်သော အနာဂတ်အတြက် ကိုယ္စားလွယ်ကောင်း မ်ားကို အခြင့် သင့်သည့်အခါတိုင်း ဆုံျးဖတ် ရြေးခ်ယ်ပေးနိုင်ရန်သည်ျပည်သူလူထု၏ တာဝန်ျဖစ္ပါသည်။

(၄)

နောက္ဆုံးရရွိသော သတင်းမ်ားအရ လက်ရွိသမ္မတကြီး အေနနွင့် တရားမ်ွတ လြတ္လပ်သော ရြေးကောက္ပြဲ၏ ရလဒ္ကို လေးစားလိုက္နာ သြားမည်ဟု ဒုတိယအကြိမ် ကတိကဝတ်ျပုကြောင်း၊ သမ္မတ၏ျေပာရေးဆိုခြင့်ရွိသျူပန်ကြားရေးဝန်ကြီး ဦးရဲထြဋ်၏ ဖေ့စ္ဘြတ် စာမ်က်နွာတြင် ရေးသားဖော်ျပထားသည်။

ကာကြယ်ရေးဦးစီးခ်ုပ် အေနနွင့္လည်း အမ်ာျးပည်သူ ဆန္ဒအရ ထြက်ပေါ်လာသော ရလဒ္ကို လေးစားမည်၊ အနိုင်ရပါတီအား အာဏာ လွှဲမေပးသျောဖစ်ရပ္မိုးကဲ့သို့ သမိုင်းတစ်ကေ်ျာ့ပန် မလည်စေရန် ကတိပေးသည်ဟု ဆိုပါသည်။ ထိျု့ပင်ျပည်ထောင္စုကြံ့ခိုင်ရေးနွင့် ဖြံ့ဖြိုးရေး ပါတီ၏ ထိပ္ပိုင်းခေါင်းဆောင်ျပည်ထောင္စုကြံ့ခိုင်ရေးနွင့် ဖြံ့ဖြိုးရေးပါတီ ပူးတြဲဥက္ကဋ္ဌ ဦးဌေးဦး ကလည်း ရြေးကောက္ပြဲ၏ ရှုံးနိမ့်ျခင်းရလဒ္ကို လက္ခံကြောင်း ဖြင့်ဟဝန္ခံပါသည်။

အမိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ် ခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည် အေနနွင့် မည်သည့် အာဃာတမွ် မထား၊ျဖစ္ခဲ့သမွ် ကိစ္စအားလုံး ကိုလည်း သင္ပုန်းခ်ေပစ္မည်ျဖစ်ကြောင်း၊ သုံးပြင့္ဆိုင်၊ လေးပြင့္ဆိုင် ထိပ္တိုက်ဆြေးနြေးရန် အမြဲတေစ ဖြင့်ဟျေပာဆိုခဲ့သျူဖစ္ပါသည်။

ဤသည္တို့မွာ ကျြန်တ္တောို့နိုင်ငံ၏ ရွေ့ဆက်ရမည့် ခရီးကြမ်းကြီး အတြက် အလားအလာကောင်း အားတက္ဖြယ် မဂင်္လာရွိသော သတင်းမ်ားဟု ကျြန်တ္တောို့ မွတ်ယူသင့္ပါသည်။

(၅)

ျမန္မာ့အရုဏ်ဦးကား ရောင္နီ သန်းခဲ့လေပြီ။ အေးခ်မ်းသော တိုးတက်သော ဖက္ဒရယ်ျပည်ထောင္စုကြီး ဆီသို့ မွေ်္မွာန်းကာ ကျြန်တ္တောိျု့ပည်သူအားလုံး အက်င့္ဆိုး အက်င့်ဟောင်းတို့ကျိုပျုပင်ရင်း တိုင်ျးပည်အတြက် က်ရာနေရာမွ တာဝန္ထမ်းနိုင်ရန် အသင့်ျပင္ဆင် သင့်ကြေလပြီ။ စည်းကမ်းရွိသော၊ ကိုယ္က်င့်သိက္ခာရွိသော လူမိုးအျဖစ် ကမ္ဘာ့အလယ္တြင် ဝင္ဆံ့ တင့္တယ်နိုင်ရန် အားထုတ် ကြရေပလိမ့္မည်။

လူသားတစ်ဦး ဘဝကား မိမိ၏ အတိတ် ပစ္စုပ္ပန် အနာဂတ် အတြက် ကောင်းကိုးခ်မ်းသာ အစစ်အမွန္ကို ဖန္တီးနိုင္မွသာ လူသားဂုဏ်သိက္ခာ ရွိနိုင္မည်ျဖစ်၏။ တစ္ခိန္တည်းမွာပင် အမ်ားကောင်းကိုးခ်မ်းသာ အတြက္ကိုလည်း မေမ့လော့်သင့်ခေ်။ ရာထူး ဂုဏ်သိန် စည်းစိမ်ဥစ္စာနွင့် ထင်ရွားကော််စျောခင်း ရွိကာမ်ွနွင့် လျူဖစ်ရကိုး နပ်သည်ဟု မဆိုနိုင်။ ယခုဘဝနွင့် သံသရာအတြက္ပါ ရည်မွေ်္လာ်က် မိမိတို့၏ မိုးဆက်သစ္မ်ားအား ကောင်ျးမတ်သော အေမြအနွစ် ပေးအပ္ခဲ့နိုင်ရန်သာ အဓိကက်၏။

အလ်ဉ်းသင့်သည်ျဖစ်၍ ကျြန်တော် ကိုယ္တိုင်သည္လည်း လြန္ခဲ့လေသာ ခေတ္ဆိုးကြီးကို ချံပင်းလြန်းလွသျဖင့် ရေးမိသည့် စာမ်ားတြင် တစ္စုံတစ်ဦးအား ပုဂ္ဂိုလ်ေအရးအရ ထိခိုက္နစ္နာမှု ရွိခဲ့ပါက လူကိုမမုန်း စနစ္ကိုမုန်း၍ ရေးခ်င္မျိခင်း အတြက် ခြင့္လွှတ္ပါရန် သက္ဆိုင်သူမ်ားအား ဤစာမ်က်နွာမွ အနူးအညြတ် တောင်းပန္လ်က် အောက်ဖော်ျပပါ ခေတ္ဆန်းခိန် သီခ်င်းအာျးမန္မာတစ္မိုးသားလုံး စာရင်းတြင် အက်ုံးဝင်သည့် တျေမတည်းနေ တေရတည်းသောက်နိုင်သူ ရှုံးသူအားလုံးတို့ သံပြိုင်သီဆိုနိုင္မည့် မကြာမတင်သော ရွှေရောင်နေ့ရက္မ်ားကို စောင့်မွေ်္လာ်က် ရွိပါ၏။

“(အမိုးသားတြေ နိုးကြားလာကြပြီ ကြိုးစားရွာကြသည်၊ ကူညီညာဝိုင်းကာ တို့တိုင်းတိျု့ပည်၊ သာယာစေဖို့အတည်)၂ အနစ္နာခံကာ ကမ္ဘျာေမတစ်ဝန်းတြင်ျမန္မာတြေ စာရင်းဝင်ျဖစ်စေမည်။ တိုင်ျးပည်အကိုးနော်၊ နှိုးဆ္လောိုက္ပါသည် တိျု့မန္မျာပည် ဇာတာစန်းမွာ ပြင့္လန်းလာခဲ့ပြီ၊ ဘုန်းတေဇာ ကမ္ဘာလွှမ်းမည့် စာဆိုတြေနဲ့ အညီ၊ မေမ့နိုင်သည် ခေတ္ဆန်းခိန် ရောက္လုနီးပါပြီ”

မင်းဒင်


No comments:

Post a Comment