Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

သမၼတအထက္ကနဲ႔ စပ္လ်ဥ္း၍

By
ေက်ာ္အုန္းျမင့္
On
Fri, 2015-11-20 13:49
လြန္ခဲ့တဲ့ ရက္သတၱပတ္က ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာရဲ႕ အက္ပလီေကးရွင္းတစ္ခုျဖစ္တဲ့ Messe-nger ကေနတစ္ဆင့္ ကြၽန္ေတာ့္ ဆီကို အေမးပုစၧာတစ္ရပ္ ဆိုက္ ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ခ်လာပါ တယ္ခင္ဗ်။ ပုစၧာျပဳသူအႏွီပုဂၢိဳလ္က ျပည္နယ္တစ္ခုမွာ လက္ရွိတာဝန္ ထမ္းေဆာင္ဆဲ တကၠသိုလ္ဆရာတစ္ေယာက္လို႔ ဆိုလားပဲ။ ‘‘ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ Above President မွာေနမယ္ဆိုတာ သူေျပာတာ အမွန္ လား’’တဲ့။ ကြၽန္ေတာ္က ‘‘မွန္ပါတယ္ ဆရာ’’လို႔ဆုိ႐ံုရွိေသး။ ‘‘ဒါဆို သူ႐ူးသြားၿပီလား။ ကမၻာသိျဖစ္ေအာင္ သူဘာလို႔ တရားဝင္ေျပာရတာလဲဗ်ာ။ ကြၽန္ေတာ္ မယံုႏုိင္ဘူး။ တကယ္ေျပာတာ။ ဘယ္ႏိုင္ငံမွာမွ 'The position abovethe president' ဆိုတာမရွိဘူး မဟုတ္လားဗ်ာ။ သိပ္ကို ကေလး ဆန္ေနသလိုပဲဗ်ာ’’ဆိုၿပီး ေနာက္ဆက္တြဲေစာဒက စကားလံုးေတြက စက္ေသနတ္နဲ႔ တရစပ္ပစ္ထည့္ လိုက္သလို။ ဒါတင္မက ေသးပါဘူး။ ‘‘အဲဒီတစ္ခ်က္ဟာ ကြၽန္ေတာ့္အျမင္အရဆုိ ပက္ပက္ စက္စက္ကိုမွားတယ္ဗ်ာ’’။ ဆိုတဲ့ေနာက္ဆံုးပိတ္ ေကာက္ခ်က္ခ်စကားတစ္ခြန္းေတာင္ အဆစ္ပါလိုက္ေသးဗ်ား။

ဒါနဲ႔ ကြၽန္ေတာ္က ‘‘ဆရာ့ အေနနဲ႔ ဒီကိစၥကို အက်ယ္တဝင့္ ေဆြးေႏြးခ်င္တယ္ဆုိရင္ ကြၽန္ ေတာ့္ဆီကို တိုက္႐ိုက္ဖုန္းဆက္ ႏိုင္ပါတယ္’’လို႔ ဖိတ္မႏၲကျပဳ လိုက္ေပမယ့္ ထုိဆရာခမ်ာမွာ လည္း သူ႔ရဲ႕အေဝးသင္တကၠ သိုလ္ေက်ာင္းသားေတြအတြက္ သင္ၾကားေရးတာဝန္ေတြကို ဦးေဆြးဆံျမည့္ ထမ္းရြက္ေနရင္း က မအားမလပ္ေအာင္ ရွိေနဟန္ တူရဲ႕။ ကြၽန္ေတာ့္ဆီဖုန္းအဆက္ အသြယ္ျပဳမလာျဖစ္တာေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔ ဒီေဆာင္းပါးကုိ ခ်ေရးျဖစ္လိုက္တာလို႔ ယူေသာ္ ရ၏ေပါ့ေနာ္။

သိေတာ္မူၾကတဲ့အတိုင္းပါ ပဲ။ ကြၽန္ေတာ့္ေဆာင္းပါးေခါင္း စဥ္မွာ ၫႊန္းဆိုထားတဲ့အတိုင္း ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဒီစကားရပ္ကို ေရြးေကာက္ပြဲ မက်င္းပမီသံုးရက္အလို ႏိုဝင္ဘာ ၅ ရက္က တကၠသိုလ္ရိပ္သာ လမ္းေနအိမ္မွာ က်င္းပျဖစ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာ ၾကားခဲ့တာကိုေတာ့ စာဖတ္သူ ေတြမွတ္မိၾကဦးမယ္ထင္ရပါရဲ႕။ ဒီခ်ဳပ္ပါတီသာေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့မယ္ဆုိရင္ (ဖဲြ႕စည္းပံု အေျခခံဥပေဒအရ သမၼတာဝန္ ထမ္းေဆာင္ႏိုင္ေရးအတြက္ တားျမစ္ပိတ္ပင္ထားျခင္းခံရသူ) ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံေရးတာဝန္ေတြကို ဘယ္လုိဆက္လက္ ထမ္းေဆာင္ႏုိင္မလဲဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းကို ေျဖၾကားရင္း ဒီအတုိင္းထည့္သြင္းေျပာသြားခဲ့တာပါ။ သူ႔ရဲ႕ အေျဖအျပည့္အစံုကေတာ့ ‘‘ကြၽန္မတို႔အႏိုင္ရၿပီး အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္အေနနဲ႔ အစိုးရတစ္ရပ္ကို ဖြဲ႕စည္းခြင့္ရရွိလာ မယ္ဆိုရင္သမၼတအထက္မွာ ကြၽန္မကရွိေနမွာပါ။ ဒီကိစၥက ရွင္းရွင္းေလးပါ’’ဟူသတတ္။ ေမးခြန္းထုတ္သူသတင္းေထာက္ကပဲ ဒီလိုမ်ဳိးစီစဥ္ေဆာင္ရြက္တာဟာ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ခ်ဳိးေဖာက္ရာမက်ေရာက္ႏိုင္ဘူးလားလို႔ ေနာက္ထပ္အတြန္႔တက္ ၾကည့္ေသးတယ္ေလ။ မီဒီယာ သမားေတြပဲဟာကိုး။ ဘယ္ေခပါ့ မလဲ။ ဒီေလာက္နဲ႔ ဘယ္လိုလုပ္ ၿငိမ္ကုပ္ခံႏိုင္ပါ့မလဲဗ်ာ။ အဲဒီအခါမွာ ေဒၚေအာင္ဆန္းစုၾကည္က ‘‘မခ်ဳိးေဖာက္ပါဘူးရွင္။ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာ သမၼတ အထက္ကပုဂၢိဳလ္ေတြနဲ႔ပတ္သက္လို႔ ထည့္သြင္းေရးဆြဲထားတာမပါဘူး’’တဲ့။ ကဲ...မွတ္ကေရာ။ ကြၽန္ေတာ္ ကိုယ္တိုင္ၾကည့္လိုက္ရတဲ့ သတင္းစာရွင္းလင္းပြဲဗီဒီယုိဖိုင္ထဲမွာ အဲဒီအတိုင္းေျပာသြားခဲ့တဲ့ဥစၥာေလ။

ကြၽန္ေတာ္ဖတ္႐ႈသိရွိရသ ေလာက္ကေတာ့ ဖြဲ႕စည္းပံုအေျခ ခံဥပေဒစာအုပ္ထဲက အခန္း (၃)၊ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယ သမၼတမ်ားဆိုတဲ့ ေခါင္းစဥ္ခြဲေအာက္မွာပါရွိတဲ့ ဥပေဒပုဒ္မ ၅၈ အရ ‘‘ႏိုင္ငံေတာ္သမၼတသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တစ္ဝန္းလံုးတြင္ ႏိုင္ငံသားအားလံုး၏ အထြတ္အထိပ္ေနရာ ရရွိသည္’’တဲ့ဗ်ား။ ဒါေၾကာင့္မို႔လို႔လား မသိဘူးဗ်။ ႏိုင္ငံေတာ္ သမၼတ႐ံုးၫႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေျပာၾကားခ်က္ဟာ ‘‘ဖြဲ႕စည္းပံု အေျခခံဥပေဒလာ ဥပေဒအပိုင္ခြဲေတြနဲ႔ ဖီလာဆန္႔က်င္ျဖစ္ေနပါတယ္’’လို႔ ႐ိုက္တာ (Reuters) သတင္းဌာနကို မွတ္ခ်က္ခ်ေျပာၾကားသြားတာေနမွာေပါ့။

 ဒါတင္မကေသးဘူးခင္ဗ်။ ဒီလ ၁၆ ရက္စြဲနဲ႔ ထုတ္ေဝခဲ့တဲ့7Day Daily ေန႔စဥ္ထုတ္ သတင္းစာထဲမွာလည္း အမ်ဳိးသားဒီမို ကေရစီအင္အားစုပါတီႀကီး ဥကၠ႒ျဖစ္သူ ဝါရင့္ဥပေဒအက်ဳိးေဆာင္ႀကီး ဦးသိန္းၫြန္႔ကလည္း ဒီေျပာၾကားခ်က္နဲ႔ပတ္သက္လို႔ ဦးေဇာ္ေဌးနဲ႔ တစ္ေလသံတည္း ကန္႔ကြက္ေျပာသြား႐ံုသာမက ‘‘ေရြးေကာက္ပြဲလြန္ကာလမွာ ေျပာတာဆိုတာ အင္မတန္အေရးႀကီး ေၾကာင္းကို ၉၀ ျပည့္ႏွစ္ေရြး ေကာက္ပြဲတုန္းက သင္ခန္းစာရခဲ့ ၿပီ။ အဲဒီအခ်ိန္တုန္းက အင္န္ အယ္လ္ဒီကို ေခါင္းေဆာင္ခဲ့တဲ့ ဦးၾကည္ေမာင္ကေန တပ္မေတာ္ အရာရွိႀကီးမ်ားကို ႏုရင္ဘတ္စစ္ ခံု႐ံုမ်ဳိးနဲ႔ပတ္သက္ၿပီးေျပာတဲ့ အေပၚမွာ ဒီရလဒ္ဟာ ႏွစ္ေပါင္း ၂၀ ၾကာတဲ့အထိ လႊတ္ေတာ္ မေခၚႏုိင္ဘဲ ၂၀၀၈ အေျခခံဥပေဒေအာက္ မွာ နိဂံုးခ်ဳပ္ခဲ့ရတဲ့သင္ခန္းစာရွိပါတယ္’’လို႔အတိတ္ ‘သမိုင္း’ျဖစ္ရပ္တစ္ခုကို ျပန္လည္ၫႊန္းဆိုရင္းက သြန္သင္ဆံုးမသြားတာကိုလည္း ဖတ္႐ႈလိုက္ရပါတယ္။

ဒါတင္လားဆိုေတာ့မဟုတ္ ေသးဘူးခင္ဗ်။ ေဂ်ာ့ခ်္ေတာင္း တကၠသိုလ္ (Georgetown Uni- versity)ရဲ႕ အာရွေရးရာဌာနက ပါေမာကၡတစ္ဦးျဖစ္သူ ေဒးဗစ္စတိန္းဘာ့ဂ္ (David Steinberg) ကလည္း ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ေျပာၾကားခ်က္ကို သေဘာက် ပံုမေပၚဘူးဗ်။ ဘာျဖစ္လို႔လဲဆို ရင္ ‘‘သူ(ေဒၚေအာင္ဆန္းစုၾကည္) ဟာ ႏိုင္ငံေရးနဲ႔ဆက္ႏႊယ္မိတဲ့ ကာလတစ္ေလွ်ာက္လံုးမွာ ျမန္မာႏိုင္ငံမွာမရွိခဲ့ဖူးခဲ့တဲ့ တရားဥပေဒ စိုးမုိးေရးအတြက္ ႐ုန္းကန္လႈပ္ ရွားလာသူပဲဥစၥာ။ အခုက်မွ ‘တရားဥပေဒအထက္မွာ ကြၽန္မ ရွိေနတယ္’ဆိုသလိုမ်ဳိးေျပာၾကား လာခဲ့တာဟာ နည္းနည္းေတာ့ ထူးဆန္းေနသလားလို႔။ ဘာပဲျဖစ္ ျဖစ္ ႏိုင္ငံတစ္ႏိုင္ငံမွာ ဖြဲ႕စည္းပံု အေျခခံဥပေဒဆိုတာ မူလဘူတ ဥပေဒပဲေလ။ ႀကိဳက္တာ၊ မႀကိဳက္တာနဲ႔ေတာ့ သိပ္မဆိုင္လွဘူးဗ်’’ လို႔ေျပာသြားတာကိုလည္း ဖတ္ရ မိလို႔ပါ။

ဝါရွင္တန္အေျခစိုက္ ဒီမုိကေရစီထြန္းကားေရး အဖြဲ႕အစည္းတစ္ရပ္ျဖစ္တဲ့ Project 2049 Institute မွာ တာဝန္ထမ္းေဆာင္ေနသူ ကယ္လီကာေရး (KelleyCurrie) က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕စကားဟာ အေနာက္တိုင္းသားေတြအဖို႔ ခြတီးခြက်ျဖစ္ေနေပမယ့္လည္းျမန္မာျပည္သူလူထုေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေခါင္းေဆာင္မႈကို လုိလားေတာင့္တ ေနၾကတာျဖစ္လို႔ ဒီခ်ဳပ္ပါတီကို အားပါးတရမဲေပးခဲ့ၾကတယ္ဆိုတာေတာ့ သူတို႔တစ္ေတြ ေထာက္ခံၾကရလိမ့္မယ္လို႔ မွတ္ခ်က္ ခ်သြားတာကလည္းစိတ္ဝင္စားစရာေပါ့။

ဒီလိုမ်ဳိး Proxy Leader ေခၚ အစားထုိးေခါင္းေဆာင္တစ္ဦး ေရြးခ်ယ္လိုက္ၿပီး ႏိုင္ငံကိုအုပ္ခ်ဳပ္ ေစတာကေတာ့ ကြၽန္ေတာ္တို႔ အာရွတုိက္ႏိုင္ငံေရးမွာ ရွားရွား ပါးပါးျဖစ္ရပ္တစ္ခုမဟုတ္လွပါ ဘူးခင္ဗ်။ ကမၻာ့အႀကီးမားဆံုး ဒီမိုကေရစီႏိုင္ငံႀကီးရယ္လို႔ တဖြ ဖြတင္စားေျပာဆိုခံေနရဆဲျဖစ္တဲ့ အိႏၵိယႏိုင္ငံမွာ ၂၀၀၄ ကေန ၂၀၁၄ အထိ ဝန္ႀကီးခ်ဳပ္တာဝန္ ထမ္းေဆာင္သြားခဲ့သူ ေဘာဂ ေဗဒပညာရွင္ မန္မိုဟန္ဆင္း (Manmohan Singh) ကို အိႏၵိယ အမ်ဳိးသားကြန္ဂရက္ပါတီဥကၠ႒ ဆိုနီယာ (Sonia Gandhi)က ေနာက္ကြယ္ကေန ႀကိဳးကိုင္အုပ္ ခ်ဳပ္ေစခဲ့တယ္လို႔ ယူဆေနၾကသူ ေတြ တစ္ပုံတစ္ေခါင္းႀကီးေလ။ လြန္ခဲ့တဲ့ႏွစ္ စစ္တပ္အာဏာသိမ္း ပြဲမွာ ျဖဳတ္ခ်ခံလိုက္ရတဲ့ ထုိင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လပ္ရွင္နာဝပ္ထရာ (Yingluck Shinawatra)ဆိုရင္ ၂၀၀၆ က အာဏာ ကေနဖယ္ရွားခံလိုက္ရၿပီး အက်င့္ပ်က္လာဘ္စားမႈေၾကာင့္ ေထာင္ ဒဏ္က်ခံရမွာစိုးလို႔ ျပည္ပမွာ တိမ္းေရွာင္ေနရသူအစ္ကိုေတာ္ သက္ဆင္ရွင္နာဝပ္ထရာရဲ႕ ႐ုပ္ ေသး႐ုပ္လို႔ စြပ္စြဲခံေနရတာ မသိ သူ ရွားလွတဲ့ျဖစ္ရပ္တစ္ခုေပါ့။ ယင္လပ္ရဲ႕ေဖြထိုင္းပါတီ (Pheu Thai)ကို အႏိုင္ရေစခဲ့တဲ့ မဲဆြယ္ စည္း႐ံုးေရး ေႂကြးေၾကာ္သံကိုလည္း ၾကည့္လိုက္ပါဦး။ ‘‘သက္ဆင္ေတြးေခၚ ေဖြထိုင္းအေကာင္အထည္ေဖာ္’’တဲ့ဗ်ား။

ကိုယ္ရည္ကိုယ္ေသြးျပည့္ဝ လွပါတယ္လို႔အဆိုရွိတဲ့ လက္ရွိ အင္ဒိုနီးရွားႏိုင္ငံသမၼတ ဂ်ဳိကိုဝီဒုိ ဒို (Joko Widodo)ေတာင္မွ တိုက္ပြဲဝင္ဒီမိုကေရစီပါတီ (DemocracyParty of Struggle) ရဲ႕ေခါင္း ေဆာင္လည္းျဖစ္၊ အင္ဒိုနီးရွား အမ်ဳိးသားေခါင္းေဆာင္ႀကီး ဆူကာႏိုရဲ႕သမီးလည္းျဖစ္သူ ေမဃဝတီဆူကာႏိုပူထရီ(Mega wati Sukarnoputri)ကို ဘယ္လိုလုပ္ၿပီး ရြာလြန္ရြက္တိုက္လုပ္ႏိုင္မွာမို႔လို႔လဲ။တစ္ခုေတာ့ေျပာစရာရွိတာ ေပါ့။ အိႏၵိယမွာေရာ၊ ထုိင္းနဲ႔ အင္ဒိုနီးရွားႏိုင္ငံတို႔မွာပါ သက္ ဆိုင္ရာပုဂၢိဳလ္ေတြဟာ ဘယ္သူ ကမွ် ဝန္ႀကီးခ်ဳပ္တို႔၊ သမၼတတို႔ရဲ႕ အထက္မွာရွိပါေပတယ္လို႔ ဖြင့္ဟ ႁမြက္ၾကားျခင္းမရွိဘဲနဲ႔ ေဒၚေအာင္ဆန္းစုၾကည္က်မွ ‘‘သမၼတ အထက္မွာ ကြၽန္မကရွိေနမွာပါ’’ ရယ္လို႔ဘာေၾကာင့္ ေျပာၾကားသြားခဲ့တာလဲ ဆိုတာကေတာ့ စဥ္းစားၾကည့္ၾက ရမယ့္ကိစၥပါ။ ဒါေၾကာင့္မို႔လို႔ ေဖ့စ္ဘြတ္ခ္သူငယ္ခ်င္းျဖစ္သူ တကၠသိုလ္ေက်ာင္းဆရာက ကြၽန္ေတာ့္ကို ‘‘သူတုိ႔က ကမၻာသိေအာင္ 'Ab-ove President'လို႔ ေျပာဖူးလို႔လား’’ဆိုၿပီး အေငါ့တူးသြားတာထင္ပါရဲ႕။ ဒါေပမဲ့ ဒါနဲ႔ဆက္စပ္ၿပီး ေတာ့ပဲ မဆလေခတ္မွာတုန္းက ႏိုင္ငံေတာ္သမၼတႀကီး ဦးစန္းယုအထက္မွာ လမ္းစဥ္ပါတီဥကၠ႒ ႀကီး ဦးေနဝင္းရွိခဲ့တာပဲလို႔ ယခုရက္ပိုင္း ေဖ့စ္ဘြတ္ခ္လူမႈကြန္ ရက္မွာ ေျပာဆိုေဆြးေႏြးမႈေတြ လည္းရွိေနပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ဒီစကားရပ္ကို အျပန္အလွန္ ဆင္ျခင္တိုင္းထြာမႈမလုပ္ဘဲနဲ႔ သတိလက္လြတ္ေျပာသြားမွာ မဟုတ္ဘူးဆိုတာက်ိန္းေသေလာက္သေပါ့။ ဒါေၾကာင့္မို႔လို႔လည္း သူ႔အေနနဲ႔ ေရြးေကာက္ပြဲၿပီးလို႔  ႏွစ္ရက္အၾကာမွာ စင္ကာပူအေျခစိုက္ Channel News Asia (CNA) ႐ုပ္သံသတင္းဌာနသာမက ဘီဘီစီသတင္းဌာနတို႔နဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး အစီအစဥ္ေတြမွာလည္းဒီအတုိင္းပဲ ထပ္ေျပာသြားတာကိုး။ ဒီစကားရပ္ရဲ႕ အတိုင္းအထြာနဲ႔ အတိုအရွည္ကိုေတာ့ မၾကာမီက်င္းပျပဳလုပ္ေတာ့မယ့္ ေလးပြင့္ဆိုင္ေဆြးေႏြးပြဲေတြမွာၾကားၾက၊ ျမင္ၾကရလိမ့္မယ္လို႔ ကြၽန္ေတာ္ကိုယ္တိုင္က ေလးေလးနက္နက္ယူဆေန မိပါေၾကာင္း . .  . ။
7DayDaily
............................

By
ကျော်အုန်းမြင့်
On  
Fri, 2015-11-20 13:49
လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာရဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Messe-nger ကနေတစ်ဆင့် ကျွန်တော့် ဆီကို အမေးပုစ္ဆာတစ်ရပ် ဆိုက် ဆိုက်မြိုက်မြိုက် ရောက်ချလာပါ တယ်ခင်ဗျ။ ပုစ္ဆာပြုသူအနှီပုဂ္ဂိုလ်က ပြည်နယ်တစ်ခုမှာ လက်ရှိတာဝန် ထမ်းဆောင်ဆဲ တက္ကသိုလ်ဆရာတစ်ယောက်လို့ ဆိုလားပဲ။ ‘‘ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ Above President မှာနေမယ်ဆိုတာ သူပြောတာ အမှန် လား’’တဲ့။ ကျွန်တော်က ‘‘မှန်ပါတယ် ဆရာ’’လို့ဆိုရုံရှိသေး။ ‘‘ဒါဆို သူရူးသွားပြီလား။ ကမ္ဘာသိဖြစ်အောင် သူဘာလို့ တရားဝင်ပြောရတာလဲဗျာ။ ကျွန်တော် မယုံနိုင်ဘူး။ တကယ်ပြောတာ။ ဘယ်နိုင်ငံမှာမှ 'The position abovethe president' ဆိုတာမရှိဘူး မဟုတ်လားဗျာ။ သိပ်ကို ကလေး ဆန်နေသလိုပဲဗျာ’’ဆိုပြီး နောက်ဆက်တွဲစောဒက စကားလုံးတွေက စက်သေနတ်နဲ့ တရစပ်ပစ်ထည့် လိုက်သလို။ ဒါတင်မက သေးပါဘူး။ ‘‘အဲဒီတစ်ချက်ဟာ ကျွန်တော့်အမြင်အရဆို ပက်ပက် စက်စက်ကိုမှားတယ်ဗျာ’’။ ဆိုတဲ့နောက်ဆုံးပိတ် ကောက်ချက်ချစကားတစ်ခွန်းတောင် အဆစ်ပါလိုက်သေးဗျား။

ဒါနဲ့ ကျွန်တော်က ‘‘ဆရာ့ အနေနဲ့ ဒီကိစ္စကို အကျယ်တဝင့် ဆွေးနွေးချင်တယ်ဆိုရင် ကျွန် တော့်ဆီကို တိုက်ရိုက်ဖုန်းဆက် နိုင်ပါတယ်’’လို့ ဖိတ်မန္တကပြု လိုက်ပေမယ့် ထိုဆရာခမျာမှာ လည်း သူ့ရဲ့အဝေးသင်တက္က သိုလ်ကျောင်းသားတွေအတွက် သင်ကြားရေးတာဝန်တွေကို ဦးဆွေးဆံမြည့် ထမ်းရွက်နေရင်း က မအားမလပ်အောင် ရှိနေဟန် တူရဲ့။ ကျွန်တော့်ဆီဖုန်းအဆက် အသွယ်ပြုမလာဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ ဒီဆောင်းပါးကို ချရေးဖြစ်လိုက်တာလို့ ယူသော် ရ၏ပေါ့နော်။

သိတော်မူကြတဲ့အတိုင်းပါ ပဲ။ ကျွန်တော့်ဆောင်းပါးခေါင်း စဉ်မှာ ညွှန်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီစကားရပ်ကို ရွေးကောက်ပွဲ မကျင်းပမီသုံးရက်အလို နိုဝင်ဘာ ၅ ရက်က တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်မှာ ကျင်းပဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့တာကိုတော့ စာဖတ်သူ တွေမှတ်မိကြဦးမယ်ထင်ရပါရဲ့။ ဒီချုပ်ပါတီသာရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် (ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတာဝန် ထမ်းဆောင်နိုင်ရေးအတွက် တားမြစ်ပိတ်ပင်ထားခြင်းခံရသူ) ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးတာဝန်တွေကို ဘယ်လိုဆက်လက် ထမ်းဆောင်နိုင်မလဲဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေကြားရင်း ဒီအတိုင်းထည့်သွင်းပြောသွားခဲ့တာပါ။ သူ့ရဲ့ အဖြေအပြည့်အစုံကတော့ ‘‘ကျွန်မတို့အနိုင်ရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းခွင့်ရရှိလာ မယ်ဆိုရင်သမ္မတအထက်မှာ ကျွန်မကရှိနေမှာပါ။ ဒီကိစ္စက ရှင်းရှင်းလေးပါ’’ဟူသတတ်။ မေးခွန်းထုတ်သူသတင်းထောက်ကပဲ ဒီလိုမျိုးစီစဉ်ဆောင်ရွက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာမကျရောက်နိုင်ဘူးလားလို့ နောက်ထပ်အတွန့်တက် ကြည့်သေးတယ်လေ။ မီဒီယာ သမားတွေပဲဟာကိုး။ ဘယ်ခေပါ့ မလဲ။ ဒီလောက်နဲ့ ဘယ်လိုလုပ် ငြိမ်ကုပ်ခံနိုင်ပါ့မလဲဗျာ။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ‘‘မချိုးဖောက်ပါဘူးရှင်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတ အထက်ကပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ ထည့်သွင်းရေးဆွဲထားတာမပါဘူး’’တဲ့။ ကဲ...မှတ်ကရော။ ကျွန်တော် ကိုယ်တိုင်ကြည့်လိုက်ရတဲ့ သတင်းစာရှင်းလင်းပွဲဗီဒီယိုဖိုင်ထဲမှာ အဲဒီအတိုင်းပြောသွားခဲ့တဲ့ဥစ္စာလေ။

ကျွန်တော်ဖတ်ရှုသိရှိရသ လောက်ကတော့ ဖွဲ့စည်းပုံအခြေ ခံဥပဒေစာအုပ်ထဲက အခန်း (၃)၊နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာပါရှိတဲ့ ဥပဒေပုဒ်မ ၅၈ အရ ‘‘နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်’’တဲ့ဗျား။ ဒါကြောင့်မို့လို့လား မသိဘူးဗျ။ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ ‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေလာ ဥပဒေအပိုင်ခွဲတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်’’လို့ ရိုက်တာ (Reuters) သတင်းဌာနကို မှတ်ချက်ချပြောကြားသွားတာနေမှာပေါ့။

 ဒါတင်မကသေးဘူးခင်ဗျ။ ဒီလ ၁၆ ရက်စွဲနဲ့ ထုတ်ဝေခဲ့တဲ့7Day Daily နေ့စဉ်ထုတ် သတင်းစာထဲမှာလည်း အမျိုးသားဒီမို ကရေစီအင်အားစုပါတီကြီး ဥက္ကဋ္ဌဖြစ်သူ ဝါရင့်ဥပဒေအကျိုးဆောင်ကြီး ဦးသိန်းညွန့်ကလည်း ဒီပြောကြားချက်နဲ့ပတ်သက်လို့ ဦးဇော်ဌေးနဲ့ တစ်လေသံတည်း ကန့်ကွက်ပြောသွားရုံသာမက ‘‘ရွေးကောက်ပွဲလွန်ကာလမှာ ပြောတာဆိုတာ အင်မတန်အရေးကြီး ကြောင်းကို ၉၀ ပြည့်နှစ်ရွေး ကောက်ပွဲတုန်းက သင်ခန်းစာရခဲ့ ပြီ။ အဲဒီအချိန်တုန်းက အင်န် အယ်လ်ဒီကို ခေါင်းဆောင်ခဲ့တဲ့ ဦးကြည်မောင်ကနေ တပ်မတော် အရာရှိကြီးများကို နုရင်ဘတ်စစ် ခုံရုံမျိုးနဲ့ပတ်သက်ပြီးပြောတဲ့ အပေါ်မှာ ဒီရလဒ်ဟာ နှစ်ပေါင်း ၂၀ ကြာတဲ့အထိ လွှတ်တော် မခေါ်နိုင်ဘဲ ၂၀၀၈ အခြေခံဥပဒေအောက် မှာ နိဂုံးချုပ်ခဲ့ရတဲ့သင်ခန်းစာရှိပါတယ်’’လို့အတိတ် ‘သမိုင်း’ဖြစ်ရပ်တစ်ခုကို ပြန်လည်ညွှန်းဆိုရင်းက သွန်သင်ဆုံးမသွားတာကိုလည်း ဖတ်ရှုလိုက်ရပါတယ်။

ဒါတင်လားဆိုတော့မဟုတ် သေးဘူးခင်ဗျ။ ဂျော့ချ်တောင်း တက္ကသိုလ် (Georgetown Uni- versity)ရဲ့ အာရှရေးရာဌာနက ပါမောက္ခတစ်ဦးဖြစ်သူ ဒေးဗစ်စတိန်းဘာ့ဂ် (David Steinberg) ကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ပြောကြားချက်ကို သဘောကျ ပုံမပေါ်ဘူးဗျ။ ဘာဖြစ်လို့လဲဆို ရင် ‘‘သူ(ဒေါ်အောင်ဆန်းစုကြည်) ဟာ နိုင်ငံရေးနဲ့ဆက်နွှယ်မိတဲ့ ကာလတစ်လျှောက်လုံးမှာ မြန်မာနိုင်ငံမှာမရှိခဲ့ဖူးခဲ့တဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ရုန်းကန်လှုပ် ရှားလာသူပဲဥစ္စာ။ အခုကျမှ ‘တရားဥပဒေအထက်မှာ ကျွန်မ ရှိနေတယ်’ဆိုသလိုမျိုးပြောကြား လာခဲ့တာဟာ နည်းနည်းတော့ ထူးဆန်းနေသလားလို့။ ဘာပဲဖြစ် ဖြစ် နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ မူလဘူတ ဥပဒေပဲလေ။ ကြိုက်တာ၊ မကြိုက်တာနဲ့တော့ သိပ်မဆိုင်လှဘူးဗျ’’ လို့ပြောသွားတာကိုလည်း ဖတ်ရ မိလို့ပါ။

ဝါရှင်တန်အခြေစိုက် ဒီမိုကရေစီထွန်းကားရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ Project 2049 Institute မှာ တာဝန်ထမ်းဆောင်နေသူ ကယ်လီကာရေး (KelleyCurrie) က ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားဟာ အနောက်တိုင်းသားတွေအဖို့ ခွတီးခွကျဖြစ်နေပေမယ့်လည်းမြန်မာပြည်သူလူထုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုကို လိုလားတောင့်တ နေကြတာဖြစ်လို့ ဒီချုပ်ပါတီကို အားပါးတရမဲပေးခဲ့ကြတယ်ဆိုတာတော့ သူတို့တစ်တွေ ထောက်ခံကြရလိမ့်မယ်လို့ မှတ်ချက် ချသွားတာကလည်းစိတ်ဝင်စားစရာပေါ့။

ဒီလိုမျိုး Proxy Leader ခေါ် အစားထိုးခေါင်းဆောင်တစ်ဦး ရွေးချယ်လိုက်ပြီး နိုင်ငံကိုအုပ်ချုပ် စေတာကတော့ ကျွန်တော်တို့ အာရှတိုက်နိုင်ငံရေးမှာ ရှားရှား ပါးပါးဖြစ်ရပ်တစ်ခုမဟုတ်လှပါ ဘူးခင်ဗျ။ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးရယ်လို့ တဖွ ဖွတင်စားပြောဆိုခံနေရဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ၂၀၀၄ ကနေ ၂၀၁၄ အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်သွားခဲ့သူ ဘောဂ ဗေဒပညာရှင် မန်မိုဟန်ဆင်း (Manmohan Singh) ကို အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာ (Sonia Gandhi)က နောက်ကွယ်ကနေ ကြိုးကိုင်အုပ် ချုပ်စေခဲ့တယ်လို့ ယူဆနေကြသူ တွေ တစ်ပုံတစ်ခေါင်းကြီးလေ။ လွန်ခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်း ပွဲမှာ ဖြုတ်ချခံလိုက်ရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ (Yingluck Shinawatra)ဆိုရင် ၂၀၀၆ က အာဏာ ကနေဖယ်ရှားခံလိုက်ရပြီး အကျင့်ပျက်လာဘ်စားမှုကြောင့် ထောင် ဒဏ်ကျခံရမှာစိုးလို့ ပြည်ပမှာ တိမ်းရှောင်နေရသူအစ်ကိုတော် သက်ဆင်ရှင်နာဝပ်ထရာရဲ့ ရုပ် သေးရုပ်လို့ စွပ်စွဲခံနေရတာ မသိ သူ ရှားလှတဲ့ဖြစ်ရပ်တစ်ခုပေါ့။ ယင်လပ်ရဲ့ဖွေထိုင်းပါတီ (Pheu Thai)ကို အနိုင်ရစေခဲ့တဲ့ မဲဆွယ် စည်းရုံးရေး ကြွေးကြော်သံကိုလည်း ကြည့်လိုက်ပါဦး။ ‘‘သက်ဆင်တွေးခေါ် ဖွေထိုင်းအကောင်အထည်ဖော်’’တဲ့ဗျား။

ကိုယ်ရည်ကိုယ်သွေးပြည့်ဝ လှပါတယ်လို့အဆိုရှိတဲ့ လက်ရှိ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒို ဒို (Joko Widodo)တောင်မှ တိုက်ပွဲဝင်ဒီမိုကရေစီပါတီ (DemocracyParty of Struggle) ရဲ့ခေါင်း ဆောင်လည်းဖြစ်၊ အင်ဒိုနီးရှား အမျိုးသားခေါင်းဆောင်ကြီး ဆူကာနိုရဲ့သမီးလည်းဖြစ်သူ မေဃဝတီဆူကာနိုပူထရီ(Mega wati Sukarnoputri)ကို ဘယ်လိုလုပ်ပြီး ရွာလွန်ရွက်တိုက်လုပ်နိုင်မှာမို့လို့လဲ။တစ်ခုတော့ပြောစရာရှိတာ ပေါ့။ အိန္ဒိယမှာရော၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာပါ သက် ဆိုင်ရာပုဂ္ဂိုလ်တွေဟာ ဘယ်သူ ကမျှ ဝန်ကြီးချုပ်တို့၊ သမ္မတတို့ရဲ့ အထက်မှာရှိပါပေတယ်လို့ ဖွင့်ဟ မြွက်ကြားခြင်းမရှိဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကျမှ ‘‘သမ္မတ အထက်မှာ ကျွန်မကရှိနေမှာပါ’’ ရယ်လို့ဘာကြောင့် ပြောကြားသွားခဲ့တာလဲ ဆိုတာကတော့ စဉ်းစားကြည့်ကြ ရမယ့်ကိစ္စပါ။ ဒါကြောင့်မို့လို့ ဖေ့စ်ဘွတ်ခ်သူငယ်ချင်းဖြစ်သူ တက္ကသိုလ်ကျောင်းဆရာက ကျွန်တော့်ကို ‘‘သူတို့က ကမ္ဘာသိအောင် 'Ab-ove President'လို့ ပြောဖူးလို့လား’’ဆိုပြီး အငေါ့တူးသွားတာထင်ပါရဲ့။ ဒါပေမဲ့ ဒါနဲ့ဆက်စပ်ပြီး တော့ပဲ မဆလခေတ်မှာတုန်းက နိုင်ငံတော်သမ္မတကြီး ဦးစန်းယုအထက်မှာ လမ်းစဉ်ပါတီဥက္ကဋ္ဌ ကြီး ဦးနေဝင်းရှိခဲ့တာပဲလို့ ယခုရက်ပိုင်း ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်မှာ ပြောဆိုဆွေးနွေးမှုတွေ လည်းရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီစကားရပ်ကို အပြန်အလှန် ဆင်ခြင်တိုင်းထွာမှုမလုပ်ဘဲနဲ့ သတိလက်လွတ်ပြောသွားမှာ မဟုတ်ဘူးဆိုတာကျိန်းသေလောက်သပေါ့။ ဒါကြောင့်မို့လို့လည်း သူ့အနေနဲ့ ရွေးကောက်ပွဲပြီးလို့  နှစ်ရက်အကြာမှာ စင်ကာပူအခြေစိုက် Channel News Asia (CNA) ရုပ်သံသတင်းဌာနသာမက ဘီဘီစီသတင်းဌာနတို့နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်တွေမှာလည်းဒီအတိုင်းပဲ ထပ်ပြောသွားတာကိုး။ ဒီစကားရပ်ရဲ့ အတိုင်းအထွာနဲ့ အတိုအရှည်ကိုတော့ မကြာမီကျင်းပပြုလုပ်တော့မယ့် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာကြားကြ၊ မြင်ကြရလိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်က လေးလေးနက်နက်ယူဆနေ မိပါကြောင်း . .  . ။
7DayDaily

No comments:

Post a Comment