Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 13, 2015

ရက္ေဂးဂီတနဲ႔ ၿငိမ္းခ်မ္းေရးကတြဲေနတာ’

ေစာဖိုးခြားႏွင့္ စကားစျမည္

Byဇြဲဉာဏ္On  Sat, 2015-11-14 06:30Issue No.No.917 Saturday, November 14, 2015

ၿငိမ္းခ်မ္းေရးသီခ်င္းမ်ားကို အမ်ားဆံုးသီဆိုထားသည့္ ရက္ေဂးအဆိုေတာ္ ေစာဖိုးခြား၏တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို ႏိုဝင္ဘာ ၂၀ ရက္တြင္ ျပည္သူ႔ရင္ျပင္၌ အခမဲ့ျပဳလုပ္မည္ျဖစ္သည္။ ေဖ်ာ္ေျဖပြဲ၏အမည္ကို ‘ၿငိမ္းခ်မ္းပါေစ ျမန္မာျပည္’ဟုအမည္ေပးထားၿပီး လာေရာက္ၾကည့္႐ႈသူမ်ားအေနျဖင့္ ပန္းၿခံအတြင္းသို႔ အခမဲ့ဝင္ေရာက္ႏုိင္မည္ျဖစ္သည္။ ထုိ႔ေၾကာင့္ ရက္ေဂးအဆိုရွင္ ေစာဖိုးခြားကို တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ ျပဳလုပ္ျဖစ္သည့္အေၾကာင္းအရာမ်ားအပါအဝင္ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ေတြ႕ဆံုေမးျမန္းခဲ့ပါသည္။

ၿငိမ္းခ်မ္းပါေစ ျမန္မာျပည္ ေဖ်ာ္ ေျဖပြဲလုပ္ျဖစ္ခဲ့တဲ့အေၾကာင္း အရင္ဆံုးေျပာျပေပးပါလား။

အဲဒါကေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းထားတာက တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ ျမန္မာျပည္မွာ အယုတ္အလတ္အျမတ္မေရြး အလႊာေပါင္းစုံပါဝင္တဲ့၊ ကြၽန္ေတာ္တို႔ေမွ်ာ္မွန္းထားတာကေတာ့ ဒီ့ ထက္ႀကီးပါတယ္။ ျပည္သူ႔ရင္ ျပင္က ေဂ်ဆင္မရက္လာၿပီး ေဖ်ာ္ေျဖသြားတဲ့ကြင္းျပင္ႀကီးမွာ လူေသာင္းနဲ႔ခ်ီလာၿပီး အကုန္စု႐ံုး၊အဲဒါကိုတိုက္႐ိုက္ ျမန္မာတစ္ ျပည္လံုးလႊင့္၊ အားလံုးစည္းစည္း ႐ံုး႐ံုး ညီညီညာညာနဲ႔ ၿငိမ္းခ်မ္းေရး ရဲ႕ Tempo ကိုပံုေဖာ္ၾကတဲ့ပြဲႀကီး ျဖစ္ဖို႔ ရည္မွန္းထားတာ။ အဲဒါ ေၾကာင့္ ဒီပြဲက ကြၽန္ေတာ္တို႔ရည္ မွန္းထားတဲ့ပြဲရဲ႕ အစေျခလွမ္း လည္းျဖစ္ႏိုင္တယ္။

ျမန္မာႏိုင္ငံမွာ ရက္ေဂးဂီတကို အားေပးတဲ့ပရိသတ္နည္းေန ေသးတာဆိုေတာ့ ဒီပြဲကို ပရိသတ္ ဘယ္ေလာက္လာမယ္လို႔ ေမွ်ာ္ မွန္းထားလဲ။

ကြၽန္ေတာ္ေမွ်ာ္မွန္းထား တာေတာ့မရွိဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကြၽန္ေတာ္က မ်ားေသာ အားျဖင့္ စင္ေပၚမွာဆိုတာထက္ လူေတြထဲကိုဝင္ဆိုတာမ်ားတယ္။လမ္းေပၚမွာဆိုတာမ်ားတယ္။ ကားေတြနဲ႔လွည့္ဆိုတယ္။ လူ ေတြနဲ႔တစ္သားတည္းျဖစ္ၿပီးဆို တာမ်ားေတာ့ မွန္းထားတာေတာ့ မရွိဘူး။ ဒါေပမဲ့ လူေတြအမ်ား ႀကီးနဲ႔လည္းဆိုဖူးပါတယ္။ ၂၀၀၈ က MTV EXIT နဲ႔ဘန္ေကာက္မွာ လုပ္တဲ့ လူကုန္ကူးမႈတားဆီးေရး ပြဲသြားဆိုဖူးတယ္။ တစ္ခုပဲရွိတာ က ပရိသတ္အမ်ားႀကီးလာလာ၊ မလာလာ ကြၽန္ေတာ္တို႔ ျပင္ဆင္ ထားတာကေတာ့ အတူတူပါပဲ။

အရင္ေဖ်ာ္ေျဖပြဲေတြမွာ ၿငိမ္းခ်မ္း ေရးသီခ်င္းေတြကို ပါေဖာမန္႔ေတြ နဲ႔ ေဖ်ာ္ေျဖေပးေလ့ရွိေတာ့ ဒီေဖ်ာ္ ေျဖပြဲအတြက္ေကာ ဘာေတြျပင္ ဆင္ထားလဲ။

ေတြ႕ဖူးေနက်ပံုစံေတြပါပဲ။ ‘ေျမျမႇဳပ္မိုင္း’တို႔ရွိမယ္။ ေနာက္ၿပီး ‘ခ်စ္ၾကပါ’တို႔၊ ‘အသိနဲ႔သတိ’တို႔ အဲဒီလိုသီခ်င္းေတြမွာ ပါေဖာမန္႔ တြဲတာေတြရွိမယ္။ ပန္းခ်ီေတြပါ မယ္။ ကဗ်ာေတြပါမယ္။ ၿပီးေတာ့ LED မွာ Tablet နဲ႔တိုက္႐ိုက္ဆြဲၿပီး သီခ်င္းအၿပီး၊ ဆြဲတာလည္းအၿပီး အဲဒါမ်ဳိးပံုေဖာ္တာေတြလည္းပါ မယ္။ အကေတြလည္းပါမယ္။

ဒီေဖ်ာ္ေျဖပြဲကေန   ရက္ေဂးဂီတကို ပရိသတ္ေတြ စိတ္ဝင္စားမႈျမင့္တက္ လာမယ္လို႔ယံုၾကည္ထားလား။

ကြၽန္ေတာ္ေမွ်ာ္လင့္ထားပါ တယ္။ သူ႔ဟာသူျဖစ္လာတာ၊ မျဖစ္လာတာထက္ တစ္လွမ္း တစ္လွမ္းတိုးတိုင္းမွာ ေျပာရရင္ ကြၽန္ေတာ္က ပရိသတ္လံုးဝမရွိ ဘူးဆိုတာကေန တျဖည္းျဖည္း စိတ္ဝင္စားမႈရွိလာတာဆုိေတာ့ တိုးတက္လာမယ္လို႔ပဲ ေမွ်ာ္မွန္း ထားတယ္။ ဘယ္ေလာက္အတိုင္းအတာဆိုတာေတာ့ မမွန္းထားပါ ဘူး။ တိုးတက္လာမွာေတာ့ ေသခ်ာပါတယ္။

ၿငိမ္းခ်မ္းေရးကို တစိုက္မတ္မတ္ လုပ္ျဖစ္ခဲ့တဲ့အေၾကာင္းကေကာ ဘာေၾကာင့္လို႔ေျပာလို႔ရလဲ။

အဓိကကေတာ့ ရက္ေဂး ဂီတေၾကာင့္ပါ။ ရက္ေဂးဂီတနဲ႔ ၿငိမ္းခ်မ္းေရးကတြဲေနတာ။ ၿငိမ္း ခ်မ္းေရးဆိုရင္ ရက္ေဂးဂီတ၊ ရက္ေဂးဂီတဆိုရင္ ၿငိမ္းခ်မ္းေရး အင္မတန္မွ ပနံသင့္တယ္။ ပိုက္ ဆံမ်က္ႏွာျပင္ႏွစ္ဖက္လိုပါပဲ။ ဟိုဘက္ ဒီဘက္ကပ္ေနတာေပါ့။

ၿငိမ္းခ်မ္းေရးဆိုတာ ႏိုင္ငံတစ္ ႏိုင္ငံအတြက္  ဘယ္ေလာက္ အတိုင္းအတာအထိ အေရးႀကီး တယ္လို႔ထင္လဲ။

ၿငိမ္းခ်မ္းေရးက ႏိုင္ငံတကာ တင္မဟုတ္ဘူး။ ကမၻာႀကီး အတြက္လည္း ၿငိမ္းခ်မ္းေရးက မရွိမျဖစ္ပဲ။ ကမၻာႀကီးျဖစ္တည္ဖို႔ ေလတို႔၊ ေရတို႔ ဘယ္ေလာက္ အေရးပါလဲ။ ေလမရွိရင္ေသၿပီ ေလ။ ေနာက္ၿပီး ေရအသက္တစ္ မနက္ဆိုတာမ်ဳိးေတြေျပာၾက တယ္။ လူ႔ဘဝအသက္ရွင္ရပ္ တည္ဖို႔အဲဒီေလာက္ထိအေရးပါ တယ္။ ၿငိမ္းခ်မ္းေရးကလည္း လူ႔ ေဘာင္အသက္ရွင္ရပ္တည္ဖို႔ အတြက္ သူတို႔နဲ႔တန္းတူတန္းမွ် တန္ဖိုးအရမ္းႀကီးတဲ့အရာတစ္ခု ျဖစ္တယ္။

ျမန္မာႏိုင္ငံမွာလည္း ၿငိမ္းခ်မ္း ေရးနဲ႔ပတ္သက္ၿပီးလုပ္ေဆာင္ေန ၾကတဲ့အေပၚ အစ္ကို႔ရဲ႕အျမင္ကို ေျပာျပေပးပါဦး။

ကြၽန္ေတာ္ အဲဒီလိုႏိႈင္းယွဥ္ ၿပီး တစ္ခါမွေတာ့မျမင္ဖူးဘူး။ သူတို႔လုပ္တာက မွားတယ္။ ကိုယ္လုပ္တာမွမွန္တယ္လို႔ေတာ့ တစ္ခါမွမႏိႈင္းယွဥ္ဘူး။ ၿငိမ္းခ်မ္း ေရးဆိုတဲ့အရာကို ကြၽန္ေတာ္နား လည္သေဘာေပါက္ထားတာက အရင္ဆံုး သူမ်ားကိုသြားၿပီး ၫႊန္ ၾကားလို႔မရဘူး။ ၿငိမ္းခ်မ္းေရးလို ခ်င္တယ္။ ၿငိမ္းခ်မ္းေရးတကယ္ လုပ္တဲ့သူေတြက ကိုယ့္ဆီကပဲ စလုပ္ရတာ။ ကိုယ္ၿငိမ္းခ်မ္းေနမွ ကိုယ့္ပတ္ဝန္းက်င္၊ ကုိယ့္အသိုင္း အဝုိင္း အဲဒီလုိတျဖည္းျဖည္းအဲဒီ လိုသြားရမွာျဖစ္တဲ့အတြက္ ၿငိမ္း ခ်မ္းေရးရဖို႔အတြက္ သူမ်ားကို လက္ညႇိဳးထုိးခိုင္းၿပီးေတာ့၊ ဒါမွ မဟုတ္ အမိန္႔ေပးၿပီးေတာ့၊ ဒါမွ မဟုတ္လည္း တစ္ခုခုလဲလွယ္ၿပီး ေတာ့၊ ပိုက္ဆံေပးၿပီးေတာ့၊ ထမင္းေတြေခၚေကြၽးၿပီးေတာ့ မင္းတို႔ၿငိမ္းခ်မ္းေတာ့၊ အဲဒီလိုမ်ဳိးေတြ လုပ္လို႔မရပါဘူး။ ၿငိမ္းခ်မ္းေရး စစ္ဖို႔ဆိုတာ ကိုယ္ကုိယ္တိုင္က စၿပီး လုပ္ရမွာျဖစ္ပါတယ္။

ေရြးေကာက္ပြဲမွာ အင္န္အယ္လ္ဒီ ေအာင္ႏုိင္ေရးေျပာင္းလဲခ်ိန္တန္ ၿပီဇာတ္ကားမွာ ပါဝင္သ႐ုပ္ ေဆာင္ေပးခဲ့တာဆိုေတာ့ ႏိုင္ငံ ေရးအေျပာင္းအလဲနဲ႔ပတ္သက္ ၿပီး ဘာေတြဆက္လုပ္ဖို႔ရွိမလဲ။

ႏိုင္ငံသားတစ္ေယာက္အေန နဲ႔ ႏိုင္ငံရဲ႕အေရးကို စိတ္ဝင္စား ရမွာမွန္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဆီမွာ ႏိုင္ငံေရးကို သီအိုရီနဲ႔ ပတ္သက္ၿပီး သင္ျပတဲ့ေက်ာင္းလည္းမရွိဘူး။ တက္လည္းမတက္ခဲ့ရဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔သိတဲ့ ႏိုင္ငံေရးက ႏုိင္ငံေရးလုပ္ရင္ အစိုးရကိုဆန္႔က်င္သူေတြလို႔ပဲ သိခဲ့ရတယ္။ ေၾကာက္ေနရတယ္။ ႏိုင္ငံေရးကုိ လူတိုင္းမလုပ္ရဲဘူး။ အဲဒါေၾကာင့္ ႏိုင္ငံေရးကို စိတ္မဝင္စားဘူးေျပာတာ။ တကယ္တမ္းက်ေတာ့ ႏိုင္ငံေရးဆိုတဲ့ အရာက ႏိုင္ငံသားတိုင္းက ႏိုင္ငံရဲ႕အေရးကို စိတ္ဝင္စားရမယ္ဆိုတာရွိတယ္။ ကြၽန္ေတာ္ရပ္တည္တဲ့အရာက ၿငိမ္းခ်မ္းေရးပါ။ ၿငိမ္းခ်မ္းေရးရဲ႕ေအာက္မွာမွ ႏိုင္ငံေရးရွိတယ္။ ပညာေရးရွိတယ္။ လူမႈေရး၊ စီးပြားေရးက႑အသီးသီးရွိပါတယ္။  ၿငိမ္းခ်မ္းေရး အထက္ကိုေက်ာ္ၿပီး ၿငိမ္းခ်မ္းေရးနဲ႔တန္းတူ ဘယ္အေရးမွလာထား လို႔မရပါဘူး။ အဲဒါေၾကာင့္ ၿငိမ္းခ်မ္းေရးကို တန္ဖိုးထားတယ္။ လုပ္ေနတာကလည္း ၿငိမ္းခ်မ္းေရးပဲလုပ္ေနတယ္။ ႏိုင္ငံေရးကိုေတာ့ ၿငိမ္းခ်မ္းေရးအၿပီးမွပဲ စဥ္းစား မယ္။  အခု ခ်ိန္ထိေတာ့ ႏိုင္ငံေရးဆိုတဲ့အရာ ကြၽန္ေတာ့္ေခါင္းထဲမွာမရွိပါဘူး။

ေနာက္ဆံုးအေနနဲ႔ ၿငိမ္းခ်မ္းပါေစ ျမန္မာျပည္ေဖ်ာ္ေျဖပြဲမွာ ဘယ္လို ေဖ်ာ္ေျဖေပးမယ္ဆိုတာ ပရိသတ္ ကို သတင္းစကားေျပာေပးပါဦး။

ကြၽန္ေတာ္ေဖ်ာ္ေျဖမွာက ေတာ့ ၿငိမ္းခ်မ္းေရးကို အဓိက ထားမယ္။ သီခ်င္းအမ်ဳိးအစားက ေတာ့ ရက္ေဂးတစ္ခုတည္းဆိုပါ မယ္။ သီခ်င္းအပုဒ္ႏွစ္ဆယ္ အနည္းဆံုး၊ အမ်ားဆံုးဆိုရင္ ႏွစ္ဆယ့္ငါးပုဒ္ျဖစ္သြားမယ္။ ပရိသတ္ေတြနဲ႔အတူ လက္ေရတစ္ျပင္တည္းျဖစ္သြားေအာင္ Orga−nizedလုပ္ၿပီး စီစဥ္မွာပါ။ ကြၽန္ေတာ္လုပ္တဲ့ပြဲမဟုတ္ဘူး။ အားလံုးလုပ္တဲ့ပြဲပါ။ ပရိသတ္ေတြလိုက္ဆိုႏိုင္ရမယ္။ ေပ်ာ္ပါးႏိုင္ရမယ္။ ၿငိမ္းခ်မ္းေရးမက္ေဆ့ခ်္ ရႏိုင္ေအာင္ ဖန္တီးထားပါတယ္။

ေက်းဇူးတင္ပါတယ္။
http://www.7daydaily.com/story/50920
..............................

စောဖိုးခွားနှင့် စကားစမြည်

Byဇွဲဉာဏ်On  Sat, 2015-11-14 06:30Issue No.No.917 Saturday, November 14, 2015

ငြိမ်းချမ်းရေးသီချင်းများကို အများဆုံးသီဆိုထားသည့် ရက်ဂေးအဆိုတော် စောဖိုးခွား၏တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၀ ရက်တွင် ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်မည်ဖြစ်သည်။ ဖျော်ဖြေပွဲ၏အမည်ကို ‘ငြိမ်းချမ်းပါစေ မြန်မာပြည်’ဟုအမည်ပေးထားပြီး လာရောက်ကြည့်ရှုသူများအနေဖြင့် ပန်းခြံအတွင်းသို့ အခမဲ့ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရက်ဂေးအဆိုရှင် စောဖိုးခွားကို တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ဖြစ်သည့်အကြောင်းအရာများအပါအဝင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ငြိမ်းချမ်းပါစေ မြန်မာပြည် ဖျော် ဖြေပွဲလုပ်ဖြစ်ခဲ့တဲ့အကြောင်း အရင်ဆုံးပြောပြပေးပါလား။

အဲဒါကတော့ ကျွန်တော်တို့ မျှော်မှန်းထားတာက တစ်နေ့နေ့ တစ်ချိန်ချိန် မြန်မာပြည်မှာ အယုတ်အလတ်အမြတ်မရွေး အလွှာပေါင်းစုံပါဝင်တဲ့၊ ကျွန်တော်တို့မျှော်မှန်းထားတာကတော့ ဒီ့ ထက်ကြီးပါတယ်။ ပြည်သူ့ရင် ပြင်က ဂျေဆင်မရက်လာပြီး ဖျော်ဖြေသွားတဲ့ကွင်းပြင်ကြီးမှာ လူသောင်းနဲ့ချီလာပြီး အကုန်စုရုံး၊အဲဒါကိုတိုက်ရိုက် မြန်မာတစ် ပြည်လုံးလွှင့်၊ အားလုံးစည်းစည်း ရုံးရုံး ညီညီညာညာနဲ့ ငြိမ်းချမ်းရေး ရဲ့ Tempo ကိုပုံဖော်ကြတဲ့ပွဲကြီး ဖြစ်ဖို့ ရည်မှန်းထားတာ။ အဲဒါ ကြောင့် ဒီပွဲက ကျွန်တော်တို့ရည် မှန်းထားတဲ့ပွဲရဲ့ အစခြေလှမ်း လည်းဖြစ်နိုင်တယ်။

မြန်မာနိုင်ငံမှာ ရက်ဂေးဂီတကို အားပေးတဲ့ပရိသတ်နည်းနေ သေးတာဆိုတော့ ဒီပွဲကို ပရိသတ် ဘယ်လောက်လာမယ်လို့ မျှော် မှန်းထားလဲ။

ကျွန်တော်မျှော်မှန်းထား တာတော့မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က များသော အားဖြင့် စင်ပေါ်မှာဆိုတာထက် လူတွေထဲကိုဝင်ဆိုတာများတယ်။လမ်းပေါ်မှာဆိုတာများတယ်။ ကားတွေနဲ့လှည့်ဆိုတယ်။ လူ တွေနဲ့တစ်သားတည်းဖြစ်ပြီးဆို တာများတော့ မှန်းထားတာတော့ မရှိဘူး။ ဒါပေမဲ့ လူတွေအများ ကြီးနဲ့လည်းဆိုဖူးပါတယ်။ ၂၀၀၈ က MTV EXIT နဲ့ဘန်ကောက်မှာ လုပ်တဲ့ လူကုန်ကူးမှုတားဆီးရေး ပွဲသွားဆိုဖူးတယ်။ တစ်ခုပဲရှိတာ က ပရိသတ်အများကြီးလာလာ၊ မလာလာ ကျွန်တော်တို့ ပြင်ဆင် ထားတာကတော့ အတူတူပါပဲ။

အရင်ဖျော်ဖြေပွဲတွေမှာ ငြိမ်းချမ်း ရေးသီချင်းတွေကို ပါဖောမန့်တွေ နဲ့ ဖျော်ဖြေပေးလေ့ရှိတော့ ဒီဖျော် ဖြေပွဲအတွက်ကော ဘာတွေပြင် ဆင်ထားလဲ။

တွေ့ဖူးနေကျပုံစံတွေပါပဲ။ ‘မြေမြှုပ်မိုင်း’တို့ရှိမယ်။ နောက်ပြီး ‘ချစ်ကြပါ’တို့၊ ‘အသိနဲ့သတိ’တို့ အဲဒီလိုသီချင်းတွေမှာ ပါဖောမန့် တွဲတာတွေရှိမယ်။ ပန်းချီတွေပါ မယ်။ ကဗျာတွေပါမယ်။ ပြီးတော့ LED မှာ Tablet နဲ့တိုက်ရိုက်ဆွဲပြီး သီချင်းအပြီး၊ ဆွဲတာလည်းအပြီး အဲဒါမျိုးပုံဖော်တာတွေလည်းပါ မယ်။ အကတွေလည်းပါမယ်။

ဒီဖျော်ဖြေပွဲကနေ   ရက်ဂေးဂီတကို ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက် လာမယ်လို့ယုံကြည်ထားလား။

ကျွန်တော်မျှော်လင့်ထားပါ တယ်။ သူ့ဟာသူဖြစ်လာတာ၊ မဖြစ်လာတာထက် တစ်လှမ်း တစ်လှမ်းတိုးတိုင်းမှာ ပြောရရင် ကျွန်တော်က ပရိသတ်လုံးဝမရှိ ဘူးဆိုတာကနေ တဖြည်းဖြည်း စိတ်ဝင်စားမှုရှိလာတာဆိုတော့ တိုးတက်လာမယ်လို့ပဲ မျှော်မှန်း ထားတယ်။ ဘယ်လောက်အတိုင်းအတာဆိုတာတော့ မမှန်းထားပါ ဘူး။ တိုးတက်လာမှာတော့ သေချာပါတယ်။

ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် လုပ်ဖြစ်ခဲ့တဲ့အကြောင်းကကော ဘာကြောင့်လို့ပြောလို့ရလဲ။

အဓိကကတော့ ရက်ဂေး ဂီတကြောင့်ပါ။ ရက်ဂေးဂီတနဲ့ ငြိမ်းချမ်းရေးကတွဲနေတာ။ ငြိမ်း ချမ်းရေးဆိုရင် ရက်ဂေးဂီတ၊ ရက်ဂေးဂီတဆိုရင် ငြိမ်းချမ်းရေး အင်မတန်မှ ပနံသင့်တယ်။ ပိုက် ဆံမျက်နှာပြင်နှစ်ဖက်လိုပါပဲ။ ဟိုဘက် ဒီဘက်ကပ်နေတာပေါ့။

ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတစ် နိုင်ငံအတွက်  ဘယ်လောက် အတိုင်းအတာအထိ အရေးကြီး တယ်လို့ထင်လဲ။

ငြိမ်းချမ်းရေးက နိုင်ငံတကာ တင်မဟုတ်ဘူး။ ကမ္ဘာကြီး အတွက်လည်း ငြိမ်းချမ်းရေးက မရှိမဖြစ်ပဲ။ ကမ္ဘာကြီးဖြစ်တည်ဖို့ လေတို့၊ ရေတို့ ဘယ်လောက် အရေးပါလဲ။ လေမရှိရင်သေပြီ လေ။ နောက်ပြီး ရေအသက်တစ် မနက်ဆိုတာမျိုးတွေပြောကြ တယ်။ လူ့ဘဝအသက်ရှင်ရပ် တည်ဖို့အဲဒီလောက်ထိအရေးပါ တယ်။ ငြိမ်းချမ်းရေးကလည်း လူ့ ဘောင်အသက်ရှင်ရပ်တည်ဖို့ အတွက် သူတို့နဲ့တန်းတူတန်းမျှ တန်ဖိုးအရမ်းကြီးတဲ့အရာတစ်ခု ဖြစ်တယ်။

မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီးလုပ်ဆောင်နေ ကြတဲ့အပေါ် အစ်ကို့ရဲ့အမြင်ကို ပြောပြပေးပါဦး။

ကျွန်တော် အဲဒီလိုနှိုင်းယှဉ် ပြီး တစ်ခါမှတော့မမြင်ဖူးဘူး။ သူတို့လုပ်တာက မှားတယ်။ ကိုယ်လုပ်တာမှမှန်တယ်လို့တော့ တစ်ခါမှမနှိုင်းယှဉ်ဘူး။ ငြိမ်းချမ်း ရေးဆိုတဲ့အရာကို ကျွန်တော်နား လည်သဘောပေါက်ထားတာက အရင်ဆုံး သူများကိုသွားပြီး ညွှန် ကြားလို့မရဘူး။ ငြိမ်းချမ်းရေးလို ချင်တယ်။ ငြိမ်းချမ်းရေးတကယ် လုပ်တဲ့သူတွေက ကိုယ့်ဆီကပဲ စလုပ်ရတာ။ ကိုယ်ငြိမ်းချမ်းနေမှ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်း အဝိုင်း အဲဒီလိုတဖြည်းဖြည်းအဲဒီ လိုသွားရမှာဖြစ်တဲ့အတွက် ငြိမ်း ချမ်းရေးရဖို့အတွက် သူများကို လက်ညှိုးထိုးခိုင်းပြီးတော့၊ ဒါမှ မဟုတ် အမိန့်ပေးပြီးတော့၊ ဒါမှ မဟုတ်လည်း တစ်ခုခုလဲလှယ်ပြီး တော့၊ ပိုက်ဆံပေးပြီးတော့၊ ထမင်းတွေခေါ်ကျွေးပြီးတော့ မင်းတို့ငြိမ်းချမ်းတော့၊ အဲဒီလိုမျိုးတွေ လုပ်လို့မရပါဘူး။ ငြိမ်းချမ်းရေး စစ်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်က စပြီး လုပ်ရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အောင်နိုင်ရေးပြောင်းလဲချိန်တန် ပြီဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ပေးခဲ့တာဆိုတော့ နိုင်ငံ ရေးအပြောင်းအလဲနဲ့ပတ်သက် ပြီး ဘာတွေဆက်လုပ်ဖို့ရှိမလဲ။

နိုင်ငံသားတစ်ယောက်အနေ နဲ့ နိုင်ငံရဲ့အရေးကို စိတ်ဝင်စား ရမှာမှန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ နိုင်ငံရေးကို သီအိုရီနဲ့ ပတ်သက်ပြီး သင်ပြတဲ့ကျောင်းလည်းမရှိဘူး။ တက်လည်းမတက်ခဲ့ရဘူး။ ဒါပေမဲ့ ကျွန်တော်တို့သိတဲ့ နိုင်ငံရေးက နိုင်ငံရေးလုပ်ရင် အစိုးရကိုဆန့်ကျင်သူတွေလို့ပဲ သိခဲ့ရတယ်။ ကြောက်နေရတယ်။ နိုင်ငံရေးကို လူတိုင်းမလုပ်ရဲဘူး။ အဲဒါကြောင့် နိုင်ငံရေးကို စိတ်မဝင်စားဘူးပြောတာ။ တကယ်တမ်းကျတော့ နိုင်ငံရေးဆိုတဲ့ အရာက နိုင်ငံသားတိုင်းက နိုင်ငံရဲ့အရေးကို စိတ်ဝင်စားရမယ်ဆိုတာရှိတယ်။ ကျွန်တော်ရပ်တည်တဲ့အရာက ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးရဲ့အောက်မှာမှ နိုင်ငံရေးရှိတယ်။ ပညာရေးရှိတယ်။ လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီးရှိပါတယ်။  ငြိမ်းချမ်းရေး အထက်ကိုကျော်ပြီး ငြိမ်းချမ်းရေးနဲ့တန်းတူ ဘယ်အရေးမှလာထား လို့မရပါဘူး။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားတယ်။ လုပ်နေတာကလည်း ငြိမ်းချမ်းရေးပဲလုပ်နေတယ်။ နိုင်ငံရေးကိုတော့ ငြိမ်းချမ်းရေးအပြီးမှပဲ စဉ်းစား မယ်။  အခု ချိန်ထိတော့ နိုင်ငံရေးဆိုတဲ့အရာ ကျွန်တော့်ခေါင်းထဲမှာမရှိပါဘူး။

နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းပါစေ မြန်မာပြည်ဖျော်ဖြေပွဲမှာ ဘယ်လို ဖျော်ဖြေပေးမယ်ဆိုတာ ပရိသတ် ကို သတင်းစကားပြောပေးပါဦး။

ကျွန်တော်ဖျော်ဖြေမှာက တော့ ငြိမ်းချမ်းရေးကို အဓိက ထားမယ်။ သီချင်းအမျိုးအစားက တော့ ရက်ဂေးတစ်ခုတည်းဆိုပါ မယ်။ သီချင်းအပုဒ်နှစ်ဆယ် အနည်းဆုံး၊ အများဆုံးဆိုရင် နှစ်ဆယ့်ငါးပုဒ်ဖြစ်သွားမယ်။ ပရိသတ်တွေနဲ့အတူ လက်ရေတစ်ပြင်တည်းဖြစ်သွားအောင် Orga−nizedလုပ်ပြီး စီစဉ်မှာပါ။ ကျွန်တော်လုပ်တဲ့ပွဲမဟုတ်ဘူး။ အားလုံးလုပ်တဲ့ပွဲပါ။ ပရိသတ်တွေလိုက်ဆိုနိုင်ရမယ်။ ပျော်ပါးနိုင်ရမယ်။ ငြိမ်းချမ်းရေးမက်ဆေ့ချ် ရနိုင်အောင် ဖန်တီးထားပါတယ်။

ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment