ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ယေန႔ည ၉ နာရီတြင္ ျပည္သူ႔လႊတ္ေတာ္အႏိုင္ရ ၃၁ ဦးစာရင္းကို ထပ္မံေၾကညာရာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ၂၁ ေနရာ ထပ္မံရရွိသည္။ ထို႔အျပင္ အမ်ဳိးသားလႊတ္ေတာ္အတြက္ အႏုိင္ရေသာ ၂၂ ေနရာစာ ထပ္မံေၾကညာရာ ဒီခ်ဳပ္က ၁၅ ဦး ထပ္မံရရွိသည္။ ဒီခ်ဳပ္က ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ဳိးသားလႊတ္ေတာ္ႏွစ္ရပ္ေပါင္း ၃၆ ေနရာထပ္မံရရွိသည္။ထို႔ေၾကာင့္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ၃၂၇ ေနရာရရွိထားၿပီး၊ အစိုးရဖြဲ႕ရန္လိုအပ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ေနရာကို ရရွိရန္ တစ္ဦးသာ လိုေတာ့သည္။ မူလက ေရြးေကာက္ပြဲမက်င္းပျဖစ္ေသာ ေနရာ ၇ ေနရာသာရွိသည္ဟု သိရွိထားေသာ္လည္း ယေန႔ည ေကာ္မရွင္က ေရြးေကာက္ပြဲမက်င္းပျဖစ္ေသာေနရာ ၉ ေနရာရွိခဲ့သည္ဟု ေၾကညာသည့္အတြက္ အစိုးရဖြဲ႕ရန္မွာ ယခင္တြက္ခ်က္ထားေသာ ၃၂၉ ဦးထက္ေလွ်ာ့သြားၿပီး ၃၂၈ ဦး(အတိအက်ဆိုရလွ်င္ ၃၂၇.၅ ဦး)ရလွ်င္ တစ္ပါတီတည္းျဖင့္ အစိုးရဖြဲ႕ရန္ လုံေလာက္သြားၿပီျဖစ္သည္။ ထို႔ေၾကာင့္ လက္ရွိတြင္ ဒီခ်ဳပ္က ၃၂၇ ဦးရရွိထား၍ တစ္ဦးသာလိုေတာ့သည္။ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ဳိးသားလႊတ္ေတာ္တြင္ ရလဒ္မေၾကညာရေသးေသာေနရာ ၈၂ ေနရာရွိေသးသည္။
7Day News Journal
..........................
‘ဒီချုပ် အစိုးရဖွဲ့နိုင်ရန် တစ်နေရာသာလို’
===========================
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ည ၉ နာရီတွင် ပြည်သူ့လွှတ်တော်အနိုင်ရ ၃၁ ဦးစာရင်းကို ထပ်မံကြေညာရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၁ နေရာ ထပ်မံရရှိသည်။ ထို့အပြင် အမျိုးသားလွှတ်တော်အတွက် အနိုင်ရသော ၂၂ နေရာစာ ထပ်မံကြေညာရာ ဒီချုပ်က ၁၅ ဦး ထပ်မံရရှိသည်။ ဒီချုပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း ၃၆ နေရာထပ်မံရရှိသည်။ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၂၇ နေရာရရှိထားပြီး၊ အစိုးရဖွဲ့ရန်လိုအပ်သော ပြည်ထောင်စုလွှတ်တော်နေရာကို ရရှိရန် တစ်ဦးသာ လိုတော့သည်။ မူလက ရွေးကောက်ပွဲမကျင်းပဖြစ်သော နေရာ ရ နေရာသာရှိသည်ဟု သိရှိထားသော်လည်း ယနေ့ည ကော်မရှင်က ရွေးကောက်ပွဲမကျင်းပဖြစ်သောနေရာ ၉ နေရာရှိခဲ့သည်ဟု ကြေညာသည့်အတွက် အစိုးရဖွဲ့ရန်မှာ ယခင်တွက်ချက်ထားသော ၃၂၉ ဦးထက်လျှော့သွားပြီး ၃၂၈ ဦး(အတိအကျဆိုရလျှင် ၃၂၇.၅ ဦး)ရလျှင် တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့ရန် လုံလောက်သွားပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် ဒီချုပ်က ၃၂၇ ဦးရရှိထား၍ တစ်ဦးသာလိုတော့သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ရလဒ်မကြေညာရသေးသောနေရာ ၈၂ နေရာရှိသေးသည်။
7Day News Journal
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, November 12, 2015
ဒီခ်ဳပ္ အစိုးရဖြဲ႕ႏိုင္ရန္ တစ္ေနရာသာလို
ဒီခ်ဳပ္ အစိုးရဖြဲ႕ႏိုင္ရန္ တစ္ေနရာသာလို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 12, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment