Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 29, 2015

Vote for Child labor ကလေးအလုပ်သမားများအတွက် မဲပေးပါ

Long hours, meager wages: Child labor continues in Myanmar
UNICEF ကရတဲ့ ဒေတာတွေအရ ကျောင်းနေကြရမယ့် အသက် ၇ နှစ်ကနေ ၁၆ နှစ်ကလေးတွေရဲ့ ၃၃% ဟာ အလုပ်လုပ်နေကြတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅
http://america.aljazeera.com/articles/2015/4/14/child-labor-continues-in-myanmar.html
.........................

Long hours, meager wages: Child labor continues in Myanmar
အယ်လ်ဂျာဇီးရာ တီဗွီကနေ ၁၃-၄-၂ဝ၁၅ နေ့ထုတ်လွှင့်ခဲ့တဲ့သတင်းဆောင်းပါးဖြစ်ပါတယ်။
နေ့စဉ် မနက် ၆ နာရီကနေ ည ၉ နာရီအထိ ပန်းကန်ဆေးတဲ့အလုပ်သမားလေး ၁၂ နှစ်သား မောင်စိုးမင်းလွင်၊
မြန်မာပြည်မှာ နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင်ပြောင်းလဲရေးဆိုတာ ၂ဝ၁၁ မှာစခဲ့တယ်။ တောနယ်တွေကလေးတွေ ပိုပြီး မြို့ဖက်ဆီရွေ့ကြရတယ်။ စားသောက်ဆိုင်တွေမှာ ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်လုက်ကြရတယ်။
UNICEF ကရတဲ့ ဒေတာတွေအရ ကျောင်းနေကြရမယ့် အသက် ရ နှစ်ကနေ ၁၆ နှစ်ကလေးတွေရဲ့ ၃၃% ဟာ အလုပ်လုပ်နေကြတယ်။
International Labor Organization (ILO) ကနေအဲတာကိုပြင်နိုင်ဖို့ကြိုးစားတော့နေပါတယ်။ ဥပဒေသက်ရောက်မှု မရှိတာက အခက်အခဲကြီးဖြစ်နေတယ်။ ၁၉၅၁ ခုနှစ်ကတည်းက ကလေး အသက် ၁၃ နှစ်အောက် အလုပ်မခိုင်းရဥပဒေ ပြဋ္ဌာန်းထားပါတယ်။ ၁၃ နှစ်ကနေ ၁၅ နှစ်အထိကလေးတွေကိုလည်း တနေ့မှာ ၄ နာရီထက်ပိုမခိုင်းရလို့ပါတယ်။
၂ဝ၁၃ ခုနှစ်ဒီဇင်္ဘာလထဲက မြန်မာအစိုးရလွှတ်တော်ကနေ ILO convention ကိုအတည်ပြုပေးခဲ့ပါတယ်။ ကလေးလုပ်သား၊ ကျွန်ပြုခြင်း၊ လူကုန်ကူးမှုနဲ့ တိုက်ပွဲတွေမှာ ကလေးတွေအသုံးမချရေးတွေ ပါဝင်တယ်။
ဆင်းရဲမွဲတေမှုဟာလည်း ကလေးတွေအလုပ်လုပ်နေကြတာရဲ့ အကြောင်းခံနောက်တချက်ဖြစ်တယ်။
အသက် ၅ နှစ်အောက်ကလေး ၅ ယောက်မှာ ၃ ယောက်က အာဟာရချို့တဲ့နေကြပါတယ်။ လူ (ကလေး) ပွဲစားတွေကို ငွေပေးပြီး ကလေးအလုပ်သမားရှာခိုင်းတားတယ်။
စိုးမင်းလွင် မိဘတွေက ရန်ကုန်နဲ့ ၅၅ မိုင်ဝေးတဲ့ဆီမှာနေကြတယ်။ လစာ ၃၅ ဒေါ်လာအိမ်ပြန်ပို့နိုင်တယ်။ သူ့အမေက ဆန်တအိတ်ကို ဒေါ်လာ ၂ဝ ပေးဝယ်ရပါတယ်။
ကလေးအလုပ်သမားများအတွက် မဲပေးကြပါ။
ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

No comments:

Post a Comment