CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, October 11, 2015
Rihanna ရဲ႕ ၈ ေခြေျမာက္ အယ္လ္ဘမ္ Anti ကို မၾကာခင္ ထုတ္လုပ္မည္
ဂီတ စူပါစတား ေလး Rihanna ဟာ သူမရဲ႕ မၾကာခင္ထြက္ရွိေတာ့မယ္ ၈ ေခြေျမာက္ အယ္လ္ဘမ္ အတြက္ မ်က္ႏွာဖံုး ဓါတ္ပံု ဒီဇိုင္းနဲ႔ အေခြနာမည္တို႔ကို ထုတ္ေဖာ္ေျပာျပလိုက္ပါတယ္။
ေလာ့အိန္ဂ်လိစ္ၿမိဳ႕မွာရွိတဲ့ Mama ျပခန္းမွာ ဗုဒၶဟူးေန႔ကပဲ ေၾကညာခဲ့တာကေတာ့ Rihanna ရဲ႕ ၈ ေခြေျမာက္ အယ္လ္ဘမ္ နာမည္ကို Anti လို႔ အမည္ေပးထားၿပီး ကာဗာဒီဇိုင္းကိုေတာ့ အစၥေရး ပန္းခ်ီဆရာ Roy Nachum က ေရးဆြဲေပးထားတယ္လို႔ သိရပါတယ္။
"ဒီကာဗာ ဒီဇိုင္းဟာ ကၽြန္မရဲ႕ အႀကိဳက္ဆံုး ဒီဇိုင္းပါ" လို႔ Rihanna က ပရိတ္သတ္ေတြအားလံုးကို ေျပာျပလိုက္ပါတယ္။
ထိုကာဗာ ဒီဇိုင္းမွာေတာ့ Rihanna ငယ္ရြယ္စဥ္ ကေလးဘ၀ တုန္းက အမည္းေရာင္ မိုးပ်ံပူေဖာင္း တစ္လံုးကို ကိုင္ထားၿပီးသူမရဲ႕ မ်က္ႏွာကိုေတာ့ သရဖူတစ္ခုနဲ႔ ဖံုးအုပ္ထားတဲ့ ပံုစံပဲျဖစ္ပါတယ္။ အျဖဴေရာင္ေနာက္ခံမွာေတာ့ ကဗ်ာဆရာ Chloe Mitchell ရဲ႕ ကဗ်ာ စာသားေတြကို အနီေရာင္ေဆးျပန္႔က်ဲေနတဲ့ အေနအထားနဲ႔ မပီမသ ျဖစ္ေအာင္ဖံုးအုပ္ထားတဲ့ပံုစံပါ။
ဒီကာဗာ တစ္ခုလံုးရဲ႕ အဓိပၸာယ္ကေတာ့ Blindness ဆိုတဲ့ မျမင္ႏိုင္ျခင္း ကို ကိုယ္စားျပဳတယ္လို႔လည္း ဘာဘာဒီယန္း အဆိုေတာ္မေလး Rihanna က ဆိုထားပါေသးတယ္။
Anti အေခြထြက္မယ့္ ရက္ကို အတိအက် ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့ေပမယ့္လည္း အဲဒီအေခြထဲက သီခ်င္းေတြအားလံုးကိုေတာ့ ထို မိတ္ဆက္ပြဲမွာ ဖြင့္ျပခဲ့ပါတယ္။ Rihanna ဟာ ၂၀၁၂ ခုႏွစ္တုန္းက Unapologetic ဆိုတဲ့အေခြကို ထုတ္လုပ္ခဲ့ၿပီးတဲ့ေနာက္ သီခ်င္းေခြ အသစ္ထြက္ရွိခဲ့ျခင္း မရွိေသးပါဘူး။
လက္ရွိမွာေတာ့ Rihanna ဟာ Jay-Z ၊ Beyonce တို႔ လင္မယားနဲ႔အတူ ျပင္သစ္ ႏိုင္ငံက အ၀တ္အထည္ျဖန္႔ခ်ီတဲ့ ကုမၼဏီ တစ္ခုကို သူတို႔ရဲ႕ ဓါတ္ပံု ၊ နာမည္နဲ႔ စာသားေတြကို သူတို႔ခြင့္ျပဳခ်က္မရပဲ ေၾကာ္ျငာ ထဲမွာ ထည့္သြင္း အသံုးျပဳထားတဲ့အတြက္ တရားစြဲဆိုခဲ့ပါေသးတယ္။
( Mario )
#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com
Ref : UPI
................................................................
ဂီတ စူပါစတား လေး Rihanna ဟာ သူမရဲ့ မကြာခင်ထွက်ရှိတော့မယ် ၈ ခွေမြောက် အယ်လ်ဘမ် အတွက် မျက်နှာဖုံး ဓါတ်ပုံ ဒီဇိုင်းနဲ့ အခွေနာမည်တို့ကို ထုတ်ဖော်ပြောပြလိုက်ပါတယ်။
လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ Mama ပြခန်းမှာ ဗုဒ္ဓဟူးနေ့ကပဲ ကြေညာခဲ့တာကတော့ Rihanna ရဲ့ ၈ ခွေမြောက် အယ်လ်ဘမ် နာမည်ကို Anti လို့ အမည်ပေးထားပြီး ကာဗာဒီဇိုင်းကိုတော့ အစ္စရေး ပန်းချီဆရာ Roy Nachum က ရေးဆွဲပေးထားတယ်လို့ သိရပါတယ်။
"ဒီကာဗာ ဒီဇိုင်းဟာ ကျွန်မရဲ့ အကြိုက်ဆုံး ဒီဇိုင်းပါ" လို့ Rihanna က ပရိတ်သတ်တွေအားလုံးကို ပြောပြလိုက်ပါတယ်။
ထိုကာဗာ ဒီဇိုင်းမှာတော့ Rihanna ငယ်ရွယ်စဉ် ကလေးဘဝ တုန်းက အမည်းရောင် မိုးပျံပူဖောင်း တစ်လုံးကို ကိုင်ထားပြီးသူမရဲ့ မျက်နှာကိုတော့ သရဖူတစ်ခုနဲ့ ဖုံးအုပ်ထားတဲ့ ပုံစံပဲဖြစ်ပါတယ်။ အဖြူရောင်နောက်ခံမှာတော့ ကဗျာဆရာ Chloe Mitchell ရဲ့ ကဗျာ စာသားတွေကို အနီရောင်ဆေးပြန့်ကျဲနေတဲ့ အနေအထားနဲ့ မပီမသ ဖြစ်အောင်ဖုံးအုပ်ထားတဲ့ပုံစံပါ။
ဒီကာဗာ တစ်ခုလုံးရဲ့ အဓိပ္ပာယ်ကတော့ Blindness ဆိုတဲ့ မမြင်နိုင်ခြင်း ကို ကိုယ်စားပြုတယ်လို့လည်း ဘာဘာဒီယန်း အဆိုတော်မလေး Rihanna က ဆိုထားပါသေးတယ်။
Anti အခွေထွက်မယ့် ရက်ကို အတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေမယ့်လည်း အဲဒီအခွေထဲက သီချင်းတွေအားလုံးကိုတော့ ထို မိတ်ဆက်ပွဲမှာ ဖွင့်ပြခဲ့ပါတယ်။ Rihanna ဟာ ၂၀၁၂ ခုနှစ်တုန်းက Unapologetic ဆိုတဲ့အခွေကို ထုတ်လုပ်ခဲ့ပြီးတဲ့နောက် သီချင်းခွေ အသစ်ထွက်ရှိခဲ့ခြင်း မရှိသေးပါဘူး။
လက်ရှိမှာတော့ Rihanna ဟာ Jay-Z ၊ Beyonce တို့ လင်မယားနဲ့အတူ ပြင်သစ် နိုင်ငံက အဝတ်အထည်ဖြန့်ချီတဲ့ ကုမ္မဏီ တစ်ခုကို သူတို့ရဲ့ ဓါတ်ပုံ ၊ နာမည်နဲ့ စာသားတွေကို သူတို့ခွင့်ပြုချက်မရပဲ ကြော်ငြာ ထဲမှာ ထည့်သွင်း အသုံးပြုထားတဲ့အတွက် တရားစွဲဆိုခဲ့ပါသေးတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : UPI
Rihanna ရဲ႕ ၈ ေခြေျမာက္ အယ္လ္ဘမ္ Anti ကို မၾကာခင္ ထုတ္လုပ္မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 11, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment