Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

မဲ႐ံုဧရိယာအတြင္း ကား၊ ဆိုင္ကယ္မ်ား NLD စတစ္ကာမကပ္ရန္ မႏၱေလးတိုင္း အတြင္း အသိပညာေပးပြဲ လုပ္ေဆာင္မည္


မႏၱေလးတိုင္းေဒသႀကီး မဲ႐ုံသတ္မွတ္ ဧရိယာအတြင္း ကားႏွင့္ ဆိုင္ကယ္မ်ားတြင္
ကပ္ထားသည့္ NLD ပါတီ စတစ္ကာမ်ားခြာရန္ NLD ပါတီက အသိပညာေပးမႈ
တစ္ခုလုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း မႏၱေလးတိုင္း ေဒသႀကီး အမ်ိဳးသား
ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီထံမွ သိရွိရသည္။

“ပါတီတံဆိပ္ေတြကို မခြာခ်င္ဘူးဆိုသူကို ဒီတံဆိပ္ေတြနဲ႔ မဲ႐ံုနားသြားလို႔
မရတာ အသိေပးရမယ္။ မျဖစ္မေန သြားမယ္ဆိုရင္ ခြာရမယ္။ အဲဒီအတြက္
ကမ္ပိန္းတစ္ခုကို ျပဳလုပ္မယ္”ဟု မႏၱေလးတိုင္းေဒသႀကီး NLD ဥကၠ႒
ဦးတင္ထြဋ္ဦးက ေျပာသည္။

ေ႐ြးေကာက္ပြဲ က်င္းပသည့္ေန႔တြင္ မဲ႐ံုႏွင့္ ကိုက္ငါးရာပတ္လည္အတြင္း
မဲဆြယ္စည္း႐ုံး၍ မရသည့္အျပင္ စပီကာမ်ားျဖင့္ ပါတီသီခ်င္းမ်ားအား
က်ယ္ေလာင္စြာ ဖြင့္လွစ္ျခင္း၊ ပါတီတံဆိပ္ စာသားမ်ားပါေသာ စာရြက္ မ်ားကို
ေ၀ငွျခင္းတုိ႔ကိုလည္း ျပဳလုပ္ပါက ေထာင္ဒဏ္တစ္ႏွစ္ႏွင့္ ေငြက်ပ္တစ္သိန္း
ပူးတြဲျဖစ္ေစ၊ တစ္မ်ိဳးတည္း ျဖစ္ေစ ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

“တခ်ိဳ႕မဲ႐ုံေတြက မဲ႐ုံဧရိယာ ကိုက္ငါးရာ ဆိုေပမယ့္ လူေနအိမ္နဲ႔ နီးစပ္ေနတာေပါ့။
အဲဒီမွာ ပါတီတံဆိပ္ တစ္ခုနွဲ႔ သ႔ူအိမ္သူေနတာ။ သြားလာတာ အေၾကာင္းမဟုတ္ေပ
မယ့္ မဲေပးဖို႔ မဲ႐ံုသြားမယ္ဆိုရင္ေတာ့ အဲလိုပါတီတံဆိပ္ အမွတ္အသားတစ္ခုမွ
ပါလို႔ု႔မရဘူး ” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္သန္းက ေျပာသည္။

ထို႔အတြက္ NLD ပါတီအေနျဖင့္ ေရြးေကာက္ပြဲ ဥပေဒအရ မဲ႐ံုဧရိယာ ကိုက္ငါးရာ
၀န္းက်င္အတြင္း ပါတီတံဆိပ္မ်ားႏွင့္ မဲေပးခြင့္ မရွိသည္ကို NLD ပါတီ စတစ္ကာ
ကပ္ထားသူမ်ားအား အသိေပးရန္ ေနရာက်ယ္က်ယ္ တစ္ခုစီစဥ္ၿပီး စတစ္ကာမ်ား
ခြာယူေရး ကမ္ပိန္း ျပဳလုပ္မည့္ ေန႔ရက္ႏွင့္ ေနရာကို အသိေပးမည္ျဖစ္ေၾကာင္း
သိရသည္။

သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
.....................


မန္တလေးတိုင်းဒေသကြီး မဲရုံသတ်မှတ် ဧရိယာအတွင်း ကားနှင့် ဆိုင်ကယ်များတွင်
ကပ်ထားသည့် NLD ပါတီ စတစ်ကာများခွာရန် NLD ပါတီက အသိပညာပေးမှု
တစ်ခုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထံမှ သိရှိရသည်။

“ပါတီတံဆိပ်တွေကို မခွာချင်ဘူးဆိုသူကို ဒီတံဆိပ်တွေနဲ့ မဲရုံနားသွားလို့
မရတာ အသိပေးရမယ်။ မဖြစ်မနေ သွားမယ်ဆိုရင် ခွာရမယ်။ အဲဒီအတွက်
ကမ်ပိန်းတစ်ခုကို ပြုလုပ်မယ်”ဟု မန္တလေးတိုင်းဒေသကြီး NLD ဥက္ကဋ္ဌ
ဦးတင်ထွဋ်ဦးက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံနှင့် ကိုက်ငါးရာပတ်လည်အတွင်း
မဲဆွယ်စည်းရုံး၍ မရသည့်အပြင် စပီကာများဖြင့် ပါတီသီချင်းများအား
ကျယ်လောင်စွာ ဖွင့်လှစ်ခြင်း၊ ပါတီတံဆိပ် စာသားများပါသော စာရွက် များကို
ဝေငှခြင်းတို့ကိုလည်း ပြုလုပ်ပါက ထောင်ဒဏ်တစ်နှစ်နှင့် ငွေကျပ်တစ်သိန်း
ပူးတွဲဖြစ်စေ၊ တစ်မျိုးတည်း ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

“တချို့မဲရုံတွေက မဲရုံဧရိယာ ကိုက်ငါးရာ ဆိုပေမယ့် လူနေအိမ်နဲ့ နီးစပ်နေတာပေါ့။
အဲဒီမှာ ပါတီတံဆိပ် တစ်ခုနှဲ့ သူ့အိမ်သူနေတာ။ သွားလာတာ အကြောင်းမဟုတ်ပေ
မယ့် မဲပေးဖို့ မဲရုံသွားမယ်ဆိုရင်တော့ အဲလိုပါတီတံဆိပ် အမှတ်အသားတစ်ခုမှ
ပါလို့ု့မရဘူး ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်းက ပြောသည်။

ထို့အတွက် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ဥပဒေအရ မဲရုံဧရိယာ ကိုက်ငါးရာ
၀န်းကျင်အတွင်း ပါတီတံဆိပ်များနှင့် မဲပေးခွင့် မရှိသည်ကို NLD ပါတီ စတစ်ကာ
ကပ်ထားသူများအား အသိပေးရန် နေရာကျယ်ကျယ် တစ်ခုစီစဉ်ပြီး စတစ်ကာများ
ခွာယူရေး ကမ်ပိန်း ပြုလုပ်မည့် နေ့ရက်နှင့် နေရာကို အသိပေးမည်ဖြစ်ကြောင်း
သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment