Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 13, 2015

တပ်မတော်ဝတ်စုံသစ်ကို သရော်သူ NLD အဖွဲ့ဝင် ဖမ်းဆီးခံရ


 မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်။ ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook)
 တပ်မတော်ဝတ်စုံတွေ အရောင်ပြောင်းလဲခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာကို အင်တာနက် ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် မအူပင်မြို့ခံ မချောစန္ဒီထွန်း ဆိုသူ NLD အဖွဲ့ဝင်တစ်ဦးကို အီလက်ထရောနစ်အက် ဥပဒေနဲ့ မနေ့က ဖမ်းဆီးလိုက်ပြီး မအူပင်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

မအူပင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး မအူပင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ မအူပင်ခရိုင် တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် မမေသဇင်နှင်းက ပြောပါတယ်။

"သူ့ကို ၃၄(က) နဲ့ပဲ စွဲထားတယ်လို့ သိရတယ်၊ ပုသိမ်မြို့မှာလေ အနောက်ပိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး ကျော်ထင် က တရားစွဲတာရှင့်၊ ၂၇ ရက်နေ့ကို ရုံးပြန်ချိန်းပြီးတော့ သူ့ကိုအခု မအူပင်ထောင်ကိုပို့လိုက်တယ်"

သရော်စာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဓါတ်ပုံကို ချောစန္ဒီထွန်း(ချစ်သမီး)ဆိုတဲ့ အကောင့်ကနေ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပြီး မနေ့ညက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ဓမ္မဇောတိ တရားစခန်းကို ရောက်ရှိနေစဉ် မအူပင်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

မချောစန္ဒီထွန်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တရားလိုလုပ်ပြီး မအူပင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မချောစန္ဒီထွန်းဟာ မအူပင်ခရိုင်ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့ဖူးသလို၊ လက်ရှိမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်တယ်လို့ သူ့ရဲ့မိတ်ဆွေရင်းဖြစ်သူ မမေသဇင်နှင်းက အတည်ပြုပြောပါတယ်။ မချောစန္ဒီထွန်းကို မအူပင်မြို့နယ်တရားရုံးမှာ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
...........................................................................
တပ္မေတ်ာဝတ္စုံသစ္ကို သေရ်ာသူ NLD အဖြဲ့ဝင် ဖမ်းဆီးခံရ

 မအူပင္ခရိုင်ကော်င်းသားသမဂ္ဂအဖြဲ့ဝင် မေခ်ာစန္ဒီထြန်း ကိုတြေ့ရစဉ်။ ဓါတ္ပုံ - ခော်စန္ဒီထြန်း (facebook)
 တပ္မေတ်ာဝတ္စုံတြေ အေရာင်ျေပာင်းလဲခဲ့တာနဲ့ ပတ်သက်ပြီး တပ္မေတ္ကာာကြယ်ရေးဦးစီးခ်ုပ် ဗိုလ္ခ်ုပ္မွူးကြီး မင်းအောင္လှိုင် ဓာတ္ပုံနဲ့ သေရ္ထာားတဲ့စာကို အင္တာနက် ဖေ့စ္ဘြတ္မွာ တင္ခဲ့တာကြောင့် မအူပင်မြို့ခံ မေခ်ာစန္ဒီထြန်း ဆိုသူ NLD အဖြဲ့ဝင္တစ်ဦးကို အီလက္ထေရာနစ်အက် ဥပေဒနဲ့ မေန့က ဖမ်းဆီးလိုက်ပြီး မအူပင်မြို့နယ္တရားရုံးမွာ ဒီနေ့ ရုံးထုတ္ခဲ့ပါတယ်။

မအူပင်မြို့နယ္တရားရုံးမွာ ရုံးထုတ်ပြီး မအူပင်အက်ဉ်းထောင္ကို ပို့ဆောင္လိုက္တယ္လို့ တရားရုံးခိန်းကို သြားရောက္ခဲ့တဲ့ မအူပင္ခရိုင် တက္ကသိုလ်ကော်င်းသား သမဂ္ဂအဖြဲ့ဝင် မေမသဇင်နွင်းကျေပာပါတယ်။

"သူ့ကို ၃၄(က) နဲ့ပဲ စြဲထားတယ္လို့ သိရတယ်၊ ပုသိမ်မြို့မွာလေ အေနာက္ပိုင်းစစ္ဌာနခ်ုပ္က ဒုဗိုလ္မွူးကြီး ကေ်္ထာင် က တရားစြဲတာရွင့်၊ ၂၇ ရက်နေ့ကို ရုံျးပန္ခိန်းပြီးတော့ သူ့ကိုအခု မအူပင်ထောင္ကိုပို့လိုက္တယ်"

သေရ္စာာမွာ ဒေါ်အောင္ဆန်းစုကြည္နဲ့ ဗိုလ္ခ်ုပ္မွူးကြီး မင်းအောင္လှိုင္တို့ဓါတ္ပုံကို ခော်စန္ဒီထြန်း(ခ်စ်သမီး)ဆိုတဲ့ အေကာင့်ကေန ဖေ့စ္ဘြတ္စာမ်က်နွာမွာ တင္ခဲ့တျာဖစ်ပြီး မေန့ညက ရန္ကုန်မြို့ ဗဟန်းမြို့နယ္မွာရွိတဲ့ ဓမ္မဇောတိ တရားစခန်းကို ရောက်ရွိနေစဉ် မအူပင်မြို့နယ်ရဲတပ္ဖြဲ့က ဖမ်းဆီးသြားတျာဖစ္တယ္လို့ သိရပါတယ်။

မေခ်ာစန္ဒီထြန်းကို အေနာက်တောင္တိုင်းစစ္ဌာနခ်ုပ္က ဒုတိယဗိုလ္မွူးကြီး ကေ်္ထာင္က တရားလိုလုပ်ပြီး မအူပင်မြို့နယ်ရဲစခန်းမွာ အမှုဖြင့်တိုင်ကြားထားတျာဖစ္တယ္လို့ သိရပါတယ်။

မေခ်ာစန္ဒီထြန်းဟာ မအူပင္ခရိုင်ကော်င်းသားသမဂ္ဂမွာ ပါဝင္လှုပ်ရွားခဲ့ဖူးသလို၊ လက်ရွိမွာ NLD အမိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ်ဝင္တစ်ဦျးဖစ္တယ္လို့ သူ့ရဲ့မိတ်ဆြေရင်ျးဖစ်သူ မေမသဇင်နွင်းက အတည်ျပျုေပာပါတယ်။ မေခ်ာစန္ဒီထြန်းကို မအူပင်မြို့နယ္တရားရုံးမွာ လာမယ့် အောက္တိုဘာလ ၂၇ ရက်နေ့မွာ ရုံးထုတ္မျွာဖစ္တယ္လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment