Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

NLD ကုိယ္စားလွယ္ကို ႀကိဳဆိုတဲ့ ဝက္လက္ အလယ္တန္းေက်ာင္းက ေက်ာင္းသား ၄၀ ေက်ာ္ ႐ိုက္ႏွက္ ဆံုးမခံရ




စစ္ကိုင္းတိုင္း ေရႊဘိုခ႐ိုင္ ဝက္လက္ၿမိဳ႕နယ္ သစ္ဆိမ့္ႀကီး ေက်းရြာတြင္ အမ်ဳိးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စဥ္ ႀကိဳဆိုခဲ့ၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူ ၄၀ ဦးကို အလယ္တန္း ေက်ာင္းအုပ္ဆရာက ႐ိုက္ႏွက္ခဲ့သည္ဟုဆိုကာ ေက်ာင္းသားမိဘမ်ားက ေအာက္တိုဘာ ၂၃ ရက္တြင္ တိုင္းအစိုးရအဖြဲ႔ႏွင့္ ၿမိဳ႕နယ္ ပညာေရးမွဴး ႐ံုးတို႔သို႔ လက္မွတ္ထိုး၍ တိုင္ၾကားထားသည္ဟု ေက်ာင္းသား တစ္ဦး၏ မိခင္ ေဒၚႏြဲ႔က မဇၩိမကို ေျပာသည္။

“အ႐ိုက္ ခံရတာကို ကေလးက ကၽြန္မတို႔ကို မေျပာဘူး။ ေက်ာင္း မတက္ခ်င္ေတာ႔ဘူး ေျပာလို႔ေမးၾကည့္မွ ႐ိုက္ၿပီ သံုးရက္ေျမာက္ေန႔မွ ဆရာႀကီးက ႐ိုက္လို႔ မသြားရဲတာလို႔ ေျပာတယ္။ ဒါနဲ႔ရုိက္တဲ႔ေနရာကို ျပဆိုၿပီး လွန္ၾကည့္ေတာ့ အညိဳအမဲ အေတာ္ႀကီးတယ္။ ဒါနဲ႔ ေက်ာင္းအုပ္ႀကီးကို သြားေျပာေတာ႔ ေျပလည္ေအာင္ မေျပာဘဲ တိုင္ခ်င္ရာတိုင္လို႔ ေျပာလႊတ္လိုက္တယ္။ ဒါနဲ႔ ရြာထဲေမးၾကည့္ေတာ႔ အဲဒီေန႔ အကုန္႐ိုက္ခံရေတာ႔ မိဘေတြက မေက်မနပ္ေတြ ျဖစ္ကုန္တယ္။ ဆရာတစ္ေယာက္ အေနနဲ႔႐ုိက္ၿပီး ဆုံးမတာကို လက္ခံပါတယ္။ အခု႐ိုက္တာ NLD ကို ႀကိဳလို႔ ႐ိုက္တယ္ ဆိုတာကိုေတာ႔ လက္မခံဘူး”ဟု ႐ိုက္ႏွက္ခံရသူ ေမာင္မ်ဳိးမင္း၏ မိဘ ေဒၚႏြဲ႔က ဆိုသည္။

ထိုသို႔ အ႐ိုက္ခံရေသာ ေက်ာင္းသားတစ္ခ်ိဳ႕မွာ ၀က္လက္ၿမိဳ႕နယ္ ျပည္သူ႔ ေဆး႐ံုႀကီးသို႔ သြားေရာက္ ေဆးကုသမႈခံယူၿပီး ေဆးစာမ်ားျဖင့္ ၿမိဳ႕နယ္ ပညာေရးမွဴးထံ သြားေရာက္၍ ညိႏႈိင္းေျဖရွင္းေပးရန္ မိဘမ်ားက သြားေရာက္ ေျပာဆိုေသာ္လည္း ညိႏႈိင္းမႈ ျပဳလုပ္မေပးေသာေၾကာင့္ မိဘ မ်ားကတိုင္ၾကားျခင္းဟုဆုိသည္။

ေက်ာင္းအုပ္ဆရာကို အေရးယူေပးရန္ တိုင္ၾကားစာထဲတြင္ NLD ကို ႀကိဳဆိုေသာ ေန႔၀က္ပ်က္ ေက်ာင္းသူ၊ ေက်ာင္းသား အေယာက္ ၄၀ ဦးကို ေက်ာင္းအလံတိုင္ေရွ႕ တန္းစီး၍ တစ္ဦးခ်င္းစီ ထန္းလက္ျဖင့္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသည္အထိ ႐ိုက္ခဲ႔ေသာေၾကာင့္ ထိေရာက္စြာ အေရးယူေပးရန္ပါရွိၿပီး တိုင္ၾကားစာႏွင့္အတူ ေဆးစာမ်ားျဖင့္ ပူတြဲတိုင္ၾကားထားသည္။

ေက်ာင္းသားမိဘ တစ္ဦးျဖစ္သူ ကိုယဥ္ေထြးကလည္း “ကေလးဆိုတာ ဘာမွ မသိဘူး။ ႀကိဳတာနဲ႔တင္ ႐ိုက္တယ္ဆိုေတာ႔ ဒီလိုဆရာမ်ဳိး ကၽြန္ေတာ္တို႔ ရြာက အလိုမရွိပါဘူး။ အေရးယူမေပးမခ်င္း တိုင္ၾကားမယ္။ ဒီဘက္ေခတ္မွာ သူတို႔လုပ္ခ်င္သလို လုပ္လို႔မရပါဘူး” ဟုေျပာသည္။

ထိုသို႔ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား ႐ိုက္ခဲ႔ျခင္းႏွင့္ပတ္သက္၍ ေက်ာင္းအုပ္ဆရာႀကီး ဦးထြန္းေအးက “ႀကိဳလို႔ ႐ိုက္တယ္ဆိုတာက သူစြပ္စြဲတာပါ။ ကၽြန္ေတာ္႔မွာ ဘာရည္ရြယ္ခ်က္မွ မရွိဘူး။ ေက်ာင္းခ်ိန္မွာ ထြက္ႀကိဳလို႔ ဆုံးမတာပါ။ ကၽြန္ေတာ္တို႔ ဘယ္ပါတီဘက္ကမွ မပါဘူး။ ကၽြန္ေတာ့္ေက်ာင္းက ဆရာဆရာမေတြလည္း ေျပာထားတယ္။ ကိုယ့္ရင္ထဲရွိတာကို မဲေပးၾကပါ ေျပာၿပီးသားပါ။ ဆရာတစ္ေယာက္အေနနဲ႔ ႐ိုက္ၿပီး ဆုံးမတာပါ။ သူတို႔ ဘက္မေက်နပ္လို႔ တုိင္လည္း ေျဖရွင္းသြားမွာပါ” ဟု ေျပာသည္။

ထိုသို႔ အ႐ိုက္ခံရျခင္းေၾကာင့္ တစ္ခ်ိဳ႕မွာ ေက်ာင္းျပန္တက္ၿပီး စာေမးပြဲ ေျဖဆိုၾကေသာ္လည္း တစ္ခ်ိဳ႕မွာ ယေန႔အခ်ိန္ထိ ေက်ာက္တက္ျခင္း၊ စာေမးပြဲေျဖျခင္း မလုပ္ရဲဘဲ အိမ္မွာပင္ ေနေနရသည္မွာ ၉ ရက္ရွိၿပီ ျဖစ္ေၾကာင္း စတုတၳတန္းေက်ာင္းသား မ်ိဳးမင္းသူ က ဆိုသည္။

ေက်ာင္းအုပ္ဆရာႀကီး ဦးထြန္းေအးကမူ “ကေလးေတြ ေက်ာင္းတက္ရင္လည္း ျပန္လက္ခံ မွာပါ။ သူတို႔မိဘေတြက ေက်ာင္းမပို႔တာကိုေတာ႔ ကၽြန္ေတာ္ဘာမွ ေျပာလို႔မရဘူး။ အခုစာေမးပြဲ ေျဖေနတယ္ သူတို႔ လာမေျဖၾကဘူး။ ေက်ာင္းက ဆရာမေလးေတြ သြားေခၚတယ္ လိုက္မလာၾကဘူး။ ကၽြန္ေတာ္ကေတာ႔ ကၽြန္ေတာ့္တပည့္ေတြကို ထူးခၽြန္ ထက္ျမက္ ေစခ်င္တယ္။ ဒီအရြယ္မွာ ဘာအေရာင္မပါေစခ်င္ဘူး။ အေမစု လာရင္ ကၽြန္ေတာ္ကိုယ္တိုင္ ထြက္ႀကိဳမွာပါ” ဟု မဇၩိမ ကိုေျပာသည္။

၀က္လက္ၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ေအာင္ႏုိင္ေရး မဲဆြယ္စည္း႐ံုေရးအျဖစ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း၊ ဦးျမင့္သိန္း၊ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေအာင္မ်ိဳး၊ တိုင္းလြတ္ေတာ္ ကိုယ္စားလွယ္ေလာင္း(၁) ဦးေမာင္ေမာင္၀င္း၊ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း(၂) ဦးစိုး၀င္ထြန္းတို႔ သစ္ဆိမ္႔ ေက်းရြာသို႔ ေအာက္တိုဘာလ ၁၅ ရက္က မဲဆြယ္စည္း႐ံုးေရးလာရာတြင္ သစ္ဆိမ့္ အလယ္တန္းေက်ာင္းခြဲမွ စတုတၳတန္းႏွင့္ အဌမတန္း ေက်ာင္းသူေက်ာင္းသား ၄၀ ဦးတို႔ က ထြက္၍ ႀကိဳဆိုခဲ႔ေသာေၾကာင့္ ေက်ာင္းအုပ္ဆရာႀကီး ေအာက္တိုဘာလ ၁၆ ရက္ နံနက္ပိုင္းတြင္ ေခၚယူ၍ တန္းစီးကာ႐ိုက္ႏွက္ခဲ့ျခင္းဟု အ႐ိုက္ခံရသည့္ အဌမတန္း ေက်ာင္းသူ မပန္းအိေ၀ က ဆိုသည္။

“သမီးတို႔က သီခ်င္းေတြနဲ႔ လွည့္လာေတာ႔ ထြက္ႀကိဳၾကတယ္။ လိုက္လည္းၾကည့္တယ္။ ၿပီးေတာ႔ သမီးတို႔က ၀င္လည္းကၾကတယ္။ ညေနပိုင္း တစ္ခ်ိန္ေတာ႔ စာသင္ခ်ိန္ ပ်က္သြားတယ္။ ေနာက္မနက္က်ေတာ႔ အကုန္တန္းစီၿပီး ထန္းလက္ျပားနဲ႔ ႐ိုက္တယ္။ လႊဲ႐ိုက္တယ္။ အ႐ိုက္ခံရလို႔ မူးလဲတာေတြလည္း ရွိတယ္။ ဆရာႀကီး အကုန္ႏွင္လႊတ္တယ္။ဒါေၾကာင့္ ဒီေန႔အထိ ေက်ာင္းလဲမတက္ရဲဘူး။ စာေမးပြဲလည္းသြားမေျဖရဲဘူး” ဟု ေျပာသည္။

အဆိုပါ ေက်းရြာသို႔ မဲဆြယ္စည္း႐ံုးရာတြင္ ပါ၀င္သည့္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေမာင္ေမာင္၀င္းက “အခုျဖစ္ရပ္က အဓိပၸါယ္ မရွိပါဘူး။ ဒါမ်ိဳးမျဖစ္သင့္ဘူး။ မိဘေတြ တိုင္ၾကားတဲ႔စာ ကၽြန္ေတာ့္ကို လာျပတယ္” ဟုေျပာသည္။ ၀က္လက္ၿမိဳ႕နယ္ ၿမိဳ႕နယ္ပညာေရးမွဴး က အဆိုပါကိစၥႏွင့္ ပတ္သက္၍ အေၾကာင္းစံု မသိရွိရေသးဟုဆိုကာ ေျဖဆိုရန္ျငင္းဆိုသည္။
- See more at: http://mizzimaburmese.com/article/6411#sthash.x8BPmZt1.dpuf
..................
NLD ကိုယ်စားလှယ်ကို ကြိုဆိုတဲ့ ဝက်လက် အလယ်တန်းကျောင်းက ကျောင်းသား ၄၀ ကျော် ရိုက်နှက် ဆုံးမခံရ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စဉ် ကြိုဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးကို အလယ်တန်း ကျောင်းအုပ်ဆရာက ရိုက်နှက်ခဲ့သည်ဟုဆိုကာ ကျောင်းသားမိဘများက အောက်တိုဘာ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ် ပညာရေးမှူး ရုံးတို့သို့ လက်မှတ်ထိုး၍ တိုင်ကြားထားသည်ဟု ကျောင်းသား တစ်ဦး၏ မိခင် ဒေါ်နွဲ့က မဇ္ဈိမကို ပြောသည်။

“အရိုက် ခံရတာကို ကလေးက ကျွန်မတို့ကို မပြောဘူး။ ကျောင်း မတက်ချင်တော့ဘူး ပြောလို့မေးကြည့်မှ ရိုက်ပြီ သုံးရက်မြောက်နေ့မှ ဆရာကြီးက ရိုက်လို့ မသွားရဲတာလို့ ပြောတယ်။ ဒါနဲ့ရိုက်တဲ့နေရာကို ပြဆိုပြီး လှန်ကြည့်တော့ အညိုအမဲ အတော်ကြီးတယ်။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားပြောတော့ ပြေလည်အောင် မပြောဘဲ တိုင်ချင်ရာတိုင်လို့ ပြောလွှတ်လိုက်တယ်။ ဒါနဲ့ ရွာထဲမေးကြည့်တော့ အဲဒီနေ့ အကုန်ရိုက်ခံရတော့ မိဘတွေက မကျေမနပ်တွေ ဖြစ်ကုန်တယ်။ ဆရာတစ်ယောက် အနေနဲ့ရိုက်ပြီး ဆုံးမတာကို လက်ခံပါတယ်။ အခုရိုက်တာ NLD ကို ကြိုလို့ ရိုက်တယ် ဆိုတာကိုတော့ လက်မခံဘူး”ဟု ရိုက်နှက်ခံရသူ မောင်မျိုးမင်း၏ မိဘ ဒေါ်နွဲ့က ဆိုသည်။

ထိုသို့ အရိုက်ခံရသော ကျောင်းသားတစ်ချို့မှာ ၀က်လက်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက် ဆေးကုသမှုခံယူပြီး ဆေးစာများဖြင့် မြို့နယ် ပညာရေးမှူးထံ သွားရောက်၍ ညိနှိုင်းဖြေရှင်းပေးရန် မိဘများက သွားရောက် ပြောဆိုသော်လည်း ညိနှိုင်းမှု ပြုလုပ်မပေးသောကြောင့် မိဘ များကတိုင်ကြားခြင်းဟုဆိုသည်။

ကျောင်းအုပ်ဆရာကို အရေးယူပေးရန် တိုင်ကြားစာထဲတွင် NLD ကို ကြိုဆိုသော နေ့ဝက်ပျက် ကျောင်းသူ၊ ကျောင်းသား အယောက် ၄၀ ဦးကို ကျောင်းအလံတိုင်ရှေ့ တန်းစီး၍ တစ်ဦးချင်းစီ ထန်းလက်ဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်အထိ ရိုက်ခဲ့သောကြောင့် ထိရောက်စွာ အရေးယူပေးရန်ပါရှိပြီး တိုင်ကြားစာနှင့်အတူ ဆေးစာများဖြင့် ပူတွဲတိုင်ကြားထားသည်။

ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုယဉ်ထွေးကလည်း “ကလေးဆိုတာ ဘာမှ မသိဘူး။ ကြိုတာနဲ့တင် ရိုက်တယ်ဆိုတော့ ဒီလိုဆရာမျိုး ကျွန်တော်တို့ ရွာက အလိုမရှိပါဘူး။ အရေးယူမပေးမချင်း တိုင်ကြားမယ်။ ဒီဘက်ခေတ်မှာ သူတို့လုပ်ချင်သလို လုပ်လို့မရပါဘူး” ဟုပြောသည်။

ထိုသို့ ကျောင်းသူ၊ ကျောင်းသားများအား ရိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးက “ကြိုလို့ ရိုက်တယ်ဆိုတာက သူစွပ်စွဲတာပါ။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ကျောင်းချိန်မှာ ထွက်ကြိုလို့ ဆုံးမတာပါ။ ကျွန်တော်တို့ ဘယ်ပါတီဘက်ကမှ မပါဘူး။ ကျွန်တော့်ကျောင်းက ဆရာဆရာမတွေလည်း ပြောထားတယ်။ ကိုယ့်ရင်ထဲရှိတာကို မဲပေးကြပါ ပြောပြီးသားပါ။ ဆရာတစ်ယောက်အနေနဲ့ ရိုက်ပြီး ဆုံးမတာပါ။ သူတို့ ဘက်မကျေနပ်လို့ တိုင်လည်း ဖြေရှင်းသွားမှာပါ” ဟု ပြောသည်။

ထိုသို့ အရိုက်ခံရခြင်းကြောင့် တစ်ချို့မှာ ကျောင်းပြန်တက်ပြီး စာမေးပွဲ ဖြေဆိုကြသော်လည်း တစ်ချို့မှာ ယနေ့အချိန်ထိ ကျောက်တက်ခြင်း၊ စာမေးပွဲဖြေခြင်း မလုပ်ရဲဘဲ အိမ်မှာပင် နေနေရသည်မှာ ၉ ရက်ရှိပြီ ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသား မျိုးမင်းသူ က ဆိုသည်။

ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးကမူ “ကလေးတွေ ကျောင်းတက်ရင်လည်း ပြန်လက်ခံ မှာပါ။ သူတို့မိဘတွေက ကျောင်းမပို့တာကိုတော့ ကျွန်တော်ဘာမှ ပြောလို့မရဘူး။ အခုစာမေးပွဲ ဖြေနေတယ် သူတို့ လာမဖြေကြဘူး။ ကျောင်းက ဆရာမလေးတွေ သွားခေါ်တယ် လိုက်မလာကြဘူး။ ကျွန်တော်ကတော့ ကျွန်တော့်တပည့်တွေကို ထူးချွန် ထက်မြက် စေချင်တယ်။ ဒီအရွယ်မှာ ဘာအရောင်မပါစေချင်ဘူး။ အမေစု လာရင် ကျွန်တော်ကိုယ်တိုင် ထွက်ကြိုမှာပါ” ဟု မဇ္ဈိမ ကိုပြောသည်။

၀က်လက်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အောင်နိုင်ရေး မဲဆွယ်စည်းရုံရေးအဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ဦးမြင့်သိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မျိုး၊ တိုင်းလွတ်တော် ကိုယ်စားလှယ်လောင်း(၁) ဦးမောင်မောင်ဝင်း၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်း(၂) ဦးစိုးဝင်ထွန်းတို့ သစ်ဆိမ့် ကျေးရွာသို့ အောက်တိုဘာလ ၁၅ ရက်က မဲဆွယ်စည်းရုံးရေးလာရာတွင် သစ်ဆိမ့် အလယ်တန်းကျောင်းခွဲမှ စတုတ္ထတန်းနှင့် အဌမတန်း ကျောင်းသူကျောင်းသား ၄၀ ဦးတို့ က ထွက်၍ ကြိုဆိုခဲ့သောကြောင့် ကျောင်းအုပ်ဆရာကြီး အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ခေါ်ယူ၍ တန်းစီးကာရိုက်နှက်ခဲ့ခြင်းဟု အရိုက်ခံရသည့် အဌမတန်း ကျောင်းသူ မပန်းအိဝေ က ဆိုသည်။

“သမီးတို့က သီချင်းတွေနဲ့ လှည့်လာတော့ ထွက်ကြိုကြတယ်။ လိုက်လည်းကြည့်တယ်။ ပြီးတော့ သမီးတို့က ၀င်လည်းကကြတယ်။ ညနေပိုင်း တစ်ချိန်တော့ စာသင်ချိန် ပျက်သွားတယ်။ နောက်မနက်ကျတော့ အကုန်တန်းစီပြီး ထန်းလက်ပြားနဲ့ ရိုက်တယ်။ လွှဲရိုက်တယ်။ အရိုက်ခံရလို့ မူးလဲတာတွေလည်း ရှိတယ်။ ဆရာကြီး အကုန်နှင်လွှတ်တယ်။ဒါကြောင့် ဒီနေ့အထိ ကျောင်းလဲမတက်ရဲဘူး။ စာမေးပွဲလည်းသွားမဖြေရဲဘူး” ဟု ပြောသည်။

အဆိုပါ ကျေးရွာသို့ မဲဆွယ်စည်းရုံးရာတွင် ပါ၀င်သည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဝင်းက “အခုဖြစ်ရပ်က အဓိပ္ပါယ် မရှိပါဘူး။ ဒါမျိုးမဖြစ်သင့်ဘူး။ မိဘတွေ တိုင်ကြားတဲ့စာ ကျွန်တော့်ကို လာပြတယ်” ဟုပြောသည်။ ၀က်လက်မြို့နယ် မြို့နယ်ပညာရေးမှူး က အဆိုပါကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံ မသိရှိရသေးဟုဆိုကာ ဖြေဆိုရန်ငြင်းဆိုသည်။
- See more at: http://mizzimaburmese.com/article/6411#sthash.x8BPmZt1.dpuf

No comments:

Post a Comment