Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 14, 2015

NCA ပဲြအတြက္ တိုင္းရင္းသားေခါင္းေဆာင္မ်ား ေနျပည္ေတာ္ေရာက္ရိွ

တႏိုင္ငံလံုးအပစ္ရပ္ေရးညႇိႏိႈင္းေရးအဖြဲ႔ NCCT နဲ႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီ UPWC တို႔ အပစ္ရပ္စဲေရးစာခ်ဳပ္မူၾကမ္း NCA ကို အၿပီးသတ္ သေဘာတူညီမႈရခဲ့စဥ္။ (မတ္ ၃၀၊ ၂၀၁၅) ဓာတ္ပံု-MPC

ေမခ
14.10.2015 20:39

ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ လုပ္မယ့္ တႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးပဲြ တတ္ေရာက္ဖို႔ တိုင္းရင္းသားေခါင္းေဆာင္ေတြ   ေနျပည္ေတာ္ကို ေရာက္ရိွေနပါၿပီ။ လက္မွတ္မထိုးေသးတဲ့ တိုင္းရင္းသားအဖဲြ႔ေတြကိုလည္း ေလ့လာသူအျဖစ္ တတ္ေရာက္ဖို႔ ဖိတ္ၾကားထားပါတယ္။ အသိသက္ေသအျဖစ္နဲ႔ ျပည္တြင္း ျပည္ပ ကိုယ္စားလွယ္ေတြကိုလည္း ဖိတ္ေခၚထားေပမယ့္ ဖိတ္ၾကားခံရတဲ့အထဲက အတိုက္အခံေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ တတ္ေရာက္ဖို႔မရိွပါဘူး။ ဗီြအိုေအ ရန္ကုန္ရံုးက မေမခ စံုစမ္းေမးျမန္းၿပီး သတင္းေပးပို႔ထားပါတယ္။

မနက္ျဖန္က်င္းပမယ့္ တႏုိင္ငံလံုး အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးပြဲကို တိုင္းရင္းသား ေခါင္းေဆာင္ အခ်ိဳ႕တက္ေရာက္မွာမဟုတ္ပါဘူး။ ဘာေၾကာင့္မတက္သလဲဆိုတာကို ကရင္နီ အမ်ိဳးသား တုိးတက္ေရး ပါတီက အေထြေထြအတြင္းေရးမႈး ေရႊမ်ိဳးသန္႔က ခုလိုေျပာပါတယ္။

“မတက္ေရာက္ရတဲ့အေျခအေနက ဒီလိုမ်ိဳး။ ၁ အခ်က္က က်ေနာ္တို႔က လက္မွတ္ထိုးဖို႔ အေျခအေနက အဆင္သင့္မျဖစ္ေသးဘူး။ နဂိုက က်ေနာ္တို႔ေမွ်ာ္လင့္ထားတာက ဒီလိုမ်ိဳးတႏိုင္ငံလံုး အပစ္အခက္ရပ္စဲေရးကိစၥေတြျဖစ္ေတာ့မယ္၊ လက္မွတ္ထိုးေတာ့မယ့္အေျခအေနေရာက္ခါနီးေနၿပီ၊ တိုင္းျပည္က လက္နက္ကိုင္ေတြ ဆိတ္သုန္းေသာနယ္ေျမျဖစ္ရမယ္ က်ေနာ္တို႔က ဒီလိုယူဆတယ္။ ဒီလိုလည္းျမင္ခ်င္တယ္။ ဒီလိုပဲ ၾကားခ်င္တယ္။ သို႔ေသာ္လည္း က်ေနာ္တို႔ျမင္ခ်င္၊ ၾကားခ်င္သလိုမျဖစ္လာပဲနဲ႔ ၊ ပြင့္ပြင့္လင္းလင္းေျပာရင္ ပိုေတာင္ဆိုးသလိုျဖစ္လာေတာ့ က်ေနာ္တို႔လက္မွတ္ထိုးဖို႔ သြားတက္တယ္ဆိုလို႕ရွိရင္ တျခားေဒသေတြမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြအတြက္ မစာနာတဲ့အျပင္၊ ဒီတိုက္ပြဲမွာ ဒုကၡေရာက္ေနတဲ့ ျပည္သူလူထုကိုလည္း က်ေနာ္တို႔ အားနာတယ္။”

ကရင္အမ်ိဳးသား အစည္းအ႐ံုး (KNU) ဒုဥကၠ႒၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အားလံုး၏ ကိုယ္စားျပဳ တဲ့ အဆင့္ျမင့္ညွိႏိႈင္းေရး ကိုယ္စားလွယ္ အဖြဲ႔ (SD) အဖြဲ႕ ေခါင္းေဆာင္ ပဒို ေနာ္စီဖိုးရာစိန္ကလည္း NCA ျဖစ္စဥ္တြင္ ပါ၀င္ေဆာင္ရြက္ခဲ့ျခင္းမွာ တႏုိင္ငံလံုးတြင္ ေသနတ္သံမ်ားတိတ္ၿပီး တိုက္ပြဲမ်ား ရပ္တန္႔ေစရန္နဲ႔ တိုင္းရင္းသားလက္ နက္ ကိုင္ အဖြဲ႔အားလံုး ပါ၀င္လက္မွတ္ထိုးသည့္ စာခ်ဳပ္ ျဖစ္လာေစရန္ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ ျဖစ္မလာေၾကာင္း၊ ဒီ အတြက္ NCA လက္မွတ္ ေရးထိုးပြဲ အခမ္းအနားသို႔ တက္ေရာက္ရန္ ခြန္အားမရွိေၾကာင္းထုတ္ေဖာ္ေျပာဆို ထားပါ တယ္။

ဒါအျပင္ NCA စတင္ျဖစ္လာဖို႔လုပ္ေဆာင္ခဲ့တဲ့ NCCT(တႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရး ဆိုင္ရာညိႈႏိႈင္းေရးအဖြဲ႔) ေခါင္းေဆာင္ ေတြပါဝင္တဲ့ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ (KIA)၊ မြန္ျပည္သစ္ပါတီ(NMSP) တို႔ဘက္ကလည္း တက္ေရာက္မွာမဟုတ္ပါဘူး။

ေအာက္တိုဘာလ ၁၅ ရက္၌ က်င္းပမယ့္NCA လက္မွတ္ေရးထိုးပြဲတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အားလံုး ပါ၀င္မွာ မဟုတ္ဘဲ KNU အပါအ၀င္ တိုင္းရင္းသားလက္နက္ကိုင္ ၈ ဖြဲ႔ပဲ လက္မွတ္ထိုးမွာပါ။

NCA စာခ်ဳပ္လက္မွတ္ထိုးတာနဲ႔ပတ္သတ္ၿပီး ကရင္နီ အမ်ိဳးသား တုိးတက္ေရး ပါတီက အေထြေထြအတြင္းေရးမႈး ေရႊမ်ိဳးသန္႔က ခုလိုေျပာပါတယ္။

“စာခ်ဳပ္ထဲမွာပါတဲ့ လက္မွတ္ထိုးမယ့္ အေၾကာင္းအရာကေတြက အင္မတန္ေလးနက္တဲ့ အေၾကာင္းအရာျဖစ္ပါတယ္။ အဲဒါကို ႏွစ္ဖက္စလံုးက ယံုယံုၾကည္ၾကည္နဲ႔ တကယ္ပဲ ျပည္သူလူထုမ်က္ႏွာၾကည့္၊ တိုင္းျပည္မ်က္ႏွာၾကည့္ၿပီးေတာ့ လုပ္ၾကမယ္ဆိုရင္ေတာ့ ဒါဟာ က်န္ေနတဲ့သူေတြအတြက္ေကာ သင္ခန္းစာျဖစ္ၿပီးေတာ့ ဒါဟာ institution မွာ အလားအလာေကာင္းျဖစ္မယ္။ သို႔မဟုတ္ပဲနဲ႔ ဒါကို အခြင့္အေရးတရပ္အေနနဲ႔ပဲ အသံုးခ်မယ္ဆိုရင္ေတာ့ ဒီတိုင္းျပည္အတြက္ အလားအလာမေကာင္းဘူး။ ဒီစာခ်ဳပ္ရဲ႕ မႈရင္းအႏွစ္သာရ ကိုယ္၌က တႏိုင္ငံလံုးမွာ ျဖစ္ေနတဲ့ လက္နက္ကိုင္တိုက္ပြဲေတြအေပၚမွာ ဒီလိုကိစၥမ်ိဳးကို တႏိုင္ငံလံုးအတိုင္းအတာနဲ႔ ေျဖရွင္းျခင္းမလုပ္ႏိုင္ဘူးဆိုရင္ ျပႆနာေတြကေတာ့ ဆံုးမယ္လို႔မထင္ပါဘူး။ ရိုးသားစြာနဲ႔ ဒီတိုင္းျပည္အတြက္ ျပဳျပင္ေျပာင္းလဲမႈကို လုပ္ေဆာင္ခ်င္တယ္ဆိုရင္ေတာ့ ေဆြးေႏြးသင့္တဲ့၊ ပါ၀င္သင့္တဲ့သူေတြအားလံုးနဲ႔ ေက်ေက်လည္လည္ ျဖစ္ၾကၿပီးေတာ့မွ ဆက္သြားႏိုင္မယ့္အဆင့္ေရာက္လို႔ရွိရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္။”

NCA လက္မွတ္ထိုးပြဲကို အသိသက္ေသတက္ေရာက္တာမွာလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ခြန္ထြန္းဦးတို႔က တိုင္းရင္းသား အားလံုးမပါဝင္ႏိုင္လို႔ တက္ေရာက္လက္မွတ္မထိုးပါဘူး။ အသိသက္ေသႏိုင္ငံေတြအေနနဲ႔ UN၊ EU ၊ဂ်ပန္၊ တရုတ္၊ ထိုင္းနဲ႔ အိႏၵိယ စတဲ့ႏိုင္ငံေတြက တက္ေရာက္မယ္လို႔ ျမန္မာၿငိမ္းခ်မ္းေရးစင္တာက က ျပန္ၾကားေရးတာဝန္ခံ ဦးလွေမာင္ေရႊက ေျပာပါတယ္။

NCA လက္မွတ္ထိုးၿပီးပါက အစိုးရစစ္တပ္နဲ႔ လက္နက္ကိုင္အဖြဲ႔ေတြပူးေပါင္းၿပီး တပ္မေတာ္သားေတြလိုက္နာရမယ့္က်င့္ဝတ္ နယ္ေျမပိုင္းျခားမႈေတြ လုပ္ေဆာင္ရမွာပါ။ ဒီလိုလုပ္ေဆာင္ဖို႔မွာတိုင္းရင္းသားအားလံုး လက္မွတ္မထိုးႏိုင္တဲ့ အတြက္ ေရးဆြဲ ဖို႔ အခက္ေတြ႔ႏိုင္တယ္လို႔ တိုင္းရင္းသားေတြက သံုးသပ္ေနၾကပါတယ္။ ဒီအေပၚမွာ NCA လက္မွတ္ထိုးမယ့္ ခ်င္းအမ်ိဳးသားတပ္ဦး က ေခါင္းေဆာင္ ပူးဇင္က်ံဳးက ခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ဒီကေန႔မွာေတာ့ေရးဆြဲမွာကေတာ့ တႏိုင္ငံလံုး လႊမ္းၿခံဳတဲ့ code of conduct ကိုေရးဆြဲမွာျဖစ္ပါတယ္။ code of conduct ကိုလည္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ားရဲ႕ ေလာခီးလာညီလာခံမွာ အတည္ျပဳၿပီးသားလည္းျဖစ္ပါတယ္။ ေနာက္ ဒီကေန႔ NCA ဟာလည္း တိုင္းရင္းသားလက္နက္ကိုင္အေတာ္မ်ားမ်ားရဲ႕ ထိပ္သီးအစီးအေ၀းပြဲမွာ အတည္ျပဳၿပီးျဖစ္ပါတယ္။ ေနာက္ ထပ္ထည့္တဲ့ ကိစၥမ်ိဳးရွိလာတယ္ဆိုရင္လည္း လက္တေလာ မလာႏိုင္ေသးတဲ့အဖြဲ႕အစည္းေတြကို contact လုပ္ပါ့မယ္။ က်ေနာ္တို႔ သူတို႔နဲ႔တိုင္ပင္ၿပီးမွ အားလံုးသေဘာတူတဲ့အေနအထားမ်ိဳးဖန္တီးမွာပါ။ ဆိုေတာ့ သူတို႔ျပန္လာမွ ေဆြးေႏြးရမယ့္ အေနအထားမ်ိဳးမေရာက္ေအာင္ သူတို႔အားလံုးပါ၀င္လာတဲ့အခ်ိန္မွာ က်ေနာ္တို႔တခါတည္း တၿပိဳင္နက္တည္း အက်ံဳး၀င္သြားလို႔ရတယ္။ က်ေနာ္တို႔ အသံုးခ်လို႔ရသြားတဲ့ အေနအထားမ်ိဳးကို ဖန္တီးဖို႔ ဒီကေန႔ က်ေနာ္တို႔ စီစဥ္ထားတာျဖစ္ပါတယ္။

အပစ္ရပ္ စာခ်ဳပ္ လက္မွတ္ထိုးၿပီး ရက္ေပါင္း ၆၀ အတြင္း မွာ ႏိုင္ငံေရး မူေဘာင္ ေရးဆြဲျခင္း၊ ရက္ပါင္း ၉၀ အတြင္းမွာ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ား စတင္ျခင္း ကိစၥေတြလုပ္ေဆာင္ရမွာျဖစ္ေပမယ့္ NCA မွာ တိုင္းရင္းသားအားလံုးမပါေသးတာေၾကာင့္ ဒီအပိုင္းေတြ လုပ္ေဆာင္ဖို႔ ခက္မယ္လို႔ တိုင္းရင္းသားေတြက သံုးသပ္ေနၾကပါတယ္။
http://burmese.voanews.com/content/october-15-nca-will-sign-with-some-ethnic-groups/3005465.html
...................
NCA ပွဲအတွက် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်ရောက်ရှိ

တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC

မေခ
14.10.2015 20:39

အောက်တိုဘာ ၁၅ ရက်နေ့မှာ လုပ်မယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ တတ်ရောက်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ   နေပြည်တော်ကို ရောက်ရှိနေပါပြီ။ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုလည်း လေ့လာသူအဖြစ် တတ်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ အသိသက်သေအဖြစ်နဲ့ ပြည်တွင်း ပြည်ပ ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားပေမယ့် ဖိတ်ကြားခံရတဲ့အထဲက အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ တတ်ရောက်ဖို့မရှိပါဘူး။ ဗွီအိုအေ ရန်ကုန်ရုံးက မမေခ စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

မနက်ဖြန်ကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသား ခေါင်းဆောင် အချို့တက်ရောက်မှာမဟုတ်ပါဘူး။ ဘာကြောင့်မတက်သလဲဆိုတာကို ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက အထွေထွေအတွင်းရေးမှုး ရွှေမျိုးသန့်က ခုလိုပြောပါတယ်။

“မတက်ရောက်ရတဲ့အခြေအနေက ဒီလိုမျိုး။ ၁ အချက်က ကျနော်တို့က လက်မှတ်ထိုးဖို့ အခြေအနေက အဆင်သင့်မဖြစ်သေးဘူး။ နဂိုက ကျနော်တို့မျှော်လင့်ထားတာက ဒီလိုမျိုးတနိုင်ငံလုံး အပစ်အခက်ရပ်စဲရေးကိစ္စတွေဖြစ်တော့မယ်၊ လက်မှတ်ထိုးတော့မယ့်အခြေအနေရောက်ခါနီးနေပြီ၊ တိုင်းပြည်က လက်နက်ကိုင်တွေ ဆိတ်သုန်းသောနယ်မြေဖြစ်ရမယ် ကျနော်တို့က ဒီလိုယူဆတယ်။ ဒီလိုလည်းမြင်ချင်တယ်။ ဒီလိုပဲ ကြားချင်တယ်။ သို့သော်လည်း ကျနော်တို့မြင်ချင်၊ ကြားချင်သလိုမဖြစ်လာပဲနဲ့ ၊ ပွင့်ပွင့်လင်းလင်းပြောရင် ပိုတောင်ဆိုးသလိုဖြစ်လာတော့ ကျနော်တို့လက်မှတ်ထိုးဖို့ သွားတက်တယ်ဆိုလို့ရှိရင် တခြားဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွက် မစာနာတဲ့အပြင်၊ ဒီတိုက်ပွဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကိုလည်း ကျနော်တို့ အားနာတယ်။”

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး၏ ကိုယ်စားပြု တဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) အဖွဲ့ ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်ကလည်း NCA ဖြစ်စဉ်တွင် ပါ၀င်ဆောင်ရွက်ခဲ့ခြင်းမှာ တနိုင်ငံလုံးတွင် သေနတ်သံများတိတ်ပြီး တိုက်ပွဲများ ရပ်တန့်စေရန်နဲ့ တိုင်းရင်းသားလက် နက် ကိုင် အဖွဲ့အားလုံး ပါ၀င်လက်မှတ်ထိုးသည့် စာချုပ် ဖြစ်လာစေရန် မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာကြောင်း၊ ဒီ အတွက် NCA လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခွန်အားမရှိကြောင်းထုတ်ဖော်ပြောဆို ထားပါ တယ်။

ဒါအပြင် NCA စတင်ဖြစ်လာဖို့လုပ်ဆောင်ခဲ့တဲ့ NCCT(တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆိုင်ရာညှိုနှိုင်းရေးအဖွဲ့) ခေါင်းဆောင် တွေပါဝင်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မွန်ပြည်သစ်ပါတီ(NMSP) တို့ဘက်ကလည်း တက်ရောက်မှာမဟုတ်ပါဘူး။

အောက်တိုဘာလ ၁၅ ရက်၌ ကျင်းပမယ့်NCA လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါ၀င်မှာ မဟုတ်ဘဲ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပဲ လက်မှတ်ထိုးမှာပါ။

NCA စာချုပ်လက်မှတ်ထိုးတာနဲ့ပတ်သတ်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက အထွေထွေအတွင်းရေးမှုး ရွှေမျိုးသန့်က ခုလိုပြောပါတယ်။

“စာချုပ်ထဲမှာပါတဲ့ လက်မှတ်ထိုးမယ့် အကြောင်းအရာကတွေက အင်မတန်လေးနက်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အဲဒါကို နှစ်ဖက်စလုံးက ယုံယုံကြည်ကြည်နဲ့ တကယ်ပဲ ပြည်သူလူထုမျက်နှာကြည့်၊ တိုင်းပြည်မျက်နှာကြည့်ပြီးတော့ လုပ်ကြမယ်ဆိုရင်တော့ ဒါဟာ ကျန်နေတဲ့သူတွေအတွက်ကော သင်ခန်းစာဖြစ်ပြီးတော့ ဒါဟာ institution မှာ အလားအလာကောင်းဖြစ်မယ်။ သို့မဟုတ်ပဲနဲ့ ဒါကို အခွင့်အရေးတရပ်အနေနဲ့ပဲ အသုံးချမယ်ဆိုရင်တော့ ဒီတိုင်းပြည်အတွက် အလားအလာမကောင်းဘူး။ ဒီစာချုပ်ရဲ့ မှုရင်းအနှစ်သာရ ကိုယ်၌က တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအပေါ်မှာ ဒီလိုကိစ္စမျိုးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေရှင်းခြင်းမလုပ်နိုင်ဘူးဆိုရင် ပြဿနာတွေကတော့ ဆုံးမယ်လို့မထင်ပါဘူး။ ရိုးသားစွာနဲ့ ဒီတိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဆွေးနွေးသင့်တဲ့၊ ပါ၀င်သင့်တဲ့သူတွေအားလုံးနဲ့ ကျေကျေလည်လည် ဖြစ်ကြပြီးတော့မှ ဆက်သွားနိုင်မယ့်အဆင့်ရောက်လို့ရှိရင်တော့ ပိုကောင်းတာပေါ့နော်။”

NCA လက်မှတ်ထိုးပွဲကို အသိသက်သေတက်ရောက်တာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွန်ထွန်းဦးတို့က တိုင်းရင်းသား အားလုံးမပါဝင်နိုင်လို့ တက်ရောက်လက်မှတ်မထိုးပါဘူး။ အသိသက်သေနိုင်ငံတွေအနေနဲ့ UN၊ EU ၊ဂျပန်၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေက တက်ရောက်မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက က ပြန်ကြားရေးတာဝန်ခံ ဦးလှမောင်ရွှေက ပြောပါတယ်။

NCA လက်မှတ်ထိုးပြီးပါက အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေပူးပေါင်းပြီး တပ်မတော်သားတွေလိုက်နာရမယ့်ကျင့်ဝတ် နယ်မြေပိုင်းခြားမှုတွေ လုပ်ဆောင်ရမှာပါ။ ဒီလိုလုပ်ဆောင်ဖို့မှာတိုင်းရင်းသားအားလုံး လက်မှတ်မထိုးနိုင်တဲ့ အတွက် ရေးဆွဲ ဖို့ အခက်တွေ့နိုင်တယ်လို့ တိုင်းရင်းသားတွေက သုံးသပ်နေကြပါတယ်။ ဒီအပေါ်မှာ NCA လက်မှတ်ထိုးမယ့် ချင်းအမျိုးသားတပ်ဦး က ခေါင်းဆောင် ပူးဇင်ကျုံးက ခုလိုပြောပါတယ်။

“ကျနော်တို့ ဒီကနေ့မှာတော့ရေးဆွဲမှာကတော့ တနိုင်ငံလုံး လွှမ်းခြံုတဲ့ code of conduct ကိုရေးဆွဲမှာဖြစ်ပါတယ်။ code of conduct ကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ လောခီးလာညီလာခံမှာ အတည်ပြုပြီးသားလည်းဖြစ်ပါတယ်။ နောက် ဒီကနေ့ NCA ဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အတော်များများရဲ့ ထိပ်သီးအစီးအဝေးပွဲမှာ အတည်ပြုပြီးဖြစ်ပါတယ်။ နောက် ထပ်ထည့်တဲ့ ကိစ္စမျိုးရှိလာတယ်ဆိုရင်လည်း လက်တလော မလာနိုင်သေးတဲ့အဖွဲ့အစည်းတွေကို contact လုပ်ပါ့မယ်။ ကျနော်တို့ သူတို့နဲ့တိုင်ပင်ပြီးမှ အားလုံးသဘောတူတဲ့အနေအထားမျိုးဖန်တီးမှာပါ။ ဆိုတော့ သူတို့ပြန်လာမှ ဆွေးနွေးရမယ့် အနေအထားမျိုးမရောက်အောင် သူတို့အားလုံးပါ၀င်လာတဲ့အချိန်မှာ ကျနော်တို့တခါတည်း တပြိုင်နက်တည်း အကျံုးဝင်သွားလို့ရတယ်။ ကျနော်တို့ အသုံးချလို့ရသွားတဲ့ အနေအထားမျိုးကို ဖန်တီးဖို့ ဒီကနေ့ ကျနော်တို့ စီစဉ်ထားတာဖြစ်ပါတယ်။

အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း မှာ နိုင်ငံရေး မူဘောင် ရေးဆွဲခြင်း၊ ရက်ပါင်း ၉၀ အတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်း ကိစ္စတွေလုပ်ဆောင်ရမှာဖြစ်ပေမယ့် NCA မှာ တိုင်းရင်းသားအားလုံးမပါသေးတာကြောင့် ဒီအပိုင်းတွေ လုပ်ဆောင်ဖို့ ခက်မယ်လို့ တိုင်းရင်းသားတွေက သုံးသပ်နေကြပါတယ်။

No comments:

Post a Comment