Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 25, 2015

ဘင်္ဂလားဒေရှ့်ရှီယာမူဆလင်ဘုရားပွဲ IS ဗုံးခွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗုံးပေါက်ကွဲမှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူများ (အောက်တိုဘာ ၂၄၊ ၂၀၁၅)
 ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ စနေနေ့က ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တာဟာ သူတို့လက်ချက်လို့ IS စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုတွေကနေ ဆယ်ကျော်သက် လူငယ်တစ်ဦးသေဆုံးခဲ့ရပြီး မြို့တော် Dhaka မှာ ထောင်နဲ့ချီတဲ့ ရှီယာမူဆလင်တွေ ကျင်းပနေတဲ့ ဘာသာရေးပွဲတော်ကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

ရှီယာမူဆလင်တွေ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ Ashura ရင်ထုပွဲတော်ကျင်းပနေတဲ့ လူစုဝေးနေချိန်မှာ အခုလို အတိုက်ခိုက်ခံရတာ ဖြစ်ပြီး ဒဏ်ရာရသူကလည်း ဒါဇင်နဲ့ချီ ရှိနေတာပါ။

IS စစ်သွေးကြွအဖွဲ့က ဒီပွဲတော်ဟာ သူတို့အဆို ဘုရားအများအပြားကိုးကွယ်တဲ့ ပူဇော်ပွဲဖြစ်တာကြောင့်လို့ ရှုတ်ချပစ်တင်ပြီး ဘင်္ဂလာဒက်ရှ်မှာရှိတဲ့ သူတို့ရဲ့တပ်သားတွေက ဗုံးဖေါက်ခွဲခဲ့တာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ အမေရိကန်အခြေစိုက် အကြမ်းဖက်စောင့်ကြည့်ရေးအဖွဲ့ SITE က သတင်းထုတ်ပြန်ပါတယ်။

မဂိုဘုရင်တွေရဲ့ မြို့ဟောင်းနေရာက ပင်မ ရှီယာဗလီကြီးရှိရာ Hosseini Dalan မှာ လူတွေ ထောင်နဲ့ချီပြီး စုဝေးနေချိန်မှာပဲ ဗုံးအငယ်စား ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရတဲ့အတွက် အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသားငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒက်ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံယသရှိသူနှစ်ဦးကို ရဲတွေက ဖမ်းဆီးမိခဲ့သလို မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
...............

ဘဂင်္လားဒေ့ရ်ွနိုင်ငံ ဗုံးပေါက္ကြဲမှုတြေအတြင်း ထိခိုက္ဒဏ်ရာရသူမ်ား (အောက္တိုဘာ ၂၄၊ ၂၀၁၅)
 ဘဂင်္လားဒက်ရွ်နိုင်ငံမွာ စေနေန့က ဗုံးပေါက္ကြဲမှုတြေ ဆက္တိုက်ျဖစ္ပြါးခဲ့တာဟာ သူတို့လက္ခ်က္လို့ IS စစ်သြေးကြအဖြဲ့က ကြေညာခဲ့ပါတယ်။ ဒီဗုံးပေါက္ကြဲမှုတြေကေန ဆယ်ကော််သက် လူငယ္တစ်ဦးသေဆုံးခဲ့ရပြီး မြို့တော် Dhaka မွာ ထောင္နဲ့ခ်ီတဲ့ ရွီယာမူဆလင်တြေ က်င်းပေနတဲ့ ဘာသာရေးပြဲတ္ကောိုလည်း အေနွာင့်အယွက်ျဖစ်စေခဲ့ပါတယ်။

ရွီယာမူဆလင်တြေ နွစ္စဥ္က်င်းပတဲ့ ဘာသာရေးပြဲတ္တောစ္ချုဖစ္တဲ့ Ashura ရင္ထုပြဲတ္ကော်င်းပေနတဲ့ လူစုဝေးနေခိန္မွာ အခုလို အတိုက္ခိုက္ခံရတျာဖစ်ပြီး ဒဏ်ရာရသူကလည်း ဒါဇင္နဲ့ခ်ီ ရွိနေတာပါ။

IS စစ်သြေးကြအဖြဲ့က ဒီပြဲတော်ဟာ သူတို့အဆို ဘုရားအမ်ားအျပားကိုးကြယ္တဲ့ ပူဇော်ပျြဲဖစ္တာကြောင့်လို့ ရှုတ္ခ်ပစ္တင်ပြီး ဘဂင်္လာဒက်ရ္မွာရွိတဲ့ သူတို့ရဲ့တပ်သားတြေက ဗုံးဖေါက္ခြဲခဲ့တျာဖစ်ကြောင်း ကြေညာခ်က္ထုတ်ျပန္ခဲ့တယ္လို့ အေမရိကန်ေအျခစိုက် အကြမ်းဖက်စောင့်ကြည့်ရေးအဖြဲ့ SITE က သတင်းထုတ်ျပန္ပါတယ်။

မဂိုဘုရင်တြေရဲ့ မြို့ဟောင်းနေရာက ပင္မ ရွီယာဗလီကြီးရွိရာ Hosseini Dalan မွာ လူတြေ ထောင္နဲ့ခ်ီပြီး စုဝေးနေခိန္မွာပဲ ဗုံးအငယ္စား ၃လုံးနဲ့ ပစ္ခတ္တိုက္ခိုက္တာခံခဲ့ရတဲ့အတြက် အသက် ၁၄ နွစ်အရြယ် ဆယ်ကော််သက် အမိုးသားငယ္တစ်ဦး သေဆုံးခဲ့တယ္လို့ ဘဂင်္လာဒက်ရွ် အာဏာပိုင်တြေကျေပာပါတယ်။

ဗုံးခြဲတိုက္ခိုက္မှုနဲ့ ပတ်သက်ပြီး သံယသရွိသူနွစ်ဦးကို ရဲတြေက ဖမ်းဆီးမိခဲ့သလို မေပါက္ကြဲသေးတဲ့ ဗုံးနွစ္လုံးကိုလည်း ရွာဖြေတြ့ရွိခဲ့ပါတယ်။

ဗြီအိုအေ (ျမန္မာဌာန)
http://burmese.voanews.com

No comments:

Post a Comment