Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

တရုတ္-ျမန္မာ ေက်ာက္စိမ္းေမွာင္ခိုကုန္သြယ္မႈကို ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊ မိသားစုအပါအ၀င္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းၾကီးမ်ားက လႊမ္းမိုးခ်ဳပ္ကိုင္ထားေၾကာင္း Global Witness အစီရင္ခံစာက ဖြင့္ခ်


 ျမန္မာႏိုင္ငံရဲ႕ အဓိက စီးပြားေရးလုပ္ငန္းတခုျဖစ္ေသာ ေက်ာက္စိမ္းလုပ္ငန္းမ်ား၏ ေနာက္ကြယ္မွာ ယခင္စစ္ အစိုးရေဟာင္း ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊ မိသားစုပိုင္ကုမၸဏီမ်ားအပါအ၀င္ စစ္အစိုးရႏွင့္နီးစပ္ေသာ စီးပြား ေရးလုပ္ငန္းရွင္မ်ားပါ ပါ၀င္ပတ္သက္ေနေၾကာင္း ပဋိပကၡမ်ား၊ အက်င့္ပ်က္ျခစားမႈမ်ား ေနာက္ကြယ္ရိွ စီးပြား ေရးလုပ္ငန္းမ်ားနွင့္ ဆက္သြယ္ေနမႈမ်ားကို ေဖာ္ထုတ္လ်က္ရိွေသာ Global Witness မွ ေအာက္တိုဘာ ၂၃ ရက္တြင္ အစီရင္ခံစာတေစာင္ ထုတ္ျပန္လိုက္သည္။ တရုတ္နိုင္ငံသို႔ တရားမ၀င္ တင္ပို႔သည့္ ေက်ာက္စိမ္းကုန္သြယ္မႈပမာဏမွာ ေဒၚလာ ၁၉ ဘီလီယံခန္႔ရွိေၾကာင္း သိရသည္။


၎အစီရင္ခံစာတြင္ ေက်ာက္စိမ္းတူးေဖာ္ေရး တရား၀င္လုပ္ကြက္ရရိွသည့္ ကုမၸဏီမ်ားမွာ ဗိုလ္ခ်ဳပ္မွဴးၾကီး (ေဟာင္း) သန္းေရႊ၏ မိသားစုပိုင္ကုမၸဏီနွစ္ခုနွင့္ ပတ္သက္လ်က္ရိွသည့္ ကုမၸဏီမ်ားအျပင္ ျပည္ေထာင္စုၾကံ့ခိုင္ေရးနွင့္ ဖံြ႕ၿဖိဳးေရးပါတီမွ အတြင္းေရးမွဴးေဟာင္း ဦးေမာင္ေမာင္သိမ္း ပိုင္ဆိုင္သည့္ ကုမၸဏီမ်ား၊ ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီလီမိတက္အပါအ၀င္ အစိုးရနွင့္ပတ္သက္ေသာ ထူး ကုမၸဏီ၊ ေအးရွားေ၀ါ ကုမၸဏီနွင့္ '၀' ျပည္ေသြးစည္းညီညြတ္ေရး တပ္မေတာ္ (UWSA) အား ေထာက္ပံ့ေပးေနသည့္ လက္နက္ကိုင္ မူးယစ္ရာဇာ ေ၀ဆူးက်န္တို႔၏ ကုမၸဏီမ်ားပါ ပါ၀င္ပတ္သက္ေနတယ္လို႔ အစီရင္ခံစာ၌ ေဖာ္ျပထားသည္။ ယင္းအျပင္ အစီရင္ခံစာအရ တရားမ၀င္ေက်ာက္စိမ္းကုန္သြယ္မႈတြင္ ပါ၀င္ပတ္သက္ေသာ အျခား အစိုးရအဖြဲ႔၀င္မ်ားမွာ လူမႈ၀န္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီးဌာန ဒု ၀န္ၾကီး ဗိုလ္မွဴးခ်ဳပ္ေဟာင္း ဦးဘုန္းေဆြ၊ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာ၀န္ၾကီးဌာန ဒု၀န္ၾကီး၊ ကာကြယ္ေရး၀န္ၾကီးဌာနမွာ ကာကြယ္ေရးပစၥည္း ၀ယ္ယူေရးဌာန၏ ညႊန္ၾကားေရးမွဴးေဟာင္း ဗိုလ္ခ်ဳပ္ (ေဟာင္း) ၀င္းသန္း တို႔ျဖစ္ေၾကာင္း သိရသည္။


၂၀၁၄ ခုနွစ္တြင္ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊပိုင္ ကုမၸဏီမွ တရားမ၀င္ ေက်ာက္စိမ္းကို ကန္ေဒၚလာ သန္း ၃၀၀ အထိေရာင္းခ်ခဲ့ေၾကာင္း၊ ကခ်င္ျပည္နယ္ တိုင္းမွဴးေဟာင္းႏွင့္ ေမြးျမဴေရး ေရလုပ္ငန္းနွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး၀န္ၾကီး ဦးအုန္းျမင့္မွလည္း တရားမ၀င္ေမွာင္ခိုေစ်းကြက္တြင္ ေက်ာက္စိမ္းကို ကန္ေဒၚလာ သန္း ၈၀ ဖိုး ေရာင္းခ်ခဲ့ေၾကာင္း၊ ျပည္ေထာင္စုၾကံ့ခိုင္ေရးနွင့္ ဖံြ႕ျဖိဳးေရးပါတီ၀င္ ဗိုလ္ခ်ဳပ္ေမာင္ေမာင္သိမ္းကလည္း တရားမ၀င္ေဈးကြက္အေနနွင့္ ေက်ာက္စိမ္းကို ကန္ေဒၚလာသန္း ၁၀၀ နီးပါးေရာင္းခ်ခဲ့ေၾကာင္း အဆိုပါအစီရင္ခံစာအရ သိရသည္။

“၎ပုဂၢိဳလ္မ်ားသည္ ေက်ာက္စိမ္းမွ ေငြပမာဏ အေျမာက္အျမားရရွိေနေၾကာင္း Global Witness ၏ သုေတသနက ညႊန္ျပထားပါသည္။ ဦးသန္းေရႊ၊ ဦးေမာင္ေမာင္သိမ္းႏွင့္ ဦးအုန္းျမင့္တို႔ မိသားစုသည္ လုပ္ပိုင္ခြင့္ မ်ားစြာကိုခ်ဳပ္ကိုင္ကာ ၎တို႔အားလံုးသည္ ၂၀၁၄ ေက်ာက္စိမ္းအေရာင္းျပပြဲ (အစိုးရတရား၀င္ေက်ာက္စိမ္းအေရာင္းျပပြဲ) တြင္ အခြန္မေဆာင္မီေရာင္းခ်ေငြ ေဒၚလာသန္း ၂၂၀ ႏွင့္ ၂၀၁၃ အေရာင္းျပပြဲတြင္ အေမရိကန္ေဒၚလာ ၆၇ သန္း ရရွိခဲ့ၾကသည္။ ဦးသန္းေရႊမိသားစုပါ၀င္ေနသည္ဟု Global Witness က ယံုၾကည္ထားသည့္ အျခားကုမပၺဏီတခုသည္ ၂၀၁၃ႏွင့္ ၂၀၁၄ အေရာင္းျပပြဲ ၂ ခုေပါင္းတြင္ ေဒၚလာသန္း ၁၅၀ တန္ဖိုး ထပ္မံေရာင္းခ်နိုင္ခဲ့သည္။ ေရြးေကာက္ပြဲက်င္းပရန္ နီးကပ္လာျပီျဖစ္သလို သေဘာထားတင္းမာသူမ်ားသည္ ဂိုဏ္ဂဏအကြဲ အၾကမ္းဖက္မႈမ်ားႏွင့္ ညစ္ပတ္သည့္ လွည့္စားမႈမ်ားျဖစ္ေစရန္ ရံပံုေငြထုတ္ေပးလာနိုင္သည္ကို စိုးရိမ္သူတခ်ဳိ႕ရွိေနခ်ိန္တြင္ ျမန္မာနိုင္ငံသားမ်ားအေနႏွင့္ ေက်ာက္စိမ္းမွရရွိေသာ ၀င္ေငြမ်ား မည္သည့္ေနရာ ေရာက္ရွိသြားသည္ကို အျမန္ဆံုးသိရွိရန္ လိုအပ္ေပသည္”ဟု အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

၂၀၁၄ ခုနွစ္အတြင္း ေက်ာက္စိမ္းထုတ္လုပ္သည့္ ပမာဏမွာ ၃၁ ဘီလီယံရိွျပီး ယင္းထုတ္လုပ္မႈ၏ သံုးပံုတပံုျဖစ္သည့္ ၁၂ ဘီလီယံကိုသာ တရုတ္နိုင္ငံသို႔ တရား၀င္တင္ပို႔ေၾကာင္း အဆိုပါ အစီရင္ခံစာအရ သိရသည္။

အဆိုပါ အစီရင္ခံစာကို နယ္ပယ္အသီးသီးမွ လူေပါင္း ၄၀၀ ေက်ာ္ကို ေမးျမန္းခဲ့ျခင္းျဖစ္ျပီး ျမန္မာနိုင္ငံမွ တရုတ္သို႔ တရား၀င္တင္ပို႔ခဲ့သည့္ ေက်ာက္စိမ္းပမာဏကို အေျခခံ၍ ၁ ႏွစ္အခ်ိန္ယူ၍ ၂၀၁၄ ခုႏွစ္အတြင္း သုေတသန ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေက်ာက္စိမ္းလုပ္ငန္းမ်ားနွင့္ပတ္သက္၍ ကုမၸဏီမည္မွ်ရိွသည္။ မည္သို႔၀င္ေငြ စီးဆင္းလည္ပတ္ သည္ဆိုသည့္ အခ်က္အလက္မ်ားနွင့္ပတ္သက္၍ အစိုးရအေနျဖင့္ တိက်စြာထုတ္ျပန္နိုင္ျခင္းမရိွသည့္အတြက္ နိုင္ငံေတာ္၏ လ်ဳိ႕၀ွက္ခ်က္ႀကီးသဖြယ္ ျဖစ္ေနျပီး ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း Global Witness မွ အစီရင္ခံစာျပဳစုမႈတြင္ ပါ၀င္သူ မစၥ ဂ်ဳမြန္ က တင္းစာရွင္လင္းပြဲတြင္ ေျပာၾကားခဲ့သည္။

မင္းဗညား၊ ေမလိႈင္းသူ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..................

 မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်သော ကျောက်စိမ်းလုပ်ငန်းများ၏ နောက်ကွယ်မှာ ယခင်စစ် အစိုးရဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုပိုင်ကုမ္ပဏီများအပါအဝင် စစ်အစိုးရနှင့်နီးစပ်သော စီးပွား ရေးလုပ်ငန်းရှင်များပါ ပါ၀င်ပတ်သက်နေကြောင်း ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများ နောက်ကွယ်ရှိ စီးပွား ရေးလုပ်ငန်းများနှင့် ဆက်သွယ်နေမှုများကို ဖော်ထုတ်လျက်ရှိသော Global Witness မှ အောက်တိုဘာ ၂၃ ရက်တွင် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့သည့် ကျောက်စိမ်းကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၉ ဘီလီယံခန့်ရှိကြောင်း သိရသည်။



၎င်းအစီရင်ခံစာတွင် ကျောက်စိမ်းတူးဖော်ရေး တရားဝင်လုပ်ကွက်ရရှိသည့် ကုမ္ပဏီများမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ၏ မိသားစုပိုင်ကုမ္ပဏီနှစ်ခုနှင့် ပတ်သက်လျက်ရှိသည့် ကုမ္ပဏီများအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း ပိုင်ဆိုင်သည့် ကုမ္ပဏီများ၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်အပါအဝင် အစိုးရနှင့်ပတ်သက်သော ထူး ကုမ္ပဏီ၊ အေးရှားဝေါ ကုမ္ပဏီနှင့် '၀' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အား ထောက်ပံ့ပေးနေသည့် လက်နက်ကိုင် မူးယစ်ရာဇာ ဝေဆူးကျန်တို့၏ ကုမ္ပဏီများပါ ပါ၀င်ပတ်သက်နေတယ်လို့ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ယင်းအပြင် အစီရင်ခံစာအရ တရားမဝင်ကျောက်စိမ်းကုန်သွယ်မှုတွင် ပါ၀င်ပတ်သက်သော အခြား အစိုးရအဖွဲ့ဝင်များမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးဘုန်းဆွေ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ ကာကွယ်ရေးပစ္စည်း ၀ယ်ယူရေးဌာန၏ ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ် (ဟောင်း) ၀င်းသန်း တို့ဖြစ်ကြောင်း သိရသည်။



၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေပိုင် ကုမ္ပဏီမှ တရားမဝင် ကျောက်စိမ်းကို ကန်ဒေါ်လာ သန်း ၃၀၀ အထိရောင်းချခဲ့ကြောင်း၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်းနှင့် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်မှလည်း တရားမဝင်မှောင်ခိုစျေးကွက်တွင် ကျောက်စိမ်းကို ကန်ဒေါ်လာ သန်း ၈၀ ဖိုး ရောင်းချခဲ့ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဗိုလ်ချုပ်မောင်မောင်သိမ်းကလည်း တရားမဝင်ဈေးကွက်အနေနှင့် ကျောက်စိမ်းကို ကန်ဒေါ်လာသန်း ၁၀၀ နီးပါးရောင်းချခဲ့ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

“၎င်းပုဂ္ဂိုလ်များသည် ကျောက်စိမ်းမှ ငွေပမာဏ အမြောက်အမြားရရှိနေကြောင်း Global Witness ၏ သုတေသနက ညွှန်ပြထားပါသည်။ ဦးသန်းရွှေ၊ ဦးမောင်မောင်သိမ်းနှင့် ဦးအုန်းမြင့်တို့ မိသားစုသည် လုပ်ပိုင်ခွင့် များစွာကိုချုပ်ကိုင်ကာ ၎င်းတို့အားလုံးသည် ၂၀၁၄ ကျောက်စိမ်းအရောင်းပြပွဲ (အစိုးရတရားဝင်ကျောက်စိမ်းအရောင်းပြပွဲ) တွင် အခွန်မဆောင်မီရောင်းချငွေ ဒေါ်လာသန်း ၂၂၀ နှင့် ၂၀၁၃ အရောင်းပြပွဲတွင် အမေရိကန်ဒေါ်လာ ၆၇ သန်း ရရှိခဲ့ကြသည်။ ဦးသန်းရွှေမိသားစုပါ၀င်နေသည်ဟု Global Witness က ယုံကြည်ထားသည့် အခြားကုမပ္ဗဏီတခုသည် ၂၀၁၃နှင့် ၂၀၁၄ အရောင်းပြပွဲ ၂ ခုပေါင်းတွင် ဒေါ်လာသန်း ၁၅၀ တန်ဖိုး ထပ်မံရောင်းချနိုင်ခဲ့သည်။ ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာပြီဖြစ်သလို သဘောထားတင်းမာသူများသည် ဂိုဏ်ဂဏအကွဲ အကြမ်းဖက်မှုများနှင့် ညစ်ပတ်သည့် လှည့်စားမှုများဖြစ်စေရန် ရံပုံငွေထုတ်ပေးလာနိုင်သည်ကို စိုးရိမ်သူတချို့ရှိနေချိန်တွင် မြန်မာနိုင်ငံသားများအနေနှင့် ကျောက်စိမ်းမှရရှိသော ၀င်ငွေများ မည်သည့်နေရာ ရောက်ရှိသွားသည်ကို အမြန်ဆုံးသိရှိရန် လိုအပ်ပေသည်”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်အတွင်း ကျောက်စိမ်းထုတ်လုပ်သည့် ပမာဏမှာ ၃၁ ဘီလီယံရှိပြီး ယင်းထုတ်လုပ်မှု၏ သုံးပုံတပုံဖြစ်သည့် ၁၂ ဘီလီယံကိုသာ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာကို နယ်ပယ်အသီးသီးမှ လူပေါင်း ၄၀၀ ကျော်ကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ တရုတ်သို့ တရားဝင်တင်ပို့ခဲ့သည့် ကျောက်စိမ်းပမာဏကို အခြေခံ၍ ၁ နှစ်အချိန်ယူ၍ ၂၀၁၄ ခုနှစ်အတွင်း သုတေသန ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျောက်စိမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ကုမ္ပဏီမည်မျှရှိသည်။ မည်သို့ဝင်ငွေ စီးဆင်းလည်ပတ် သည်ဆိုသည့် အချက်အလက်များနှင့်ပတ်သက်၍ အစိုးရအနေဖြင့် တိကျစွာထုတ်ပြန်နိုင်ခြင်းမရှိသည့်အတွက် နိုင်ငံတော်၏ လျို့ဝှက်ချက်ကြီးသဖွယ် ဖြစ်နေပြီး မေးခွန်းထုတ်စရာဖြစ်နေကြောင်း Global Witness မှ အစီရင်ခံစာပြုစုမှုတွင် ပါ၀င်သူ မစ္စ ဂျုမွန် က တင်းစာရှင်လင်းပွဲတွင် ပြောကြားခဲ့သည်။

မင်းဗညား၊ မေလှိုင်းသူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment