Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

အစုိးရက သင္႔အေကာင္႔ကို ဟက္ပါက Facebook က သင္႔ဆီ အေၾကာင္းၾကားမည္

အစိုးရပိုင္းဆိုင္ရာ ဟက္ကာေတြက သင္႔ Facebook အေကာင္႔ကို ပစ္မွတ္ထားၿပီဆိုရင္ Facebook က သင္႔ကို အေၾကာင္းၾကားၿပီျဖစ္ေၾကာင္း သတင္းရရွိပါတယ္။ ဒီမူဝါဒသစ္ကို ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က ထုတ္ျပန္လိုက္တာပဲ ျဖစ္ပါတယ္။

အေကာင္႔တစ္ခုကို အစိုးရကိုယ္စား အလုပ္လုပ္ေနတဲ႔ ဟက္ကာတစ္ေယာက္ကေန ျပစ္မွတ္ထားၿပီဆိုရင္၊ အဲ႔ဒီ႔အေကာင္႔ဟာ အႏၱရာယ္ရွိေနၿပီလို႔ Facebook ကေန အသံုးျပဳသူကို သတိေပးမွာပါ။ “Login Approvals” ကို ဖြင္႔ထားဖို႔ Facebook ရဲ႕ သတိေပးခ်က္မွာ ပါရွိပါတယ္။ Log in လုပ္ဖို႔အတြက္ Facebook ကေနေပးပို႔တဲ႔ လံုျခံဳေရးကုတ္ တစ္ခုကို ထည္႔ေပးဖို႔ လိုတဲ႔ “Login Approvals” စနစ္ပါ။ အသံုးျပဳသူအေနနဲ႔ Facebook အေကာင္႔အျပင္ မိမိသံုးတဲ႔ တျခားအေကာင္႔ေတြကိုပါ လံုျခံဳမႈရွိေအာင္ ထားဖို႔ကိုပါ သတိေပးခ်က္ထဲမွာ တိုက္တြန္းထားမွာပါ။

ဒီသတိေပးခ်က္နဲ႔ အလားသ႑ာန္တူတဲ႔ သတိေပးခ်က္စနစ္မ်ိဳးကို Google ကေန ၂၀၁၂ခုႏွစ္မွာ စတင္ခဲ႔ပါတယ္။

“ညႈိႏႈိင္းၿပီးလုပ္ေဆာင္ရမယ္လို႔ ကြ်န္ေတာ္တို႔ ယံုၾကည္ထားတဲ႔အတိုင္း အေကာင္႔ေတြကို လံုျခံဳစိတ္ခ်ေစဖို႔ရာ ကြ်န္ေတာ္တို႔ အျမဲတမ္း ေရွ႕ဆက္လုပ္ေဆာင္လွ်က္ရွိပါတယ္။ ဒီ ထပ္ထည္႔လိုက္တဲ႔ သတိေပးခ်က္ကို ထုတ္ျပဖို႔ ကြ်န္ေတာ္တို႔ ဆံုးျဖတ္ခဲ႔ပါတယ္။ ကြ်န္ေတာ္တို႔ကို အစိုးရရဲ႕ တိုက္ခိုက္မႈကို ခံရတယ္လို႔ တကယ္ယံုၾကည္ ရတဲ႔အခါမ်ိဳးမွာေပါ႔။ ဒီလို တိုက္ခိုက္မႈ ပံုစံမ်ိဳးက တျခားဟာေတြထက္ကို ပိုအဆင္႔ျမင္႔လာၿပီး ပိုအႏၱရာယ္ ရွိလာႏိုင္တဲ႔ အလားအလာရွိလို႔ ကြ်န္ေတာ္တို႔ လုပ္ခဲ႔တာပါ။ ဟက္ခံရတဲ႔ လူေတြကိုလည္း သူတို႔ရဲ႕ တျခား အြန္လိုင္းအေကာင္႔ေတြကိုပါ လံုျခံဳစိတ္ခ်ရေအာင္ လိုအပ္တာအားလံုး လုပ္ထားဖို႔ ကြ်န္ေတာ္တို႔က အျပင္းအထန္ တိုက္တြန္းပါတယ္။” လို႔ Facebook ရဲ႕ လံုျခံဳေရးမွဴးခ်ဳပ္ Alex Stamos ကေျပာခဲ႔ပါတယ္။

ယခုလို သတိေပးခ်က္ ရတဲ႔ အသံုးျပဳသူေတြအေနနဲ႔ မိမိတို႔ရဲ႕ ကြန္ပ်ဴတာ ဒါမွမဟုတ္ ဖုန္းေတြကို ျဖစ္ႏုိင္မယ္ဆိုရင္ အသစ္လဲသင္႔ ေၾကာင္းကိုလည္း Stamos က သတိေပးခဲ႔ပါတယ္။

( Skyler )
#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref:Forbes
.................................
အစိုးရက သင့်အကောင့်ကို ဟက်ပါက Facebook က သင့်ဆီ အကြောင်းကြားမည်

အစိုးရပိုင်းဆိုင်ရာ ဟက်ကာတွေက သင့် Facebook အကောင့်ကို ပစ်မှတ်ထားပြီဆိုရင် Facebook က သင့်ကို အကြောင်းကြားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဒီမူဝါဒသစ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

အကောင့်တစ်ခုကို အစိုးရကိုယ်စား အလုပ်လုပ်နေတဲ့ ဟက်ကာတစ်ယောက်ကနေ ပြစ်မှတ်ထားပြီဆိုရင်၊ အဲ့ဒီ့အကောင့်ဟာ အန္တရာယ်ရှိနေပြီလို့ Facebook ကနေ အသုံးပြုသူကို သတိပေးမှာပါ။ “Login Approvals” ကို ဖွင့်ထားဖို့ Facebook ရဲ့ သတိပေးချက်မှာ ပါရှိပါတယ်။ Log in လုပ်ဖို့အတွက် Facebook ကနေပေးပို့တဲ့ လုံခြုံရေးကုတ် တစ်ခုကို ထည့်ပေးဖို့ လိုတဲ့ “Login Approvals” စနစ်ပါ။ အသုံးပြုသူအနေနဲ့ Facebook အကောင့်အပြင် မိမိသုံးတဲ့ တခြားအကောင့်တွေကိုပါ လုံခြံုမှုရှိအောင် ထားဖို့ကိုပါ သတိပေးချက်ထဲမှာ တိုက်တွန်းထားမှာပါ။

ဒီသတိပေးချက်နဲ့ အလားသဏ္ဍာန်တူတဲ့ သတိပေးချက်စနစ်မျိုးကို Google ကနေ ၂၀၁၂ခုနှစ်မှာ စတင်ခဲ့ပါတယ်။

“ညှိုနှိုင်းပြီးလုပ်ဆောင်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတဲ့အတိုင်း အကောင့်တွေကို လုံခြံုစိတ်ချစေဖို့ရာ ကျွန်တော်တို့ အမြဲတမ်း ရှေ့ဆက်လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီ ထပ်ထည့်လိုက်တဲ့ သတိပေးချက်ကို ထုတ်ပြဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို အစိုးရရဲ့ တိုက်ခိုက်မှုကို ခံရတယ်လို့ တကယ်ယုံကြည် ရတဲ့အခါမျိုးမှာပေါ့။ ဒီလို တိုက်ခိုက်မှု ပုံစံမျိုးက တခြားဟာတွေထက်ကို ပိုအဆင့်မြင့်လာပြီး ပိုအန္တရာယ် ရှိလာနိုင်တဲ့ အလားအလာရှိလို့ ကျွန်တော်တို့ လုပ်ခဲ့တာပါ။ ဟက်ခံရတဲ့ လူတွေကိုလည်း သူတို့ရဲ့ တခြား အွန်လိုင်းအကောင့်တွေကိုပါ လုံခြံုစိတ်ချရအောင် လိုအပ်တာအားလုံး လုပ်ထားဖို့ ကျွန်တော်တို့က အပြင်းအထန် တိုက်တွန်းပါတယ်။” လို့ Facebook ရဲ့ လုံခြံုရေးမှူးချုပ် Alex Stamos ကပြောခဲ့ပါတယ်။

ယခုလို သတိပေးချက် ရတဲ့ အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းတွေကို ဖြစ်နိုင်မယ်ဆိုရင် အသစ်လဲသင့် ကြောင်းကိုလည်း Stamos က သတိပေးခဲ့ပါတယ်။

( Skyler )
#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref:Forbes

No comments:

Post a Comment