Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 17, 2015

Facebook မွာ အပိုေတြလုပ္ျပေနသူ ၇၅ရာခိုင္ႏႈန္းရွိ

Facebook ေပၚမွာ ခင္ဗ်ားသူငယ္ခ်င္းေတြရဲ႕ ဘဝက ခင္ဗ်ားဘဝထက္ကို ပိုရင္ခုန္စိတ္လႈပ္ရွားဖြယ္ေကာင္း တယ္လို႔ ထင္ေကာင္းထင္ရႏိုင္ပါတယ္။ ဒါေပမဲ႔ သူတို႔က အတုအေယာင္ေတြ လုပ္ေနတာေၾကာင္႔ အဲဒီ႔လိုေတြထင္ေနရတာ လို႔ သုေတသနသစ္တစ္ရပ္က ေဖာ္ျပပါတယ္။

လက္ေတြ႔ဘဝထက္ကို ပိုၿပီး ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ေကာင္းတဲ႔ ဓာတ္ပံုေတြကို လူမႈကြန္ရက္ေပၚမွာ တင္တဲ႔သူ အေရအတြက္ဟာ သံုးပံု ႏွစ္ပံုခန္႔ရွိေၾကာင္း မၾကာေသးမီက ေလ႔လာစမ္းစစ္ခ်က္အရ သိရပါတယ္။ ေလးပံုသံုးပံုေသာ သူေတြကေတာ႔ ကိုယ္နဲ႔သက္သူရြယ္သူေတြကို Instagram, Snapchat ဒါမွမဟုတ္ Facebook ေပၚက ဓာတ္ပံုေတြကိုၾကည္႔ၿပီးေတာ႔ပဲ ဆံုးျဖတ္ၾကတယ္လို႔ ဆိုပါတယ္။

HTC ကေန ျပဳလုပ္ခဲ႔တဲ႔ ၿဗိတိန္ႏုိင္ငံ စစ္တမ္းအရ၊ ကိုယ္ပိုင္ Facebook Page ေပၚမွာ ကိုယ္႔ရဲ႕ ဘဝက ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ပိုျဖစ္လာေအာင္ ဓာတ္ပံုထဲမွာ သူမ်ားပစၥည္းေတြကို ထည္႔ရိုက္တတ္တဲ႔သူ ၆ရာခိုင္းႏႈန္းရွိတာကိုလည္း သိရပါတယ္။

သူတို႔တင္ခဲ႔တဲ႔ ဓာတ္ပံုေတြနဲ႔ ေနရာေတြဟာ သူငယ္ခ်င္းေတြ၊ မိသားစုေတြၾကား မနာလိုျဖစ္ေအာင္ တကယ္တမ္း ရည္ရြယ္ၿပီး လုပ္ခဲ႔တာပါလို႔ စစ္တမ္းေကာက္ယူခဲ႔တဲ႔ သူတစ္ဝက္ေက်ာ္က ေျဖခဲ႔ပါတယ္။
လူမႈကြန္ရက္ မီဒီယာေတြ ေခတ္စားလာတဲ႔အခ်ိန္မွာ ဒီဓေလ႔က မဆန္းေတာ႔ပါဘူးလို႔ေတာ႔ အျပဳအမူဆိုင္ရာ စိတ္ပညာရွင္ Jo Hemmings ကေျပာခဲ႔ပါတယ္။

‘ကြ်န္မတို႔က တမုဟုတ္ခ်င္း ဆက္သြယ္ႏုိင္တဲ႔ ကမာၻႀကီးထဲမွာ ေနထုိင္ေနတာ။ ဖက္ရွင္နဲ႔စတိုင္ေတြက အရင္ကဆို မဂၢဇင္းထဲမွာ ဘဲရွိတယ္။ ခုက်ေတာ႔ လူေတြက အစစ္အမွန္ေတြ မဟုတ္ၾကေတာ႔ဘူး၊ အခ်င္းခ်င္း အၾကံေပးတာေတြလည္းပါတယ္။ လူမႈကြန္ရက္ကို မဂၢဇင္းေတြ၊ သတင္းစာေတြနဲ႔ တန္းလိုက္ညွိေနတာမ်ိဳးကလည္း မမွန္ကန္ဘူး။” လို႔ Jo Hemmings ကေထာက္ျပခဲ႔ပါတယ္။

( Skyler )
...................................
Facebook မှာ အပိုတွေလုပ်ပြနေသူ ရ၅ရာခိုင်နှုန်းရှိ

Facebook ပေါ်မှာ ခင်ဗျားသူငယ်ချင်းတွေရဲ့ ဘဝက ခင်ဗျားဘဝထက်ကို ပိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်း တယ်လို့ ထင်ကောင်းထင်ရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့က အတုအယောင်တွေ လုပ်နေတာကြောင့် အဲဒီ့လိုတွေထင်နေရတာ လို့ သုတေသနသစ်တစ်ရပ်က ဖော်ပြပါတယ်။

လက်တွေ့ဘဝထက်ကို ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တင်တဲ့သူ အရေအတွက်ဟာ သုံးပုံ နှစ်ပုံခန့်ရှိကြောင်း မကြာသေးမီက လေ့လာစမ်းစစ်ချက်အရ သိရပါတယ်။ လေးပုံသုံးပုံသော သူတွေကတော့ ကိုယ်နဲ့သက်သူရွယ်သူတွေကို Instagram, Snapchat ဒါမှမဟုတ် Facebook ပေါ်က ဓာတ်ပုံတွေကိုကြည့်ပြီးတော့ပဲ ဆုံးဖြတ်ကြတယ်လို့ ဆိုပါတယ်။

HTC ကနေ ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ စစ်တမ်းအရ၊ ကိုယ်ပိုင် Facebook Page ပေါ်မှာ ကိုယ့်ရဲ့ ဘဝက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပိုဖြစ်လာအောင် ဓာတ်ပုံထဲမှာ သူများပစ္စည်းတွေကို ထည့်ရိုက်တတ်တဲ့သူ ၆ရာခိုင်းနှုန်းရှိတာကိုလည်း သိရပါတယ်။

သူတို့တင်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ နေရာတွေဟာ သူငယ်ချင်းတွေ၊ မိသားစုတွေကြား မနာလိုဖြစ်အောင် တကယ်တမ်း ရည်ရွယ်ပြီး လုပ်ခဲ့တာပါလို့ စစ်တမ်းကောက်ယူခဲ့တဲ့ သူတစ်ဝက်ကျော်က ဖြေခဲ့ပါတယ်။
လူမှုကွန်ရက် မီဒီယာတွေ ခေတ်စားလာတဲ့အချိန်မှာ ဒီဓလေ့က မဆန်းတော့ပါဘူးလို့တော့ အပြုအမူဆိုင်ရာ စိတ်ပညာရှင် Jo Hemmings ကပြောခဲ့ပါတယ်။

‘ကျွန်မတို့က တမုဟုတ်ချင်း ဆက်သွယ်နိုင်တဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေတာ။ ဖက်ရှင်နဲ့စတိုင်တွေက အရင်ကဆို မဂ္ဂဇင်းထဲမှာ ဘဲရှိတယ်။ ခုကျတော့ လူတွေက အစစ်အမှန်တွေ မဟုတ်ကြတော့ဘူး၊ အချင်းချင်း အကြံပေးတာတွေလည်းပါတယ်။ လူမှုကွန်ရက်ကို မဂ္ဂဇင်းတွေ၊ သတင်းစာတွေနဲ့ တန်းလိုက်ညှိနေတာမျိုးကလည်း မမှန်ကန်ဘူး။” လို့ Jo Hemmings ကထောက်ပြခဲ့ပါတယ်။

( Skyler )

No comments:

Post a Comment