Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 17, 2015

ႏွစ္ေဒၚလာျဖင့္ ၀ယ္ယူခဲ့သည့္ဓာတ္ပုံ ေဒၚလာငါးသန္းအထိ တန္ဖုိးရိွႏုိင္ဟု သုေတသီတစ္ဦး သုံးသပ္

တီဘူရန္ ၊ ၁၈-၁ဝ-၂ဝ၁၅
.
အေမရိကန္ ျပည္ေထာင္စု ကယ္လီဖုိးနီးယား ျပည္နယ္ရွိ ေရွးေဟာင္းပစၥည္း အေရာင္းဆုိင္ တစ္ဆုိင္မွ အေမရိကန္ ႏွစ္ေဒၚလာျဖင့္ ဝယ္ယူခဲ့သည့္ ဝရမ္းေျပး တစ္ဦးျဖစ္သူ Billy the Kid ႐ုပ္ပုံပါ ဓာတ္ပုံ တစ္ပုံသည္
အေမရိကန္ ေဒၚလာ ငါးသန္း အထိ တန္ဖုိးရွိ ႏုိင္ေၾကာင္း Kagin's အမည္ရွိ ဒဂၤါးႏွင့္ တံဆိပ္ ေလ့လာမႈ ကုမၸဏီတစ္ခုက ေအာက္တုိဘာ ၁၆ ရက္တြင္ အတည္ျပဳ ေျပာၾကားသည္။
.
အရြယ္အစား အားျဖင့္ အလ်ား ၅ လက္မ၊ အနံ ၄ လက္မရွိ အဆုိပါ ဓာတ္ပုံသည္ ၁၈၇၈ ခုႏွစ္ ေႏြရာသီတြင္ အေပါင္းအေဖာ္မ်ား ႏွင့္အတူ ေျမစုိက္ သံကြင္းမ်ား အတြင္းသုိ႔ သစ္သား ေဘာလုံးမ်ား ႐ုိက္သြင္း ကစားေနသည့္
Billy the Kid ၏ပံုျဖစ္ၿပီး အဆုိပါဓာတ္ပုံကုိ မဂၤလာ ဧည့္ခံပြဲတစ္ခုမွ ရရွိခဲ့ျခင္း ျဖစ္ေၾကာင္း၊ ဓာတ္ပုံကုိ တစ္ႏွစ္ ေက်ာ္ခန္႔ ေလ့လာ ဆန္းစစ္မႈမ်ား ျပဳလုပ္ၿပီး မွသာ ဓာတ္ပုံပါ ႐ုပ္ပုံမ်ားကုိ ေဖာ္ထုတ္ အတည္ျပဳ ႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း Kagin's ကုမၸဏီက ေျပာၾကားသည္။
.
ေရွးေဟာင္းပစၥည္း ရွာေဖြ စုေဆာင္းသူ တစ္ဦးသည္ အဆုိပါဓာတ္ပုံကုိ ကယ္လီဖုိးနီးယား ျပည္နယ္ ဖရန္စ္ႏုိၿမိဳ႕ရွိ ေရွးေဟာင္း ပစၥည္း အေရာင္းဆုိင္ တစ္ဆုိင္မွ အေမရိကန္ ႏွစ္ေဒၚလာျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ၿပီး စင္စစ္တြင္မူ
၄င္းဓာတ္ပုံသည္ အေမရိကန္ ေဒၚလာ ငါးသန္းအထိ တန္ဖုိးရွိ ႏုိင္ေၾကာင္း Kagin's ကုမၸဏီမွ သုေတသီ တစ္ဦးျဖစ္သူ ေဒးဗစ္ မက္ကာတီ က ေျပာၾကားသည္။
.
ဟင္နရီ မကၠာသီေခၚ Billy the Kid သည္ ၁၉ ရာစုအတြင္း ျဖစ္ပြားခဲ့ေသာ လင္ကြန္းေကာင္စီ စစ္ပြဲတြင္ ထင္ရွားသည့္ ေသနတ္သမား တစ္ဦးျဖစ္ၿပီး ၄င္းသည္ ေနာက္ပုိင္းတြင္ ဝရမ္းေျပး တစ္ဦး အျဖစ္သုိ႔ ေရာက္ရွိ
သြားေၾကာင္း သိရသည္။
.
A detail from a 4×5-inch photo depicting Billy the Kid, left, playing croquet in 1878. Photograph: Kagin's
.
Multimillion-dollar photo of Billy the Kid playing croquet was $2 junk shop find
.
http://www.pyichitthar.com/2015/10/blog-post_3.html
.
‪#‎PyiChitThar‬
..............................
နှစ်ဒေါ်လာဖြင့် ၀ယ်ယူခဲ့သည့်ဓာတ်ပုံ ဒေါ်လာငါးသန်းအထိ တန်ဖိုးရှိနိုင်ဟု သုတေသီတစ်ဦး သုံးသပ်
.
တီဘူရန် ၊ ၁၈-၁ဝ-၂ဝ၁၅
.
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ အမေရိကန် နှစ်ဒေါ်လာဖြင့် ဝယ်ယူခဲ့သည့် ဝရမ်းပြေး တစ်ဦးဖြစ်သူ Billy the Kid ရုပ်ပုံပါ ဓာတ်ပုံ တစ်ပုံသည်
အမေရိကန် ဒေါ်လာ ငါးသန်း အထိ တန်ဖိုးရှိ နိုင်ကြောင်း Kagin's အမည်ရှိ ဒင်္ဂါးနှင့် တံဆိပ် လေ့လာမှု ကုမ္ပဏီတစ်ခုက အောက်တိုဘာ ၁၆ ရက်တွင် အတည်ပြု ပြောကြားသည်။
.
အရွယ်အစား အားဖြင့် အလျား ၅ လက်မ၊ အနံ ၄ လက်မရှိ အဆိုပါ ဓာတ်ပုံသည် ၁၈၇၈ ခုနှစ် နွေရာသီတွင် အပေါင်းအဖော်များ နှင့်အတူ မြေစိုက် သံကွင်းများ အတွင်းသို့ သစ်သား ဘောလုံးများ ရိုက်သွင်း ကစားနေသည့်
Billy the Kid ၏ပုံဖြစ်ပြီး အဆိုပါဓာတ်ပုံကို မင်္ဂလာ ဧည့်ခံပွဲတစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံကို တစ်နှစ် ကျော်ခန့် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီး မှသာ ဓာတ်ပုံပါ ရုပ်ပုံများကို ဖော်ထုတ် အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း Kagin's ကုမ္ပဏီက ပြောကြားသည်။
.
ရှေးဟောင်းပစ္စည်း ရှာဖွေ စုဆောင်းသူ တစ်ဦးသည် အဆိုပါဓာတ်ပုံကို ကယ်လီဖိုးနီးယား ပြည်နယ် ဖရန်စ်နိုမြို့ရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ အမေရိကန် နှစ်ဒေါ်လာဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး စင်စစ်တွင်မူ
၄င်းဓာတ်ပုံသည် အမေရိကန် ဒေါ်လာ ငါးသန်းအထိ တန်ဖိုးရှိ နိုင်ကြောင်း Kagin's ကုမ္ပဏီမှ သုတေသီ တစ်ဦးဖြစ်သူ ဒေးဗစ် မက်ကာတီ က ပြောကြားသည်။
.
ဟင်နရီ မက္ကာသီခေါ် Billy the Kid သည် ၁၉ ရာစုအတွင်း ဖြစ်ပွားခဲ့သော လင်ကွန်းကောင်စီ စစ်ပွဲတွင် ထင်ရှားသည့် သေနတ်သမား တစ်ဦးဖြစ်ပြီး ၄င်းသည် နောက်ပိုင်းတွင် ဝရမ်းပြေး တစ်ဦး အဖြစ်သို့ ရောက်ရှိ
သွားကြောင်း သိရသည်။
.
A detail from a 4×5-inch photo depicting Billy the Kid, left, playing croquet in 1878. Photograph: Kagin's
.
Multimillion-dollar photo of Billy the Kid playing croquet was $2 junk shop find
.
http://www.pyichitthar.com/2015/10/blog-post_3.html
.
‪#‎PyiChitThar‬

No comments:

Post a Comment