Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 15, 2015

ကင်ဆာရောဂါသည် ခင်ပွန်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးမယ့် Celine Dion




သီချင်းဆိုတဲ့နေရာမှာ ကဝေတစ်ယောက်လို ထူးချွန်လှတဲ့ ၀ါရင့်အဆိုတော်ကြီး Celine Dion ဟာ လည်ချောင်းကင်ဆာ ရောဂါ ကို ခံစားနေရတဲ့ သူမရဲ့ခင်ပွန်း နဲ့ အချိန် ဘယ်လောက်ကြာကြာ အတူနေရဦးမလဲဆိုတာမသိနိုင်ပါဘူး။ ဒါပေမယ့် သူမ ခင်ပွန်းရဲ့ နောက်ဆုံး ဆန္ဒကတော့ နောက်ဆုံးကျန်ရှိနေတဲ့ အချိန်တွေကို သူမ နဲ့အတူ ကုန်ဆုံးချင်တယ်ဆိုတာပါပဲ။

Celine Dion အနေနဲ့လည်း သူမ အရမ်းချစ်ရတဲ့ ခင်ပွန်း သည် Rene Angelil သေဆုံးသွားတဲ့အခါ ဘယ်လောက်ထိ ရင်ကွဲနာ ကျရမလဲဆိုတာ မသိပေမယ့် Rene ရဲ့ နောက်ဆုံး ဆန္ဒကိုတော့ သူမက ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

"Rene က ကျွန်မကို သူ့အနေနဲ့ ကျွန်မရင်ခွင်ထဲမှာပဲ သေချင်တယ်လို့ ပြောပါတယ်။ကျွန်မကလည်း ဟုတ်ပြီ ၊ ကျွန်မရှိနေမယ် ၊ ရှင် ကျွန်မ ရင်ခွင်ထဲမှာပဲ သေရမှာပါ လို့ ပြန်ပြောခဲ့ပါတယ်။ " လို့ အသက် ၄၇ နှစ်အရွယ် Dion က USA Today သတင်းဌာနကို ပြောပြခဲ့ပါတယ်။ အသက် ၇၃ နှစ်ရှိနေပြီဖြစ်တဲ့ Rene ဟာ လည်ချောင်းကင်ဆာ ရောဂါကိုခံစားနေရတဲ့အတွက် အစာပြွန် အသုံးပြုပြီး အာဟာရ ရယူနေရတာ ၂ နှစ်ခန့် ရှိနေပါပြီ။

သူမ အနေနဲ့ ကလေး တွေကို ဂရုစိုက်မယ့် အကြောင်းနဲ့ သူမခင်ပွန်းကိုလည်း တမလွန်ကနေ စောင့်ကြည့်နေဖို့ ပြောပြခဲ့ရတာဟာ သူမအတွက် အခက်ခဲဆုံး အလုပ်ဖြစ်ခဲ့တယ်လို့လည်း Celine Dion က ပြောပြပါတယ်။

သူမတို့ စုံတွဲဟာ Celine Dion အသက် ၁၂ နှစ်အရွယ် ၊ Rene က အသက် ၃၈ နှစ်အရွယ်မှာ စတင်တွေ့ဆုံခဲ့ကြပြီး ၁၉၉၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲမှာ ကလေး ၃ ယောက်ရှိပြီး အသက် ၁၄ နှစ်အရွယ် Rene Charles ၊ အသက် ၄ နှစ်အရွယ် အမြွှာပူး Eddy နဲ့ Nelson တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Life Script
......................................................................................
ကင္ဆာရောဂါသည် ခင္ပြန်းရဲ့ နောက္ဆုံးဆန္ဒကျိုဖည့်ဆည်းပေးမယ့် Celine Dion

သီခ်င်းဆိုတဲ့နေရာမွာ ကေ၀တစ်ယောက္လို ထူးချန္လြွတဲ့ ၀ါရင့်အဆိုတော်ကြီး Celine Dion ဟာ လည်ခော်င်းကင္ဆာ ရောဂါ ကို ခံစားနေရတဲ့ သူမရဲ့ခင္ပြန်း နဲ့ အခိန် ဘယ်လောက်ကြာကြာ အတူနေရဦးမလဲဆိုတာမသိနိုင္ပါဘူး။ ဒါပေမယ့် သူမ ခင္ပြန်းရဲ့ နောက္ဆုံး ဆန္ဒကေတာ့ နောက္ဆုံးက်န်ရွိနေတဲ့ အခိန်တြေကို သူမ နဲ့အတူ ကုန္ဆုံးခ်င္တယ္ဆိုတာပါပဲ။
Celine Dion အေနနဲ့လည်း သူမ အရမ်းခ်စ်ရတဲ့ ခင္ပြန်း သည် Rene Angelil သေဆုံးသြားတဲ့အခါ ဘယ်လောက္ထိ ရင္ကြဲနာ က်ရမလဲဆိုတာ မသိပေမယ့် Rene ရဲ့ နောက္ဆုံး ဆန္ဒကိုတော့ သူမကျဖည့်ဆည်းပေးသြားမျွာဖစ္တယ္လို့ သိရပါတယ်။
"Rene က ကျန္မြကို သူ့အေနနဲ့ ကျန္မြရင္ခြင္ထဲမွာပဲ သေခ်င္တယ္လို့ျေပာပါတယ်။ကျန္မြကလည်း ဟုတ်ပြီ ၊ ကျန္မြရွိနေမယ် ၊ ရွင် ကျန္မြ ရင္ခြင္ထဲမွာပဲ သေရမွာပါ လိျု့ပန်ျေပာခဲ့ပါတယ်။ " လို့ အသက် ၄၇ နွစ်အရြယ် Dion က USA Today သတင်းဌာနကိုျေပျာပခဲ့ပါတယ်။ အသက် ၇၃ နွစ်ရွိနေပျြီဖစ္တဲ့ Rene ဟာ လည်ခော်င်းကင္ဆာ ရောဂါကိုခံစားနေရတဲ့အတြက် အဈာပြန် အသုံျးပုပြီး အာဟာရ ရယူနေရတာ ၂ နွစ္ခန့် ရွိနေပါပြီ။
သူမ အေနနဲ့ ကေလး တြေကို ဂရုစိုက္မယ့် အေကြာင်းနဲ့ သူမခင္ပြန်းကိုလည်း တမလြန္ကေန စောင့်ကြည့်နေဖို့ ေ်ပာ်ပခဲ့ရတာဟာ သူမအတြက် အခက္ခဲဆုံး အလုပ်ျဖစ္ခဲ့တယ္လို့လည်း Celine Dion ကျေပျာပပါတယ်။
သူမတို့ စုံတြဲဟာ Celine Dion အသက် ၁၂ နွစ်အရြယ် ၊ Rene က အသက် ၃၈ နွစ်အရြယ္မွာ စတင်တြေ့ဆုံခဲ့ကြပြီး ၁၉၉၄ ခုနွစ္မွာ လက္ထပ္ခဲ့ကြတျာဖစ္ပါတယ်။ သူတို့စုံတြဲမွာ ကေလး ၃ ယောက်ရွိပြီး အသက် ၁၄ နွစ်အရြယ် Rene Charles ၊ အသက် ၄ နွစ်အရြယ် အျမွှာပူး Eddy နဲ့ Nelson တိျု့ဖစ်ကြတယ္လို့ သိရပါတယ်။

( Mario )
#သစ္ထူးလြင်(နာမည်ကြီးပုဂ္ဂိုလ္မ်ား)
#celebrity.thithtoolwin.com
Ref : Life Script

No comments:

Post a Comment