Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 25, 2015

ရန်ကုန်စတော့ခ် ဈေးကွက်အတွက် ကုမ္ပဏီ ၁၀ ခု ယာယီရွေးချယ်

ဂျပန်နိုင်ငံ၊ တိုကျို stock Exchange ကုမ္ပဏီတခုကို မြင်ရစဉ်။ 
 လာမယ့်ဒီဇင်ဘာလမှာစတင်မယ့် မြန်မာ့ပထမဆုံး ရန်ကုန် stock exchange မှာ ပါဝင်ဖို့ ကုမ္ပဏီ (၁၀) ခုတို့ကို ပဏာမ ရွေးချယ်ထားတဲ့အကြောင်း အင်္ဂလိပ်ဘာသာနဲ့ဖော်ပြတဲ့ မြန်မာအစိုးရပိုင် The Global New Light of Myanmar သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

အတိုကောက် YEX ဆိုတာနဲ့ ကမ္ဘာ့ Exchange ဈေးကွက်မှာ အသစ်ထွက်ပေါ်လာမယ့် ရန်ကုန် stock exchange ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း စီးပွားရေးလုပ်ငန်းကြီးတွေကို ဒုတိယဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းက တိုက်တွန်းထားပါတယ်။ စတင်တဲ့ငါးနှစ် အတွင်းမှာ အကျိုးအမြတ်ရဖို့ မသေချာတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ ဒုတိယဘဏ္ဍာရေးဝန်ကြီးက သတိပေးထားပါတယ်။

ကျပ်ငွေ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံနိုင်တဲ့၊ ခိုင်မာတဲ့ကုမ္ပဏီတွေကို လိုင်စင်တွေချထားပေးမယ်လို့လည်း သူက ပြောပါတယ်။ မြန်မာ့ ပထမဆုံး YEX stock exchange စတင်တဲ့အခါမှာတော့ မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ Asia Green Development – AGD ဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တချို့က အစုရှယ်ယာတွေလည်း ပါဝင်မယ်လို့ ရှင်ဟွာသတင်းမှာတော့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ငွေကြေး ဈေးကွက်မှာ ပထမဆုံး ပေါ်ထွက်လာမယ့် stock exchange ကို ဒီဇင်ဘာလ ပထမပတ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပြီး မြန်မာ့စီးပွားရေးဘဏ်က ဂျပန်နိုင်ငံက တိုကျို stock exchange ၊ ဒိုင်ဝါသုတေသနတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
...............................

ရန္ကုန္စေတာ့ခ် စေ်းကြက်အတြက် ကုမ္ပဏီ ၁၀ ခု ယာယီရြေးခ်ယ်

 လာမယ့်ဒီဇင္ဘာလမွာစတင္မယ့်ျမန္မာ့ပထမဆုံး ရန္ကုန် stock exchange မွာ ပါဝင္ဖို့ ကုမ္ပဏီ (၁၀) ခုတို့ကို ပဏာမ ရြေးခ်ယ္ထားတဲ့အေကြာင်း အဂင်္လိပ္ဘာသာနဲ့ဖော်ျပတျဲ့မန္မာအစိုးရပိုင် The Global New Light of Myanmar သတင်းစာမွာ ဖော်ျပလိုက္ပါတယ်။

အတိုကောက် YEX ဆိုတာနဲ့ ကမ္ဘာ့ Exchange စေ်းကြက္မွာ အသစ္ထြက်ပေါ်လာမယ့် ရန္ကုန် stock exchange ဖြံ့ဖြိုးတိုးတက္ဖို့အတြက် ပူးပေါင်း ဆောင်ြရက်ကြဖို့ကိုလည်း စီးပြားရေးလုပ်ငန်းကြီးတြေကို ဒုတိယဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းက တိုက္တြန်းထားပါတယ်။ စတင္တဲ့ငါးနွစ် အတြင်းမွာ အကိုးအျမတ်ရဖို့ မေသခ်ာတဲ့အခ်က္ကိုလည်း ထည့်သြင်းစဉ်းစားထားဖို့ ဒုတိယဘဏ္ဍာရေးဝန်ကြီးက သတိပေးထားပါတယ်။

က်ပ်ငြေ ၁၅ ဘီလီယံ ရင်းနွီျးမှုပ်နွံနိုင္တဲ့၊ ခိုင္မာတဲ့ကုမ္ပဏီတြေကို လိုင္စင်တြေခ်ထားပေးမယ္လို့လည်း သူကျေပာပါတယ်။ျမန္မာ့ ပထမဆုံး YEX stock exchange စတင္တဲ့အခါမွာတေျာ့မန္မာ့ထိပ္တန်းစီးပြားရေးလုပ်ငန်းရွင် ဦးတေဇရဲ့ Asia Green Development – AGD ဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ္တခို့က အစုရွယ်ယာတြေလည်း ပါဝင္မယ္လို့ ရွင်ြဟာသတင်းမွာတော့ ဖော်ျပထားပါတယ်။ျမန္မာနိုင်ငံရဲ့ငြေကြး စေ်းကြက္မွာ ပထမဆုံး ပေါ်ထြက္လာမယ့် stock exchange ကို ဒီဇင္ဘာလ ပထမပတ္မွာ စတင္ဖြင့်လွစ်နိုင္ဖို့ စီစဥ္ထားပြီျးမန္မာ့စီးပြားရေးဘဏ္က ဂ်ပန်နိုင်ငံက တိုကို stock exchange ၊ ဒိုင်ဝါသုတေသနတို့နဲ့ ပူးပေါင်းဆောင်ြရက်ြသားမျွာဖစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက္တာ မောင်မောင်သိန်းကျေပာဆိုထားပါတယ်။

ဗီအြိုအေ (ျမန္မာဌာန)
http://burmese.voanews.com

No comments:

Post a Comment