Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 25, 2015

တောင်ကြီးမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား


 တောင်ကြီး အောက်တိုဘာ ၂၅

 ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အောက်တိုဘာ ၂၅ ရက် ည (၈)နာရီ (၂၀)မိနစ်ခန့်အချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ လမ်းမတော်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကိုက်( ၁၅၀ ) ခန့်အကွာ၊ အမှတ်(၁) ရဲစခန်းနှင့် ကမ္ဘောဇဘဏ်ကြားတွင် ရပ်ထားလျက်ရှိသည့်ကားတစ်စီး ဗုံးပေါက်ကွဲ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိ အခြားမော်တော်ယာဉ်တစ်စီး အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည့်အပြင် ပြည်သူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် စစ်စံထွန်း ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ အိုက်ဆေး အသက်(၃၀)နှစ် ယာဘက်မျက်ခုံးရှေ့တစ်လုံးပေါက်ပြဲ ၊ ဦးဥာဏ် ထွန်းလင်း(၄၈)နှစ် ဘုရားဖူးဧည့်သည် ရန်ကုန်မြို့ ခြေသလုံးဘယ်ညာထိခိုက်ဒဏ်ရာရ ၊ ဇင်မောင်(၂၁)နှစ် ခြေသ လုံးထိခိုက်ဒဏ်ရာရ၊ ကိုငယ်(၂၁)နှစ် မိတ္ထိလာမြို့ ခြေဖမိုးထိခိုက်ဒဏ်ရာရ၊ ချစ်ဇွဲ(၁၅)နှစ်၊ ညောင်ရွှေမြို့ ၊ ဘယ် ခြေဖမိုး ထိခိုက်ဒဏ်ရာရရှိတို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခြင်း၊ လူနာများအားဆေးရုံသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ရောက်ရှိလာပြီး ဖြစ်စဉ်များကို အသေးစိတ်စိစစ်ကာ ပြည်သူ များ အသက်အန္တရာယ် လုံခြုံရေးနှင့်ပတ်သက်၍ အသေးစိတ်စီမံ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar




................................................................

တာင်ကြီးမြို့တြင် ဗုံးပေါက္ကြဲမျှုဖစ္ပြား

 တောင်ကြီး အောက္တိုဘာ ၂၅

 ရွမ်ျးပည္နယ်၊ တောင်ကြီးမြို့၌ အောက္တိုဘာ ၂၅ ရက် ည (၈)နာရီ (၂၀)မိနစ္ခန့်အခိန္တြင် ဗိုလ္ခ်ုပ် အောင္ဆန်းလမ်း၊ လမ်းမေတ်ာရပ္ကြက်ျပန်ကြားရေးနွင့်ျပည်သူ့ဆက္ဆံရေးဦးစီးဌာနနွင့် ကိုက်( ၁၅၀ ) ခန့်အကြာ၊ အမွတ်(၁) ရဲစခန်းနွင့် ကေမ္ဘာဇဘဏ်ကြားတြင် ရပ္ထားလ်က်ရွိသည့္ကားတစ္စီး ဗုံးပေါက္ကြဲ မီးလောင္မျှုဖစ္ပြားခဲ့ရာ အနီးရွိ အျခားမော်တော်ယာဥ္တစ္စီး အနည်းငယ္ထိခိုက္ပ်က္စီးခဲ့သည့်အျပင်ျပည်သူ(၅)ဦး ထိခိုက္ဒဏ်ရာရရွိခဲ့သျဖင့် စစ္စံထြန်း ဆေးရုံကြီးသို့ ပို့ဆောင္ခဲ့ရေကြာင်းနွင့် အသက်အန္တရာယ္စိုးရိမ္ဖြယ္မရွိကြောင်း သိရွိရသည်။

ထိခိုက္ဒဏ်ရာရရွိသူမ်ားမွာ အိုက်ဆေး အသက်(၃၀)နွစ် ယာဘက္မ်က္ခုံးရွေ့တစ္လုံးပေါက်ပြဲ ၊ ဦးဥာဏ် ထြန်းလင်း(၄၈)နွစ် ဘုရားဖူးဧည့်သည် ရန္ကုန်မြို့ျေခသလုံးဘယ်ညာထိခိုက္ဒဏ်ရာရ ၊ ဇင်မောင်(၂၁)နွစ်ျေခသ လုံးထိခိုက္ဒဏ်ရာရ၊ ကိုငယ်(၂၁)နွစ် မိတ္ထိလာမြို့ျေခဖမိုးထိခိုက္ဒဏ်ရာရ၊ ခ်စ္ဇြဲ(၁၅)နွစ်၊ ညောင်ရွှေမြို့ ၊ ဘယ်ျေခဖမိုး ထိခိုက္ဒဏ်ရာရရွိတိျု့ဖစ်ကြောင်း သိရွိရသည်။

အဆိုပျါဖစ္စဉ်ျဖစ္လ်ွင်ျဖစ္ခ်င်ျးမန္မာနိုင်ငံရဲတပ္ဖြဲ့၊ မီးသတ္တပ္ဖြဲ့၊ ကြက်ျေခနီတပ္ဖြဲ့မ်ား ရောက်ရွိလာပြီး မီးငြိမ်းသတ်ျခင်း၊ လူနာမ်ားအားဆေးရုံသို့ ပို့ဆောင်ျခင်းမ်ား ဆောင်ြရက္ခဲ့ကြောင်း သိရွိရသည်။

ထို့နောက် ရွမ်ျးပည္နယ္လုံခြုံရေးနွင့် နယ္စပ်ရေးရာဝန်ကြီး၊ အေရွ့ပိုင်းတိုင်းစစ္ဌာနခ်ုပ္မွ တာဝန်ရွိသူမ်ား၊ ရွမ်ျးပည္နယ်ရဲတပ္ဖြဲ့မွူးနွင့် သက္ဆိုင်ရာဌာနဆိုင်ရာမ်ား ရောက်ရွိလာပြီျးဖစ္စဥ္မ်ားကို အေသးစိတ္စိစစ္ကျာပည်သူ မ်ား အသက်အန္တရာယ် လုံခြုံရေးနွင့်ပတ်သက်၍ အေသးစိတ္စီမံ ဆောင်ြရက္ခဲ့ကြောင်း သတင်းရရွိသည်။

ျပည္နယ်ျပန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar





No comments:

Post a Comment