Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

စပါးခင္းမ်ားကို ဓာတ္ပုံ႐ုိက္ရာတြင္ ေရာင္စုံပန္းခ်ီကား တစ္ခ်ပ္လုိ ျဖစ္ေန

စပါးခင္းမ်ားကုိ ဓာတ္ပုံ႐ုိက္ကူးရာတြင္ ေရာင္စုံပန္းခ်ီကား တစ္ခ်ပ္လုိ ျဖစ္ေနေသာေၾကာင့္ ယင္းဓာတ္ပုံမ်ားကုိ ေဒးလီးေမးလ္ သတင္းစာက လယ္ယာေျမေပၚက မွန္ခ်ပ္မ်ားဟု တင္စားကာ ေရးသား ေဖာ္ျပခဲ့သည္။ တ႐ုတ္ႏုိင္ငံတြင္ ရွိသည့္ လယ္ယာေျမမ်ားကုိ ေန၀င္ရန္ မိနစ္အနည္းငယ္ အလုိတြင္ ဓာတ္ပုံဆရာက သူ၏ကၽြမ္းက်င္မႈျဖင့္ ႐ုိက္ကူးခဲ့ျခင္းေၾကာင့္ ပန္းခ်ီကား တစ္ခ်ပ္လုိ ျဖစ္ေနသည္။ ေနေရာင္ျခည္၏ ေရာင္ျပန္ဟပ္မႈသည္ မွန္မ်ားထုိးထားသကဲ့သုိ႔ ျဖစ္ေနၿပီး ေရာင္စုံအေရာင္မ်ား သက့ဲသုိ႔ ျဖစ္ေစခဲ့သည္။ ထုိ႔ေၾကာင့္ လယ္ယာေျမမ်ားသည္ ေရာင္စုံထြက္ေပၚေနၿပီး လွပသည့္ ဓာတ္ပုံမ်ားကုိ ရရွိေစခဲ့သည္။
မေလးရွားႏုိင္ငံရွိ ဓာတ္ပုံဆရာ အဲလက္စ္ဂုိဆီအြန္သည္ တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္သုိ႔ ေရာက္ရွိစဥ္ လယ္ကြင္းမ်ားကုိ သြားေရာက္စဥ္ လွပသည့္ ဓာတ္ပုံမ်ားကုိ ႐ုိက္ကူးႏုိင္ခဲ့ျခင္း ျဖစ္သည္။ ေန၀င္ခါနီး မိနစ္ (၃၀)အလုိတြင္ လွပသည့္ ဓာတ္ပုံမ်ားကုိ ရရွိလုိက္ျခင္း ျဖစ္သည္။ လယ္ကြက္မ်ားတြင္ လိေမၼာ္ေရာင္၊ ခရမ္းေရာင္၊ အ၀ါေရာင္၊ အျပာေရာင္မ်ား ရွိေနသည့္ ပုံစံကုိ ဓာတ္ပုံတြင္ အမိအရ ႐ုိက္ကူးခဲ့ျခင္း ျဖစ္သည္။ ေရာင္စုံ အလွအပေတြအၾကား စပါးခင္း၏ အလွတရားသည္ ျမင္ရသူအေပါင္း အံ့အားသင့္သြားေအာင္ ႐ုိက္ကူးႏုိင္ျခင္း ျဖစ္သည္။ ဓာတ္ပုံဆရာ အဲလက္စ္ဂုိဆီအြန္သည္ လယ္ကြက္မ်ားကုိလည္း ပုံစံမ်ဳိးစုံျဖင့္ ႐ုိက္ကူးၿပီး ပကတိ အလွတရားကုိ ပုံေဖာ္ခဲ့သည္။ ယင္း၏ ဓာတ္ပုံမ်ားသည္ ေက်းလက္ေဒသ အလွတရားကို ျပန္ျမင္ေယာင္ ေစသလုိ ျဖစ္ေစခဲ့သည္။
messenger news journal
........................
စပါးခင်းများကို ဓာတ်ပုံရိုက်ရာတွင် ရောင်စုံပန်းချီကား တစ်ချပ်လို ဖြစ်နေ

စပါးခင်းများကို ဓာတ်ပုံရိုက်ကူးရာတွင် ရောင်စုံပန်းချီကား တစ်ချပ်လို ဖြစ်နေသောကြောင့် ယင်းဓာတ်ပုံများကို ဒေးလီးမေးလ် သတင်းစာက လယ်ယာမြေပေါ်က မှန်ချပ်များဟု တင်စားကာ ရေးသား ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံတွင် ရှိသည့် လယ်ယာမြေများကို နေဝင်ရန် မိနစ်အနည်းငယ် အလိုတွင် ဓာတ်ပုံဆရာက သူ၏ကျွမ်းကျင်မှုဖြင့် ရိုက်ကူးခဲ့ခြင်းကြောင့် ပန်းချီကား တစ်ချပ်လို ဖြစ်နေသည်။ နေရောင်ခြည်၏ ရောင်ပြန်ဟပ်မှုသည် မှန်များထိုးထားသကဲ့သို့ ဖြစ်နေပြီး ရောင်စုံအရောင်များ သကဲ့သို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် လယ်ယာမြေများသည် ရောင်စုံထွက်ပေါ်နေပြီး လှပသည့် ဓာတ်ပုံများကို ရရှိစေခဲ့သည်။
မလေးရှားနိုင်ငံရှိ ဓာတ်ပုံဆရာ အဲလက်စ်ဂိုဆီအွန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိစဉ် လယ်ကွင်းများကို သွားရောက်စဉ် လှပသည့် ဓာတ်ပုံများကို ရိုက်ကူးနိုင်ခဲ့ခြင်း ဖြစ်သည်။ နေဝင်ခါနီး မိနစ် (၃၀)အလိုတွင် လှပသည့် ဓာတ်ပုံများကို ရရှိလိုက်ခြင်း ဖြစ်သည်။ လယ်ကွက်များတွင် လိမ္မော်ရောင်၊ ခရမ်းရောင်၊ အဝါရောင်၊ အပြာရောင်များ ရှိနေသည့် ပုံစံကို ဓာတ်ပုံတွင် အမိအရ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ရောင်စုံ အလှအပတွေအကြား စပါးခင်း၏ အလှတရားသည် မြင်ရသူအပေါင်း အံ့အားသင့်သွားအောင် ရိုက်ကူးနိုင်ခြင်း ဖြစ်သည်။ ဓာတ်ပုံဆရာ အဲလက်စ်ဂိုဆီအွန်သည် လယ်ကွက်များကိုလည်း ပုံစံမျိုးစုံဖြင့် ရိုက်ကူးပြီး ပကတိ အလှတရားကို ပုံဖော်ခဲ့သည်။ ယင်း၏ ဓာတ်ပုံများသည် ကျေးလက်ဒေသ အလှတရားကို ပြန်မြင်ယောင် စေသလို ဖြစ်စေခဲ့သည်။
messenger news journal

No comments:

Post a Comment