Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

ကုလအေထြေထြညီလာခံ ဥကၠဌေဟာင္း အဂတိလိုက္စားမႈနဲ႔ အေရးယူခံရ

ကုလသမဂၢ အေထြေထြညီလာခံ ဥကၠ႒ေဟာင္း John Ashe 
 အေမရိကန္ ေဒၚလာ သန္းနဲ႔ခ်ီ လာဘ္ယူၿပီး တ႐ုတ္ႏုိင္ငံက စီးပြားေရးလုပ္ငန္းရွင္ႀကီးတဦးရဲ႕ အက်ဳိးစီးပြားကုိ ျမႇင့္တင္ေပးခဲ့မႈနဲ႔ ႏွစ္ေပါင္းမ်ားစြာ အခြန္ေငြေပးေဆာင္ဖုိ႔ ပ်က္ကြက္မႈနဲ႔ ပတ္သက္လုိ႔ ကုလသမဂၢ အေထြေထြညီလာခံ ဥကၠ႒ေဟာင္းတဦးကုိ နယူးေယာက္ၿမိဳ႕မွာ ဖမ္းဆီး စြဲခ်က္တင္ လုိက္ပါတယ္။

အသက္ ၆၁ ႏွစ္အရြယ္ John Ashe ဟာ Antigua နဲ႔ Barbuda ႏုိင္ငံရဲ႕ ကုလသမဂၢဆုိင္ရာ သံအမတ္အျဖစ္ ၂၀၀၄ ႏွစ္ကေန စတင္ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး၊ ၂၀၁၃ ခုႏွစ္မွာ ၆၈ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ ဥကၠ႒အျဖစ္ ေရြးေကာက္ တင္ေျမႇာက္ခံခဲ့ရတာပါ။ သူ႔ကုိ နယူးေယာက္ၿမိဳ႕ ဆင္ေျခဖုံးအရပ္မွာရွိတဲ့ သူ႔ေနအိမ္မွာ အဂၤါေန႔မနက္က ဖမ္းဆီး ထိန္းသိမ္းလုိက္တာလုိ႔ အာဏာပုိင္ေတြက ေျပာပါတယ္။

John Ashe အေနနဲ႔ ၂၀၁၃ ခုႏွစ္နဲ႔ ၂၀၁၄ ခုႏွစ္အၾကား လာဘ္ေငြ အနဲဆုံး ေဒၚလာ ၁.၃ သန္းကုိ လက္ခံခဲ့ၿပီး အဲဒီေငြေတြအတြက္ အေမရိကန္အစုိးရကုိ အခြန္ေပးေဆာင္ျခင္း မရွိခဲ့ဘူးလုိ႔ နယူးေယာက္ၿမိဳ႕ ေတာင္ပုိင္းခ႐ုိင္ အစုိးရေရွ႕ေန Preet Bharara က ၃၇ မ်က္ႏွာပါ စြဲခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

သူ႔အေပၚ တင္ထားတဲ့ စြဲခ်က္ထဲမွာ ေဖာ္ျပထားခ်က္ေတြအရ သူ႔အေနနဲ႔ Rolex နာရီေတြ၊ ဒီဇုိင္းနာ အေနာက္တုိင္း ၀တ္စုံေတြနဲ႔ ကုိယ္ပုိင္ ဘတ္စကက္ေဘာကြင္းေတြ ပုိင္ဆုိင္ႏုိင္ဖုိ႔အတြက္ John Ashe အေနနဲ႔ သူ႔ရဲ႕ ၆၈ ႀကိမ္ေျမာက္ အေထြေထြညီလာခံ ဥကၠ႒ရာထူးအျပင္ သူ႔ဂုဏ္သိကၡာနဲ႔ ႏုိင္ငံတကာ အသုိင္း၀ုိင္းကုိ ေရာင္းစားခဲ့တာ ျဖစ္တယ္လုိ႔ သူ႔အေပၚ စြဲခ်က္တင္ေၾကာင္း ထုတ္ျပန္တဲ့ သတင္းစာရွင္းလင္းပြဲမွာ Bharara က သတင္းေထာက္ေတြကုိ ေျပာပါတယ္။

ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....................................................

ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း John Ashe
 အမေရိကန် ဒေါ်လာ သန်းနဲ့ချီ လာဘ်ယူပြီး တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးခဲ့မှုနဲ့ နှစ်ပေါင်းများစွာ အခွန်ငွေပေးဆောင်ဖို့ ပျက်ကွက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်းတဦးကို နယူးယောက်မြို့မှာ ဖမ်းဆီး စွဲချက်တင် လိုက်ပါတယ်။

အသက် ၆၁ နှစ်အရွယ် John Ashe ဟာ Antigua နဲ့ Barbuda နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် ၂၀၀၄ နှစ်ကနေ စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှာ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။ သူ့ကို နယူးယောက်မြို့ ဆင်ခြေဖုံးအရပ်မှာရှိတဲ့ သူ့နေအိမ်မှာ အင်္ဂါနေ့မနက်က ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

John Ashe အနေနဲ့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြား လာဘ်ငွေ အနဲဆုံး ဒေါ်လာ ၁.၃ သန်းကို လက်ခံခဲ့ပြီး အဲဒီငွေတွေအတွက် အမေရိကန်အစိုးရကို အခွန်ပေးဆောင်ခြင်း မရှိခဲ့ဘူးလို့ နယူးယောက်မြို့ တောင်ပိုင်းခရိုင် အစိုးရရှေ့နေ Preet Bharara က ၃၇ မျက်နှာပါ စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။

သူ့အပေါ် တင်ထားတဲ့ စွဲချက်ထဲမှာ ဖော်ပြထားချက်တွေအရ သူ့အနေနဲ့ Rolex နာရီတွေ၊ ဒီဇိုင်းနာ အနောက်တိုင်း ၀တ်စုံတွေနဲ့ ကိုယ်ပိုင် ဘတ်စကက်ဘောကွင်းတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် John Ashe အနေနဲ့ သူ့ရဲ့ ၆၈ ကြိမ်မြောက် အထွေထွေညီလာခံ ဥက္ကဋ္ဌရာထူးအပြင် သူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကို ရောင်းစားခဲ့တာ ဖြစ်တယ်လို့ သူ့အပေါ် စွဲချက်တင်ကြောင်း ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Bharara က သတင်းထောက်တွေကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment